မကြောငြာထားဘဲ self-titled album ကိုထုတ်ခဲ့တဲ့ Beyonce

beyonce.jpg

Beyonce တစ်ယောက်ကတော့ Jay Z, Blue Ivy, Drake တို့ပါဝင်တဲ့ self-titled album (Beyonce အမည်ရတဲ့ album) ကို ဒီနေ့ (ဒီဇင်ဘာ၁၃) မှာထုတ်လိုက်ပြီး ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

ဒီ project မှာတော့သူ့ရဲ့ခင်ပွန်း Jay Z, သူ့သမီး Blue Ivy အပါအ၀င်အခြားဂီတလုပ်ဖေါ်ကိုင်ဖက်တွေဖြစ်တဲ့ Drake, Frank Ocean နဲ့ Chimamanda Ngozi တို့ပါဝင်ထားတာဖြစ်ပါတယ်။

Beyonce ဟာ iTunes မှာပဲသီးသန့်ရနိုင်တဲ့ visual album တစ်ခုဖြစ်ပါတယ်။ iTunes ရဲ့အဆိုအရ ဒီသီချင်းတွေကို ဒီဇင်ဘာလ၂၀ မှာတစ်ဦးချင်းစီဝယ်ယူနိုင်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။ ဒီအခွေမှာတာ့ သီချင်းတစ်ပုဒ်စီအတွက် ဗီဒီယိုတွေပါရှိတာဖြစ်ပါတယ်။ ဒီဗီဒီယိုတွေမှာတော့ Hype Williams နဲ့ Terry Richardson အပါအ၀င် အခြားသူတွေက ဒါရိုက်တာလုပ်ထားတာဖြစ်ပါတယ်။

Bing.com ရဲ့အဆိုအရ ၂၀၁၃ခုနှစ်ရဲ့ အင်တာနက်မှာ အရှာအများဆုံး ဂီတသမားဖြစ်သူ Beyonce ဟာ ဒီနှစ်ရဲ့အစောပိုင်းက Super Bowl မှာဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ဒီဇင်ဘာလ ၂၂ ရက် New York က Brooklyn အရပ် Barclays Center မှာဖျော်ဖြေပြီးပိတ်သိမ်းမယ့် Mrs. Carter Show နဲ့အတူကမ္ဘာလှည့်ဖျော်ဖြေထားပါတယ်။

Beyonce ရဲ့ Blue သီချင်းမှာ Blue Ivy ရဲ့ပါဝင်သရုပ်ဆောင်တာဟာ သူမအတွက် ပထမဆုံးသီချင်းတစ်ပုဒ်မှာပါဝင်သရုပ်ဆောင်မှုတော့မဟုတ်ပါဘူး။ သူမ မွေးဖွားပြီးမကြာခင်မှာ အဖေဖြစ်သူ Jay-Z ရဲ့ “Glory”သီချင်းမှာပါဝင်ခဲ့မှုကြောင့် Hot 100 ဇယားမှာပါဝင်သရုပ်ဆောင်ဖူးတဲ့ အသက်အငယ်ဆုံး အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

သီချင်းစာရင်းမှာဖေါ်မပြထားပေမယ့် iTunes ရဲ့ဖေါ်ပြချက်တစ်ခုမှာတော့ Timbaland, Kelly Rowland, Michalle William, Justin Timberlake နဲ့ Pharrell တို့ဟာ ပါဝင်ဆောင်ရွက်ထားသူတွေအဖြစ်နဲ့ ပါဝင်နေပါတယ်။

အောက်တိုဘာလအတွင်းမှာတော့ Pharrell က Beyonce နဲ့အတူတူတွဲဖက်ဖန်တီးခဲ့တဲ့အရာတွေအကြောင်းကို ပြောပြပါတယ်။

“ B ရဲ့ album ကတော့ရူးသွပ်ပါတယ်။ ဘာလဲဆိုတာတော့ကျွန်တော်ပြောပါရစေ။ သူကအရမ်း ထူးခြားလွန်းပါတယ်။  သူကထက်မြက်တဲ့သူတစ်ယောက်ပါ။ ပြီးတော့ ဒီအရာကိုအသင့် မဖြစ်မခြင်းနဲ့ သူ့အတွက် သင့်တော်ပြီလို့မခံစားရမခြင်း ထုတ်မှာမဟုတ်ပါဘူး။ သူ့မှာတိကျတဲ့ခံစားမှုရှိပါတယ်။ ဒါ့ကြောင့်သူက Beyonce ဖြစ်နေတာလို့ ကျွန်တော်ထင်တယ်။ သူ့နာမည်ဟာ တစ်ကမ္ဘာလုံးက သိနေကြပြီး ဒါဟာအရမ်းကြီးမားပါတယ်။ ဒါဟာ ထူးခြားတဲ့ ခံစားမှုရှိတဲ့တစ်စုံတစ်ယောက်ဆီကနေလာတာပါ။ ခင်ဗျားဘာလိုချင်နေလဲဆိုတာ ခင်ဗျားသိရင် အဲဒါကိုမရမခြင်းခင်ဗျားရပ်တန့်မှာမဟုတ်ဘူး။ သူ့ album ကိုကြားတဲ့အခြားသူတွေက  ကြားပြီး “whoa” လို့ဖြစ်နေချိန်မှာ သူမက “အင်း။ ကျွန်မပြီးသလောက်ရှိပါပြီ”လို့ဆိုပါတယ်။ သူကတော့ ဘုရင်မပါပဲ” လို့ Billboard နဲ့လုပ်တဲ့ interview မှာ Pharrell ကပြောပါတယ်။

ဒီ album မှာပါဝင်မယ့် သီချင်းတွေနဲ့ video တွေကိုတော့ အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

Songs

1. Pretty Hurts
2. Haunted
3. Drunk in Love (Featuring Jay Z)
4. Blow/Cherry
5. Angel
6. Yoncé/Partition
7. Jealous
8. Rocket
9. Mine (Featuring Drake)
10. XO
11. Flawless (Featuring Chimamanda Ngozi Adichie) 
12. Superpower (Featuring Frank Ocean)
13. Heaven 
14. Blue (Featuring Blue Ivy)

Videos

1. Pretty Hurts – directed by Melina Matsoukas
2. Ghost – directed by Pierre Debusschere
3. Haunted – directed by Jonas Åkerlund
4. Drunk in Love – directed by Hype Williams
5. Blow – directed by Hype Williams
6. Angel – directed by @lilinternet
7. Yoncé – directed by Ricky Saiz
8. Partition – directed by Jake Nava
9. Jealous – directed by Beyoncé, Francesco Carrozzini & Todd Tourso
10. Rocket – directed by Beyoncé, Ed Burke & Bill Kirstein
11 .Mine – directed by Pierre Debusschere
12. XO – directed by Terry Richardson
13. ***Flawless – directed by Jake Nava
14. Superpower – directed by Jonas Åkerlund
15. Heaven -directed by Beyoncé & Todd Tourso
16. Blue – directed by Beyoncé, Ed Burke & Bill Kirstein
17. **BONUS VIDEO – Grown Woman – directed by Jake Nava

Ref:hiphopdx

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.