ကုိယ့္ကုိယ္ကုိယ္ထိခုိက္နာက်င္ေအာင္လုပ္မိေနတာကို ဘယ္လိုရပ္ပစ္ရမလဲ?

ကုိယ့္ကုိယ္ကုိယ္ထိခိုက္နာက်င္ေအာင္လုပ္မိေနတတ္တာက စြဲလမ္းမႈတစ္ခုပဲလား ဒါမွမဟုတ္ အဲ႔ဒီစြဲလမ္းမႈကုိေဖ်ာက္ႏုိင္လား?စဥ္းစားစရာပါပဲ။ေလ့လာခ်က္ေတြအရ အေမရိကန္မွာဆုိရင္ လူဦးေရရဲ ႔ ၄ရာခုိင္ႏႈန္းနီးပါးက ကုိယ့္ကုိယ္ကုိယ္ထိခိုက္နာက်င္ေအာင္လုပ္တယ္လို႔ေတြ႔ရွိခဲ႔ရျပီး
ငယ္ရြယ္တဲ႔ အမ်ိဳးသမီးေတြ၊အမ်ိဳးသားေတြမွာပုိျပီးေတြ႔ရတယ္လုိ႔သိရပါတယ္။ အမ်ားအားျဖင့္ဆယ္ေက်ာ္သက္အရြယ္ေတြမွာေပါ့။Suicide သေဘာမ်ိဳး
မဟုတ္ေပမဲ႔ ကုိယ့္ရဲ ႔ခႏၶာကုိယ္အစိတ္အပုိင္းေတြကုိ နာက်င္ေအာင္လုပ္တာက အဲ႔ဒီလုိသေဘာမ်ိဳးဆက္ႏြယ္ေနပါတယ္။

ကုိယ့္ကိုယ္ကုိယ္ထိခိုက္နာက်င္ေအာင္ဘာလုိ႔လုပ္ရတာလဲဆုိရင္ မ်ားေသာအားျဖင့္ ပတ္၀န္းက်င္ေၾကာင့္လည္းျဖစ္ႏုိင္သလို အဆိုးျမင္အေတြးေတြ ေတြးမိေနတာ
ေၾကာင့္လည္းျဖစ္ႏုိင္ပါတယ္။ တကယ္ေတာ့ စိတ္ရဲ ႔နာက်င္မႈကုိ ခႏၶာကုိယ္နာက်င္မႈအျဖစ္ ေျပာင္းလဲလိုက္တာပါပဲ။ခႏၶာကုိယ္ကုိတစ္ခုခုလုပ္လိုက္ျခင္းအားျဖင့္ စိတ္နာက်င္မႈကုိ သက္သာေစတယ္ဆိုျပီးလုပ္ေလ့ရွိၾကပါတယ္။ ဘယ္လိုမ်ိဳးေတြလုပ္ေလ့ရွိလဲဆုိရင္ လက္ကုိ ဓားနဲ႔လွီးျဖတ္တာမ်ိဳး၊နံရံကုိလက္သီးနဲ႔အဆက္မျပတ္ထုိးတာမ်ိဳးလုပ္ေလ့ရွိတာ ကိုေတြ႔ရပါတယ္။ ဒီလုိ ကုိယ့္ကုိယ္ကုိယ္ထိခိုက္နာက်င္ေစတာဟာငယ္ရြယ္သူေတြ၊ဆယ္ေက်ာ္သက္ အရြယ္ေတြမွာပဲျဖစ္တတ္တာေတာ့မဟုတ္ပါဘူး။အသက္အရြယ္မေရြးျဖစ္ႏုိင္ပါတယ္။ျပီးေတာ့ မၾကာခဏဆုိသလိုစိတ္ဓာတ္က်လြယ္တက္လြယ္တာမ်ိဳး၊စိတ္ကစဥ္႔ကလ်ားျဖစ္တာမ်ိဳးရွိတတ္တဲ႔သူေတြအမ်ားဆံုးလုပ္ေလ့ရွိၾကပါတယ္။

