ဂိုဏ်းစတားအဖြစ်ရော ရှေ့နေတစ်ယောက်အဖြစ်ပါမြင်တွေ့ရမယ့် Lee Joon Gi
Unicode
မင်းသား Lee Joon Gi ကိုသဘောကျတဲ့ပရိသတ်တွေအတွက် သတင်းကောင်းလေးလာပြီနော်။ အက်ရှင်ဇာတ်ကြမ်းမှကြိုက်တယ်ဆိုတဲ့သူတွေအတွက်Joon Gi က “Lawless Lawyer” ဆိုတဲ့စီးရီးလေးရိုက်ထားပါတယ်တဲ့။ဒီဇာတ်ကားမှာ မင်းသမီးချော Seo Ye Ji နဲ့တွဲဖက်သရုပ်ဆောင်ရမှာဖြစ်ပြီးမင်းသား Choi Min Soo ၊ Ahn Nae Sang ၊ Shin Eun Jung တို့က အဓိကပါဝင်အားဖြည့်ထားပါတယ်။
ဒါရိုက်တာ Kim Jin-min ရိုက်ကူးထားကာ Thriller ၊အက်ရှင်၊ဥပဒေနဲ့အချစ်ဇာတ်လမ်း ကိုရောသမမွှေထားတဲ့ပုံစံဖြစ်ပြီး မေလ ၁၂ရက်နေ့ကစတင်ကာ ကိုရီးယားနိုင်ငံမှာပြသသွား မှာဖြစ်တယ်လို့သိရပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားLee Joon Gi ဟာ ဂိုဏ်းစတားတစ်ယောက်ဖြစ်ပြီး နောက်ပိုင်းမှာ ရှေ့နေလိုင်းဘက်ကိုပြောင်းသွားတဲ့ သူအဖြစ်သရုပ်ဆောင်ထားတာပါ။ရှေ့နေဖြစ်လာတဲ့အခါမှာလည်းထိပ်တန်းအောင်မြင်နေသူတစ်ယောက်ဖြစ်လာပြီး ဥပဒေကို ကျွမ်းကျင်စွာအသုံးချတတ် သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တရားဥပဒေကိုချိုးဖောက်ဖို့အတွက် တရားဥပဒေအကြောင်း ကိုနားလည်ဖို့လိုတယ်ဆိုတဲ့ Lawless Lawyer ပေါ့။
မင်းသားဟာ တရားဥပဒေကိုမယုံကြည်သူဖြစ်ပြီး တရားမျှတမှုအတွက် ဥပဒေထက် သူ့ရဲ ့အတိုက်အခိုက်ကျွမ်းကျင်မှုကိုသာအသုံးချဖို့ ပိုပြီးအားသာခဲ့ပေမဲ့နောက်ပိုင်းမှာတရားဥပဒေ နဲ့ ဥပေဒချိုးဖောက်သူတွေကြားလက်တစ်လုံးခြားဘယ်လိုလှည့်ကွက်တွေသုံးသွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်။
မင်းသမီး Seo Ye Ji ဟာလည်း အမှန်တရားကိုသာလိုချင်တဲ့ အမှန်တရားဘက်တော်သား ရှေ့နေတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဂိုဏ်းစတားဟောင်းဖြစ်ခဲ့ဖူးတဲ့ရှေ့နေနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ရှေ့နေတို့ထိပ်တိုက်တွေ့ပုံတို့ကိုလှည့်ကွက်များနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။မင်းသမီး Lee Hye Young ကိုတော့ သွေးအေးပြီးဉာဏ်ကောင်းတဲ့ တရားသူကြီးအဖြစ်မြင်တွေ့ရမှာပါ။
“Lawless Lawyer” ဇာတ်ကားရဲ ့teaser ကိုကြည့်ပြီးရင် ပိုပြီးတော့တောင်ကြည့်ချင်စိတ် ပြင်းထန်လာပါလိမ့်မယ်။ပရိသတ်တွေက “မစောင့်နိုင်တော့ဘူး၊မြန်မြန်ကြည့်ချင်နေပြီ လို့တောင် ကောမန့်တွေမှာရေးသားထားတာမြင်တွေ့ရပါတယ်။ဒီကပရိသတ်တွေအတွက်လည်း Teaser လေးပြန်ပြီးမျှဝေပေးလိုက်တယ်နော်။
729 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.