သိပ္ခ်စ္ေနရင္ေစာင္႔ဆိုင္းလိုက္ပါ

တစ္ေယာက္ေယာက္ကို တကယ္နွစ္နွစ္ကာကာခ်စ္မိတဲ႔ အခါမ်ိဳးမွာေစာင႔္ဆိုင္းနဲ႕ကၽြမ္း၀င္ေနဖို႕လိုပါျပီ။ တစ္ခုရွိတာက မျဖစ္နိုင္တာျကီးကို ေစာင္႔ဆိုင္းေနတာမ်ိဳးေတာ႔မျဖစ္ေစနဲ႕ေပါ႔။ ဥပမာ ကိုယ္သြားခ်စ္မိတဲ႔သူက တရား၀င္ပိုင္ရွင္ရွိျပီးသားဆိုတာမ်ိဳး ေလာကျကီးမွာ သက္ရွိထင္ရွားမရွိေတာ႔တာမ်ိဳးဒီလို မျဖစ္နုိင္၊ မျဖစ္သင္႔တဲ႔ေျခေနမ်ိဳးျကီးေတြမွာေတာ႔ ေစာင္႔ဆိုင္းဖို႕မလိုဘူးေပါ႔။ ဆုိေတာ႔ သိပ္ခ်စ္မိရင္ဘာေျကာင္႔စိတ္ရွည္ရွည္နဲ႕ေစာင္႔ဆိုင္းသင္႔တာလဲ…
(၁) စိတ္ရွည္သည္းခံျခင္းဟာအမွန္ကိုျမင္ေစပါတယ္
စိတ္ရွည္သည္းျခင္းဆိုတာ သိပ္ေတာ႔လြယ္ကူတဲ႔အရာေတာ႔မဟုတ္ပါဘူး။ လူတစ္ေယာက္ကိုတကယ္ခ်စ္မွသာ ဒီလိုစိတ္ဓာတ္မ်ိဳးကို ထားနုိင္မွာပါ။ ဒါမဲ႔ကိုယ္တကယ္ခ်စ္တဲ႔သူအတြက္ဒီလိုစိတ္ဓာတ္မ်ိဳးကို ထားေပးျခင္းဟာ သူနဲ႕ကိုယ္နဲ႕ျကားက ေမတၱာ အမွန္ကိုပိုျပီးေပၚလြင္လာေစပါတယ္။
ဒါေျကာင္႔ ကိုယ္တကယ္ခ်စ္တဲ႔သူအတြက္စိတ္ရွည္သည္းခံဖို႕မေမ႔ပါနဲ႕။
(၂) ဒီေန႕အတြက္မျဖစ္နိုင္ေပမဲ႔ေနာင္ဆိုတာျဖစ္နုိင္ပါေသးတယ္
အခုလက္တေလာမွာေတာ႔သူဟာ ကုိယ္႔ကို ေမတၱာ ေပးနိုင္ခ်င္မွေပးနိုင္မယ္။ ဒါေပမဲ႔ ကိုယ္႔ေမတၱာစစ္မွန္ရင္ တစ္ေန႕သူနားလည္နိုင္ပါလိမ္႔မယ္။ဒီေန႕ အတြက္မျဖစ္နိုင္ေပမဲ႔ေနာင္ဆိုတာမ်ိဳး ျဖစ္လာနိုင္တာမလို႕ အတင္းျကပ္ျကီးလုပ္ယူတာမိ်ဳး အခ်ိန္အတိုင္းတာ တစ္ခုအထိ သည္းခံျပီး ေစာင္႔
ဆိုင္းေပးဖို႕လိုပါတယ္။
(၃) ကုိယ္႔စိတ္ကိုပိုျမင္လာနိုင္တယ္
အခ်ိန္ျကာျကာေစာင္႔ရတယ္ဆိုတာ တစ္ခါတစ္ေလမွာ ျငီးေငြ႕စိတ္ပ်က္စရာေကာင္းတယ္ ထင္ရေပမဲ႔ေကာင္းတဲ႔ဘက္ကျကည္႔မယ္ဆိုရင္ကုိယ္႔ရဲ႕အနက္ရိႈင္းဆံုးစိတ္ခံစားခ်က္ေတြ ေမတၱာေတြကို သူပိုပိုျမင္လာေစတာပါပဲ။ သူ႕ဆီကေမတၱာကိုအတင္းလုယူတာမိ်ဳး မဟုတ္ပဲ ေစာင္႔ဆိုင္းရင္း
ေပးဆပ္ခ်စ္တာကိုျမင္ရဖန္မ်ားလာေတာ႔ တစ္ျဖည္းျဖည္းကိုယ္႔အေပၚ ေမတၱာထားတတ္လာပါလိမ္႔မယ္။
(၄) နွစ္ေယာက္ဘ၀အတြက္အခ်ိန္ပိုရလာတယ္