ဘယ္သူမဆိုမွာ ပင္ပန္းခက္ခဲမႈေတြ၊စိတ္ဆင္းရဲစရာေတြအမ်ားၾကီးရွိမွာျဖစ္သလုိ တစ္ခိ်ဳ႔ကလည္းအေကာင္းဆံုးထိန္းႏုိင္ၾကပါတယ္။တစ္ခ်ိဳ႔ကေတာ့မထိန္းခ်ဳပ္ႏုိင္ၾကပါဘူး။ အဲ႔ဒီအခါမွာ သူတုိ႔စိတ္ကုိလႊတ္လိုက္ျပီးကုိယ့္ကုိယ္ကုိယ္ နာက်င္ေအာင္ လုပ္ၾကတာပါပဲ။တစ္ခါတစ္ေလ သူမ်ားကုိလုပ္ခ်င္ေပမဲ႔မလုပ္ရက္တဲ႔အခါ ကုိယ့္ကုိယ္ကုိယ္ပဲျပန္ျပီးဒဏ္ေပးေလ့ရွိၾကပါတယ္။ဒါက ရုပ္ပုိင္းဆုိင္ရာေရာဂါတစ္ခုမဟုတ္ေပမဲ႔ စိတ္ပုိင္းဆုိင္ရာကေန ရုပ္ပုိင္းအထိထိခိုက္လာႏုိင္တဲ႔အတြက္ ေပါ့ေပါ့ဆဆေနလို႔ေတာ့မရပါဘူး။

သင့္ပတ္၀န္းက်င္မွာလည္းအဲ႔ဒီလိုလုပ္တတ္တဲ႔သူေတြရွိပါလိမ့္မယ္။ရည္းစားနဲ႔ျပႆနာတက္လုိ႔ ကိုယ့္လက္ကုိဓားနဲ႔လွီးတာမ်ိဳး၊မိသားစုနဲ႔အဆင္မေျပလုိ႔စိတ္တိုျပီး ကိုယ့္ကိုယ္ကုိယ္ထိခိုက္ေအာင္ လုပ္တာမိ်ဳး၊တစ္ျခားသူစိတ္ပူေစခ်င္ရံုသက္သက္ကုိယ့္ကိုယ္ကုိယ္နာက်င္ေအာင္လုပ္တာမ်ိဳးေပါ့။အဲ႔ဒီထဲကမွတစ္ခ်ိဳ႔က စြဲလမ္းမႈတစ္ခုလိုပဲျဖစ္ေနတတ္ပါတယ္။ျပႆနာျဖစ္ရင္ ဒီလုိလုပ္ရမယ္ဆိုတဲ႔ အစြဲခ်ည္းသက္သက္ျဖစ္ေနျပီး ျပႆနာၾကံဳတိုင္းမွာဒီနည္းနဲ႔ပဲေျဖရွင္းေလ့ရွိၾကပါတယ္။ တစ္ခ်ိဳ႔က်ေတာ့ မေကာင္းမွန္းလည္းသိတယ္။ဒါေပမဲ႔ ေဒါသျဖစ္လာရင္ တစ္ခုခုလုပ္ပစ္ခ်င္တဲ႔ စိတ္ကုိထိန္းလို႔မရလို႔လႊတ္ေပးလိုက္တာေတြရွိတတ္ပါတယ္။ဘယ္လုိပဲျဖစ္ျဖစ္ပါ ကုိယ့္ကုိယ္ကုိယ္ထိခိုက္နာက်င္ေအာင္လုပ္တာက မေကာင္းပါဘူး။အဲ႔ဒါေၾကာင့္ တကယ္လို႔မ်ား
ကိုယ့္ကုိယ္ကုိယ္ထိခိုက္နာက်င္ေအာင္လုပ္ပစ္ခ်င္လာျပီဆုိရင္ ဒီနည္းလမ္းေလးေတြသံုးၾကည့္ဖုိ႔ အၾကံေပးခ်င္ပါတယ္။

၁)လက္ေ၀ွ႔ထုိးပါ
ကုိယ့့္စိတ္ကုိယ္အသိဆံုးျဖစ္မွာပါ။မၾကာခဏဆုိသလို ကိုယ့္ကုိယ္ကိုယ္ထိခိုက္နာက်င္ေအာင္ လုပ္တတ္တယ္ဆိုရင္လက္ေ၀ွ႔ထုိးတဲ႔ဟာ၀ယ္ထားပါ။ေဒါသထြက္လာတိုင္းထုိးပါ။ စိတ္နာက်င္တိုင္းထုိးပါ။လက္ေ၀ွ႔ေတာင္ထိုးတတ္သြားပါလိမ့္မယ္။

