ဒီလိုဝတ်ထားတဲ့ယောက်ျားလေးတွေဆို မိန်းကလေးတွေပိုကြွေ…
ဒီရှပ်အကျီဝတ်ထားတဲ့ယောက်ျားလေးဆိုရင် အလိုလိုကြည့်ကောင်းနေတယ်လို့ မိန်းကလေးတွေက ထင်မြင်လေ့ရှိကြပါတယ်။
၎။ဗီပုံစံဆွယ်တာ
အမျိုးသမီးတွေက ဗီပုံစံဆွယ်တာဝတ်ဆင်ထားတဲ့ယောက်ျားလေးတွေကိုပိုပြီး သဘောကျပါတယ်တဲ့။ဗီပုံစံဆွယ်တာဝတ်ဆင်ထားတဲ့ယောက်ျားလေးတစ်ယောက် ဟာ နွေးထွေးပြီးယဉ်ကျေးမှုရှိတဲ့အသွင်ပေါက်စေတဲ့အပြင် သူ့ကိုယ်သူလည်း ဂရုတစိုက်နေတတ်တယ်ဆိုတဲ့အသွင်မျိုးပေါ်စေပါတယ်။အဲ့ဒါကြောင့်ပဲ မိန်းကလေးတွေက ပိုပြီးသဘောကျတာဖြစ်နိုင်ပါတယ်။
၅။ဝတ်စုံပြည့်
၆။Accessories
တစ်ခါတစ်လေ တစ်ချို့ယောက်ျားလေးတွေရဲ့ လက်မှာ သားရေလက်ပတ်တွေ တွေ့ရလေ့ရှိတာကို သတိထားမိမှာပါ။အဲ့ဒီလိုမျိုး အဆင်တန်ဆာဝတ်ထားတဲ့ယောက်ျားလေးတွေ ကလည်း မိန်းကလေးတွေရဲ့ အမြင်မှာ တစ်ခြားသူတွေထက် ပိုပြီးဆွဲဆောင်မှုရှိနေပါတယ်တဲ့။ လူငယ်ဆန်စေသလို အဲ့ဒါက ဆွဲဆောင်မှုရှိတဲ့ယောက်ျားလေး အဖြစ်လည်းအသွင်ပြောင်းပေးပါတယ်။
Unicode
ဝတ်စားဆင်ယင်ပုံဒီဇိုင်းကလည်း လူတစ်ယောက်အတွက်ဒုတိယမျက်နှာတစ်ခုပါပဲ။ အဝတ်အစားဒီဇိုင်းသေသေသပ်သပ်ဝတ်ဆင်ထားတဲ့ယောကျ်ားလေး
တစ်ယောက်ဟာ မိန်းကလေးထုရဲ ့မျက်လုံးထဲမှာထင်းခနဲဖြစ်နေမှာအမှန်ပါပဲ။အထူးသဖြင့် အခုပြောပြမယ့်ပုံစံဒီဇိုင်းလေးတွေဝတ်ထားတဲ့ယောကျ်ားလေးဆိုရင်
မိန်းကလေးတွေရဲ့မျက်လုံးထဲမှာ ပိုပြီးထူးခြားနေပြီးပိုကြွေတတ်တယ်လို့လေ့လာတွေ့ရှိခဲ့ပါတယ်။
၁။ရှူးဖိနပ်ကောင်းကောင်းတစ်စုံ
ရှူးဖိနပ်ကောင်းကောင်းတစ်စုံဟာ ရှပ်အကျီ၊တိုက်ပုံ၊ပုဆိုးနဲ့ကလွဲရင် ကျန်တဲ့အဝတ်အစား ပုံစံမှန်သမျှနဲ့လိုက်ဖက်တာဖြစ်လို့ မရှိမဖြစ်လိုအပ်ပါတယ်။ပြီးတော့မိန်းကလေးတိုင်း ဟာလည်း ဒီလိုရှူးဖိနပ်ဝတ်ဆင်ထားတဲ့ယောကျ်ားလေးဆိုရင် ပိုသတိထားမိပြီး ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ခံစားရပါတယ်တဲ့။
၂။ကော်လံမပါတဲ့ရှပ်အကျီ
