ျဖစ္ရပ္မွန္ဇာတ္လမ္းကုိ ျပန္လည္ရုိက္ကူးထားတဲ႔ Megan Leavey နဲ႔သူမရဲ ႔ေခြးေလးအေၾကာင္း

ဒီတစ္ခါေတာ့ ပရိသတ္ေတြအတြက္ ျဖစ္ရပ္မွန္ဇာတ္လမ္းတစ္ပုဒ္ကုိျပန္ရုိက္ထားတဲ႔ ဒရာမာဇာတ္ကားတစ္ကားနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။ရုပ္ရွင္ကားနာမည္ကေတာ့ Megan Leavey ပါ။ဒီဇာတ္လမ္းဟာ ၂၀၁၇တုန္းကရိုက္ကူးခဲ႔တာျဖစ္ျပီး ယူအက္စ္မရိန္း တပ္သားတစ္ေယာက္အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ႔တဲ႔ မိန္းကေလး Megan Leavey နဲ႔ စစ္တပ္တာ၀န္ကုိအတူထမ္းေဆာင္တဲ႔ေခြးေလး Rex တို႔ရဲ ႔ အေၾကာင္းကုိအဓိကထားျပီး ရိုက္ကူးထားတဲ႔ဒရာမာဇာတ္လမ္းျဖစ္သလုိ ျဖစ္ရပ္မွန္သမိုင္းေၾကာင္း ကုိအေျခခံျပီးရုိက္ကူးထားတာလည္းျဖစ္ပါတယ္။

Megan Leavey အျဖစ္အဓိကပါ၀င္သရုပ္ေဆာင္ထားသူကေတာ့ Kate Mara ျဖစ္ျပီး Tom Felton ၊ Edie Falco ၊ Ramon Rodriguez ၊ Bradley Whitford တို႔က အဓိကပါ၀င္အားျဖည့္ထားပါတယ္။တကယ္လက္ေတြ႔ဘ၀ Megan Leavey ဟာေတာ့ ၁၉၈၃ခုႏွစ္၊ေအာက္တိုဘာ ၂၈ရက္ေန႔မွာေမြးဖြားခဲ႔တာျဖစ္ျပီး ယူအက္စ္မရိန္းစစ္တပ္မွာ ေခြးေလးနဲ႔အတူ တာ၀န္ထမ္းေဆာင္ခဲ႔တာျဖစ္ပါတယ္။

ဇာတ္လမ္းပံုစံေလးကေတာ့ ဘာအလုပ္နဲ႔မွအဆင္တေျပမရွိသလို မိသားစုနဲ႔လည္းအဆင္မေျပတဲ႔ Megan Leavey ဟာ မရိန္းစစ္တပ္ထဲကုိေရာက္ခဲ႔ျပီး တာ၀န္မွာလည္းထူးခြ်န္တဲ႔ တပ္သားတစ္ေယာက္ျဖစ္လာခဲ႔ပါတယ္။အဲ႔ဒီေနာက္ သူမဟာ စစ္တပ္ကဗံုးရွာေဖြတဲ႔ေခြးေလး Rex နဲ႔အတူ တာ၀န္ထမ္းေဆာင္ခြင့္ရေအာင္ၾကိဳးစားခဲ႔ပါတယ္။ပထမေတာ့ ေခြးေလးနဲ႔ရင္းနွီးမႈမရခဲ႔ေပမဲ႔
ေနာက္ပုိင္းမွာအဆင္ေျပသြားခဲ႔ျပီးအီရတ္ကုိတာ၀န္နဲ႔ထြက္ခြာလာခဲ႔ပါတယ္။အီရတ္ျမိဳ႔ႏွစ္ျမိဳ႔ကုိေရာက္ရွိခဲ႔ျပီး ရန္သူေတြေထာင္ထားတဲ႔ဗံုးကုိရွာေဖြခဲ႔ေပမဲ႔ မထင္မွတ္ထားတဲ႔အခ်ိန္မွာMegan ေရာ ေခြးေလး Rex ပါ ဗံုးမိျပီး ဒဏ္ရာေတြရရွိခဲ႔ၾကပါတယ္။ ဒဏ္ရာေၾကာင့္ ခဏအနားယူခဲ႔ရတဲ႔ အခိ်န္မွာေတာ့ Megan တစ္ေယာက္ဘယ္လိုေတြေျပာင္းလဲသြားမလဲ? ေခြးေလးကုိသိပ္ခ်စ္တဲ႔ Megan စစ္တပ္ထဲျပန္ေရာက္တဲ႔အခါ..ဘယ္လိုအေျပာင္းအလဲေတြၾကံဳရမလဲ?

