ႏွာေခါင္းေသြးလ်ွံလာရင္ သိထားသင့္တဲ႔အေရးေပၚကုသနည္း

ႏွာေခါင္းေသြးလ်ွံတယ္ဆိုတာရာသီဥတုေၾကာင့္လည္းျဖစ္ႏုိင္သလို ႏွာေခါင္းထဲကုိတစ္ခုခု ထုိးထည့္မိတာျဖစ္ေစ၊လက္နဲ႔ခဏခဏဆြမိတာျဖစ္ေစႏွာေခါင္းေသြးလ်ွံတာျဖစ္ေစ ပါတယ္။နွာေခါင္းအတြင္းသားေတြက သိပ္ျပီးႏူးည့ံတဲ႔အျပင္ ေသြးေၾကာေလးေတြ ကလည္းေသးငယ္ပါးလႊာျပီး  မ်က္နွာတစ္၀ုိက္ဆက္စပ္ေနတာေၾကာင့္ အထူးဂရုျပဳသင့္ပါတယ္။ ကေလးငယ္ေလးေတြဆိုရင္ ႏွာေခါင္းထြက္လာေအာင္ဆြဲေပးဖုိ႔လိုေပမဲ႔ အရမ္းၾကီးမဆြဲမိဖုိ႔ ၊ႏွာႏုရုိးက်ိဳးမွာစုိးလို႔မိဘေတြကအတန္တန္ဂရုစုိက္ေနရတဲ႔အထိ ႏွာေခါင္းက ႏူးညံ႔တ႔ဲအစိတ္အပုိင္းတစ္ခုပါ။

ႏွာေခါင္းေသြးလ်ွံတာဟာ တစ္ခါတစ္ေလက်ေတာ့ ေသြးမလ်ွံပဲေသြးအခဲေလး
ေတြျဖစ္ေနတတ္ ပါတယ္။ျပီးေတာ့ ဒီလုိျဖစ္တာဟာ ကင္ဆာေရာဂါရဲ ႔လကၡဏာာတစ္ခု ျဖစ္ေနလားဆုိျပီးလည္း အေမးမ်ားၾကပါတယ္။တစ္လကုိတစ္ခါေလာက္
ႏွာေခါင္းေသြးလ်ွံတယ္ဆိုရင္ေတာ့ ဒါကစိုးရိမ္စရာေရာဂါတစ္ခုမဟုတ္ပါဘူး။တစ္လထဲမွာပဲ သံုးေလးခါေလာက္ျဖစ္ေနမယ္ဆိုရင္ေတာ့ သတိထားသင့္ေနပါျပီ။ေဆးရံု၊ေဆးခန္းေတြမွာ စစ္ေဆးမႈခံယူသင့္ပါတယ္။ပံုမွန္အားျဖင့္ ပူလိုက္ေအးလိုက္ရာသီဥတုမ်ိဳး၊ေႏြရာသီလို အျပင္မွာပူျပီးအိမ္ထဲမွာအဲကြန္းေလခံထားမ်ိဳးဆို အျဖစ္မ်ားပါတယ္။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ ေႏြရာသီမွာပုိျပီးနွာေခါင္းေသြးလ်ွံၾကပါတယ္။ဘာလို႔လဲဆိုရင္ႏွာေခါင္းအတြင္းမွာရွိတဲ႔ ေသးငယ္တဲ႔ေသြးေၾကာေလးေတြက အပူအေအးမမ်ွတတဲ႔အတြက္ေသြးေၾကာေလးေတြေပါက္ျပီး ႏွာေခါင္းေသြးလ်ွံမႈကုိပုိျပီးျဖစ္ေစတာပါတဲ႔။

ရာသီဥတုေၾကာင့္ျဖစ္ေစ၊တစ္ခုခုေၾကာင့္ထိမိခိုက္မိတာျဖစ္ေစ ႏွာေခါင္းေသြးလ်ွံလာတဲ႔အခါ အေရးေပၚကုသနည္းသိထားဖုိ႔လိုအပ္ပါတယ္။အရင္ကတည္းကသိလာၾကတဲ႔အယူအဆတစ္ခုကေတာ့နွာေခါင္းေသြးလ်ွံရင္ေခါင္းကုိေမာ့ျပီးေနာက္လွန္ခိုင္းထားတာပါပဲ။တကယ္ေတာ့အဲ႔ဒီလိုမလုပ္ရပါဘူး။ေခါင္းကုိအေနာက္ကုိလွန္ခိုင္းလိုက္တဲ႔အခါမွာ လ်ွံေနတဲ႔ေသြးေတြက တစ္ျခားေနရာေတြကုိေရာက္သြားႏုိင္ပါတယ္။အဲ႔ဒီအခါမွာလည္ေခ်ာင္းထဲ၀င္သြားႏုိင္ျပီး
သီးတာေတြ၊ပိုဆုိးသြားတာေတြျဖစ္လာတတ္ပါတယ္။