၂)ေရခဲေရေအးေအးထဲမ်က္ႏွာႏွွစ္လိုက္ပါ
ေရခဲေရက သင့္စိတ္ကုိခဏေလးထိန္းခ်ဳပ္ႏုိင္ပါလိမ့္မယ္။စိတ္ထိန္းလို႔မရေတာ့ဘူးဆိုရင္ ခ်က္ခ်င္းမ်က္ႏွာကုိေရခဲေရနဲ႔သစ္လိုက္တာျဖစ္ျဖစ္၊ေရခဲေရထဲ မ်က္ႏွာအပ္လိုက္တာ ျဖစ္ျဖစ္လုပ္လုိက္ပါ။သင့္ရဲ ႔အေတြးေတြကုိ ထိန္းခ်ဳပ္ေပးႏုိင္ပါလိမ့္မယ္။

၃)စပ္တဲ႔အစားအစာေတြစားပါ
ေဒါသထြက္ေနတဲ႔အခ်ိန္မွာစပ္တဲ႔အစားအစာေတြစားေပးတာက စိတ္အေျပာင္းအလဲ ျဖစ္ေစပါတယ္။ငရုတ္သီးေတာင့္ျဖစ္ေစ၊တစ္ျခားစပ္တဲ႔အစားအစာျဖစ္ေစ
ခ်က္ခ်င္းစားလိုက္ပါ။ဒါက သင့္ကုိယ္သင္နာက်င္ေအာင္လုပ္ခ်င္တဲ႔စိတ္ကုိ ေျပာင္းလဲေပးပါလိမ့္မယ္။

၄)ေဆးျခယ္ပါ

လက္ကုိတစ္ခုခုလုပ္ခ်င္လာတဲ့အခါ ဓားနဲ႔ျခစ္မယ့္ေနရာေတြအတိုင္းေဆးျခယ္တာ၊ ပံုဆြဲတာလုပ္ပါ။ေဘာပင္န္ယူျပီးလက္မွာေလ်ွာက္ဆြဲေနတာကလည္း အာရံုေျပာင္းလဲေစပါတယ္။

ဒီနည္းလမ္းေတြကသင့္စိတ္ကုိခ်က္ခ်င္းေျပာင္းလဲသြားေစႏုိင္တဲ႔နည္းလမ္းေလးေတြျဖစ္ပါတယ္။အဓိကကေတာ့ ကိုယ့္စိတ္ကုိ ေသခ်ာထိန္းခ်ဳပ္ႏုိင္ေအာင္လုပ္ဖုိ႔ပါပဲ။မၾကာခဏဆိုသလို စိတ္ျငိမ္ေအာင္တရားထုိင္တာမ်ိဳး၊တရားမွတ္တာမ်ိဳးလုပ္ေပးပါ။ကိုယ့္ခႏၶာကုိယ္ကုိေသခ်ာေစာင့္ေရွာက္တာကလည္းမိဘေက်းဇူးဆပ္တာပါပဲ။ကိုယ့္ကိုယ္ကုိယ္ထိခိုက္ေအာင္လုပ္ေတာ့မယ္ဆုိတာနဲ႔ ဒီခႏၶာကိုယ္က သင့္အေမေပးထားတာလို႔သတိရလိုက္ပါ။ဘယ္မိဘကမွ သားသမီးရဲ ႔ခႏၶာကုိယ္မွာ အမာရြတ္ေတြ၊ေသြးထြက္သံယိုေတြျမင္ခ်င္မွာမဟုတ္ပါဘူး။

ကုိယ့္ကိုယ္ကုိယ္ထိခိုက္နာက်င္ေအာင္လုပ္ျခင္းမွ အျမန္ဆံုးလြတ္ေျမာက္ႏုိင္ပါေစ…

Unicode

ကိုယ့်ကိုယ်ကိုယ်ထိခိုက်နာကျင်အောင်လုပ်မိနေတတ်တာက စွဲလမ်းမှုတစ်ခုပဲလား ဒါမှမဟုတ် အဲ့ဒီစွဲလမ်းမှုကိုဖျောက်နိုင်လား?စဉ်းစားစရာပါပဲ။လေ့လာချက်တွေအရ အမေရိကန်မှာဆိုရင် လူဦးရေရဲ ့ ၄ရာခိုင်နှုန်းနီးပါးက ကိုယ့်ကိုယ်ကိုယ်ထိခိုက်နာကျင်အောင်လုပ်တယ်လို့တွေ့ရှိခဲ့ရပြီး
ငယ်ရွယ်တဲ့ အမျိုးသမီးတွေ၊အမျိုးသားတွေမှာပိုပြီးတွေ့ရတယ်လို့သိရပါတယ်။ အများအားဖြင့်ဆယ်ကျော်သက်အရွယ်တွေမှာပေါ့။Suicide သဘောမျိုး
မဟုတ်ပေမဲ့ ကိုယ့်ရဲ ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို နာကျင်အောင်လုပ်တာက အဲ့ဒီလိုသဘောမျိုးဆက်နွယ်နေပါတယ်။

