အချစ်ရေးမှာအရှက်ကြီးတဲ့ကောင်လေးတွေကိုချစ်သူတော်ထားကြတဲ့မယ်မဒီတို့ဖတ်ဖို့
(၅) ချစ်ဖို့ကောင်းတယ်
Unicode
တစ်ချို့ကောင်လေးတွေဟာ သိပ်ရှက်တတ်ကြပါတယ်။ယောကျင်္ားဖြစ်ပြီးသတ္တိမရှိကြတာလား ဘာလည်းမပြောနဲ့ ကျန်တဲ့နေရာမှာသာရှိချင်ရှိမယ်အချစ်နဲ့ပတ်သတ်လာရင် စိတ်လှုပ်ရှားရင်ခုန်ရပါများပြီးသိပ်မရဲတင်းတတ်ကြတဲ့ကောင်လေးတွေရှိတတ်ကြပါတယ်။ ဒီလိုကောင်လေးမျိုးကိုချစ်သူတော်ထားရတဲ့ပျိုမေတွေရှိနေပြီဆိုရင်တော့ကံကောင်းတယ်သာကိုယ့်ကိုယ်ကိုယ်သတ်မှတ်လိုက်ပါ…
(၁) တောရုံအပေါင်းသင်းမများတတ်ဘူး
အချစ်ရေးမှာအရှက်ကြောက်ကြီးပြီးမရဲတင်းတဲ့ကောင်လေးတော်တော်များများမှာ သူငယ်ချင်းတွေအများကြီးမရှိတတ်ကြပါဘူး။ သူတို့မှာ တိုင်ပင်လို့ကောင်းတဲ့သူငယ်ချင်းအနည်းငယ်သာရှိတတ်ကြပြီးစိတ်ရင်းနဲ့သာပေါင်းတတ်ကြတာမို့ကိုယ့်အတွက်စိတ်အေးရပါတယ်။
(၂) ပွေတာလီတာမရှိတတ်ကြဘူး
သူချစ်တဲ့ကိုယ့်ကိုယ်တောင် ချစ်လို့ချစ်တယ်ပြောရမှာတစ်ခါတလေရှက်နေတတ်တဲ့သူ့မှာ တစ်ခြားမိန်းကလေးရယ် ဖောက်ပြန်တယ်ရယ်ဆို တာ လုံးလုုံုးကိုမရှိနိုင်ပါဘူး။ ဒီလိုလူအေးကြီးကိုလာကြိုက်ကြရင်လာကြိုက်ကြလိမ့်မယ် ဒီလိုလူကြီးကတော့ တော်ရုံမိန်းကလေးစိတ်ထဲက
မပါပဲ မချစ်တတ်တာမို့ခင်ဗျားတို့ ထိုင်သဝန်တိုစရာအကြောင်းမရှိလာတော့ပါ။
(၃) ကိုယ်ပဲရှေ့ဆောင်ပြီးဆရာကြီးလုပ်ချစ်လို့ရတယ်
သူတို့ကချစ်ပဲချစ်တတ်ကြတာ၊ချစ်တော့ချစ်မပြတတ်ကြပါဘူး။ ဆိုတော့ကိုယ်ကပဲဆရာမကြီးလုပ်ကြီး အဝချစ်ပြလို့ရပါတယ်။ ကိုယ်ဆရာမကြီးလုပ်နေတာကိုကြည်နူးပြုံးရှက်ပြုံးလေးနဲ့ပီတိဖြစ်နေတတ်ကြတာလည်း ဒီလိုကောင်လေးတွေပါပဲ။
(၄) စိတ်ဓာတ်ပြတ်သားတတ်ကြတယ်
သေချာပါတယ် ကိုယ့်တစ်ယောက်ကိုတောင်သူချစ်လွန်းလို့ဖွင့်ပြောခဲ့တာ ဖြစ်တာကြောင့် သူ့ရဲ့ရှက်တတ်တဲ့စိတ်က ဘယ်အရာမဆို အလေးနက်ထားဆုံးဖြတ်ပြီးမသေချာရင် မလုပ်တတ်တာမို့ဆုံးဖြတ်ချက်ပြတ်သားစိတ်ဓာတ်ပြတ်သားတဲ့ကောင်လေးတွေလို့လည်းပြောလို့ရပါတယ်။
(၅) ချစ်ဖို့ကောင်းတယ်
ကိုယ့်ထက်အသက်ပဲကြီးကြီးကိုယ့်ထက်ပဲငယ်ငယ် အချစ်ရေးမှာမရဲတင်းတဲ့ ရှက်ကိုးရှက်ကန်းကောင်လေးတွေက သိပ်ကိုဖြူစင်စွာချစ်ဖို့ကောင်းတတ်ကြပါတယ်။ ကိုယ့်ဆီကနေ အချစ်တစ်ခုသာလိုချင်တပ်မက်ကြသူတွေဖြစ်ပြီး အမြဲတမ်းမျက်နာရဲရဲလေးနဲ့ရှက်ကိုးရှက်ကန်းလေးအချစ်ခံရပြီဆိုရင်တော့သင်ဟာကံကောင်းတဲ့မိန်းမတွေထဲကတစ်ဦးဆိုတာသိလိုက်ပါ။
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.