ကိုယ္႔ကိုမလိုအပ္တဲ႔သူနားမွာတြယ္ကပ္ေနရတယ္ဆုိတာငရဲတစ္ခုပါပဲ…

တစ္ခါတစ္ရံမွာ နွစ္ဦးနွစ္ဖက္အခ်င္းခ်င္းလိုလားျကတဲ႔ အခ်ုစ္ဆိုတာေပါက္ဖြားနိုင္ေပမဲ႔ တစ္ခ်ိဳ႕အခ်စ္ေတြဟာ တစ္ဖက္သတ္သိပ္ဆန္ပါတယ္။ခ်စ္ေတာ႔လည္းကိုယ္တစ္ေယာက္တည္း အနစ္နာခံေတာ႔လည္းကိုယ္တစ္ေယာက္တည္း ဒါေတြကို ခံလို႕ခံေနရမွန္းမသိေလာက္ေအာင္ ခ်စ္ျပီးတြယ္ကပ္ေနမိတာလည္းကိုယ္ပါပဲ။ ဆိုေတာ႔ ကိုယ္႔ကို သူ႕ဘ၀အတြက္တကယ္မလိုအပ္ဘူးလို႕ေသခ်ာေျပာနိုင္ေနတဲ႔သူေတြနားမွာ တစ္စကၠန္႕ေတာင္ကိုယ္႔အခ်ိန္ေတြကို မျဖဳန္းတီးမိေစဖို႕ဘယ္လိုဆုတ္ခြာသင္႔သလဲဆိုတာ…
(၁) တစ္ျခားကိုယ္စိတ္ေပ်ာ္ရာကို ေျပာင္းလဲစိတ္နွစ္လိုက္ပါ
ကိုယ္စြဲလမ္းတဲ႔အရာတစ္ခုကေန စိတ္ကိုလံုး၀ဆုတ္ခြာလိုက္ဖို႕ဆိုတာလြယ္တဲ႔အရာေတာ႔မဟုတ္ပါဘူး။ ဒါေပမဲ႔ ဒီတိုင္းထားေလ နစ္ျမဳပ္သြားမွာနဲ႕အတူတူ တစ္ျခားတစ္ဖက္တစ္ေနရာကို စိတ္လြဲထားျပီး အာရံုေျပာင္းထားလိုက္တာ အေကာင္းဆံုးနည္းလမ္းတစ္ခုပါပဲ။
(၂) လိုအပ္တဲ႔မာနအနည္းငယ္စိတ္ထဲထားပါ
တစ္ခါတစ္ရံမွာ မာနေလးကိုသူ႕ေနရာသူထားတတ္ဖို႕ကလည္းလုိပါေသးတယ္။ မနမ္းရိႈက္လိုတဲ႔ အရပ္မွာ ရနံ႕တစ္စေတာင္ မရေစရတာလည္း ပန္းတစ္ပြင္႔ရဲ႕မာနပဲ ဆုိတဲ႔စကားလိုေပါ႔။ ကိုယ္႔ကိုမလိုအပ္တဲ႔သူတစ္ေယာက္ေရွ႕မွာ လံုး၀ေပၚမလာပဲေပ်ာက္ကြယ္သြားတာကလည္း ကိုယ္႔တန္ဖိုးကို ကိုယ္ျမွင္႔လုိက္သလိုပါပဲ။
(၃) နွစ္ဦးနွစ္ဖက္လုံးပိုအဆင္ေျပသြားတယ္လို႕ေတြးပါ
နွစ္ဦးနွစ္ဖက္ ညီမ်ွတဲ႔ေပးဆပ္မႈေတြမရွိတဲ႔ေနာက္ေတာ႔ ကိုယ္႔ကိုမလိုအပ္တဲ႔သူနားမွာ ရွိမေနျခင္းဟာ နွစ္ဖက္လံုးအတြက္ေကာင္းေသာနည္းလမ္းတစ္ခုလုိ႕သတ္မွတ္လုိက္ပါ။ ကိုယ္ရွိေနရင္သူလည္း၀န္ျကီးသလို ကိုယ္႔မလိုအပ္တဲ႔သူနားမွာတြယ္ကပ္ေနရတဲ႔ကိုယ္လည္းပင္ပန္းလွပါတယ္။
(၄) အခ်ိန္ကုန္တယ္လို႕ေတြးပါ
