ကိုယ္႔အတြက္ေလ႔လာရ၊ နားလည္ရခက္ခဲတဲ႔ပညာရပ္ေတြကိုနားလည္လြယ္ကူလာေစဖို႕

တစ္ခါတစ္ရံမွာတစ္ခ်ိဳ႕ေသာအရာေတြက သူမ်ားေတြအတြက္လြယ္ကူေနေပမဲ႔ ကိုယ္႔အတြက္ေတာ႔ခက္ခဲေနတတ္ပါတယ္။ ဒီလုိအေျခေနမွာ သူမ်ားေတြေတာင္ရျပီး ငါမရပါလားစသည္ျဖင္႔ ကိုယ္႔ကိုယ္ကိုယ္ အားမလိုအားမရစိတ္ေတြသိမ္ငယ္စိတ္ေတြျဖစ္လာတတ္ျကပါတယ္။ ဒီလိုအေျခေနေတြကို အေကာင္းဆံုးေက်ာ္လႊားနိုင္ဖို႕ ကိုယ္႔အတြက္ေလ႔လာနားလည္ရခက္တဲ႔ ပညာရပ္ေတြကို နားလည္လာေအာင္ဘယ္လိုျကိုးစားသင္႔သလဲ။
(၁) ကိုယ္တိုင္စိတ္၀င္စားလားဆိုတာရွာေဖြပါ။
ကိုယ္တုိင္စိတ္၀င္စားမွ ပညာတစ္ခုကအတတ္ျမန္တာပါ။ ဒါေျကာင္႔အရင္ဆံုး ကိုယ္ေရာတကယ္စိတ္၀င္စားရဲ႕လား၊ ကိုယ္တစ္ကယ္စိတ္၀င္စားတဲ႔အပိုင္းေလးေရာပါရဲ႕လားဆိုတာ ေသခ်ာဆန္းစစ္ဖုိ႕လုိပါတယ္။ ဒါမွလည္းဆက္ျပီးေလ႔လာတဲ႔ေနရာမွာ ျမန္ျမန္ဆန္ဆန္နဲ႕အတတ္ျမန္ေစမွာပါ။ ဒီလိုမွမဟုတ္ရင္ေတာ႔သိပ္ျပီးတုိးတတ္ဖို႕ကအလားလာမရွိနိုင္ပါဘူး။
(၂) ေသခ်ာစြာသင္ယူမႈကိုခံယူပါ
တကယ္အစိမ္းသက္သက္ျကီးကို ေလ႔လာရေတာ႔မယ္ဆိုရင္ေတာ႔ ပထမအဆင္႔အေနနဲ႕ ေသေသခ်ာခ်ာသင္ျကားေပးနိုင္တဲ႔ေအာက္သက္ေျကတဲ႔သူဆီမွာဆည္းပူပါ။ အစေကာင္းမွာ အေနွာင္းေသခ်ာဆုိသလို အစတည္းကသင္ျကားမႈအလဲြေတြ နဲ႕ေတြ႕ရင္ အဆင္မေျပနိုင္တာမလို႕ ေသခ်ာစြာသင္ျကားျပသေပးနုိင္တဲ႔သူဆီမွာဦးစြာဆည္းပူးပါ။
(၃) ကၽြမ္းက်င္တဲ႔သူေတြေျပာတဲ႔ အေျပာေတြးတဲ႔အေတြးေတြကိုလိုက္မွတ္ပါ
ဒီအပိုင္းမွာကိုယ္႔ထက္ကၽြမ္းက်င္တဲ႔သူေတြ ကိုယ္႔ထက္ ပိုျပီးနားလည္တဲ႔သူေတြ အေတြ႕ျကံုမ်ားတဲ႔သူေတြနဲ႕ ရင္းနွီးစြာေနထုိင္ျပီးသူတုိ႕ဆီက ပညာေတြကိုသင္ျကားမွတ္သားပါ။ လူ႕ေအာက္ေရာက္လုိ႕ မေသသြားနိင္ပါဘူး။ ဒါေျကာင္႔ တစ္ခုခုကိုေလ႔လာလုိစိတ္တကယ္ရွိတဲ႔အခါသူမ်ားဆီမွာေအာက္က်ခံသင္ယူဖို႕လည္း ၀န္မေလးပါနဲ႕။
