ဘယ်ခြေခုံဒဏ်ရာပြန်ရသွားလို့ ၂၀၁၃ အတွင်း ပြန်မကစားနိုင်တော့တဲ့ စတက်ဖန်အဲလ်ရှာရေး

c.jpg

မကြာခဏဆိုသလို ဒဏ်ရာပြသနာများရှိနေခဲ့ပြီး ဒီနှစ်စီးရီးအေဘောလုံးရာသီမှာဆိုရင်လည်း အေစီမီလန် အသင်းအတွက် (၄)ပွဲသာကစားထားနိုင်တဲ့ (၂၁)နှစ်အရွယ်တိုက်စစ်မှူးလေး စတက်ဖန်အဲလ်ရှာရေးဟာ အ ခုဆိုရင် အရင်တစ်ခါဖြစ်ထားတဲ့ ဘယ်ဘက်ခြေခုံအရိုးဒဏ်ရာထပ်ရသွားခဲ့တာကြောင့် (၃)ပတ်လောက်အ ထိ အနားယူရတော့မှာဖြစ်ပါတယ်။ အဲလ်ရှာရေးအနေနဲ့ပြီးခဲ့တဲ့ ကြာသပတေးနေ့က အေဂျက်စ်အသင်းနဲ့ ကစားခဲ့ တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ (၂၂)မိနစ်မှာ လူစားလဲခံရပြီးတဲ့နောက် ယခင်ရခဲ့ဖူးတဲ့ ဒဏ်ရာကနေ နာကျင်လာခဲ့ တာကြောင့် စစ်ဆေးကြည့်ခဲ့ကြရာမှာ အနာဟောင်းပြန်ပေါ်နေတာကို သိရှိခဲ့ကြရပါတယ်။ ဒါကြောင့် မာတင် အဲလ်ရှာရေးအနေနဲ့  (၃)ပတ်အထိ အနားယူရတော့မှာဖြစ်လို့ ရိုးမား(အိမ်)၊ အင်တာမီလန်(အဝေး)ပွဲစဉ်တို့လို အရေးကြီးပွဲစဉ်တွေမှာ မပါဝင်နိုင်တော့ပါဘူး။

၂၀၁၁ခုနှစ်မှာ ဂျီနိုအာအသင်းကနေ အေစီမီလန်အသင်းဆီကို ပြောင်းရွေ့လာခဲ့တဲ့ အဲလ်ရှာရေးဟာ အသင်းအ တွက် (၆၁)ပွဲကစားပေးထားပြီး (၁၈)ဂိုးသွင်းထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ခြေစွမ်းထက်မြက်လာနေခဲ့ တဲ့သူ့ကို ၂၀၁၂ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့မှာ အေစီမီလန်အသင်းဘက်ကနေ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်း လာခဲ့ပြီး ၂၀၁၇ခုနှစ်၊ ဇွန်လအထိ အသင်းမှာ ဆက်ရှိနေစေမယ့် (၅)နှစ်စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြပါ တယ်။ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီ လထဲမှာ နောက်ထပ်တစ်နှစ်စာချုပ်ထပ်တိုးခဲ့ပြီး ၂၀၁၈အထိ အသင်းမှာဆက် ရှိနေစေဖို့ စီစဉ်ခဲ့ကြပါသေးတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.