နန်းတွင်းဇာတ်ကားအသစ်မှာ ပြန်လည်မြင်တွေ့ရနိုင်တဲ့ သူတို့နှစ်ယောက်….

တောင်ကိုရီးယားနိုင်ငံတင်မက ကမ္ဘာတစ်ဝန်းလုံးမှာပေါက်ခဲ့တဲ့ “Descendants of the Sun” ဇာတ်ကားလေးကို ပရိသတ်ကြီးမှတ်မိကြမယ်ထင်ပါတယ်။အဲ့ဒီဇာတ်ကားမှာ မင်းသမီးချောလေး Song Hye Kyo ၊ Song Joong Ki ၊ Kim Ji Won နဲ့ Jin Goo တို့ကအဓိကပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။အချစ်ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပြီး စုံတွဲနှစ်တွဲလုံးက ချစ်စရာကောင်းနေလို့ လူငယ်ပရိသတ်တွေကို လွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။

အခု ပရိသတ်တွေအတွက်ဝမ်းသာစရာသတင်းကတော့ မင်းသား Song Joong Ki ဟာ လက်ထပ်ပြီးပထမဆုံးအကြိမ်ရုပ်ရှင်ပြန်လည်ရိုက်ကူးတော့မယ်လို့သတင်း ထွက်ရှိနေပြီး တွဲဖက်မင်းသမီးဟာလည်း Kim Ji Won ဖြစ်တယ်လို့သိရတာပါပဲ။“Descendants of the Sun” ဇာတ်ကားရိုက်ကူးပြီးနှစ်နှစ်ကြာမှ ပြန်လည်ဆုံတွေ့ကြတာလည်းဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ‘Asadal’ လို့နာမည်ပေးထားတဲ့ နန်းတွင်းဇာတ်ကားဇာတ်ညွှန်းကို မင်းသား Song Joong Ki ဆီကမ်းလှမ်းထားတယ်လို့သိရပြီး အကြောင်းမပြန်သေးဘူး လို့လည်းသိရပါတယ်။ဒီဇာတ်ကားကို “Tree with Deep Roots” နဲ့ “Six Flying Dragons” ဇာတ်ကားဇာတ်ညွှန်းဆရာတွေဖြစ်ကြတဲ့ Kim Young Hyun နဲ့ Park Sang Yeon တို့က ရေးသားထားတာဖြစ်ပါတယ်။Asadal ဆိုတာ ကိုရီးယားရဲ့ ဒဏ္ဏာရီသမိုင်းကြောင်း အရကိုရီးယားရဲ့ ပထမဆုံးဘုရင်ဖြစ်တဲ့ Dan’gun ကရှာဖွေတွေ့ရှိခဲ့တဲ့ ဂျိုဆွန်းရဲ့ မြို့ကြီးတစ်မြို့ ဖြစ်တယ်လို့လည်းသိရပါတယ်။ဇာတ်လမ်းကြောင်းကိုအစုံအလင်မသိရသေးပေမဲ့လည်း နန်းတွင်းနဲ့သက်ဆိုင်ရာဇာတ်လမ်းဖြစ်တာကြောင့်နန်းတွင်းကားတွေမျှော်လင့်နေတဲ့ပရိသတ်တွေလည်းစိတ်ဝင်စားမယ်ထင်ပါတယ်။

Starship Entertainment ကလည်း “မင်းသမီး Kim Ji Won ဆီကို tvN ရုပ်သံဌာနရဲ့ ဇာတ်ကားသစ် (Asadal) ဇာတ်ညွှန်းရောက်လာပါတယ်။ဖတ်လည်းဖတ်ကြည့်နေတယ်” လို့အတည်ပြုပြောကြားခဲ့ပါတယ်။အခုလောလောဆယ်မှာတော့ မင်းသမီးချော Kim Ji Won ဟာ Netflix ကနေထုတ်လွှင့်ပြသမယ့် “See You Again” ဇာတ်ကားအတွက်ကမ်းလှမ်းချက် ရရှိထားပြီး ဒီဇာတ်ကားမှာ Lee Jong Suk နဲ့ပြန်ပြီးတွေ့ဆုံရိုက်ကူးရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် “Asadal” ဇာတ်ကားရိုက်ကူးဖို့နဲ့ပတ်သက်ပြီး ဘာသတင်းပြန်ကြားမှုမှမရသေးပါဘူး။ ပရိသတ်တွေကတော့ Song Joong Ki နဲ့ Kim Ji Won ရဲ့ ပြန်လည်ပူးပေါင်းမှုကို မျှော်လင့်နေတယ်လို့လည်းသိရပါတယ်။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.