(၄) Self Study နဲ႕Testing ေလးေတြဖန္တီးျကည္႔ပါ
တစ္ခုခုကိုတတ္ေျမာက္နုိင္ဖို႕ဆိုတာ သင္ယူတာနဲ႕ပဲျပီးေသးတာမဟုတ္ပါဘူး။ ကိုယ္တိုင္ေလ႔လာနုိင္ဖို႕ ကိုယ္တိုင္ ဆန္းစစ္ဖန္တီးနုိင္ဖို႕သင္ျကားထားတာေတြနဲ႕ကိုယ္႔အသိပညာေပါင္းစပ္ျပီး ဒီပညာရပ္ကို အသံုးခ်နိုင္ဖို႕ ကိုယ္တိုင္စိတ္၀င္တစားေလ႔လာဖို႕လည္းသိပ္လုိအပ္ပါတယ္။
(၅) ကိုယ္နဲ႕Familiar ျဖစ္သြားေအာင္ Detail ကအစေအာက္သက္ေျကေအာင္ေလ႔လာဖို႕၀န္မေလးပါနဲ႕
ဒါကေတာ႔သိပ္ကိုအေရးပါတဲ႔အခ်က္ပါပဲ။ ပညာရပ္တစ္ခုကိုေလ႔လာတဲအခါတစ္ခ်ိဳ႕ေတြက ျမန္ျမန္ျပီးေျမာက္ခ်င္တာေျကာင္႔ အေပၚယံေျကာေလးသာေလ႔လာတတ္ျကပါတယ္။ ဒါဟာ တစ္ျကိမ္နွစ္ျကိမ္ေတာ႔ အလုပ္ျဖစ္နိုင္ေပမဲ႔ျကာရင္ေတာ႔ ကိုယ္တကယ္မတတ္တာကိုသိသာေစတာမို႕ ဘယ္အရာမဆို တကယ္တတ္ခ်င္ရင္ေအာက္ေျခကေနစျပီးလုိက္ဖုိ႕ အေသးစိတ္ကအစ သိေအာင္ျကိုးစားဖုိ႕၀န္မေလးပါနဲ႕။

Unicode

တစ်ခါတစ်ရံမှာတစ်ချို့သောအရာတွေက သူများတွေအတွက်လွယ်ကူနေပေမဲ့ ကိုယ့်အတွက်တော့ခက်ခဲနေတတ်ပါတယ်။ ဒီလိုအခြေနေမှာ သူများတွေတောင်ရပြီး ငါမရပါလားစသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရစိတ်တွေသိမ်ငယ်စိတ်တွေဖြစ်လာတတ်ကြပါတယ်။ ဒီလိုအခြေနေတွေကို အကောင်းဆုံးကျော်လွှားနိုင်ဖို့ ကိုယ့်အတွက်လေ့လာနားလည်ရခက်တဲ့ ပညာရပ်တွေကို နားလည်လာအောင်ဘယ်လိုကြိုးစားသင့်သလဲ။
(၁) ကိုယ်တိုင်စိတ်ဝင်စားလားဆိုတာရှာဖွေပါ။
ကိုယ်တိုင်စိတ်ဝင်စားမှ ပညာတစ်ခုကအတတ်မြန်တာပါ။ ဒါကြောင့်အရင်ဆုံး ကိုယ်ရောတကယ်စိတ်ဝင်စားရဲ့လား၊ ကိုယ်တစ်ကယ်စိတ်ဝင်စားတဲ့အပိုင်းလေးရောပါရဲ့လားဆိုတာ သေချာဆန်းစစ်ဖို့လိုပါတယ်။ ဒါမှလည်းဆက်ပြီးလေ့လာတဲ့နေရာမှာ မြန်မြန်ဆန်ဆန်နဲ့အတတ်မြန်စေမှာပါ။ ဒီလိုမှမဟုတ်ရင်တော့သိပ်ပြီးတိုးတတ်ဖို့ကအလားလာမရှိနိုင်ပါဘူး။
