မိန္းကေလးေတြ သူတို႔ခ်စ္တဲ့ ေယာက်္ားတစ္ေယာက္ကို ထားခဲ့ရတဲ့အေၾကာင္းရင္း

ခ်စ္ၾကတယ္.. အခ်ိန္ၾကာျမင့္စြာနဲ႔ နားလည္မႈေတြ၊ ယံုၾကည္မႈေတြ ရင္းႏွီးျပီး နာက်င္ေနလည္း ခ်စ္ဖူးတဲ့လူေတြခ်ည္းပါပဲ။ ဒီလိုမ်ဳိးစိတ္႐ွည္သည္းခံစြာေနရင္း ႏွစ္႐ွည္လမ်ားစြာခိုင္ျမဲေနတဲ့ အတဲြေတြလည္း႐ွိသလုိ တစ္ခ်ဳိ ႔ကလည္း စိတ္ခ်င္းမတူရင္ ၊ အေတြးခ်င္းမတူရင္ ၊ အက်င့္စ႐ုိက္ေတြမတူရင္ လူတစ္ေယာက္ကိုစဲြလမ္းမေနပဲ ထားသြားတတ္ၾကပါတယ္။ ကိုယ္နဲ႔ ဘာမွေသြးမေတာ္ ၊ သားမစပ္ သူစိမ္းတစ္ေယာက္ကိုခ်စ္ရတာ ၊ အခ်ိန္ေတြေပးရတာ လြယ္ေတာ့မလြယ္ဘူး။ ခ်စ္တယ္ဆိုတာလည္း ပါးစပ္ကေနေလနဲ႔ပဲေျပာလိုက္ရတယ္ဆိုေပမယ့္ စိုးရိမ္မႈေတြ၊ ပူပန္မႈေတြ၊ နာက်င္မႈေတြ အမ်ားၾကီး
ပါေနျပန္တယ္။ ဟုတ္ပါျပီ… တကယ္ေတာ့ အားလံုးက ႐ွင္း႐ွင္းေလးပါ။ အရမ္းေနာက္က်မေသးခင္ ေနာက္ျပန္လွည့္ခ်င္တယ္ဆုိ ၊ မွီႏုိင္ေသးတယ္ဆို တကယ္လည္းခ်စ္ေသးတယ္ဆို၊ သူကလည္း သင့္အေပၚ ခ်စ္ေနေသးတယ္ဆို ခ်စ္ရက္နဲ႔ ေက်ာခိုင္းေနတာမ်ဳိးေတြ၊ တလဲြမာနထားတာေတြ ေခါက္ထားလိုက္ပါ။ လူ႔သက္တမ္းက တိုတုိေလးရယ္။ ခ်စ္တဲ့သူနဲ႔ ေပ်ာ္ရႊင္စြာေနထုိင္လုိက္ပါ။ ဒါေပမယ့္ တစ္ခ်ဳိ ႔ မိန္းကေလးေတြ ခ်စ္ရက္နဲ႔ေယာက်္ားတစ္ေယာက္ကို သူတို႔ထားသြားၾကတာ ဘာေၾကာင့္လဲ ?

သူမနဲ႔ပတ္သတ္ျပီး စိတ္ဝင္စားမႈမ႐ွိျခင္း
သူမသင့္ကို လုိအပ္ေနခ်ိန္ သင့္မွာသူမအေပၚ ေႏြးေထြးမႈမ႐ွိျခင္း ၊ စိတ္သက္သာရာရေအာင္ မလုပ္ေပးတာမ်ဳိးေတြက သူမကိုတန္ဖိုးမထားသလို ၊ ေႏြးေထြးလံုျခံဳမႈမေပးသလိုျဖစ္ေစျပီး သူမဘဝမွာ စုိးရိမ္စရာေတြ၊ ဝမ္းနည္းစရာေတြကိုပုိျဖစ္ေစပါတယ္။