ဒီလိုေစာင္႔ဆိုင္းေနရင္းခ်စ္ရျခင္းဟာ တစ္ေယာက္ကိုတစ္ေယာက္ပိုျပီး အကဲခတ္နိုင္ျပီး တစ္ေယာက္အေျကာင္းတစ္ေယာက္ပိုသိလာနိုင္ေစသလိုကိုယ္လုပ္စရာရွိတာကိုလုပ္ရင္းေစာင္႔ဆိုင္းခ်စ္ရတာေျကာင္႔ ကိုယ္႔ဘ၀အတြက္ ေကာင္းမြန္ျပည္႔စံုတဲ႔ အခ်ိန္ေတြကို ပိုဖန္တီးနိုင္ပါတယ္။
(၅) တစ္သတ္လံုးအတြက္ေနာင္တရေနတာမ်ိဳးမျဖစ္ေစပါဘူး
ေစာင္႔ဆိုင္းရျခင္းဟာ နာက်င္စရာေတာ႔ေကာင္းသား…ဒါေပမဲ႔ ကိုယ္႔ရဲ႕စိတ္မရွည္သည္းမခံျခင္းေျကာင္႔ ကိုယ္႔ ခ်စ္သူကိုဆံုးလိုက္ရရင္ တစ္သတ္လံုး ေနာင္တလို႕မဆံုးျဖစ္ေနမွာပါ။ ကိုယ္႔ဘက္ကေစာင္႔ဆိုင္းရဲ႕သားနဲ႕သူ႕ဘက္ကအျပီးအပိုင္တစ္ပါးသူရင္ခြင္ထြက္သြားခဲ႔လည္း ကိုယ္ထားခဲ႔တဲ႔ေမတၱာေတြကို တစ္ခ်ိန္ နားလည္နိုင္တာမို႕အရႈံးမရွိပါဘူး။ ကိုယ္႔ရဲ႕စိတ္မရွည္မႈေတြေျကာင္႔သာ ဆံုးရႈံးသြားခဲ႔ရင္ ရင္နာစရာေကာင္းတာမို႕ တစ္သတ္လံုးအတြက္ေနာင္တမရပါေစနဲ႕။
တကယ္ခ်စ္ရင္ စိတ္ရွည္သည္းခံျခင္းကို သင္ယူျပီး ကိုယ္႔ေမတၱာစစ္ေမတၱာမွန္ေတြကို ခ်ျပနိုင္ျကပါေစလို႕ဆုေတာင္းရင္း…

Unicode

တစ်ယောက်ယောက်ကို တကယ်နှစ်နှစ်ကာကာချစ်မိတဲ့ အခါမျိုးမှာစောင့်ဆိုင်းနဲ့ကျွမ်းဝင်နေဖို့လိုပါပြီ။ တစ်ခုရှိတာက မဖြစ်နိုင်တာကြီးကို စောင့်ဆိုင်းနေတာမျိုးတော့မဖြစ်စေနဲ့ပေါ့။ ဥပမာ ကိုယ်သွားချစ်မိတဲ့သူက တရားဝင်ပိုင်ရှင်ရှိပြီးသားဆိုတာမျိုး လောကကြီးမှာ သက်ရှိထင်ရှားမရှိတော့တာမျိုးဒီလို မဖြစ်နိုင်၊ မဖြစ်သင့်တဲ့ခြေနေမျိုးကြီးတွေမှာတော့ စောင့်ဆိုင်းဖို့မလိုဘူးပေါ့။ ဆိုတော့ သိပ်ချစ်မိရင်ဘာကြောင့်စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းသင့်တာလဲ…
(၁) စိတ်ရှည်သည်းခံခြင်းဟာအမှန်ကိုမြင်စေပါတယ်
စိတ်ရှည်သည်းခြင်းဆိုတာ သိပ်တော့လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ လူတစ်ယောက်ကိုတကယ်ချစ်မှသာ ဒီလိုစိတ်ဓာတ်မျိုးကို ထားနိုင်မှာပါ။ ဒါမဲ့ကိုယ်တကယ်ချစ်တဲ့သူအတွက်ဒီလိုစိတ်ဓာတ်မျိုးကို ထားပေးခြင်းဟာ သူနဲ့ကိုယ်နဲ့ကြားက မေတ္တာ အမှန်ကိုပိုပြီးပေါ်လွင်လာစေပါတယ်။
ဒါကြောင့် ကိုယ်တကယ်ချစ်တဲ့သူအတွက်စိတ်ရှည်သည်းခံဖို့မမေ့ပါနဲ့။
(၂) ဒီနေ့အတွက်မဖြစ်နိုင်ပေမဲ့နောင်ဆိုတာဖြစ်နိုင်ပါသေးတယ်
