“မမနဲ့မောင်” နောက်တစ်တွဲထွက်ပေါ်လာတော့မှာလား?








Unicode

ဧပြီ ၃ဝရက်နေ့က Channel A ရဲ ့အစီအစဉ်တစ်ခုဖြစ်တဲ့ “Poongmoon Show”ကနေ တောင်ကိုရီးယားအနုပညာရှင်တွေဖြစ်ကြတဲ့Son Ye Jin နဲ့ Jung Hae In တို့နှစ်ယောက် ကြားက ဆက်ဆံရေးနဲ့ပတ်သက်ပြီး သူတို့ရဲ ့ဆန်းစစ်လေ့လာမှုတွေ ကိုပြောပြခဲ့တယ် လို့သိရပါတယ်။သူတို့နှစ်ယောက်ဟာ အခုလတ်တလော ရေပန်းစားနေတဲ့ ‘The Pretty Noona Who Buys Me Food’ ဆိုတဲ့ရိုမန်တစ်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေသူတွေဖြစ်ပြီး အပြင်လက်တွေ့မှာလည်း တကယ့်ချစ်သူတွေဖြစ်သွားနိုင်တယ်လို့ လေ့လာတွေ့ရှိရတဲ့အကြောင်း ပြောပြသွားခဲ့တာဖြစ်ပါတယ်။

ဝေဖန်ဆန်းစစ်သူတစ်ယောက်ရဲ ့အဆိုအရ သူတို့နှစ်ယောက်ရဲ ့သရုပ်ဆောင်ပုံတွေ၊ ရင်းနှီးမှုတွေကိုကြည့်ရင် ပရိသတ်တွေအားလုံးလည်းဒီလိုပဲခံစားရမှာဖြစ်တယ် လို့ပြောခဲ့ပါတယ်။အဲ့ဒီရှိုးပွဲကိုတက်ရောက်ခဲ့တဲ့ သတင်းထောက်တစ်ယောက်ကလည်း “Son Ye Jin နဲ့ Jung Hae In တို့ရဲ ့SNS အကောင့်တွေမှာတင်ထားကြတဲ့ဓာတ်ပုံတွေကိုကြည့်ရင် သူတို့နှစ်ယောက်ဟာ အပြင်မှာလည်းတကယ်ချစ်သူတွေဖြစ်သွားနိုင်တဲ့
အလားအလာ ၅၀/၅၀ ရှိတယ်”လို့ပြောခဲ့ပါတယ်။

ဓာတ်ပုံတွေတင်မက ဧပြီ ၂၆ရက်နေ့ကကျင်းပခဲ့တဲ့ Press Conference က ဗီဒီယိုကိုလည်း ပြန်ပြီးပြသကာ ဆန်းစစ်မှုတွေလုပ်ခဲ့ကြပါတယ်။ဗီဒီယိုထဲမှာတော့သူတို့နှစ်ယောက်ရဲ ့ပထမဆုံးတွေ့တွေ့ချင်းခံစားချက်တွေကိုမေးမြန်းထားတာတွေ့ရပါတယ်။မင်းသမီး Son Ye Jin ဟာ “ဒီဒရာမာဇာတ်ကားပြီးဆုံးသွားမှာကိုတောင်စိတ်ပျက်သလိုခံစားနေမိတာ ဒါပထမဆုံးအကြိမ်ပါပဲ။နေ့တိုင်းရိုက်ကူးနေရတဲ့ဇာတ်ဝင်ခန်းတစ်ခုချင်းစီကပျော်ရွှင်ကြည်နူးစရာကောင်းပါတယ်”လို့ပြောခဲ့ပါတယ်။