သူမကိုအခ်ိန္မေပးျခင္း
အရမ္းအလုပ္႐ႈပ္ပါတယ္ဆိုရင္ေတာင္ သမၼတေလာက္ေတာ့ သင္အလုပ္မ႐ႈပ္ႏုိင္ပါဘူး။ အေမရိကန္ သမၼတ အိုဘားမားေတာင္ သူ႔မိန္းမကိုခ်စ္ျပဖို႔ ၊ ဂ႐ုစိုက္ဖို႔ အခ်ိန္တစ္ခုဖဲ့ေပးႏုိင္ေလရဲ႕။ တကယ္ေတာ့ ခ်စ္တယ္ဆိုရင္ သူ႔ကိုဖုန္းတစ္ခ်က္မဆက္ႏုိင္ရင္ေတာင္ ခ်စ္ေၾကာင္း ၊ သတိရေၾကာင္း စာတိုေလးပုိ႔လုိက္တာဟာ စကၠန္႔ပုိင္းေတာင္မၾကာပါဘူး။ တစ္ဖက္သားလည္း စိတ္ေက်နပ္သြားသလို ႏွစ္ေယာက္ၾကား ဆက္ဆံေရးကို ေခ်ာဆီေလာင္းလိုက္သလိုပါပဲ။ ဘာမွမဟုတ္တဲ့ကိစၥေလးေတြနဲ႔ ခ်စ္ရက္နဲ႔ေဝးကြာသြားေအာင္ တြန္းထုတ္သလိုေတြ ျဖစ္သြားၾကတာပါ။

တစ္ခ်ိန္လံုး သူမကိုလိုက္ႏႈိင္းယွဥ္ျခင္း
ကိုယ္ခ်စ္လုိ႔ ေရြးခ်ယ္ထားတဲ့ မိန္းမတစ္ေယာက္ကို အျခား မိန္းကေလးေတြနဲ႔လုိက္မနႈိင္းယွဥ္ပါနဲ႔။ ဒါဟာ မိန္းကေလးမွမဟုတ္ပါဘူး။ ေယာက်္ားေလးလည္း ဒီလိုပါပဲ။ ဘယ္သူမွကိုယ့္ကို သူမ်ားနဲ႔လိုက္ႏိႈင္းယွဥ္ျပီးေျပာတာကို မၾကိဳက္ၾကပါဘူး။ သူမ ေကာင္းသည္ ျဖစ္ေစ၊ဆိုးသည္ျဖစ္ေစ အားလံုးကို သင္လက္ခံ အသိမွတ္ျပဳတယ္ဆုိတာ သိေအာင္ျပမွ သူမလည္း စိတ္ထဲ ေနသာမွာပါ။

ကိုယ္ပုိင္အခ်ိန္ မေပးျခင္း
တစ္ခ်ိန္လံုး ဖုန္းေျပာ၊ စာပုိ႔ လုပ္စရာ႐ွိတာလည္း မလုပ္ရ၊ ဒီအခ်စ္ေရးကိစၥနဲ႔ပဲ အခ်ိန္ကုန္ေနရင္ အလုပ္ဘယ္လိုလုပ္ေတာ့မလဲ ? တစ္ခုခုဆို သင့္ကိုပဲ သူမရဲ႕အခ်ိန္ေတြေပးရမယ္ဆိုတဲ့ အတၱထားေနလုိ႔မျဖစ္ပါဘူး။ သူမမွာလည္း အသိုင္းဝုိင္း ၊ သူငယ္ခ်င္း ၊ အလုပ္ကိစၥေတြ၊ ေလ့လာစရာေတြ၊ ဝါႆနာပါရာအလုပ္ေတြလုပ္စရာ႐ွိပါတယ္။ ဒါေတြကို သင္နားမလည္ေပးႏုိင္ရင္ သူမမခံႏုိင္ေတာ့တဲ့အဆံုး သင့္ကိုစြန္႔ခြာသြားပါလိမ့္မယ္။

လိမ္ညာျခင္း
႐ိုးသားမႈက အေကာင္းဆံုးမူ​့ဝါဒတစ္ခုပါပဲေနာ္။ ဘာပဲျဖစ္ျဖစ္ အမွန္တိုင္းေျပာျပပါ။ လိမ္လိုက္ျပီဆိုတာနဲ႔ သူမရဲ႕ယံုၾကည္မႈေတြကို ႐ိုက္ခ်ဳိးလိုက္တာနဲ႔ အတူတူပါပဲ။ ကိုယ္ခ်င္းစာၾကည့္ေပါ့ ။ မင္းလည္း လိမ္တာမၾကိဳက္သလုိ သူမလည္း ဘယ္ၾကိဳက္မလဲ !