ကြ်မ္းက်င္သူဆရာ၀န္ေတြရဲ ႔ညႊန္ၾကားခ်က္ကေတာ့ နွာေခါင္းေသြးလ်ွံတဲ႔အခါ…

-ခပ္မတ္မတ္ထုိင္လိုက္ပါ။ထုိင္ျပီးရင္ ေခါင္းကိုျဖည္းျဖည္းခ်င္း ေရွ႔ကုိငံု႔ခ်လိုက္ပါ။
-လက္မနဲ႔လက္ညိဳးကုိသံုးျပီး ႏွာေခါင္းေပါက္ကုိ ျဖည္းျဖည္းစြာပိတ္ပါ။မ်ားေသာအားျဖင့္ ႏွာေခါင္းရဲ ႔အႏူးညံ႔ဆံုးေနရာကေန ႏွာေခါင္းေသြးလ်ွံတာကုိျဖစ္ေစပါတယ္။
-ေရခဲအိတ္တစ္ခုကုိႏွာေခါင္းနဲ႔ပါးေတြမွာကပ္ေပးထားပါ။ေအးခဲတာက ေသြးေၾကာေတြ ကုိထံုသြားေစျပီး ႏွာေခါင္းေသြးလ်ွံတာကုိရပ္သြားေစပါတယ္။
-ႏွာေခါင္းကုိလက္နဲ႔ျဖည္းညွင္းစြာပိတ္ထားတုန္းမွာ ပါးစပ္ကေန မွန္မွန္ေလး အသက္ရႈေပးပါ။၁၀မိနစ္ေလာက္ႏွာေခါင္းကုိပိတ္ထားဖုိ႔လိုပါတယ္။
-၁၀မိနစ္ျပည့္တဲ႔အခါ ႏွာေခါင္းေသြးလ်ွံေနေသးလား စစ္ၾကည့္ပါ။
-လ်ွံေနတုန္းဆိုရင္ ခဏျပန္ပိတ္ျပီး ေနာက္ထပ္ မိနစ္အနည္းငယ္ေလာက္ထားပါ။ မ်ားေသာအားျဖင့္ ႏွာေခါင္းေသြးလ်ွံတာဟာ အခုလိုကုသျပီး၁၀မိနစ္ကေန မိနစ္ ၂၀အတြင္းရပ္သြားေလ့ရွိပါတယ္။
-ရပ္သြားျပီဆုိရင္ ႏွာေခါင္းေသြးလ်ွံတာနဲ႔ပတ္သက္ျပီးသံုးတဲ႔ေဆးတစ္ခုခု၊ဂ်ယ္လ္၊ ကရင္မ္တစ္ခုခုလိမး္ေပးပါ။ေနာက္ထပ္ ၁၂နာရီၾကာတဲ႔အထိႏွာေခါင္းကုိထိတာ ၊ႏိႈက္တာမ်ိဳးမလုပ္ပါနဲ႔။
-ႏွာေခါင္းေသြးလ်ွံတာရပ္သြားျပီဆုိရင္ အခ်ိန္အေတာ္ၾကာေအာင္အနားယူလိုက္ပါ။
-တကယ္လို႔မရပ္သြားဘူးဆုိရင္ နီးစပ္ရာေဆးရံု၊ေဆးခန္းတစ္ခုခုကုိသြားျပီးျပသဖုိ႔လိုပါတယ္။

ဒီအေရးေပၚနည္းလမ္းက ေဆးရံု၊ေဆးခန္းသြားဖုိ႔ေ၀းေနတဲ႔အခါ နွာေခါင္းေသြးလ်ွံတာကုိ ထိန္းထားေပးႏုိင္ျပီး သာမန္ေယဘူယ်အားျဖင့္ျဖစ္တတ္တဲ႔ႏွာေခါင္းေသြးလ်ွံတာမ်ိဳးဆို အျမန္ဆံုးသက္သာေပ်ာက္ကင္းေစမယ့္နည္းလမ္းေလးျဖစ္ပါတယ္။အေပၚမွာေျပာခ႔ဲျပီးတဲ႔အတိုင္း တစ္လကုိတစ္ခါထက္ပုိျပီး ႏွာေခါင္းေသြးလ်ွံတာမ်ိဳးျဖစ္မယ္ဆိုရင္ ေဆးရံုေဆးခန္းေတြမွာ ျပသျပီးစစ္ေဆးမႈခံယူသင့္ပါတယ္။

