သင့်ခန္ဓာကိုယ်က ဒီအချက်တွေပြနေပြီဆိုရင် သင့်ချစ်သူကိုချက်ချင်းဖြတ်ပစ်ဖို့လိုနေပြီ

လူတွေဟာ စိတ်နဲ့ခန္ဓာနှစ်ခုဒွန်တွဲပြီးအဆင်ပြေပြေနေထိုင်နိုင်မှ ဘဝဟာ သာယာပြီးအရောင်အသွေးစုံနဲ့ နေချင့်စဖွယ်ဖြစ်မှာပါ။ စိတ်ထောင်းလို့ကိုယ်ကြေဆိုတဲ့အတိုင်း ခန္ဓာကိုယ်ကခံနိုင်ရည်မရှိတာကို စိတ်ကချည်းအတင်းကာရောတွေလုပ်နေလို့ စိတ်ကခန္ဓာကိုယ်ကို အနိုင်ကျင့်သလိုကြီးဖြစ်နေရင်မကောင်းပါဘူး။ ကိုယ်တို့ဟာ ကိုယ်တို့ခန္ဓာကိုယ်ကိုဂရုစိုက်ယုယသင့်ပါတယ်။ဘာကြောင့်ဆို မသေမချင်းဒီခန္ဓာကိုယ်ကြီိးထဲမှာပဲပိတ်မိနေမှာမို့လေ။ လူတွေရဲ့စိတ်တွေကကိုယ့်ကိုယ်ကိုယ်သာညာနိုင်ပေမယ့် ခန္ဓာကိုယ်ကိုတော့မညာနိုင်ပါဘူး။ဒါကြောင့် တစ်ခုခုမှားနေပြီဆိုရင်ခန္ဓာကိုယ်ကအရင်ဆုံးအချက်ပြတတ်ပါတယ်။ အချစ်ရေးမှာလည်းဒီသဘောပါပဲ။ ကိုယ့်ချစ်သူဟာကိုယ့်အတွက်လူကောင်းမဟုတ်ကြောင်းခန္ဓာကိုယ်က စိတ်ကိုအချက်ပြဖို့ကြိုးစားတဲ့အချက်လေးတွေရှိပါတယ်။ဒါတွေကိုလျစ်လျူမရှု့ပဲ သေချာဆန်းစစ်ကြည့်မှသာ သာယာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ရမှာပါ။ သင့်ချစ်သူဟာ သင်နဲ့မသင့်တော်ကြောင်း သင့်ခန္ဓာကိုယ်ကပြနေတဲ့အချက်တွေကတော့……

 

အရယ်အပြုံးနည်းလာမယ်

သင်ကသင့်ကိုအစဉ်အမြဲရယ်မောပျော်ရွှင်နေစေမယ့် သူမျိုးနဲ့ပဲထိုက်တန်ပါတယ်။ တကယ်လို့ သင့်ချစ်သူနဲ့အတူရှိနေချိန်ပဲဖြစ်ဖြစ် သင့်ရဲ့ကိုယ်ပိုင်အချိန်တွေမှာသူ့အကြောင်းစဉ်းစားမိတဲ့အချိန်အပိုင်းအခြားလေးတွေမှာပဲဖြစ်ဖြစ် သင်မရယ်မပြုံးမိဘူး၊အရယ်အပြုံးတွေတဖြည်းဖြည်းလျော့နည်းလာတာ သင့်ကိုယ်သင်သတိထားမိမယ်ဆိုရင် သင်တို့ရဲ့အချစ်ရေးမှာတစ်ခုခုတော့မှားယွင်းနေပါပြီ။ သင့်ရဲ့ပျော်ရွှင်မှုကိုအခြားသူတွေရှေ့မှာသာလိမ်ညာပြီးအတုပြုလုပ်လို့ရချင်ရမယ် သင့်ခန္ဓာကိုယ်ကိုတော့လိမ်ညာလို့မရပါဘူး။

 

ကိုယ့်ကိုယ်ကိုယ်လေးစားမှုလျော့နည်းလာမယ်

လူတစ်ယောက်ရဲ့ချစ်သူဖြစ်မှုဆိုတဲ့တာဝန်ကကြီးပါတယ်။ အဲ့ဒီ့လူကိုပျော်အောင်လုပ်ပေးနိုင်ရမယ်၊ဒါ့အပြင်ကိုယ့်ချစ်သူကိုကိုယ့်ကိုယ်ကိုယ်လေးစားတန်ဖိုးထားတတ်အောင်လည်းသင်ကြားပြသပေးနိုင်ရမှာပါ။ ကိုယ်ချစ်တဲ့သူနဲ့အတူတူရှိနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်လေးစားကျေနပ်မှုတွေအပြည့်အဝရှိနေသင့်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်သံသယဖြစ်ရတာတွေ၊အားနည်းချက်တွေအပေါ်အာရုံထားနေမိတာတွေ၊ကိုယ့်ကိုယ်ကိုယ်မကျေမနပ်ဖြစ်ရတာတွေ၊သိမ်ငယ်ရတာတွေများနေပြီဆိုရင် သင့်အနေနဲ့ ဒီချစ်သူနဲ့ဆက်ပြီးမတွဲသင့်တော့တဲ့ အဓိပ္ပါယ်ပါ။