ယံုၾကည္မႈမျပျခင္း
ယံုၾကည္မႈက Rs မွာ အေရးၾကီးဆံုးပါပဲ။ ယံုၾကည္မႈမ႐ွိရင္ တစ္ခ်ိန္လံုး သံသယေတြနဲ႔ သင္ပူေလာင္ရပါတယ္။ စဥ္းစားၾကည့္ပါ… ကိုယ္မ႐ွိတဲ့အခ်ိန္၊ ကိုယ့္မ်က္ကြယ္ရာမွာေတာင္ စိတ္မခ်ရတဲ့လူမ်ဳိးဆို ဘာလုပ္ေတာ့မွာလဲ ? တစ္သက္လံုး စိတ္ဆင္းရဲခံျပီးပဲ ေနသြားေတာ့မွာလား ?

(Unicode)

ချစ်ကြတယ်.. အချိန်ကြာမြင့်စွာနဲ့ နားလည်မှုတွေ၊ ယုံကြည်မှုတွေ ရင်းနှီးပြီး နာကျင်နေလည်း ချစ်ဖူးတဲ့လူတွေချည်းပါပဲ။ ဒီလိုမျိုးစိတ်ရှည်သည်းခံစွာနေရင်း နှစ်ရှည်လများစွာခိုင်မြဲနေတဲ့ အတွဲတွေလည်းရှိသလို တစ်ချို ့ကလည်း စိတ်ချင်းမတူရင် ၊ အတွေးချင်းမတူရင် ၊ အကျင့်စရိုက်တွေမတူရင် လူတစ်ယောက်ကိုစွဲလမ်းမနေပဲ ထားသွားတတ်ကြပါတယ်။ ကိုယ်နဲ့ ဘာမှသွေးမတော် ၊ သားမစပ် သူစိမ်းတစ်ယောက်ကိုချစ်ရတာ ၊ အချိန်တွေပေးရတာ လွယ်တော့မလွယ်ဘူး။ ချစ်တယ်ဆိုတာလည်း ပါးစပ်ကနေလေနဲ့ပဲပြောလိုက်ရတယ်ဆိုပေမယ့် စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ၊ နာကျင်မှုတွေ အများကြီး
ပါနေပြန်တယ်။ ဟုတ်ပါပြီ… တကယ်တော့ အားလုံးက ရှင်းရှင်းလေးပါ။ အရမ်းနောက်ကျမသေးခင် နောက်ပြန်လှည့်ချင်တယ်ဆို ၊ မှီနိုင်သေးတယ်ဆို တကယ်လည်းချစ်သေးတယ်ဆို၊ သူကလည်း သင့်အပေါ် ချစ်နေသေးတယ်ဆို ချစ်ရက်နဲ့ ကျောခိုင်းနေတာမျိုးတွေ၊ တလွဲမာနထားတာတွေ ခေါက်ထားလိုက်ပါ။ လူ့သက်တမ်းက တိုတိုလေးရယ်။ ချစ်တဲ့သူနဲ့ ပျော်ရွှင်စွာနေထိုင်လိုက်ပါ။ ဒါပေမယ့် တစ်ချို ့ မိန်းကလေးတွေ ချစ်ရက်နဲ့ယောကျ်ားတစ်ယောက်ကို သူတို့ထားသွားကြတာ ဘာကြောင့်လဲ ?

သူမနဲ့ပတ်သတ်ပြီး စိတ်ဝင်စားမှုမရှိခြင်း
သူမသင့်ကို လိုအပ်နေချိန် သင့်မှာသူမအပေါ် နွေးထွေးမှုမရှိခြင်း ၊ စိတ်သက်သာရာရအောင် မလုပ်ပေးတာမျိုးတွေက သူမကိုတန်ဖိုးမထားသလို ၊ နွေးထွေးလုံခြုံမှုမပေးသလိုဖြစ်စေပြီး သူမဘဝမှာ စိုးရိမ်စရာတွေ၊ ဝမ်းနည်းစရာတွေကိုပိုဖြစ်စေပါတယ်။

