ဒူးတွေ တံတောင်တွေမည်းနေတာကို တစ်ခါတည်းအပြီးပျက်နှုတ်ဆက်ကြမယ်


သခွားသီး






နနွင်းမှုန့်



(Unicode)

နေရောင်ခြည်အထိတွေ့ကြောင့်ဖြစ်ဖြစ်၊ သွေးသားကြောင့်ဖြစ်ဖြစ် ၊ ဟော်မုန်းပြောင်းလဲမှုကြောင့် (သို့) ဆဲလ်သေများစုစည်းနေမှုကြောင့် ဒူးခေါင်းတွေ၊ တံတောင်ဆစ်တွေမည်းရခြင်းဖြစ်ပါတယ်။ ထိုအစိတ်ပိုင်းတွေက ရေဓာတ်အပြည့်ဝမရနိုင်တဲ့အတွက် သန့်ရှင်းစွာနဲ့ အသားရေခြောက်သွေ့ခြင်းကို အပြည့်ဝကာကွယ်နိုင်ဖို့လိုပါတယ်။ ဒါကြောင့် အခုပြောပြပေးသွားမယ့် နည်းလမ်းလေးတွေက အသားရည်ကို အာဟာရပြည့်ဝစေမယ့်အပြင် မည်းညစ်နေတဲ့နေရာတွေကိုဖယ်ရှားပေးနိုင်ပါတယ်။

သခွားသီး

အသားရည်ဖြူဝင်းစေတဲ့ဓာတ် ပါပြီးသားမို့ တံတောင်ဆစ်နဲ့ ဒူးခေါင်းမည်းခြင်းတွေကို ထိရောက်စွာဖယ်ရှားပေးနိုင်ပါတယ်။ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အစိုဓာတ်ထိန်းညှိပေးနိုင်ပါတယ်။ ဗီတာမင် အေနဲ့ စီက အသားရေကိုကြည်လင်လှပစေပါတယ်။
– သခွားသီးကို ပါးပါးလေးလှီးပြီး ဒူးနဲ့တံတောင်ဆစ်ကို (၁၅)မိနစ်ကြာသည်အထိ ဖွဖွလေးပွတ်ပါ။
– (၅)မိနစ်လောက်ထပ်ထားပြီးမှ ရေအေးနဲ့ဆေးချလိုက်ပါ။ သခွားသီးရည်နဲ့ ရှာလကာရည်ကိုရောပြီး ဒူး ၊ တံတောင်ဆစ် နဲ့ ဂျိုင်းအောက်ကို သုတ်လိမ်းပြီး မိနစ်(၂၀)ထားပြီးတာနဲ့ ရေဆေးချပါ။ ဒီနည်းလမ်းကိုတော့ နေ့တိုင်းအသုံးပြုပေးလို့ရပါတယ်။

လီမွန်နဲ့ မုန့်ဖုတ်ဆော်ဒါ

လီမွန်သီးကလည်း အသားရည်ကိုဖြူဝင်းစေတဲ့ သဘာဝထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဗီတာမင်စီပါဝင်တဲ့အတွက် ဆဲလ်သစ်တွေပြန်လည်ဖြစ်ပေါ်စေပြီး အသားကိုမွတ်ညက်စေပါတယ်။ မုန့်ဖုတ်ဆော်ဒါကတော့ အသားရည်ကိုနူးညံ့စေပြီး မည်းညစ်နေတဲ့ နေရာတွေကိုဖြူဝင်းနိုင်စွမ်းရှိပါတယ်။
– လီမွန်သီးကိုအလည်က တစ်ဝက်ခြမ်းလိုက်ပြီး အပေါ်ကနေ မုန့်ဖုတ်ဆော်ဒါမှုန့်ဖြူးလိုက်ပါ။
– တံတောင်နဲ့ ဒူးကို (၁)မိနစ်ကြာ ပွတ်တိုက်ပါ။
– ၁၅မိနစ်လောက်ထားပြီးတာနဲ့ ကြက်သီးနွေးရေနဲ့ ဆေးချလိုက်ပါ။ သိသာတဲ့ ရလဒ်လိုချင်ရင် (၂)ရက်တစ်ခါလုပ်ပေးရပါမယ်။

နနွင်းမှုန့်

နနွင်းမှုန့်ကလည်း တံတောင်ဆစ်နဲ့ ဒူးခေါင်းက ဆဲလ်သေတွေကို ဖယ်ရှားပေးရာမှာအကောင်းဆုံး ပစ္စည်းတစ်ခုဖြစ်ပါတယ်။
– နနွင်းမှုန့်ကို နွားနို့ စားပွဲတင်ဇွန်း ၁ဇွန်းနဲ့ ရောပါ
– ထိုအရောကို ဒူးနဲ့တံတောင်ဆစ်မှာပွတ်လိမ်းပြီး ခြောက်သွေ့သည်အထိစောင့်ပါ
– ပြီးရင်တော့ ကြက်သီးနွေးရေနဲ့ ဆေးချလိုက်လို့ရပါပြီ။ ပိုမိုကောင်းမွန်ချင်တယ်ဆိုရင် ပျားရည်ထပ်ပေါင်းစပ်လို့ရပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.