ေနာက္ပုိင္းဇာတ္လမ္းကေတာ့ ေခြးေလးနဲ႔ Megan ၾကားက ၾကီးမားတဲ႔သံေယာဇဥ္ေတြ၊ မထင္မွတ္ထားတဲ႔အေျပာင္းအလဲေတြနဲ႔ ဘာေတြဆက္ျဖစ္မလဲဆုိတာသိခ်င္စိတ္ျပင္းျပေအာင္ ပရိသတ္ေတြကုိဆြဲေဆာင္ထားႏုိင္တဲ႔ဒရာမာအခ်ိဳးအခ်ိတ္ေတြနဲ႔ စီစဥ္ရုိက္ကူးထား တာျဖစ္ပါတယ္။အထူးသျဖင့္ ျဖစ္ရပ္မွန္ဇာတ္လမ္းျဖစ္တာေၾကာင့္ ေနာက္ဆံုးဘာျဖစ္မလဲ ဆိုတာကုိပရိသတ္ေတြက ပုိျပီးစိတ္၀င္စားၾကပါတယ္။သင္သာ ဒီကားကုိၾကည့္မယ္ဆိုရင္ ေခြးေလးေတြရဲ ႔သံေယာဇဥ္ေတြ၊အျပဳအမူေတြကုိ အရင္ကထက္ပုိနားလည္ခံစားတတ္သြားျပီး ႏွလံုးသားကလည္းပုိုျပီးႏူးညံ႔လာမယ္ဆိုတာ ေသခ်ာပါတယ္။

Unicode

ဒီတစ်ခါတော့ ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကိုပြန်ရိုက်ထားတဲ့ ဒရာမာဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ရုပ်ရှင်ကားနာမည်ကတော့ Megan Leavey ပါ။ဒီဇာတ်လမ်းဟာ ၂၀၁ရတုန်းကရိုက်ကူးခဲ့တာဖြစ်ပြီး ယူအက်စ်မရိန်း တပ်သားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မိန်းကလေး Megan Leavey နဲ့ စစ်တပ်တာဝန်ကိုအတူထမ်းဆောင်တဲ့ခွေးလေး Rex တို့ရဲ ့ အကြောင်းကိုအဓိကထားပြီး ရိုက်ကူးထားတဲ့ဒရာမာဇာတ်လမ်းဖြစ်သလို ဖြစ်ရပ်မှန်သမိုင်းကြောင်း ကိုအခြေခံပြီးရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

Megan Leavey အဖြစ်အဓိကပါဝင်သရုပ်ဆောင်ထားသူကတော့ Kate Mara ဖြစ်ပြီး Tom Felton ၊ Edie Falco ၊ Ramon Rodriguez ၊ Bradley Whitford တို့က အဓိကပါဝင်အားဖြည့်ထားပါတယ်။တကယ်လက်တွေ့ဘဝ Megan Leavey ဟာတော့ ၁၉၈၃ခုနှစ်၊အောက်တိုဘာ ၂၈ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီး ယူအက်စ်မရိန်းစစ်တပ်မှာ ခွေးလေးနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံလေးကတော့ ဘာအလုပ်နဲ့မှအဆင်တပြေမရှိသလို မိသားစုနဲ့လည်းအဆင်မပြေတဲ့ Megan Leavey ဟာ မရိန်းစစ်တပ်ထဲကိုရောက်ခဲ့ပြီး တာဝန်မှာလည်းထူးချွန်တဲ့ တပ်သားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်သူမဟာ စစ်တပ်က ဗုံးရှာဖွေတဲ့ခွေးလေး Rex နဲ့အတူ တာဝန်ထမ်းဆောင်ခွင့်ရအောင်ကြိုးစားခဲ့ပါတယ်။ပထမတော့ခွေးလေးနဲ့ရင်းနှီးမှုမရခဲ့ပေမဲ့
နောက်ပိုင်းမှာအဆင်ပြေသွားခဲ့ပြီးအီရတ်ကိုတာဝန်နဲ့ထွက်ခွာလာခဲ့ပါတယ်။အီရတ်မြို့နှစ်မြို့ကိုရောက်ရှိခဲ့ပြီး ရန်သူတွေထောင်ထားတဲ့ဗုံးကို ခွေးလေးနဲ့အတူ ရှာဖွေခဲ့ပေမဲ့ မထင်မှတ်ထားတဲ့အချိန်မှာ Megan ရော ခွေးလေး Rex ပါ ဗုံးမိပြီး ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ ဒဏ်ရာကြောင့်ခဏ အနားယူခဲ့ရတဲ့အချိန်မှာတော့ Megan တစ်ယောက်ဘယ်လိုတွေပြောင်းလဲသွားမလဲ? ခွေးလေးကိုသိပ်ချစ်တဲ့ Megan စစ်တပ်ထဲပြန်ရောက်တဲ့အခါ… ဘယ်လိုအပြောင်းအလဲတွေကြုံရမလဲ?

နောက်ပိုင်းဇာတ်လမ်းကတော့ ခွေးလေးနဲ့ Megan ကြားက ကြီးမားတဲ့သံယောဇဉ်တွေ၊ မထင်မှတ်ထားတဲ့အပြောင်းအလဲတွေနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာသိချင်စိတ်ပြင်းပြအောင် ပရိသတ်တွေကိုဆွဲဆောင်ထားနိုင်တဲ့ဒရာမာအချိုးအချိတ်တွေနဲ့ စီစဉ်ရိုက်ကူးထား တာဖြစ်ပါတယ်။အထူးသဖြင့် ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တာကြောင့် နောက်ဆုံးဘာဖြစ်မလဲ ဆိုတာကိုပရိသတ်တွေက ပိုပြီးစိတ်ဝင်စားကြပါတယ်။သင်သာ ဒီကားကိုကြည့်မယ်ဆိုရင် ခွေးလေးတွေရဲ ့သံယောဇဉ်တွေ၊အပြုအမူတွေကို အရင်ကထက်ပိုနားလည်ခံစားတတ်သွားပြီး နှလုံးသားကလည်းပိုုပြီးနူးညံ့လာမယ်ဆိုတာ သေချာပါတယ်။

146 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.