ဦးေနွာက္နဲ႔ႏွလံုးသား တစ္ခုခုကုိေရြးခ်ယ္ရေတာ့မယ္ဆိုရင္ ဘယ္အရာကိုေရြးခ်ယ္မလဲ

ဦးေႏွာက္ကဆံုးျဖတ္တာကိုလက္ခံမွာလား?နွလံုးသားကေျပာတာကုိနားေထာင္မွာလား?သင့္ကို ဒီလုိေမးခြန္းမ်ိဳးေမးလာမယ္ဆိုရင္အေျဖအသင့္ရွိေနျပီလား? ဒီေမးခြန္းက အေတာ္ေလး ေခါင္းစားစရာပါပဲ။ဘ၀တစ္ခုကိုေလ်ွာက္လွမ္းေတာ့မယ္ဆိုရင္ ဦးေနွာက္ရဲ ႔စဥ္းစား
ဆံုးျဖတ္ခ်က္ဆုိတာ လိုသလို ႏွလံုးသားကေျပာစကားကုိလည္းနားေထာင္ရတာေတြ ရွိတာပါပဲ။ႏွလံုးသားကလိုခ်င္တာနဲ႔ဦးေနွာက္ကလုိခ်င္တာထပ္တူက်ေနရင္ေတာ့  အတိုင္းထက္အလြန္ေပ့ါေလ။အဲ ထပ္တူမက်တဲ႔အခါမွာေတာ့ စဥ္းစားရပါျပီ။ ေမးခြန္းကုိနားမလည္ဘူးေတာ့မလုပ္နဲ႔ေနာ္။အရွင္းဆံုးဥပမာေပးရရင္ သင့္ႏွလံုးသားက တကယ္ခ်စ္တဲ႔သူကုိဦးေႏွာက္ကမသင့္ေတာ္ဘူး၊မခ်စ္သင့္ဘူးလုိ႔စဥ္းစားေနမိတဲ႔အခါမ်ိဳးမွာေပါ့။
ဒါမွမဟုတ္လည္း ဒီပစၥည္းေလးကုိ လုိခ်င္တယ္၊ဦးေႏွာက္ကေတာ့တစ္ျခားပစၥည္းက ပုိေကာင္းတယ္ လို႔ေျပာေနတယ္။ဒါဆိုရင္ သင္ဘာလုပ္မွာလဲ?

ဦးေႏွာက္နဲ႔ႏွလံုးသားဆိုတာ မတည့္အတူေနဆိုသလိုေပါ့။ႏွစ္ခုလံုးကလိုအပ္တာပါပဲ။ ဒီေမးခြန္းတင္ေခါင္းစားတာမဟုတ္ပါဘူး။အခ်စ္နဲ႔ေငြ၊သူငယ္ခ်င္းနဲ႔ေအာင္ျမင္မႈ စသျဖင့္ မၾကာခဏဆိုသလုိ ဦးေႏွာက္နဲ႔ႏွလံုးသားက ရန္ျဖစ္ရပါတယ္။အခုလို ဦးေႏွာက္နဲ႔ႏွလံုးသား ေရြးခ်ယ္ခိုင္းတဲ႔အခါမွာ ဦးေနွာက္ကုိေရြးခ်ယ္တဲ့သူရွိသလုိ ႏွလံုးသားကုိေရြးခ်ယ္တဲ႔သူ လည္းရွိပါတယ္။အဓိကကေတာ့ကိုယ္ဘာကုိပဲေရြးခ်ယ္ေရြးခ်ယ္၊ေနာင္တမရမိဖုိ႔ပဲ
လိုပါတယ္။

ဒါဆိုဒီစာကုိေရးေနတဲ႔သူေရာ ဘာကုိေရြးမွာလဲလို႔ ေမးခ်င္ေမးႏုိင္စရာရွိပါတယ္။ အဲ႔ဒီအတြက္ အေျဖေပးရမယ္ဆိုရင္ ဦးေႏွာက္နဲ႔နွလံုးသားမဟုတ္တဲ႔တတိယေျမာက္ေရြးခ်ယ္မႈ လုိ႔ အေျဖေပးပါမယ္။ဘယ္လိုအေျခအေနမ်ိဳးမွာဆို ေရြးခ်ယ္ရမယ့္အေျခအေနႏွစ္ခုအျပင္ တတိယအေျခအေန၊တတိယေရြးခ်ယ္မႈဆိုတာရွိပါတယ္။ႏွလံုးသားကလိုခ်င္တာနဲ႔ဦးေႏွာက္ကအေကာင္းဆံုးလုိ႔ဆံုးျဖတ္ေပးတာကုိေရြးခ်ယ့္အစား စာဖတ္သူေတြလည္းတတိယေရြးခ်ယ္မႈကို
လုပ္ဖုိ႔ အၾကံေပးခ်င္ပါတယ္ေနာ္။