သူမကိုအချိန်မပေးခြင်း
အရမ်းအလုပ်ရှုပ်ပါတယ်ဆိုရင်တောင် သမ္မတလောက်တော့ သင်အလုပ်မရှုပ်နိုင်ပါဘူး။ အမေရိကန် သမ္မတ အိုဘားမားတောင် သူ့မိန်းမကိုချစ်ပြဖို့ ၊ ဂရုစိုက်ဖို့ အချိန်တစ်ခုဖဲ့ပေးနိုင်လေရဲ့။ တကယ်တော့ ချစ်တယ်ဆိုရင် သူ့ကိုဖုန်းတစ်ချက်မဆက်နိုင်ရင်တောင် ချစ်ကြောင်း ၊ သတိရကြောင်း စာတိုလေးပို့လိုက်တာဟာ စက္ကန့်ပိုင်းတောင်မကြာပါဘူး။ တစ်ဖက်သားလည်း စိတ်ကျေနပ်သွားသလို နှစ်ယောက်ကြား ဆက်ဆံရေးကို ချောဆီလောင်းလိုက်သလိုပါပဲ။ ဘာမှမဟုတ်တဲ့ကိစ္စလေးတွေနဲ့ ချစ်ရက်နဲ့ဝေးကွာသွားအောင် တွန်းထုတ်သလိုတွေ ဖြစ်သွားကြတာပါ။

တစ်ချိန်လုံး သူမကိုလိုက်နှိုင်းယှဉ်ခြင်း
ကိုယ်ချစ်လို့ ရွေးချယ်ထားတဲ့ မိန်းမတစ်ယောက်ကို အခြား မိန်းကလေးတွေနဲ့လိုက်မနှိုင်းယှဉ်ပါနဲ့။ ဒါဟာ မိန်းကလေးမှမဟုတ်ပါဘူး။ ယောကျ်ားလေးလည်း ဒီလိုပါပဲ။ ဘယ်သူမှကိုယ့်ကို သူများနဲ့လိုက်နှိုင်းယှဉ်ပြီးပြောတာကို မကြိုက်ကြပါဘူး။ သူမ ကောင်းသည် ဖြစ်စေ၊ဆိုးသည်ဖြစ်စေ အားလုံးကို သင်လက်ခံ အသိမှတ်ပြုတယ်ဆိုတာ သိအောင်ပြမှ သူမလည်း စိတ်ထဲ နေသာမှာပါ။

ကိုယ်ပိုင်အချိန် မပေးခြင်း
တစ်ချိန်လုံး ဖုန်းပြော၊ စာပို့ လုပ်စရာရှိတာလည်း မလုပ်ရ၊ ဒီအချစ်ရေးကိစ္စနဲ့ပဲ အချိန်ကုန်နေရင် အလုပ်ဘယ်လိုလုပ်တော့မလဲ ? တစ်ခုခုဆို သင့်ကိုပဲ သူမရဲ့အချိန်တွေပေးရမယ်ဆိုတဲ့ အတ္တထားနေလို့မဖြစ်ပါဘူး။ သူမမှာလည်း အသိုင်းဝိုင်း ၊ သူငယ်ချင်း ၊ အလုပ်ကိစ္စတွေ၊ လေ့လာစရာတွေ၊ ဝါဿနာပါရာအလုပ်တွေလုပ်စရာရှိပါတယ်။ ဒါတွေကို သင်နားမလည်ပေးနိုင်ရင် သူမမခံနိုင်တော့တဲ့အဆုံး သင့်ကိုစွန့်ခွာသွားပါလိမ့်မယ်။

လိမ်ညာခြင်း
ရိုးသားမှုက အကောင်းဆုံးမူ​့ဝါဒတစ်ခုပါပဲနော်။ ဘာပဲဖြစ်ဖြစ် အမှန်တိုင်းပြောပြပါ။ လိမ်လိုက်ပြီဆိုတာနဲ့ သူမရဲ့ယုံကြည်မှုတွေကို ရိုက်ချိုးလိုက်တာနဲ့ အတူတူပါပဲ။ ကိုယ်ချင်းစာကြည့်ပေါ့ ။ မင်းလည်း လိမ်တာမကြိုက်သလို သူမလည်း ဘယ်ကြိုက်မလဲ !

ယုံကြည်မှုမပြခြင်း
ယုံကြည်မှုက Rs မှာ အရေးကြီးဆုံးပါပဲ။ ယုံကြည်မှုမရှိရင် တစ်ချိန်လုံး သံသယတွေနဲ့ သင်ပူလောင်ရပါတယ်။ စဉ်းစားကြည့်ပါ… ကိုယ်မရှိတဲ့အချိန်၊ ကိုယ့်မျက်ကွယ်ရာမှာတောင် စိတ်မချရတဲ့လူမျိုးဆို ဘာလုပ်တော့မှာလဲ ? တစ်သက်လုံး စိတ်ဆင်းရဲခံပြီးပဲ နေသွားတော့မှာလား ?

7K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.