ညဘက္ေတြ ကေလးအငိုမတိတ္လို႔ မိခင္ေရာ၊ ကေလးေရာ အိပ္ေရးပ်က္ေပါင္းမ်ားေနျပီလား ?

မိခင္သစ္မ်ားအေနနဲ႔ ညဘက္အခ်ိန္ေတြ ကေလးအငိုတိတ္ျပီး အိပ္ေပ်ာ္ေအာင္ မနည္းေခ်ာ့သိပ္ေနရပါသလား ? ေဖေဖေတြလည္း ဒီလိုပါပဲ။ သင္ဟာ ညအခ်ိန္ေတြ ကိုယ့္ရင္ေသြးနဲ႔အတူ ႏွစ္ျခိဳက္စြာအိပ္ေပ်ာ္ေစမယ့္ နည္းလမ္း႐ွာေဖြေနတယ္ဆိုရင္ေတာ့ Three Day Nanny က ေမေမေတြရဲ႕လမ္းညႊန္မႈေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္…

ကေလးက ငိုေနျပီဆိုရင္ ဘာေၾကာင့္ငိုေနလဲဆိုတာကို အေၾကာင္းရင္းသိေအာင္လုပ္ျပီးမွ ေခ်ာ့ျမဴတာက ပိုထိေရာက္ပါတယ္။ ကေလးဘာျဖစ္မွန္းမသိပဲ အငိုတိတ္ေစခ်င္တာတစ္ခုတည္းနဲ႔ အတင္းေပြ႔ခ်ီေနရင္လည္း ကေလးက အငိုရပ္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ ကေလးငုိရတဲ့အေၾကာင္းရင္းကိုလည္း သိေအာင္လုပ္ဖို႔အေရးၾကီးပါတယ္။

ကေလးကို ညဘက္ေတြ လန္႔မႏိုးေစဘဲ ႏွစ္ျခိဳက္စြာအိပ္ေပ်ာ္ေစခ်င္တယ္ဆုိရင္

အိပ္ရာမဝင္ခင္ သက္ေတာင့္သက္သာျဖစ္ေစမယ့္ အဝတ္စားမ်ဳိး ျပင္ဆင္ေပး ကေလး ႏွစ္ျခိဳက္စြာအိပ္ေပ်ာ္ေနရင္ လူၾကီးလည္း အနည္းဆံုးေတာ့ အိပ္ေရးဝပါတယ္။ ႏွစ္ေယာက္လံုး ေကာင္းေကာင္းအနားယူႏုိင္ဖုိ႔အတြက္ အိပ္ယာကိုေရာ ၊ ညအိပ္ဝတ္တဲ့ အဝတ္စားေတြပါ သက္ေတာင့္သက္သာျဖစ္ေအာင္ ကေလးေတြအားဝတ္ဆင္ေပးသင့္ပါတယ္။

ညအခ်ိန္ေတြကို အစီစဥ္ခ်ပါ
အေမေတြလည္း အခ်ိန္ျပည့္ မနားတမ္းအလုပ္လုပ္ဖို႔ဆိုတာ မျဖစ္ႏုိင္ပါဘူး။ ကေလးႏွစ္ျခိဳက္စြာအိပ္ေပ်ာ္ႏုိင္ဖို႔အတြက္ ပိုမိုအဆင္ေျပေခ်ာေမြ႔ေစေအာင္ ကိုယ္ပုိင္ အခ်ိန္ဇယားေလးလုပ္ထားျပီး စီမံခန္႔ခဲြတာကလည္း အေထာက္ကူျဖစ္ေစပါတယ္။

ႏွစ္ျခိဳက္စြာ အိပ္ေပ်ာ္ေအာင္
ကေလးကို ေပြ႔ခ်ီရင္း အိပ္ေပ်ာ္ေအာင္ ေခ်ာ့သိပ္ေနစဥ္ ကေလးတကယ္အိပ္ေပ်ာ္ေနျပီလား၊ ႏိုးတစ္ဝက္ အိပ္တစ္ဝက္ျဖစ္ေနလားဆိုတာ ေသခ်ာသိေအာင္လုပ္ဖို႔လုိပါတယ္။ တကယ္ဘာမွမသိေတာ့ေလာက္ေအာင္ အိပ္ေပ်ာ္ေနျပီဆိုရင္ေတာ့ ကေလးကိုတစ္ေနရာမွ တစ္ေနရာသို႔ေျပာင္းေပးလည္း သူႏုိးလာေတာ့မွာမဟုတ္ပါဘူး။