တတိယေရြးခ်ယ္မႈဆိုတာဘာလဲ?တတိယေရြးခ်ယ္မႈဆိုတာ အေျခအေနေတြက သင့္ကုိေျပာင္းလဲခြင့္ မေပးပါနဲ႔။ သင္ကသာ အေျခအေနေတြကိုေျပာင္းလဲပါလုိ႔ဆုိလိုတာပါ။ ဥပမာေပးရရင္ ေငြလည္းမ်ားမ်ားရွာခ်င္တယ္။အဲ႔ဒါေၾကာင့္အခ်ိန္ပိုဆင္းအလုပ္လုပ္ရမယ္ ၊ဒါေပမဲ႔ မိသားစုနဲ႔လည္းအခ်ိန္အတူကုန္ဆုံးခ်င္တယ္နွစ္ခုထဲကတစ္ခုကိုေရြးရေတာ့မယ္ဆိုရင္… ဘာလို႔ႏွစ္ခုထဲကတစ္ခုေရြးမွာလဲ? တတိယေျမာက္ေရြးခ်ယ္မႈျဖစ္တဲ႔ ေငြလည္းမ်ားမ်ားရျပီး မိသားစုနဲ႔လည္းအခ်ိန္ကုန္ဆံုးရေအာင္ အခ်ိန္ပုိဆင္းမယ့္အစား အိမ္မွာပဲကုိယ္ပုိင္ စီးပြားေရးေသးေသးေလး လုပ္လိုက္ေပါ့။ဒါဆို ေငြလည္းရသလို မိသားစုနဲ႔လည္းအတူ
ရွိႏုိင္တာပဲေလ။

ဒီလုိပစၥည္းေတြ၊အလုပ္ေတြက သိပ္ေခါင္းမစားရေပမဲ့  ဘ၀တစ္ေလ်ွာက္လံုး အတူပါမယ့္ လက္တြဲေဖာ္ ကုိေရြးတဲ႔အခါမွာေတာ့ ေသခ်ာစဥ္းစားရျပီဟုတ္!ဟုတ္ျပီ စဥ္းစားၾကည့္ရေအာင္။ သင္က လူတစ္ေယာက္ကုိခ်စ္တယ္၊ဒါေပမဲ႔ ဦးေနွာက္ကေတာ့ဒီလူကိုမေရြးနဲ႔၊ဒီလူက မင္းနဲ႔မထိုက္တန္ဘူး၊သူ႔ထက္သာေတြရွိတယ္၊မိဘေတြက သေဘာတူမွာမဟုတ္ဘူး။သူနဲ႔သာဆုိ အဆင္ေျပမွာမဟုတ္ဘူးစသျဖင့္ ဦးေႏွာက္ကေတာ့ ခံစားခ်က္မပါလို႔ အေကာင္းဆံုးေတြပဲ ေရြးေပးပါလိမ့္မယ္။ဒါဆုိ တတိယေျမာက္ေရြးခ်ယ္မႈကုိသတိရလိုက္ပါ။ဦးေနွာက္ကလည္း အိုေခေကာင္းျပီလုိ႔စဥ္းစားမိတဲ႔အထိ၊ႏွလံုးသားကလည္းသူတစ္ေယာက္တည္းကုိပဲလုိခ်င္တယ္လုိ႔ေသခ်ာတဲ႔အထိ အခ်ိန္ခဏေလးေစာင့္ၾကည့္လိုက္ပါ။Timing ကုိက္တယ္ဆိုတဲ႔စကားအတိုင္း Timing ျဖစ္တဲ႔အခိ်န္ကေလး ေစာင့္လုိက္ပါ။