ဒီလိုကော်လံမပါတဲ့ရှပ်အကျီဒီဇိုင်းမျိုးဟာ ဘယ်တော့မှမရိုးသွားမယ့်စတိုင်လ်တစ်မျိုးပါ။ပြီးတော့ ဟောလိဝုဒ်စတားတွေ၊နာမည်ကျော်အားကစားသမားတွေဝတ်လေ့ရှိတဲ့ကိုယ်ကျပ် အကျီဒီဇိုင်းမျိုးပေါ့။ဒီလိုစတိုလ်ဟာ ခန္ဓာကိုယ်အချိုးအစားကိုပေါ်လွင်စေတာမို့
ဒီရှပ်အကျီဝတ်ထားတဲ့ယောကျ်ားလေးဆိုရင် အလိုလိုကြည့်ကောင်းနေတယ်လို့ မိန်းကလေးတွေက ထင်မြင်လေ့ရှိကြပါတယ်။
၃။အဖြူရောင်ရှပ်အကျီနဲ့ဂျင်း
ဂျင်းဘောင်းဘီနဲ့အဖြူရောင်ရှပ်အကျီဟာ ဘယ်သောအခါမှ မှိန်ဖျော့မသွားမယ့်ဒီဇိုင်းပေါ့နော်။ အထာကျကျ လွင့်ချင်တယ်ဆိုရင် အဖြူရောင်ရှပ်အကျီတစ်ထည်နဲ့ဂျင်းဘောင်းဘီသာ ကောက်ဝတ်လိုက်၊ရှူးဖိနပ်လေးနဲ့ဆို ရိုးရိုးလေးနဲ့မိုက်တယ်ဆိုတာမျိုးဖြစ်သွားမှာပါ။
၄။ဗီပုံစံဆွယ်တာ
အမျိုးသမီးတွေက ဗီပုံစံဆွယ်တာဝတ်ဆင်ထားတဲ့ယောကျ်ားလေးတွေကိုပိုပြီး သဘောကျပါတယ်တဲ့။ဗီပုံစံဆွယ်တာဝတ်ဆင်ထားတဲ့ယောကျ်ားလေးတစ်ယောက် ဟာ နွေးထွေးပြီးယဉ်ကျေးမှုရှိတဲ့အသွင်ပေါက်စေတဲ့အပြင် သူ့ကိုုယ်သူလည်း ဂရုတစိုက်နေတတ်တယ်ဆိုတဲ့အသွင်မျိုးပေါ်စေပါတယ်။အဲ့ဒါကြောင့်ပဲ မိန်းကလေးတွေက ပိုုပြီးသဘောကျတာဖြစ်နိုင်ပါတယ်။
၅။ဝတ်စုံပြည့်
ခန္ဓာကိုယ်နဲ့ကွက်တိတိုင်းချုပ်ထားတဲ့ဝတ်စုံပြည့်ဟာ ဘယ်လောက်ထိကြည့်ကောင်းမယ်ဆိုတာ ပြောဖို့တောင်မလိုတော့ပါဘူး။လူကြီးလူကောင်းပုံစံအသွင်ပေါက်စေပြီး မိန်းကလေးတိုင်းကလည်း အဲ့ဒီလိုသပ်ရပ်ကြည့်ကောင်းတဲ့သူဆိုရင် သဘောကျတတ်ကြပါတယ်။ တစ်ခြားသူတွေထက်လည်းပိုပြီးထူးခြားတဲ့အသွင်ရှိလို့ မိန်းကလေးတွေရဲ ့မျက်စိထဲမှာထင်းခနဲနေမှာပါ။
၆။Accessories
တစ်ခါတစ်လေ တစ်ချို့ယောကျ်ားလေးတွေရဲ ့လက်မှာ သားရေလက်ပတ်တွေ တွေ့ရလေ့ရှိတာကို သတိထားမိမှာပါ။အဲ့ဒီလိုမျိုး အဆင်တန်ဆာဝတ်ထားတဲ့ယောကျ်ားလေးတွေ ကလည်း မိန်းကလေးတွေရဲ ့အမြင်မှာ တစ်ခြားသူတွေထက် ပိုပြီးဆွဲဆောင်မှုရှိနေပါတယ်တဲ့။ လူငယ်ဆန်စေသလို အဲ့ဒါက ဆွဲဆောင်မှုရှိတဲ့ယောကျ်ားလေး အဖြစ်လည်းအသွင်ပြောင်းပေးပါတယ်။
933 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.