ရယ္လိုက္ရင္အရမ္းခ်စ္စရာေကာင္းသူေလး…Happy Birthday ပါ

ဟဲလုိ… Wonder Woman ပရိသတ္ေတြရွိၾကလား? ဒီကေန႔ကေတာ့ Wonder Woman မင္းသမီးေခ်ာေလး Gal Gadot ရဲ ႔ေမြးေန႔ေလးပဲျဖစ္ပါတယ္။ သူမကုိ ၁၉၈၅ခုႏွစ္ ဧျပီ ၃၀ရက္ေန႔မွာေမြးဖြားခဲ႔တာျဖစ္ျပီး အခုဆိုရင္ေတာ့ အသက္ ၃၃ႏွစ္ရွိပါျပီ။ အစၥေရးေမာ္ဒယ္လ္ မင္းသမီးတစ္ေယာက္ျဖစ္ျပီးသူမဟာ အစၥေရးစစ္တပ္မွာလည္း ၂ႏွစ္ၾကာေအာင္ တာ၀န္ထမ္းေဆာင္ခဲ႔ဖူးပါတယ္။အႏုပညာေလာကထဲမ၀င္ခင္တုန္းက သူမဟာ IDC Herzliya ေကာလိပ္မွာပညာသင္ၾကားခဲ့တယ္လုိ႔သိရပါတယ္။

Gal Gadot ရဲ ႔ပထမဆံုးရုပ္ရွင္ကေတာ့ The Fast and the Furious ဇာတ္ကားပဲျဖစ္ပါတယ္။ အဲ႔ဒီဇာတ္ကားမွာ သူမဟာ Gisele Yasharအျဖစ္သရုပ္ေဆာင္ခဲ႔တာျဖစ္ျပီး အ႔ဲဒီတုန္းကပရိသတ္ေတြကသူမကုိသတိမထားမိခဲ႔ပါဘူး။ဘယ္အခ်ိန္မွာသတိထားမိခဲ႔တာလဲဆိုတာေတာ့ေျပာစရာလိုမယ္မထင္ပါဘူး။၂၀၁၇ခုႏွစ္မွာ DC ကရိုက္ကူးခဲ႔တဲ႔ Wonder Woman ဇာတ္ကားနဲ႔ အထူးေအာင္ျမင္မႈရရိွခဲ႔တာျဖစ္ပါတယ္။အဲ႔ဒီေနာက္ Justice League မွာလည္းပါ၀င္ခဲ႔ပါတယ္။၂၀၁၈မွာေတာ့ Time ရဲ ႔စစ္တမ္းေကာက္ခ်က္အရ ကမာၻ႔အလႊမ္းမုိးႏုိင္ ဆံုးေသာ လူအေယာက္ ၁၀၀ စာရင္းမွာ Gal Gadot လည္းပါ၀င္ခဲ႔တယ္လုိ႔သိရပါတယ္။

မိသားစုဘ၀ေလးကလည္း ေပ်ာ္စရာပါပဲ။သူမရဲ ႔အမ်ိဳးသား Yaron Varsano နဲ႔ ၂၀၀၈ခုနွစ္ကလက္ထပ္ခဲ႔တာျဖစ္ျပီး သမီးေလး၂ေယာက္ရွိပါတယ္။ဒါ့အျပင္ ပရိသတ္ေတြအတြက္၀မ္းသာစရာသတင္းကေတာ့ Wonder Woman 2 ဟာ ၂၀၁၉မွာထြက္ရွိလာေတာ့မွာျဖစ္ပါတယ္။သရုပ္ေဆာင္လည္းေကာင္းျပီး ခ်ိဳျမိန္တဲ႔အျပံဳးေလးနဲ႔ဖမ္းစားႏုိင္တဲ႔ Gal Gadot ဟာ လူငယ္ပရိသတ္ေတြၾကားမွာလည္း မမ မမဆိုျပီးေရပန္းစားတဲ႔အထိျဖစ္ခဲ႔တာပါ။ေယာက်္ားေလးပရိသတ္ေတြတင္မက မိန္းကေလးပရိသတ္ေတြကပါ သိပ္ခ်စ္ၾကတဲ႔မင္းသမီးတစ္လက္လည္းျဖစ္ပါေသးတယ္။

Happy Birthday ပါ…

Unicode

ဟဲလို… Wonder Woman ပရိသတ်တွေရှိကြလား? ဒီကနေ့ကတော့ Wonder Woman မင်းသမီးချောလေး Gal Gadot ရဲ ့မွေးနေ့လေးပဲဖြစ်ပါတယ်။ သူမကို ၁၉၈၅ခုနှစ် ဧပြီ ၃ဝရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အသက် ၃၃နှစ်ရှိပါပြီ။ အစ္စရေးမော်ဒယ်လ် မင်းသမီးတစ်ယောက်ဖြစ်ပြီးသူမဟာ အစ္စရေးစစ်တပ်မှာလည်း ၂နှစ်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။အနုပညာလောကထဲမဝင်ခင်တုန်းက သူမဟာ IDC Herzliya ကောလိပ်မှာပညာသင်ကြားခဲ့တယ်လို့သိရပါတယ်။

Gal Gadot ရဲ ့ပထမဆုံးရုပ်ရှင်ကတော့ The Fast and the Furious ဇာတ်ကားပဲဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားမှာ သူမဟာ Gisele Yasharအဖြစ်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းကပရိသတ်တွေကသူမကိုသတိမထားမိခဲ့ပါဘူး။ဘယ်အချိန်မှာသတိထားမိခဲ့တာလဲဆိုတာတော့ပြောစရာလိုမယ်မထင်ပါဘူး။၂၀၁ရခုနှစ်မှာ DC ကရိုက်ကူးခဲ့တဲ့ Wonder Woman ဇာတ်ကားနဲ့ အထူးအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက် Justice League မှာလည်းပါဝင်ခဲ့ပါတယ်။၂၀၁၈မှာတော့ Time ရဲ ့စစ်တမ်းကောက်ချက်အရ ကမ္ဘာ့အလွှမ်းမိုးနိုင် ဆုံးသော လူအယောက် ၁၀၀ စာရင်းမှာ Gal Gadot လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။

မိသားစုဘဝလေးကလည်း ပျော်စရာပါပဲ။သူမရဲ ့အမျိုးသား Yaron Varsano နဲ့ ၂၀၀၈ခုနှစ်ကလက်ထပ်ခဲ့တာဖြစ်ပြီး သမီးလေး၂ယောက်ရှိပါတယ်။ဒါ့အပြင် ပရိသတ်တွေအတွက်ဝမ်းသာစရာသတင်းကတော့ Wonder Woman 2 ဟာ ၂၀၁၉မှာထွက်ရှိလာတော့မှာဖြစ်ပါတယ်။သရုပ်ဆောင်လည်းကောင်းပြီး ချိုမြိန်တဲ့အပြုံးလေးနဲ့ဖမ်းစားနိုင်တဲ့ Gal Gadot ဟာ လူငယ်ပရိသတ်တွေကြားမှာလည်း မမ မမဆိုပြီးရေပန်းစားတဲ့အထိဖြစ်ခဲ့တာပါ။ယောကျ်ားလေးပရိသတ်တွေတင်မက မိန်းကလေးပရိသတ်တွေကပါ သိပ်ချစ်ကြတဲ့မင်းသမီးတစ်လက်လည်းဖြစ်ပါသေးတယ်။

Happy Birthday ပါ…

9 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.