ေကာ္ဖီေသာက္ထားရင္
ကေလးက သင္နဲ႔မွ အိပ္တတ္တယ္၊ သင့္အေပၚမွာပဲ အိပ္ေပ်ာ္ေအာင္အိပ္တတ္တယ္ဆိုရင္
ေကာ္ဖီေလးတစ္ခြက္ေဖ်ာ္ေသာက္ထားပါ။ ေမြးခါစ ကေလးဆိုရင္ သင့္အေနနဲ႔ ႏိုးၾကားၾကား႐ွိေနဖို႔လိုပါတယ္။ ဘာလို႔ဆို သင္ကအိပ္ေပ်ာ္ေနရင္ ကေလးက ၾကမ္းေပၚလည္းေရာက္ခ်င္ေရာက္ေနတတ္ပါတယ္။ ကေလးကိုမ်က္စိေဒါက္ေထာက္ၾကည့္ႏိုင္မွျဖစ္ပါမယ္။

မ်က္လံုးခ်င္း ဆံု
ကေလးကို အိပ္ေပ်ာ္ေအာင္ ေခ်ာ့သိပ္ေနစဥ္ ကေလးမ်က္လံုးေလးနဲ႔ ဆံုေအာင္ ေသခ်ာစိုက္ၾကည့္ေပးပါ။ တစ္ခုခုကိုစိုက္ၾကည့္ရင္း မ်က္လံုးေညာင္းျပီး အိပ္ခ်င္သလိုလည္း ျဖစ္ေစသလို၊ သူတို႔အၾကည့္ေလးေတြက သင္တို႔ကို ေနာက္တစ္ေန႔မွ လန္းဆန္းစြာႏိုးထႏုိင္ဖို႔အတြက္ အားအင္ေလးေတြပါပဲ။ ကဲ ဒီအခ်က္ေလးေတြကိုသာ သတိထားျပီး ဆင္ျခင္အိပ္မယ္ဆို သင့္ကေလးလည္း အငိုနည္း ၊ သင္လည္း အိပ္ေရးဝေတာ့ အလုပ္လုပ္ရတာလည္း စိတ္ၾကည့္တာေပါ့။

(Unicode)

မိခင်သစ်များအနေနဲ့ ညဘက်အချိန်တွေ ကလေးအငိုတိတ်ပြီး အိပ်ပျော်အောင် မနည်းချော့သိပ်နေရပါသလား ? ဖေဖေတွေလည်း ဒီလိုပါပဲ။ သင်ဟာ ညအချိန်တွေ ကိုယ့်ရင်သွေးနဲ့အတူ နှစ်ခြိုက်စွာအိပ်ပျော်စေမယ့် နည်းလမ်းရှာဖွေနေတယ်ဆိုရင်တော့ Three Day Nanny က မေမေတွေရဲ့လမ်းညွှန်မှုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…

ကလေးက ငိုနေပြီဆိုရင် ဘာကြောင့်ငိုနေလဲဆိုတာကို အကြောင်းရင်းသိအောင်လုပ်ပြီးမှ ချော့မြူတာက ပိုထိရောက်ပါတယ်။ ကလေးဘာဖြစ်မှန်းမသိပဲ အငိုတိတ်စေချင်တာတစ်ခုတည်းနဲ့ အတင်းပွေ့ချီနေရင်လည်း ကလေးက အငိုရပ်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကလေးငိုရတဲ့အကြောင်းရင်းကိုလည်း သိအောင်လုပ်ဖို့အရေးကြီးပါတယ်။