ကုိယ္ကုိယ္တိုင္ျဖစ္ေစ၊တစ္ျခားသူျဖစ္တာေတြ႔တာျဖစ္ေစ ကူညီေပးႏုိင္တဲ႔နည္းလမ္းေလး ေတြျဖစ္တာေၾကာင့္ေသခ်ာမွတ္ထားဖုိ႔မေမ့နဲ႔ေနာ္။

Unicode

နှာခေါင်းသွေးလျှံတယ်ဆိုတာရာသီဥတုကြောင့်လည်းဖြစ်နိုင်သလို နှာခေါင်းထဲကိုတစ်ခုခု ထိုးထည့်မိတာဖြစ်စေ၊လက်နဲ့ခဏခဏဆွမိတာဖြစ်စေနှာခေါင်းသွေးလျှံတာဖြစ်စေ ပါတယ်။နှာခေါင်းအတွင်းသားတွေက သိပ်ပြီးနူးည့ံတဲ့အပြင် သွေးကြောလေးတွေ ကလည်းသေးငယ်ပါးလွှာပြီး မျက်နှာတစ်ဝိုက်ဆက်စပ်နေတာကြောင့် အထူးဂရုပြုသင့်ပါတယ်။ ကလေးငယ်လေးတွေဆိုရင် နှာခေါင်းထွက်လာအောင်ဆွဲပေးဖို့လိုပေမဲ့ အရမ်းကြီးမဆွဲမိဖို့ ၊နှာနုရိုးကျိုးမှာစိုးလို့မိဘတွေကအတန်တန်ဂရုစိုက်နေရတဲ့အထိ နှာခေါင်းက နူးညံ့တဲ့အစိတ်အပိုင်းတစ်ခုပါ။

နှာခေါင်းသွေးလျှံတာဟာ တစ်ခါတစ်လေကျတော့ သွေးမလျှံပဲသွေးအခဲလေး
တွေဖြစ်နေတတ် ပါတယ်။ပြီးတော့ ဒီလိုဖြစ်တာဟာ ကင်ဆာရောဂါရဲ ့လက္ခဏာာတစ်ခု ဖြစ်နေလားဆိုပြီးလည်း အမေးများကြပါတယ်။တစ်လကိုတစ်ခါလောက်
နှာခေါင်းသွေးလျှံတယ်ဆိုရင်တော့ ဒါကစိုးရိမ်စရာရောဂါတစ်ခုမဟုတ်ပါဘူး။တစ်လထဲမှာပဲ သုံးလေးခါလောက်ဖြစ်နေမယ်ဆိုရင်တော့ သတိထားသင့်နေပါပြီ။ဆေးရုံ၊ဆေးခန်းတွေမှာ စစ်ဆေးမှုခံယူသင့်ပါတယ်။ပုံမှန်အားဖြင့် ပူလိုက်အေးလိုက်ရာသီဥတုမျိုး၊နွေရာသီလို အပြင်မှာပူပြီးအိမ်ထဲမှာအဲကွန်းလေခံထားမျိုးဆို အဖြစ်များပါတယ်။ လူတော်တော်များများကတော့ နွေရာသီမှာပိုပြီးနှာခေါင်းသွေးလျှံကြပါတယ်။ဘာလို့လဲဆိုရင်နှာခေါင်းအတွင်းမှာရှိတဲ့ သေးငယ်တဲ့သွေးကြောလေးတွေက အပူအအေးမမျှတတဲ့အတွက်သွေးကြောလေးတွေပေါက်ပြီး နှာခေါင်းသွေးလျှံမှုကိုပိုပြီးဖြစ်စေတာပါတဲ့။

ရာသီဥတုကြောင့်ဖြစ်စေ၊တစ်ခုခုကြောင့်ထိမိခိုက်မိတာဖြစ်စေ နှာခေါင်းသွေးလျှံလာတဲ့အခါ အရေးပေါ်ကုသနည်းသိထားဖို့လိုအပ်ပါတယ်။အရင်ကတည်းကသိလာကြတဲ့အယူအဆတစ်ခုကတော့နှာခေါင်းသွေးလျှံရင်ခေါင်းကိုမော့ပြီးနောက်လှန်ခိုင်းထားတာပါပဲ။တကယ်တော့အဲ့ဒီလိုမလုပ်ရပါဘူး။ခေါင်းကိုအနောက်ကိုလှန်ခိုင်းလိုက်တဲ့အခါမှာ လျှံနေတဲ့သွေးတွေက တစ်ခြားနေရာတွေကိုရောက်သွားနိုင်ပါတယ်။အဲ့ဒီအခါမှာလည်ချောင်းထဲဝင်သွားနိုင်ပြီး
သီးတာတွေ၊ပိုဆိုးသွားတာတွေဖြစ်လာတတ်ပါတယ်။

