ရည္းစားေဟာင္းဆီစိတ္ျပန္လည္ေနတဲ႔ကိုယ္႔ခ်စ္သူကိုဘာလုပ္သင္႔လဲ…

လူတိုင္းအတြက္ရည္းစားဦးဆိုတာ သိပ္ကိုအမွတ္ရစရာမေမ႔နိုင္စရာ အတိတ္ေဟာင္းတစ္ခုပါ။ အထူးသျဖင္႔ေယာက်ၤားေလးေတြဟာသူတို႕ရဲ႕ရည္းစားဦး အခ်စ္ဦးကို ေမ႔ေပ်ာက္လိုက္ဖို႕ခက္ခဲတတ္ျကပါတယ္။ ဆိုေတာ႔ ရည္စားေဟာင္းဆီျပန္သြားခ်င္ေနတဲ႔ ခ်စ္သူကိုပိုင္ဆိုင္ထားရင္ ဘယ္လိုနည္းလမ္းေတြက အလုပ္သင္႔လုပ္ထိုက္ဆံုးလဲဆိုတာ…
(၁) တိုက္ဆိုင္တာေလးေတြရွိလုိ႕သတိရတာလား၊ တကယ္စိတ္မကုန္ေသးတာလားေသခ်ာဆန္းစစ္ပါ
တစ္ခါတစ္ရံမွာ တိုက္ဆုိင္မႈရွိလာလို႕ေျပာျဖစ္တာမ်ိဳး သတိရမိတာမ်ိဳးေလာက္နဲ႕ေတာ႔ သူ႕အရင္ရည္းစားကို စိတ္ေရာက္ေနတယ္ ဘာညာအထင္မလြဲသင္႔ပါဘူး။ ဒီလိုဘာမဟုတ္တဲ႔အထင္လြဲမႈကေန မလိုလားအပ္တဲ႔ျပႆနာေတြျဖစ္လာနိုင္ေစတာမလို႕ အရင္ဆံုး ကိုယ္႔သံသယကိုယ္ရွင္းေအာင္ တကယ္လား သတိရရံုပဲလား စသည္ျဖင္႔ ဆန္းသပ္မႈေတြကို အရင္လုပ္သင္႔ပါတယ္။
(၂) စိတ္လက္မာန္ပါနဲ႕တစ္ဖက္မိန္းကေလးကိုစိတ္တိုတာမ်ိဳးမျဖစ္ပါေစနဲ႕
ဒီလုိအခ်ိန္မွာ သူ႕ရဲ႕အရင္ရည္းစားတစ္ဖက္ မိန္းကေလးေပၚအျပစ္ျမင္ျပီး ရန္ေထာင္တာမိ်ဳးမလုပ္ပါနဲ႕။ သူ႕ဘက္က ျမဴဆြယ္ရင္ေတာင္ ပါမသြားသင္႔တာကိုယ္႔ေကာင္ေလးရဲ႕တာ၀န္ပါ ။ ဆိုေတာ႔ ဒီလုိအေျခေနမွာတစ္ဖက္မိန္းကေလးေပၚ စိတ္ဆိုးျပမိေဒါသထြက္ျပမိရင္ကိုယ္႔သိကၡာပဲက်ဆင္းေစတာမလို႕ ေအးေဆးကိုယ္မွန္တဲ႔ပံုနဲ႕သာေနပါ။
(၃) ကိုယ္နဲ႕သူနဲ႕ျကားကဆက္ဆံခဲ႔တဲ႔ပံုစံေတြကိုျပန္ေတြးပါ
ကိုယ္နဲ႕ကိုယ္႔ခ်စ္သူစတြဲခဲ႔စဥ္အခါတည္းကအခုခ်ိန္ထိဆက္ဆံခဲ႔တဲ႔ပံုရိပ္ေတြကုိေတြးျကည္႔ျပီး သူကိုယ္႔အေပၚေလးေလးနက္နက္ တန္ဖိုးထားဆက္ဆံခဲ႔သလားဆိုတာေတြးပါ။ ဒီလိုသာဆိုရင္ေတာ႔ကိုယ္႔ဘက္ကအမွားေတြေျကာင္႔ သူခဏစိတ္ယိုင္သြားတာမိ်ဳး ျဖစ္ေစနိုင္တာမလို႕အခ်ိန္မလြန္ခင္ ျပန္လည္ညိွႏႈိုင္းယူျကပါ။
(၄) တကယ္ျပန္သြားခ်င္ေနတာေသခ်ာရင္ အျပီးအပိုင္ျပတ္ဆဲေပးလုိက္ပါ