ကလေးကို ညဘက်တွေ လန့်မနိုးစေဘဲ နှစ်ခြိုက်စွာအိပ်ပျော်စေချင်တယ်ဆိုရင်

အိပ်ရာမဝင်ခင် သက်တောင့်သက်သာဖြစ်စေမယ့် အဝတ်စားမျိုး ပြင်ဆင်ပေး ကလေး နှစ်ခြိုက်စွာအိပ်ပျော်နေရင် လူကြီးလည်း အနည်းဆုံးတော့ အိပ်ရေးဝပါတယ်။ နှစ်ယောက်လုံး ကောင်းကောင်းအနားယူနိုင်ဖို့အတွက် အိပ်ယာကိုရော ၊ ညအိပ်ဝတ်တဲ့ အဝတ်စားတွေပါ သက်တောင့်သက်သာဖြစ်အောင် ကလေးတွေအားဝတ်ဆင်ပေးသင့်ပါတယ်။

ညအချိန်တွေကို အစီစဉ်ချပါ
အမေတွေလည်း အချိန်ပြည့် မနားတမ်းအလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကလေးနှစ်ခြိုက်စွာအိပ်ပျော်နိုင်ဖို့အတွက် ပိုမိုအဆင်ပြေချောမွေ့စေအောင် ကိုယ်ပိုင် အချိန်ဇယားလေးလုပ်ထားပြီး စီမံခန့်ခွဲတာကလည်း အထောက်ကူဖြစ်စေပါတယ်။

နှစ်ခြိုက်စွာ အိပ်ပျော်အောင်
ကလေးကို ပွေ့ချီရင်း အိပ်ပျော်အောင် ချော့သိပ်နေစဉ် ကလေးတကယ်အိပ်ပျော်နေပြီလား၊ နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေလားဆိုတာ သေချာသိအောင်လုပ်ဖို့လိုပါတယ်။ တကယ်ဘာမှမသိတော့လောက်အောင် အိပ်ပျော်နေပြီဆိုရင်တော့ ကလေးကိုတစ်နေရာမှ တစ်နေရာသို့ပြောင်းပေးလည်း သူနိုးလာတော့မှာမဟုတ်ပါဘူး။

ကော်ဖီသောက်ထားရင်
ကလေးက သင်နဲ့မှ အိပ်တတ်တယ်၊ သင့်အပေါ်မှာပဲ အိပ်ပျော်အောင်အိပ်တတ်တယ်ဆိုရင်
ကော်ဖီလေးတစ်ခွက်ဖျော်သောက်ထားပါ။ မွေးခါစ ကလေးဆိုရင် သင့်အနေနဲ့ နိုးကြားကြားရှိနေဖို့လိုပါတယ်။ ဘာလို့ဆို သင်ကအိပ်ပျော်နေရင် ကလေးက ကြမ်းပေါ်လည်းရောက်ချင်ရောက်နေတတ်ပါတယ်။ ကလေးကိုမျက်စိဒေါက်ထောက်ကြည့်နိုင်မှဖြစ်ပါမယ်။

မျက်လုံးချင်း ဆုံ
ကလေးကို အိပ်ပျော်အောင် ချော့သိပ်နေစဉ် ကလေးမျက်လုံးလေးနဲ့ ဆုံအောင် သေချာစိုက်ကြည့်ပေးပါ။ တစ်ခုခုကိုစိုက်ကြည့်ရင်း မျက်လုံးညောင်းပြီး အိပ်ချင်သလိုလည်း ဖြစ်စေသလို၊ သူတို့အကြည့်လေးတွေက သင်တို့ကို နောက်တစ်နေ့မှ လန်းဆန်းစွာနိုးထနိုင်ဖို့အတွက် အားအင်လေးတွေပါပဲ။ ကဲ ဒီအချက်လေးတွေကိုသာ သတိထားပြီး ဆင်ခြင်အိပ်မယ်ဆို သင့်ကလေးလည်း အငိုနည်း ၊ သင်လည်း အိပ်ရေးဝတော့ အလုပ်လုပ်ရတာလည်း စိတ်ကြည့်တာပေါ့။

646 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.