ကိုယ္႔ဘက္ကဘယ္ေလာက္ေပးဆပ္ဆပ္တန္ဖိုးမထားတတ္ရင္ မယူတတ္ရင္အလကားပါပဲ။ သူ႕အတြက္လည္းမလုိ ကိုယ္႔ဘက္လည္း နားလည္လာမလားဆိုတဲ႔ေမ်ွာ္လင္႔ခ်က္ျကီးနဲ႕ေစာင္႔ရတဲ႔ဘ၀မွာ ကိုယ္႔ဘ၀အတြက္အခ်ိန္ေတြကို အကုန္မခံလုိက္ပါနဲ႕။
(၅) ကိုယ္႔ကိုအမွန္တကယ္လိုအပ္ေနသူေတြကို အခ်ိန္ေပးပါ
တစ္ေတာင္႔တစ္ေနရာက တစ္ခ်ိဳ႕သူေတြအတြက္ကိုယ္ဟာ သိပ္ကိုအေရးပါအရာေရာက္တယ္ဆိုတာကိုမေမ႔ပါနဲ႕။ ဥပမာေျပာရရင္ ကိုယ္႔မိဘေဆြမ်ိဳးေပါ႔ တစ္ျခားသူအတြက္ ကိုယ္ဟာ အေရးမပါ အရာမေရာက္ရင္ေတာင္ သူ႕တို႕အတြက္ကေတာ႔ တန္ဖိုးမျဖတ္နိ္င္တဲ႔ရတနာတစ္ခုမလို႕ဒီလို ကိုယ္႔ကိုတစ္ကယ္လိုအပ္ေနတဲ႔သူေတြ ကိုယ္႔ ကိုအမွန္တကယ္လိုအပ္ေနတဲ႔ သူေတြကို အခ်ိန္ေပးလိုက္ပါ။
ကိုယ္႔ကိုမလုိအပ္တဲ႔သူေတြနားမွာ အခ်ိန္မျဖဳန္းမိေစပဲ တန္ဖိုးရွိတဲ႔အခိ်န္ေတြကိုေကာင္းမြန္စြာဖန္တီးတည္ေဆာက္နိုုင္ျကပါေစလို႕ဆုေတာင္းရင္း…

Unicode

တစ်ခါတစ်ရံမှာ နှစ်ဦးနှစ်ဖက်အချင်းချင်းလိုလားကြတဲ့ အချုစ်ဆိုတာပေါက်ဖွားနိုင်ပေမဲ့ တစ်ချို့အချစ်တွေဟာ တစ်ဖက်သတ်သိပ်ဆန်ပါတယ်။ချစ်တော့လည်းကိုယ်တစ်ယောက်တည်း အနစ်နာခံတော့လည်းကိုယ်တစ်ယောက်တည်း ဒါတွေကို ခံလို့ခံနေရမှန်းမသိလောက်အောင် ချစ်ပြီးတွယ်ကပ်နေမိတာလည်းကိုယ်ပါပဲ။ ဆိုတော့ ကိုယ့်ကို သူ့ဘဝအတွက်တကယ်မလိုအပ်ဘူးလို့သေချာပြောနိုင်နေတဲ့သူတွေနားမှာ တစ်စက္ကန့်တောင်ကိုယ့်အချိန်တွေကို မဖြုန်းတီးမိစေဖို့ဘယ်လိုဆုတ်ခွာသင့်သလဲဆိုတာ…
(၁) တစ်ခြားကိုယ်စိတ်ပျော်ရာကို ပြောင်းလဲစိတ်နှစ်လိုက်ပါ
ကိုယ်စွဲလမ်းတဲ့အရာတစ်ခုကနေ စိတ်ကိုလုံးဝဆုတ်ခွာလိုက်ဖို့ဆိုတာလွယ်တဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတိုင်းထားလေ နစ်မြုပ်သွားမှာနဲ့အတူတူ တစ်ခြားတစ်ဖက်တစ်နေရာကို စိတ်လွဲထားပြီး အာရုံပြောင်းထားလိုက်တာ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။