ကိုယ္လည္းမွန္ရဲ႕သားနဲ႕တကယ္ပဲကိုယ္႔အေပၚစိတ္ျပတ္ျပီး အရင္ေကာင္မေလးဆီသြားခ်င္တယ္ဆိုရင္ေတာ႔ လြတ္လြတ္လပ္လပ္သာခြင္႔ျပဳလုိက္ပါ။သူဒီလုိအမွန္တိုင္းေျပာခဲ႔လို႕ေနာက္မက်ခင္ ကိုယ္ဒီထက္ပိုျပီး နာမက်င္ရခင္ေကာင္းေသာျပတ္ျခင္းလုိ႕ေတြးျပီးစြန္႕လႊတ္လိုက္ပါ။ အတင္းျကပ္ဆုပ္ကိုင္ထားရင္ကိုယ္ပဲနာက်င္လွပါတယ္။
(၅) ကိုယ္႔ဆီျပန္လာခဲ႔ရင္ဘယ္ေသာအခါမွလက္မခံေတာ႔ပါနဲ႕
ကိုယ္႔ဆီကေန ရည္းစားေဟာင္းဆီျပန္သြားျပီးမွ မင္းေလာက္အဆင္မေျပဘူးဆိုျပီးျပန္လာရင္ ဘယ္ေတာ႔မွလက္မခံမိပါေစနဲ႕။ ဒါဟာ ကိုယ္႔ကိုခ်စ္လုိ႕ျပန္လာတာမ်ိဳးမဟုတ္ပဲ သူ႕စိတ္ခ်မ္းသာဖုိ႕ အတြက္ျပန္လာတာမလုိ႔လံုး၀ျငင္းပယ္လုိက္ပါ။ သူသာတကယ္ကိုယ္႔ကိုခ်စ္ရင္ကိုယ္နာက်င္ေအာင္ထြက္သြားမွာမဟုတ္တာေျကာင္႔ကိုယ္႔အတြက္မျကည္႔ေပးပဲ သူ႕ေပ်ာ္ရႊင္ဖို႕အတြက္ပဲေရြးခ်ယ္တတ္တဲ႔ေယာက်ၤားတစ္ေယာက္နားမွာ ဘယ္တာ႔မွမေနမိပါေစနဲ႕။

Unicode

လူတိုင်းအတွက်ရည်းစားဦးဆိုတာ သိပ်ကိုအမှတ်ရစရာမမေ့နိုင်စရာ အတိတ်ဟောင်းတစ်ခုပါ။ အထူးသဖြင့်ယောကျင်္ားလေးတွေဟာသူတို့ရဲ့ရည်းစားဦး အချစ်ဦးကို မေ့ပျောက်လိုက်ဖို့ခက်ခဲတတ်ကြပါတယ်။ ဆိုတော့ ရည်စားဟောင်းဆီပြန်သွားချင်နေတဲ့ ချစ်သူကိုပိုင်ဆိုင်ထားရင် ဘယ်လိုနည်းလမ်းတွေက အလုပ်သင့်လုပ်ထိုက်ဆုံးလဲဆိုတာ…
(၁) တိုက်ဆိုင်တာလေးတွေရှိလို့သတိရတာလား၊ တကယ်စိတ်မကုန်သေးတာလားသေချာဆန်းစစ်ပါ
တစ်ခါတစ်ရံမှာ တိုက်ဆိုင်မှုရှိလာလို့ပြောဖြစ်တာမျိုး သတိရမိတာမျိုးလောက်နဲ့တော့ သူ့အရင်ရည်းစားကို စိတ်ရောက်နေတယ် ဘာညာအထင်မလွဲသင့်ပါဘူး။ ဒီလိုဘာမဟုတ်တဲ့အထင်လွဲမှုကနေ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်စေတာမလို့ အရင်ဆုံး ကိုယ့်သံသယကိုယ်ရှင်းအောင် တကယ်လား သတိရရုံပဲလား စသည်ဖြင့် ဆန်းသပ်မှုတွေကို အရင်လုပ်သင့်ပါတယ်။
(၂) စိတ်လက်မာန်ပါနဲ့တစ်ဖက်မိန်းကလေးကိုစိတ်တိုတာမျိုးမဖြစ်ပါစေနဲ့