(၂) သေချာစွာသင်ယူမှုကိုခံယူပါ
တကယ်အစိမ်းသက်သက်ကြီးကို လေ့လာရတော့မယ်ဆိုရင်တော့ ပထမအဆင့်အနေနဲ့ သေသေချာချာသင်ကြားပေးနိုင်တဲ့အောက်သက်ကြေတဲ့သူဆီမှာဆည်းပူပါ။ အစကောင်းမှာ အနှောင်းသေချာဆိုသလို အစတည်းကသင်ကြားမှုအလွဲတွေ နဲ့တွေ့ရင် အဆင်မပြေနိုင်တာမလို့ သေချာစွာသင်ကြားပြသပေးနိုင်တဲ့သူဆီမှာဦးစွာဆည်းပူးပါ။
(၃) ကျွမ်းကျင်တဲ့သူတွေပြောတဲ့ အပြောတွေးတဲ့အတွေးတွေကိုလိုက်မှတ်ပါ
ဒီအပိုင်းမှာကိုယ့်ထက်ကျွမ်းကျင်တဲ့သူတွေ ကိုယ့်ထက် ပိုပြီးနားလည်တဲ့သူတွေ အတွေ့ကြုံများတဲ့သူတွေနဲ့ ရင်းနှီးစွာနေထိုင်ပြီးသူတို့ဆီက ပညာတွေကိုသင်ကြားမှတ်သားပါ။ လူ့အောက်ရောက်လို့ မသေသွားနိင်ပါဘူး။ ဒါကြောင့် တစ်ခုခုကိုလေ့လာလိုစိတ်တကယ်ရှိတဲ့အခါသူများဆီမှာအောက်ကျခံသင်ယူဖို့လည်း ဝန်မလေးပါနဲ့။
(၄) Self Study နဲ့Testing လေးတွေဖန်တီးကြည့်ပါ
တစ်ခုခုကိုတတ်မြောက်နိုင်ဖို့ဆိုတာ သင်ယူတာနဲ့ပဲပြီးသေးတာမဟုတ်ပါဘူး။ ကိုယ်တိုင်လေ့လာနိုင်ဖို့ ကိုယ်တိုင် ဆန်းစစ်ဖန်တီးနိုင်ဖို့သင်ကြားထားတာတွေနဲ့ကိုယ့်အသိပညာပေါင်းစပ်ပြီး ဒီပညာရပ်ကို အသုံးချနိုင်ဖို့ ကိုယ်တိုင်စိတ်ဝင်တစားလေ့လာဖို့လည်းသိပ်လိုအပ်ပါတယ်။
(၅) ကိုယ်နဲ့Familiar ဖြစ်သွားအောင် Detail ကအစအောက်သက်ကြေအောင်လေ့လာဖို့ဝန်မလေးပါနဲ့
ဒါကတော့သိပ်ကိုအရေးပါတဲ့အချက်ပါပဲ။ ပညာရပ်တစ်ခုကိုလေ့လာတဲအခါတစ်ချို့တွေက မြန်မြန်ပြီးမြောက်ချင်တာကြောင့် အပေါ်ယံကြောလေးသာလေ့လာတတ်ကြပါတယ်။ ဒါဟာ တစ်ကြိမ်နှစ်ကြိမ်တော့ အလုပ်ဖြစ်နိုင်ပေမဲ့ကြာရင်တော့ ကိုယ်တကယ်မတတ်တာကိုသိသာစေတာမို့ ဘယ်အရာမဆို တကယ်တတ်ချင်ရင်အောက်ခြေကနေစပြီးလိုက်ဖို့ အသေးစိတ်ကအစ သိအောင်ကြိုးစားဖို့ဝန်မလေးပါနဲ့။

41 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.