 

စိတ်ပင်ပန်းနေမယ်

တကယ်လို့ သင့်ရဲ့အချစ်ရေးက မှန်ကန်ပြီးစိတ်ကျေနပ်ကြည်နူးဖွယ်အချစ်ရေးမျိုးဖြစ်နေမယ်ဆိုရင် သင်ကအလိုလိုစိတ်ရှည်တတ်လာမှာပါ။ ဒါဟာ ခန္ဓာကိုယ်ထဲက ဟိုမုန်းတွေရဲ့အကျိုးသက်ရောက်မှုပါပဲ။ ဒီလိုမဟုတ်ပဲ ဒီလူနဲ့တွဲပြီးမှ အမြဲလိုလိုစိတ်တိုတတ်လာမယ်၊အာရုံစိုက်လို့မရဘူး၊စိတ်ပင်ပန်းနွမ်းနယ်ပူလောင်ကျွမ်းမြိုက်နေရမယ်ဆိုရင်တော့ သင့်ချစ်သူနဲ့အဝေးဆုံးကိုမြန်မြန်ထွက်သွားသင့်ပါပြီ။

 

အားတင်းနေရမယ်

တစ်နေ့ထက်တစ်နေ့အသက်ရှင်သန်နေထိုင်နေရတာခက်ခဲပင်ပန်းလာတယ်လို့ခံစားရတယ်။ခဏခဏကိုယ့်ကိုယ်ကိုယ်အားပေးနေရတယ်၊ဒါမှမဟုတ် ဒီိလူနဲ့အချစ်ရေးဟာမှန်ကန်ပါတယ်၊သူနဲ့ပဲဆက်နေရင်ငါပျော်ရမှာပါဆိုပြီး သူ့ဆီကထွက်မသွားမိဖို့အရေးကိုယ့်ကိုယ်ကိုယ်ခဏခဏချော့လိုက်ခြောက်လိုက်နဲ့ ဒီ ချစ်သူဘဝထဲမှာဆက်နေနေရတယ်ဆိုရင်တော့ ချက်ချင်းကိုဖြတ်လိုက်သင့်မှန်းသင်လည်းရိပ်စားမိနေပြီးဖြစ်မှာပါ။အလွယ်တကူဖြတ်လို့မရတဲ့ နှောင်ကြိုးတွေရှိနေခဲ့တယ်ဆိုရင်တောင် ဒီဘဝထဲမှာပဲပိတ်မိနေလို့သင့်အတွက်ကောင်းကျိုးတစ်စုံတစ်ရာရမလာနိုင်တော့တာကြောင့် ဖြည်းဖြည်းချင်းထွက်ခွာသွားဖို့အရှိန်ယူပါ။

 

ကိုယ့်ကိုယ်ကိုယ်ခဏခဏသတိပေးနေရမယ်

ဒါကတော့ တွဲလာတာနှစ်တွေတအားကြာသွားတဲ့ အတွဲတွေမှာဖြစ်လေ့ရှိပါတယ်။ တစ်ခါတစ်လေမှာ သူဟာကိုယ့်ချစ်သူဖြစ်တယ်ဆိုတာကိုပါမေ့နေမယ်။ဒီလူဟာင့ါချစ်သူဖြစ်တယ် ငါဟာသူ့ချစ်သူဖြစ်တယ်ဆိုပြီးကိုယ့်ကိုယ်ကိုယ်ခဏခဏသတိပေးနေရမယ်၊နှစ်ပတ်လည်တွေ မွေးနေ့တွေအမှတ်တရနေ့စွဲတွေကို ဖုန်းထဲမှာ Alarm ပေးထားရမယ် ဆိုရင်တော့ သင်တို့ရဲ့အချစ်ရေးဟာ ဝါးပြီးသားပီကေလိုဖြစ်နေပြီလို့ဆိုရမှာပါ။ နှစ်ယောက်သားအပြန်အလှန်ပေးတဲ့အမှတ်တရပစ္စည်းတွေဆိုတာက အချင်းချင်းချစ်သူတွေဖြစ်ကြောင်းသတိပေးရုံအပြင်ဘာမှပိုမလာတော့ပါဘူး။ အချိုကုန်သွားတဲ့ဝါးပြီးသားပီကေဆိုတာ ထွေးထုတ်ပစ်ဖို့သာကောင်းတော့တာပါပဲ။

 

သင့်ခန္ဓာကိုယ်က ဒီအချက်တွေပြလာပြီဆိုရင်တော့ သင့်အနေနဲ့ လက်ရှိချစ်သူနဲ့လမ်းခွဲပြတ်စဲသင့်နေပါပြီိလို့ပဲပြောပါရစေ။ တွေ့ဆုံကြုံကွဲ ဘာမှမမြဲတဲ့ခေတ်ကြီးမှာ အချစ်ရေးကံကောင်းကြပါစေ။

 

Unicode Format













92 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.