(၂) လိုအပ်တဲ့မာနအနည်းငယ်စိတ်ထဲထားပါ
တစ်ခါတစ်ရံမှာ မာနလေးကိုသူ့နေရာသူထားတတ်ဖို့ကလည်းလိုပါသေးတယ်။ မနမ်းရှိုက်လိုတဲ့ အရပ်မှာ ရနံ့တစ်စတောင် မရစေရတာလည်း ပန်းတစ်ပွင့်ရဲ့မာနပဲ ဆိုတဲ့စကားလိုပေါ့။ ကိုယ့်ကိုမလိုအပ်တဲ့သူတစ်ယောက်ရှေ့မှာ လုံးဝပေါ်မလာပဲပျောက်ကွယ်သွားတာကလည်း ကိုယ့်တန်ဖိုးကို ကိုယ်မြှင့်လိုက်သလိုပါပဲ။
(၃) နှစ်ဦးနှစ်ဖက်လုံးပိုအဆင်ပြေသွားတယ်လို့တွေးပါ
နှစ်ဦးနှစ်ဖက် ညီမျှတဲ့ပေးဆပ်မှုတွေမရှိတဲ့နောက်တော့ ကိုယ့်ကိုမလိုအပ်တဲ့သူနားမှာ ရှိမနေခြင်းဟာ နှစ်ဖက်လုံးအတွက်ကောင်းသောနည်းလမ်းတစ်ခုလို့သတ်မှတ်လိုက်ပါ။ ကိုယ်ရှိနေရင်သူလည်းဝန်ကြီးသလို ကိုယ့်မလိုအပ်တဲ့သူနားမှာတွယ်ကပ်နေရတဲ့ကိုယ်လည်းပင်ပန်းလှပါတယ်။
(၄) အချိန်ကုန်တယ်လို့တွေးပါ
ကိုယ့်ဘက်ကဘယ်လောက်ပေးဆပ်ဆပ်တန်ဖိုးမထားတတ်ရင် မယူတတ်ရင်အလကားပါပဲ။ သူ့အတွက်လည်းမလို ကိုယ့်ဘက်လည်း နားလည်လာမလားဆိုတဲ့မျှော်လင့်ချက်ကြီးနဲ့စောင့်ရတဲ့ဘဝမှာ ကိုယ့်ဘဝအတွက်အချိန်တွေကို အကုန်မခံလိုက်ပါနဲ့။
(၅) ကိုယ့်ကိုအမှန်တကယ်လိုအပ်နေသူတွေကို အချိန်ပေးပါ
တစ်တောင့်တစ်နေရာက တစ်ချို့သူတွေအတွက်ကိုယ်ဟာ သိပ်ကိုအရေးပါအရာရောက်တယ်ဆိုတာကိုမမေ့ပါနဲ့။ ဥပမာပြောရရင် ကိုယ့်မိဘဆွေမျိုးပေါ့ တစ်ခြားသူအတွက် ကိုယ်ဟာ အရေးမပါ အရာမရောက်ရင်တောင် သူ့တို့အတွက်ကတော့ တန်ဖိုးမဖြတ်နိ်င်တဲ့ရတနာတစ်ခုမလို့ဒီလို ကိုယ့်ကိုတစ်ကယ်လိုအပ်နေတဲ့သူတွေ ကိုယ့် ကိုအမှန်တကယ်လိုအပ်နေတဲ့ သူတွေကို အချိန်ပေးလိုက်ပါ။
ကိုယ့်ကိုမလိုအပ်တဲ့သူတွေနားမှာ အချိန်မဖြုန်းမိစေပဲ တန်ဖိုးရှိတဲ့အချိန်တွေကိုကောင်းမွန်စွာဖန်တီးတည်ဆောက်နိုုင်ကြပါစေလို့ဆုတောင်းရင်း…

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.