စကားလက္ေဆာင္ေပးရမယ္ဆိုရင္ေတာ့…ဘယ္ေတာ့မွ ႏွစ္ခုထဲကတစ္ခုေရြးခ်ယ္ရမယ့္ အေျခအေနေရာက္တဲ႔အထိခြင့္မျပဳပါနဲ႔။ဇြဲမေလ်ွာ့ပါနဲ႔။အလုပ္ကုိၾကိဳးစားပါ။စမတ္က်က်ေနပါ။သင္ျဖစ္ေစခ်င္တဲ႔အေျခအေနအတိုင္းဖန္တီးပါ။

Unicode

ဦးနှောက်ကဆုံးဖြတ်တာကိုလက်ခံမှာလား?နှလုံးသားကပြောတာကိုနားထောင်မှာလား?သင့်ကို ဒီလိုမေးခွန်းမျိုးမေးလာမယ်ဆိုရင်အဖြေအသင့်ရှိနေပြီလား? ဒီမေးခွန်းက အတော်လေး ခေါင်းစားစရာပါပဲ။ဘဝတစ်ခုကိုလျှောက်လှမ်းတော့မယ်ဆိုရင် ဦးနှောက်ရဲ ့စဉ်းစား
ဆုံးဖြတ်ချက်ဆိုတာ လိုသလို နှလုံးသားကပြောစကားကိုလည်းနားထောင်ရတာတွေ ရှိတာပါပဲ။နှလုံးသားကလိုချင်တာနဲ့ဦးနှောက်ကလိုချင်တာထပ်တူကျနေရင်တော့ အတိုင်းထက်အလွန်ပေ့ါလေ။အဲ ထပ်တူမကျတဲ့အခါမှာတော့ စဉ်းစားရပါပြီ။ မေးခွန်းကိုနားမလည်ဘူးတော့မလုပ်နဲ့နော်။အရှင်းဆုံးဥပမာပေးရရင် သင့်နှလုံးသားက တကယ်ချစ်တဲ့သူကိုဦးနှောက်ကမသင့်တော်ဘူး၊မချစ်သင့်ဘူးလို့စဉ်းစားနေမိတဲ့အခါမျိုးမှာပေါ့။
ဒါမှမဟုတ်လည်း ဒီပစ္စည်းလေးကို လိုချင်တယ်၊ဦးနှောက်ကတော့တစ်ခြားပစ္စည်းက ပိုကောင်းတယ် လို့ပြောနေတယ်။ဒါဆိုရင် သင်ဘာလုပ်မှာလဲ?

ဦးနှောက်နဲ့နှလုံးသားဆိုတာ မတည့်အတူနေဆိုသလိုပေါ့။နှစ်ခုလုံးကလိုအပ်တာပါပဲ။ ဒီမေးခွန်းတင်ခေါင်းစားတာမဟုတ်ပါဘူး။အချစ်နဲ့ငွေ၊သူငယ်ချင်းနဲ့အောင်မြင်မှု စသဖြင့် မကြာခဏဆိုသလို ဦးနှောက်နဲ့နှလုံးသားက ရန်ဖြစ်ရပါတယ်။အခုလို ဦးနှောက်နဲ့နှလုံးသား ရွေးချယ်ခိုင်းတဲ့အခါမှာ ဦးနှောက်ကိုရွေးချယ်တဲ့သူရှိသလို နှလုံးသားကိုရွေးချယ်တဲ့သူ လည်းရှိပါတယ်။အဓိကကတော့ကိုယ်ဘာကိုပဲရွေးချယ်ရွေးချယ်၊နောင်တမရမိဖို့ပဲ
လိုပါတယ်။

ဒါဆိုဒီစာကိုရေးနေတဲ့သူရော ဘာကိုရွေးမှာလဲလို့ မေးချင်မေးနိုင်စရာရှိပါတယ်။ အဲ့ဒီအတွက် အဖြေပေးရမယ်ဆိုရင် ဦးနှောက်နဲ့နှလုံးသားမဟုတ်တဲ့တတိယမြောက်ရွေးချယ်မှု လို့ အဖြေပေးပါမယ်။ဘယ်လိုအခြေအနေမျိုးမှာဆို ရွေးချယ်ရမယ့်အခြေအနေနှစ်ခုအပြင် တတိယအခြေအနေ၊တတိယရွေးချယ်မှုဆိုတာရှိပါတယ်။နှလုံးသားကလိုချင်တာနဲ့ဦးနှောက်ကအကောင်းဆုံးလို့ဆုံးဖြတ်ပေးတာကိုရွေးချယ့်အစား စာဖတ်သူတွေလည်းတတိယရွေးချယ်မှုကို
လုပ်ဖို့ အကြံပေးချင်ပါတယ်နော်။