ကိုယ့်ကိုယ်ကိုယ်ထိခိုက်နာကျင်အောင်ဘာလို့လုပ်ရတာလဲဆိုရင် များသောအားဖြင့် ပတ်ဝန်းကျင်ကြောင့်လည်းဖြစ်နိုင်သလို အဆိုးမြင်အတွေးတွေ တွေးမိနေတာ
ကြောင့်လည်းဖြစ်နိုင်ပါတယ်။ တကယ်တော့ စိတ်ရဲ ့နာကျင်မှုကို ခန္ဓာကိုယ်နာကျင်မှုအဖြစ် ပြောင်းလဲလိုက်တာပါပဲ။ခန္ဓာကိုယ်ကိုတစ်ခုခုလုပ်လိုက်ခြင်းအားဖြင့် စိတ်နာကျင်မှုကို သက်သာစေတယ်ဆိုပြီးလုပ်လေ့ရှိကြပါတယ်။ ဘယ်လိုမျိုးတွေလုပ်လေ့ရှိလဲဆိုရင် လက်ကို ဓားနဲ့လှီးဖြတ်တာမျိုး၊နံရံကိုလက်သီးနဲ့အဆက်မပြတ်ထိုးတာမျိုးလုပ်လေ့ရှိတာ ကိုတွေ့ရပါတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ်ထိခိုက်နာကျင်စေတာဟာငယ်ရွယ်သူတွေ၊ဆယ်ကျော်သက် အရွယ်တွေမှာပဲဖြစ်တတ်တာတော့မဟုတ်ပါဘူး။အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ပြီးတော့ မကြာခဏဆိုသလိုစိတ်ဓာတ်ကျလွယ်တက်လွယ်တာမျိုး၊စိတ်ကစဉ့်ကလျားဖြစ်တာမျိုးရှိတတ်တဲ့သူတွေအများဆုံးလုပ်လေ့ရှိကြပါတယ်။

ဘယ်သူမဆိုမှာ ပင်ပန်းခက်ခဲမှုတွေ၊စိတ်ဆင်းရဲစရာတွေအများကြီးရှိမှာဖြစ်သလို တစ်ချို့ကလည်းအကောင်းဆုံးထိန်းနိုင်ကြပါတယ်။တစ်ချို့ကတော့မထိန်းချုပ်နိုင်ကြပါဘူး။ အဲ့ဒီအခါမှာ သူတို့စိတ်ကိုလွှတ်လိုက်ပြီးကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်ကြတာပါပဲ။တစ်ခါတစ်လေ သူများကိုလုပ်ချင်ပေမဲ့မလုပ်ရက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပဲပြန်ပြီးဒဏ်ပေးလေ့ရှိကြပါတယ်။ဒါက ရုပ်ပိုင်းဆိုင်ရာရောဂါတစ်ခုမဟုတ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာကနေ ရုပ်ပိုင်းအထိထိခိုက်လာနိုင်တဲ့အတွက် ပေါ့ပေါ့ဆဆနေလို့တော့မရပါဘူး။

သင့်ပတ်ဝန်းကျင်မှာလည်းအဲ့ဒီလိုလုပ်တတ်တဲ့သူတွေရှိပါလိမ့်မယ်။ရည်းစားနဲ့ပြဿနာတက်လို့ ကိုယ့်လက်ကိုဓားနဲ့လှီးတာမျိုး၊မိသားစုနဲ့အဆင်မပြေလို့စိတ်တိုပြီး ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင် လုပ်တာမျိုး၊တစ်ခြားသူစိတ်ပူစေချင်ရုံသက်သက်ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်လုပ်တာမျိုးပေါ့။အဲ့ဒီထဲကမှတစ်ချို့က စွဲလမ်းမှုတစ်ခုလိုပဲဖြစ်နေတတ်ပါတယ်။ပြဿနာဖြစ်ရင် ဒီလိုလုပ်ရမယ်ဆိုတဲ့ အစွဲချည်းသက်သက်ဖြစ်နေပြီး ပြဿနာကြုံတိုင်းမှာဒီနည်းနဲ့ပဲဖြေရှင်းလေ့ရှိကြပါတယ်။ တစ်ချို့ကျတော့ မကောင်းမှန်းလည်းသိတယ်။ဒါပေမဲ့ ဒေါသဖြစ်လာရင် တစ်ခုခုလုပ်ပစ်ချင်တဲ့ စိတ်ကိုထိန်းလို့မရလို့လွှတ်ပေးလိုက်တာတွေရှိတတ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါ ကိုယ့်ကိုယ်ကိုယ်ထိခိုက်နာကျင်အောင်လုပ်တာက မကောင်းပါဘူး။အဲ့ဒါကြောင့် တကယ်လို့များ
ကိုယ့်ကိုယ်ကိုယ်ထိခိုက်နာကျင်အောင်လုပ်ပစ်ချင်လာပြီဆိုရင် ဒီနည်းလမ်းလေးတွေသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