အခုလက်တလောမှာတော့သူဟာ ကိုယ့်ကို မေတ္တာ ပေးနိုင်ချင်မှပေးနိုင်မယ်။ ဒါပေမဲ့ ကိုယ့်မေတ္တာစစ်မှန်ရင် တစ်နေ့သူနားလည်နိုင်ပါလိမ့်မယ်။ဒီနေ့ အတွက်မဖြစ်နိုင်ပေမဲ့နောင်ဆိုတာမျိုး ဖြစ်လာနိုင်တာမလို့ အတင်းကြပ်ကြီးလုပ်ယူတာမျိုး အချိန်အတိုင်းတာ တစ်ခုအထိ သည်းခံပြီး စောင့်
ဆိုင်းပေးဖို့လိုပါတယ်။
(၃) ကိုယ့်စိတ်ကိုပိုမြင်လာနိုင်တယ်
အချိန်ကြာကြာစောင့်ရတယ်ဆိုတာ တစ်ခါတစ်လေမှာ ငြီးငွေ့စိတ်ပျက်စရာကောင်းတယ် ထင်ရပေမဲ့ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်ကိုယ့်ရဲ့အနက်ရှိုင်းဆုံးစိတ်ခံစားချက်တွေ မေတ္တာတွေကို သူပိုပိုမြင်လာစေတာပါပဲ။ သူ့ဆီကမေတ္တာကိုအတင်းလုယူတာမျိုး မဟုတ်ပဲ စောင့်ဆိုင်းရင်း
ပေးဆပ်ချစ်တာကိုမြင်ရဖန်များလာတော့ တစ်ဖြည်းဖြည်းကိုယ့်အပေါ် မေတ္တာထားတတ်လာပါလိမ့်မယ်။
(၄) နှစ်ယောက်ဘဝအတွက်အချိန်ပိုရလာတယ်
ဒီလိုစောင့်ဆိုင်းနေရင်းချစ်ရခြင်းဟာ တစ်ယောက်ကိုတစ်ယောက်ပိုပြီး အကဲခတ်နိုင်ပြီး တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာနိုင်စေသလိုကိုယ်လုပ်စရာရှိတာကိုလုပ်ရင်းစောင့်ဆိုင်းချစ်ရတာကြောင့် ကိုယ့်ဘဝအတွက် ကောင်းမွန်ပြည့်စုံတဲ့ အချိန်တွေကို ပိုဖန်တီးနိုင်ပါတယ်။
(၅) တစ်သတ်လုံးအတွက်နောင်တရနေတာမျိုးမဖြစ်စေပါဘူး
စောင့်ဆိုင်းရခြင်းဟာ နာကျင်စရာတော့ကောင်းသား…ဒါပေမဲ့ ကိုယ့်ရဲ့စိတ်မရှည်သည်းမခံခြင်းကြောင့် ကိုယ့် ချစ်သူကိုဆုံးလိုက်ရရင် တစ်သတ်လုံး နောင်တလို့မဆုံးဖြစ်နေမှာပါ။ ကိုယ့်ဘက်ကစောင့်ဆိုင်းရဲ့သားနဲ့သူ့ဘက်ကအပြီးအပိုင်တစ်ပါးသူရင်ခွင်ထွက်သွားခဲ့လည်း ကိုယ်ထားခဲ့တဲ့မေတ္တာတွေကို တစ်ချိန် နားလည်နိုင်တာမို့အရှုံးမရှိပါဘူး။ ကိုယ့်ရဲ့စိတ်မရှည်မှုတွေကြောင့်သာ ဆုံးရှုံးသွားခဲ့ရင် ရင်နာစရာကောင်းတာမို့ တစ်သတ်လုံးအတွက်နောင်တမရပါစေနဲ့။
တကယ်ချစ်ရင် စိတ်ရှည်သည်းခံခြင်းကို သင်ယူပြီး ကိုယ့်မေတ္တာစစ်မေတ္တာမှန်တွေကို ချပြနိုင်ကြပါစေလို့ဆုတောင်းရင်း…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.