တတိယရွေးချယ်မှုဆိုတာဘာလဲ?တတိယရွေးချယ်မှုဆိုတာ အခြေအနေတွေက သင့်ကိုပြောင်းလဲခွင့် မပေးပါနဲ့။ သင်ကသာ အခြေအနေတွေကိုပြောင်းလဲပါလို့ဆိုလိုတာပါ။ ဥပမာပေးရရင် ငွေလည်းများများရှာချင်တယ်။အဲ့ဒါကြောင့်အချိန်ပိုဆင်းအလုပ်လုပ်ရမယ် ၊ဒါပေမဲ့ မိသားစုနဲ့လည်းအချိန်အတူကုန်ဆုံးချင်တယ်နှစ်ခုထဲကတစ်ခုကိုရွေးရတော့မယ်ဆိုရင်… ဘာလို့နှစ်ခုထဲကတစ်ခုရွေးမှာလဲ? တတိယမြောက်ရွေးချယ်မှုဖြစ်တဲ့ ငွေလည်းများများရပြီး မိသားစုနဲ့လည်းအချိန်ကုန်ဆုံးရအောင် အချိန်ပိုဆင်းမယ့်အစား အိမ်မှာပဲကိုယ်ပိုင် စီးပွားရေးသေးသေးလေး လုပ်လိုက်ပေါ့။ဒါဆို ငွေလည်းရသလို မိသားစုနဲ့လည်းအတူ
ရှိနိုင်တာပဲလေ။

ဒီလိုပစ္စည်းတွေ၊အလုပ်တွေက သိပ်ခေါင်းမစားရပေမဲ့ ဘဝတစ်လျှောက်လုံး အတူပါမယ့် လက်တွဲဖော် ကိုရွေးတဲ့အခါမှာတော့ သေချာစဉ်းစားရပြီဟုတ်!ဟုတ်ပြီ စဉ်းစားကြည့်ရအောင်။ သင်က လူတစ်ယောက်ကိုချစ်တယ်၊ဒါပေမဲ့ ဦးနှောက်ကတော့ဒီလူကိုမရွေးနဲ့၊ဒီလူက မင်းနဲ့မထိုက်တန်ဘူး၊သူ့ထက်သာတွေရှိတယ်၊မိဘတွေက သဘောတူမှာမဟုတ်ဘူး။သူနဲ့သာဆို အဆင်ပြေမှာမဟုတ်ဘူးစသဖြင့် ဦးနှောက်ကတော့ ခံစားချက်မပါလို့ အကောင်းဆုံးတွေပဲ ရွေးပေးပါလိမ့်မယ်။ဒါဆို တတိယမြောက်ရွေးချယ်မှုကိုသတိရလိုက်ပါ။ဦးနှောက်ကလည်း အိုခေကောင်းပြီလို့စဉ်းစားမိတဲ့အထိ၊နှလုံးသားကလည်းသူတစ်ယောက်တည်းကိုပဲလိုချင်တယ်လို့သေချာတဲ့အထိ အချိန်ခဏလေးစောင့်ကြည့်လိုက်ပါ။Timing ကိုက်တယ်ဆိုတဲ့စကားအတိုင်း Timing ဖြစ်တဲ့အချိန်ကလေး စောင့်လိုက်ပါ။

စကားလက်ဆောင်ပေးရမယ်ဆိုရင်တော့…ဘယ်တော့မှ နှစ်ခုထဲကတစ်ခုရွေးချယ်ရမယ့် အခြေအနေရောက်တဲ့အထိခွင့်မပြုပါနဲ့။ဇွဲမလျှော့ပါနဲ့။အလုပ်ကိုကြိုးစားပါ။စမတ်ကျကျနေပါ။သင်ဖြစ်စေချင်တဲ့အခြေအနေအတိုင်းဖန်တီးပါ။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.