ကျွမ်းကျင်သူဆရာဝန်တွေရဲ ့ညွှန်ကြားချက်ကတော့ နှာခေါင်းသွေးလျှံတဲ့အခါ…

-ခပ်မတ်မတ်ထိုင်လိုက်ပါ။ထိုင်ပြီးရင် ခေါင်းကိုဖြည်းဖြည်းချင်း ရှေ့ကိုငုံ့ချလိုက်ပါ။
-လက်မနဲ့လက်ညိုးကိုသုံးပြီး နှာခေါင်းပေါက်ကို ဖြည်းဖြည်းစွာပိတ်ပါ။များသောအားဖြင့် နှာခေါင်းရဲ ့အနူးညံ့ဆုံးနေရာကနေ နှာခေါင်းသွေးလျှံတာကိုဖြစ်စေပါတယ်။
-ရေခဲအိတ်တစ်ခုကိုနှာခေါင်းနဲ့ပါးတွေမှာကပ်ပေးထားပါ။အေးခဲတာက သွေးကြောတွေ ကိုထုံသွားစေပြီး နှာခေါင်းသွေးလျှံတာကိုရပ်သွားစေပါတယ်။
-နှာခေါင်းကိုလက်နဲ့ဖြည်းညှင်းစွာပိတ်ထားတုန်းမှာ ပါးစပ်ကနေ မှန်မှန်လေး အသက်ရှုပေးပါ။၁ဝမိနစ်လောက်နှာခေါင်းကိုပိတ်ထားဖို့လိုပါတယ်။
-၁ဝမိနစ်ပြည့်တဲ့အခါ နှာခေါင်းသွေးလျှံနေသေးလား စစ်ကြည့်ပါ။
-လျှံနေတုန်းဆိုရင် ခဏပြန်ပိတ်ပြီး နောက်ထပ် မိနစ်အနည်းငယ်လောက်ထားပါ။ များသောအားဖြင့် နှာခေါင်းသွေးလျှံတာဟာ အခုလိုကုသပြီး၁ဝမိနစ်ကနေ မိနစ် ၂ဝအတွင်းရပ်သွားလေ့ရှိပါတယ်။
-ရပ်သွားပြီဆိုရင် နှာခေါင်းသွေးလျှံတာနဲ့ပတ်သက်ပြီးသုံးတဲ့ဆေးတစ်ခုခု၊ဂျယ်လ်၊ ကရင်မ်တစ်ခုခုလိမး်ပေးပါ။နောက်ထပ် ၁၂နာရီကြာတဲ့အထိနှာခေါင်းကိုထိတာ ၊နှိုက်တာမျိုးမလုပ်ပါနဲ့။
-နှာခေါင်းသွေးလျှံတာရပ်သွားပြီဆိုရင် အချိန်အတော်ကြာအောင်အနားယူလိုက်ပါ။
-တကယ်လို့မရပ်သွားဘူးဆိုရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းတစ်ခုခုကိုသွားပြီးပြသဖို့လိုပါတယ်။

ဒီအရေးပေါ်နည်းလမ်းက ဆေးရုံ၊ဆေးခန်းသွားဖို့ဝေးနေတဲ့အခါ နှာခေါင်းသွေးလျှံတာကို ထိန်းထားပေးနိုင်ပြီး သာမန်ယေဘူယျအားဖြင့်ဖြစ်တတ်တဲ့နှာခေါင်းသွေးလျှံတာမျိုးဆို အမြန်ဆုံးသက်သာပျောက်ကင်းစေမယ့်နည်းလမ်းလေးဖြစ်ပါတယ်။အပေါ်မှာပြောခဲ့ပြီးတဲ့အတိုင်း တစ်လကိုတစ်ခါထက်ပိုပြီး နှာခေါင်းသွေးလျှံတာမျိုးဖြစ်မယ်ဆိုရင် ဆေးရုံဆေးခန်းတွေမှာ ပြသပြီးစစ်ဆေးမှုခံယူသင့်ပါတယ်။

ကိုယ်ကိုယ်တိုင်ဖြစ်စေ၊တစ်ခြားသူဖြစ်တာတွေ့တာဖြစ်စေ ကူညီပေးနိုင်တဲ့နည်းလမ်းလေး တွေဖြစ်တာကြောင့်သေချာမှတ်ထားဖို့မမေ့နဲ့နော်။

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.