ဒီလိုအချိန်မှာ သူ့ရဲ့အရင်ရည်းစားတစ်ဖက် မိန်းကလေးပေါ်အပြစ်မြင်ပြီး ရန်ထောင်တာမျိုးမလုပ်ပါနဲ့။ သူ့ဘက်က မြူဆွယ်ရင်တောင် ပါမသွားသင့်တာကိုယ့်ကောင်လေးရဲ့တာဝန်ပါ ။ ဆိုတော့ ဒီလိုအခြေနေမှာတစ်ဖက်မိန်းကလေးပေါ် စိတ်ဆိုးပြမိဒေါသထွက်ပြမိရင်ကိုယ့်သိက္ခာပဲကျဆင်းစေတာမလို့ အေးဆေးကိုယ်မှန်တဲ့ပုံနဲ့သာနေပါ။
(၃) ကိုယ်နဲ့သူနဲ့ကြားကဆက်ဆံခဲ့တဲ့ပုံစံတွေကိုပြန်တွေးပါ
ကိုယ်နဲ့ကိုယ့်ချစ်သူစတွဲခဲ့စဉ်အခါတည်းကအခုချိန်ထိဆက်ဆံခဲ့တဲ့ပုံရိပ်တွေကိုတွေးကြည့်ပြီး သူကိုယ့်အပေါ်လေးလေးနက်နက် တန်ဖိုးထားဆက်ဆံခဲ့သလားဆိုတာတွေးပါ။ ဒီလိုသာဆိုရင်တော့ကိုယ့်ဘက်ကအမှားတွေကြောင့် သူခဏစိတ်ယိုင်သွားတာမျိုး ဖြစ်စေနိုင်တာမလို့အချိန်မလွန်ခင် ပြန်လည်ညှိနှိုုင်းယူကြပါ။
(၄) တကယ်ပြန်သွားချင်နေတာသေချာရင် အပြီးအပိုင်ပြတ်ဆဲပေးလိုက်ပါ
ကိုယ်လည်းမှန်ရဲ့သားနဲ့တကယ်ပဲကိုယ့်အပေါ်စိတ်ပြတ်ပြီး အရင်ကောင်မလေးဆီသွားချင်တယ်ဆိုရင်တော့ လွတ်လွတ်လပ်လပ်သာခွင့်ပြုလိုက်ပါ။သူဒီလိုအမှန်တိုင်းပြောခဲ့လို့နောက်မကျခင် ကိုယ်ဒီထက်ပိုပြီး နာမကျင်ရခင်ကောင်းသောပြတ်ခြင်းလို့တွေးပြီးစွန့်လွှတ်လိုက်ပါ။ အတင်းကြပ်ဆုပ်ကိုင်ထားရင်ကိုယ်ပဲနာကျင်လှပါတယ်။
(၅) ကိုယ့်ဆီပြန်လာခဲ့ရင်ဘယ်သောအခါမှလက်မခံတော့ပါနဲ့
ကိုယ့်ဆီကနေ ရည်းစားဟောင်းဆီပြန်သွားပြီးမှ မင်းလောက်အဆင်မပြေဘူးဆိုပြီးပြန်လာရင် ဘယ်တော့မှလက်မခံမိပါစေနဲ့။ ဒါဟာ ကိုယ့်ကိုချစ်လို့ပြန်လာတာမျိုးမဟုတ်ပဲ သူ့စိတ်ချမ်းသာဖို့ အတွက်ပြန်လာတာမလို့လုံးဝငြင်းပယ်လိုက်ပါ။ သူသာတကယ်ကိုယ့်ကိုချစ်ရင်ကိုယ်နာကျင်အောင်ထွက်သွားမှာမဟုတ်တာကြောင့်ကိုယ့်အတွက်မကြည့်ပေးပဲ သူ့ပျော်ရွှင်ဖို့အတွက်ပဲရွေးချယ်တတ်တဲ့ယောကျင်္ားတစ်ယောက်နားမှာ ဘယ်တာ့မှမနေမိပါစေနဲ့။

12 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.