၁)လက်ဝှေ့ထိုးပါ
ကိုယ့့်စိတ်ကိုယ်အသိဆုံးဖြစ်မှာပါ။မကြာခဏဆိုသလို ကိုယ့်ကိုယ်ကိုယ်ထိခိုက်နာကျင်အောင် လုပ်တတ်တယ်ဆိုရင်လက်ဝှေ့ထိုးတဲ့ဟာဝယ်ထားပါ။ဒေါသထွက်လာတိုင်းထိုးပါ။ စိတ်နာကျင်တိုင်းထိုးပါ။လက်ဝှေ့တောင်ထိုးတတ်သွားပါလိမ့်မယ်။

၂)ရေခဲရေအေးအေးထဲမျက်နှာနှှစ်လိုက်ပါ
ရေခဲရေက သင့်စိတ်ကိုခဏလေးထိန်းချုပ်နိုင်ပါလိမ့်မယ်။စိတ်ထိန်းလို့မရတော့ဘူးဆိုရင် ချက်ချင်းမျက်နှာကိုရေခဲရေနဲ့သစ်လိုက်တာဖြစ်ဖြစ်၊ရေခဲရေထဲ မျက်နှာအပ်လိုက်တာ ဖြစ်ဖြစ်လုပ်လိုက်ပါ။သင့်ရဲ ့အတွေးတွေကို ထိန်းချုပ်ပေးနိုင်ပါလိမ့်မယ်။

၃)စပ်တဲ့အစားအစာတွေစားပါ
ဒေါသထွက်နေတဲ့အချိန်မှာစပ်တဲ့အစားအစာတွေစားပေးတာက စိတ်အပြောင်းအလဲ ဖြစ်စေပါတယ်။ငရုတ်သီးတောင့်ဖြစ်စေ၊တစ်ခြားစပ်တဲ့အစားအစာဖြစ်စေ
ချက်ချင်းစားလိုက်ပါ။ဒါက သင့်ကိုယ်သင်နာကျင်အောင်လုပ်ချင်တဲ့စိတ်ကို ပြောင်းလဲပေးပါလိမ့်မယ်။

၄)ဆေးခြယ်ပါ

လက်ကိုတစ်ခုခုလုပ်ချင်လာတဲ့အခါ ဓားနဲ့ခြစ်မယ့်နေရာတွေအတိုင်းဆေးခြယ်တာ၊ ပုံဆွဲတာလုပ်ပါ။ဘောပင်န်ယူပြီးလက်မှာလျှောက်ဆွဲနေတာကလည်း အာရုံပြောင်းလဲစေပါတယ်။

ဒီနည်းလမ်းတွေကသင့်စိတ်ကိုချက်ချင်းပြောင်းလဲသွားစေနိုင်တဲ့နည်းလမ်းလေးတွေဖြစ်ပါတယ်။အဓိကကတော့ ကိုယ့်စိတ်ကို သေချာထိန်းချုပ်နိုင်အောင်လုပ်ဖို့ပါပဲ။မကြာခဏဆိုသလို စိတ်ငြိမ်အောင်တရားထိုင်တာမျိုး၊တရားမှတ်တာမျိုးလုပ်ပေးပါ။ကိုယ့်ခန္ဓာကိုယ်ကိုသေချာစောင့်ရှောက်တာကလည်းမိဘကျေးဇူးဆပ်တာပါပဲ။ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင်လုပ်တော့မယ်ဆိုတာနဲ့ ဒီခန္ဓာကိုယ်က သင့်အမေပေးထားတာလို့သတိရလိုက်ပါ။ဘယ်မိဘကမှ သားသမီးရဲ ့ခန္ဓာကိုယ်မှာ အမာရွတ်တွေ၊သွေးထွက်သံယိုတွေမြင်ချင်မှာမဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ်ထိခိုက်နာကျင်အောင်လုပ်ခြင်းမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ…

117 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.