သင်ထိုင်တဲ့ပုံစံကပြောပြနေတဲ့ သင့်အကြောင်း

လူတစ်ကိုယ်စိတ်တစ်မျိုးဆိုတဲ့အတိုင်း လူတိုင်းလူတိုင်းမှာ အမြဲလိုလိုပြုလုပ်နေဖြစ်တဲ့အမူအကျင့်တွေရှိကြပါတယ်။ လမ်းလျှောက်တဲ့ဟန်တို့ထိုင်တဲ့ဟန်တို့ပေါ့။ စိတ်ပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရ လူတွေရဲ့ထိုင်တဲ့ပုံကိုကြည့်ပြီးသူတို့ရဲ့အကျင့်စရိုက်တွေကိုမှန်းလို့ရကြောင်းသိရပါတယ်။ သင်ရော ဘယ်လိုပုံစံနဲ့ထိုင်လေ့ရှိလဲ… သင်ထိုင်တဲ့ပုံစံကပြောပြနေတဲ့ သင့်ရဲ့အကျင့်စရိုက်တွေကရော မှန်ရဲ့လား။ဖတ်ကြည့်ပါဦး။

 

ခုံပေါ်မှာခါးလျှောပြီးထိုင်လေ့ရှိရင်

သင်က စိတ်ခံစားမှုလွယ်ပြီး သနားကြင်နာစိတ်ရှိသူပါ။ ဆင်ခြင်ညဏ်ကြီးမားသူလည်းပဲဖြစ်ပါတယ်။ဆုံးဖြတ်ချက်တစ်ခုကိုမချခင် အပြန်ပြန်အလှန်လှန်စဉ်းစားသုံးသပ်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း နည်းနည်းတော့ပျင်းချင်တဲ့သဘောရှိပါတယ်။

 

ခုံကိုကျောမမီပဲရှေု့ကိုငိုက်ပြီးထိုင်မယ်ဆိုရင်

ဒီလိုထိုင်တတ်သူတော်တော်များများဟာ စိတ်ဝင်စားတဲ့အရာတွေများပြားပါတယ်။ ပြီးတော့ အနည်းငယ်စပ်စုတတ်ပြီး သူငယ်ချင်းအသစ်တွေဖန်တီိးဖို့စိတ်အားထက်သန်ပါတယ်။ လူမှုဆက်ဆံရေးကောင်းသူတစ်ဦးပါ။သူများကိုချီးကျူးရမှာဝန်မလေးပဲ လိုအပ်ရင်လိုအပ်သလို ကိုယ့်ကိုယ်ကိုယ်လည်းအားပေးတတ်ပါသေးတယ်။

 

ခြေထောက်ချင်းပူးပြီးထိုင်ရင်

သင့်ကိုလူတွေကစတွေ့တွေ့ချင်းမှာတော့ ခပ်တည်တည်ကြီးနဲ့ အေးစက်တဲ့နှလုံးသားရှိသူလို့အထင်ရောက်ကြပါလိမ့်မယ်။ ဒါပေမယ့် သင်နဲ့ရင်းနှီးလာတာနဲ့အမျှသင်က ကြင်နာတတ်ပြီးသစ္စာရှိကြောင်းသိလာမှာပါပဲ။ သင်က ကိစ္စရပ်တွေကို အလေးအနက်ထားဆောင်ရွက်တတ်သူတစ်ဦးဖြစ်ပါတယ်။ နောက်ပြီး ကိစ္စတစ်ခုခုမပြုလုပ်ခင်အစီအစဉ်ကြိုချလေ့ရှိပြီး ဘာပဲဖြစ်ဖြစ် အဲ့ဒီ့အစီအစဉ်အတိုင်းပဲမရရအောင်လုပ်ဆောင်လေ့ရှိပါတယ်။

 

ခြေကျင်းဝတ်ချင်းထပ်ပြီးထိုင်တတ်ရင်

သင်ကရည်မှန်းချက်ကြီးမားပြီးဦးဆောင်နိုင်စွမ်းရှိသူတစ်ဦးပါ။ လောကကြီးကိုမျက်ခြေပျက်မခံတတ်သူတစ်ဦိးလည်းဖြစ်ပါသေးတယ်။ သင်က လူတိုင်းအရာတိုင်းကို စည်းစနစ်တကျဖြစ်စေချင်တာကြောင့်ဆရာကြီိးလုပ်တယ်လို့မကြာခဏအထင်ခံရလေ့ရှိပါတယ်။ သင်ကသူငယ်ချင်းအသစ်တွေဖွဲ့ဖို့ဝန်မလေးပါဘူး။အချစ်ရေးမှာတော့ သဝန်တိုတတ်တဲ့ Type မျိုးဖြစ်ပါတယ်။

 

ခြေထောက်ချိတ်ပြီးထိုင်ရင်

သင်က အနည်းငယ်ရှက်တတ်ပါတယ်။ သူစိမ်းတွေရှေ့ရောက်ရင်ကို့ရို့ကားယားတွေဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့သူပုံစံမျိုးယောင်လို့တောင်မထွက်ပါဘူး။ သင်ကခံစားချက်တွေကိုစိတ်ထဲမှာပဲသိုဝှက်ထားတတ်သူမျိုးပါ။ဒါကြောင့်သင့်ကိုလူတွေက အနေအေးတယ်၊သီးသန့််ဆန်တယ်လို့ သတ်မှတ်ထားကြပါတယ်။

 

ဒူးပေါ်မှာလက်တင်ပြီးထိုင်လေ့ရှိရင်

သင်က အစုအဖွဲ့တွေမှာခေါင်းဆောင်အဖြစ်တင်မြှောက်ခြင်းခံရတတ်သူပါ။ ဒူးပေါ်မှာလက်တင်ပြီးထိုင်လေ့ရှိသူတွေဟာ စိတ်တည်ငြိမ်ပြီး အာရုံစူးစိုက်မှုရှိသူတွေရဲ့လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။ သင်ကသင့်ဆုံးဖြတ်ချက်တွေရွေးချယ်မှုတွေအတွက် တာဝန်ယူဖို့ဘယ်တော့မှခေါင်းရှောင်မယ့်သူမျိုးမဟုတ်သလို သူများတွေရဲ့အမှားတွေအတွက်ပါ တာဝန်ယူဖို့အဆင်သင့်ဖြစ်နေတတ်ပါသေးတယ်။ သင်က ပြဿနာတွေကိုလည်းမကြောက်တတ်ပါဘူး။ ဖြေရှင်းဖို့နည်းလမ်းကိုလွယ်လွယ်လေးရှာတွေ့လေ့ရှိတာမို့ပါ။

 

Unicode Format


 




 




 



 



 



 



0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.