မင်းသား Jung Hae In ကလည်း “ရုပ်ရှင်ရိုက်ကူးနေတုန်းမှာ ပျော်ရွှင်ကြည်နူးမှုတွေခံစားခဲ့ရပြီး နေ့ရက်တိုင်းအတွက် အရမ်းကျေနပ်မိပါတယ်။ပြီးတော့ ရုပ်ရှင်ရိုက်ကူးနေတုန်း ပျော်ရွှင်ရပါလားဆိုတာ နားလည်သွားစေခဲ့တဲ့ ပထမဆုံးရုပ်ရှင်ကားလည်းဖြစ်သလို ပရိသတ်တစ်ယောက်အနေနဲ့ပထမဆုံးပြန်ကြည့်မိတဲ့ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ပထမတော့ နှစ်ယောက်သားရှိန်နေကြပေမဲ့ နောက်ပိုင်းမှာရင်းနှီးလာခဲ့ပြီးတစ်ယောက်နဲ့တစ်ယောက် သက်တော့င်သက်သာဖြစ်သလိုခံစားရတဲ့အကြောင်း၊Seo Ye Jin ကလည်း သူ့အပေါ်ဂရုစိုက်ပြီး သက်တောင့်သက်သာခံစားရအောင်ကူညီပေးခဲ့ပါတယ်။ရုပ်ရှင်ရိုက်ကူးတဲ့တစ်ဖွဲ့သားလုံး
စိတ်ချမ်းချမ်းသာသာနဲ့ရိုက်ကူးခဲ့ရတဲ့ကားလည်းဖြစ်ပါတယ်”လို့ မင်းသားကပြောခဲ့ပါတယ်။

မင်းသမီးချော Seo Ye Jin ကတော့ “အခုဆိုရင် သူမဟာ အမျိုးသမီးတော်တော်များများရဲ ့ရန်သူဖြစ်နေပါတယ်၊ပြီးတော့ဒီလိုမျိုးတွဲဖက်သရုပ်ဆောင်နဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ ့အမျက်ဒေါသကို ရရှိခဲ့တဲ့ပထမဆုံးအကြိမ်ပါပဲ။အခုလို တုံ့ပြန်မှုတွေရရှိခဲ့တဲ့အတွက်လည်း ပျော်ရွှင်ရသလို Jung Hae In ကိုလည်းကျေးဇူးတင်ပါတယ်”လို့ ရယ်မောစွာပြောပြခဲ့ပါသေးတယ်။ရုပ်ရှင်ဇာတ်ကားအတွက်ဓာတ်ပုံတွေရိုက်ကူးတိုင်း စိတ်လှုပ်ရှားမှုရရှိခဲ့ပြီးဘယ်အချိန်ပဲပြန်ကြည့်ပြန်ကြည့် စိတ်ချမ်းသာရပါတယ်တဲ့။

ရှိုးပွဲကိုလာခဲ့တဲ့ နောက်ထပ်သတင်းထောက်တစ်ယောက်ကတော့ ထူးခြားစွာနဲ့ပဲ သူ့ရဲ့ခံစားချက်ကိုပြောပြခဲ့ပါတယ်။”အဲ့ဒီနေ့က press conference ပွဲကို သူလည်း တက်ရောက်ခဲ့တာဖြစ်ပြီး Song Hye Kyo နဲ့ Song Joong Ki တို့ရဲ ့‘Descendants of the Sun’ press conference ပွဲတုန်းကလိုတူညီတဲ့ခံစားချက်မျိုးရရှိခဲ့တယ်” လို့ပြောပြခဲ့တာ ပဲဖြစ်ပါတယ်။ဒီ ‘The Pretty Noona Who Buys Me Food’ ဇာတ်ကားမှာလည်းSong Hye Kyo နဲ့ Song Joong Ki တို့ရဲ့ဇာတ်ဝင်ခန်းတစ်ခုနဲ့ခပ်ဆင်ဆင်တူတာမျိုးလည်းပါဝင်ထားတယ်လို့ သိရပါတယ်။

ကဲ သင့်ရဲ့ထင်မြင်ချက်ကရော ဘယ်လိုများလဲ?

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.