Parallel Reality အပြိုင်ဖြစ်တည်မှုသီအိုရီိတွေဟာ တကယ်လားဂျင်းလား

ဒါကိုရေးဖို့ Idea ရသွားတာကတော့ Infinity War ထွက်လာပြီးမှပါ။ ဒါပေမယ့် IW ကိုကြည့်ပြီးပြီလားလို့မေးရင်တော့ နိုးလို့ပဲဖြေရမှာပါ။ ဒါပေမယ့် ကြည့်ပြီးသည့်တိုင် ခုလက်ရှိလက်ခံထားတဲ့ Parallel Universe နဲ့ Multiverse တွေအကြောင်း Mindset က ရုပ်ရှင်တစ်ခုထဲကြောင့်တော့ ပြောင်းလဲသွားစရာမရှိဘူးလို့ ယူဆတာကြောင့် ရေးဖို့ဆုံးဖြတ်လိုက်ရခြင်းလည်းဖြစ်တယ်ပေါ့နော်။DC တို့ Marvel တို့ကဖန်တီးအသက်သွင်းတဲ့ Superhero ကားတွေ မြန်မာနိုင်ငံမှာ လျင်လျင်မြန်မြန်ပျံ့နှံ့စီးဆင်းလာတယ်ဆိုတာ ကိစ္စတစ်ခုမှာအကောင်းနဲ့အဆိုးဒွန်တွဲနေလေ့ရှိတယ်ဆိုတဲ့အတိုင်း မကောင်းတာတွေလည်းရှိနိုင်ပေမယ့် ကောင်းတာတွေကပိုများတယ်လို့ပဲဆိုရမှာပါ။ ဘာကြောင့်ဆို အရင်က အလှမ်းဝေးနေခဲ့တဲ့ Scientific Theory တွေကို လူငယ်တွေထဲထဲဝင်ဝင်သိမြင်လာတယ် Physics နဲ့ Maths လို Chemistry လို Science ဘာသာရပ်တွေကိုစိတ်ဝင်စားလာတယ်။ ပညာသင်ယူတယ်ဆိုရာမှာ ကိုယ်မြင်တွေ့ရတဲ့အရာတွေဟာအမှန်ဖြစ်နိုင်မဖြစ်နိုင် ကိုယ်သိထားတဲ့ပညာနဲ့ချိန်ထိုးခွဲခြားဖို့က အဓိကကျတယ်မဟုတ်ပါလား။ဒီတော့လူငယ်တွေက ဘယ် Hero ကားထဲက Parallel Universe Theory ကတော့ ဖြစ်နိုင်သလား Flash ထဲကလို လျှပ်စီးထက်မြန်တဲ့လုံလောက်တဲ့အရှိန်နှုန်းနဲ့ပြေးရင်အချိန်တွေနောက်ပြန်သွားနိုင်တယ်ဆိုတာဖြစ်နိုင်သလားဆိုတာမျိုး Portal ကို ဖွင့်နိုင်တယ်ဆိုတာရောဖြစ်နိုင်သလားဆိုတာမျိုး ချင့်ချိန်တွက်ဆမိကြမှာအမှန်ပါပဲ။ မသိဘူး ကြည့်လို့ကောင်းလို့ကြည့်တယ် Because he is batman ဆိုပြီး SHMU လို Group တွေထဲမှာ သူ့ဟီးရိုးနဲ့ကိုယ့်ဟီးရိုးနဲ့ပြိုင်တယ်ဆိုတဲ့လူတွေလည်းရှိနိုင်ပေမယ့် ဒါကလူနည်းစုပါ။ ဒီလို အလကားနေရန်ဖြစ်ပြီးပြိုင်နေတယ်ဆိုရင်တောင် အလကားပြိုင်လို့မရပါဘူး CW က Flash ထက် DC က Flash က ပိုမြန်တယ်ဆိုပြီးပြိုင်ရင်တောင်မှ သူတို့ရွေ့လျားတဲ့အရှိန်နှုန်းတွေဘာတွေကိုအတိအကျတွက်ချက်ပြီးပြိုင်ရတာဖြစ်လေတော့ ဦးနှောက်ကိုအလုပ်ပေးသလိုဖြစ်စေပြီိး ဒီလိုချင့်ချိန်တွက်ဆနိုင်စွမ်းတွေဟာ အသက်ကြီးလာတဲ့အခါ ဘဝထဲကိုအမှန်တကယ်ဝင်ရောက်လာတဲ့အခါမှာ အခြားသောပြဿနာတွေအခက်အခဲတွေတွက်ချက်ရခြင်းတွေမှာအထောက်အကူဖြစ်စေတယ်ဆိုတာငြင်းလို့တော့မရပါဘူး။နိဒါန်းပျိုးတာက စကားစပ်မိပြီးအတော်ရှည်သွားပြီ။ ခုတင်ပြချင်တာကတော့ Parallel Reality အပြိုင်ဖြစ်တည်မှုသီအိုရီတွေကအမှန်တကယ်လား စာရေးဆရာတွေစိတ်ကူးယဉ်ထားတဲ့ ဂျင်းတွေလားဆိုတာပါပဲ။ တင်ပြရာမှာ ဒီ Article မှာတော့ အမှန်ဖြစ်တယ်ဆိုတဲ့ဘက်ကအကြောင်းအရာကိုပဲတင်ပြပါ့မယ်။ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာတွေအကုန် ဝေဖန်ချိန်ထိုးပြီးရေးပြချင်ပေမယ့် စာမတရားရှည်သွားမှာစိုးတာကြောင့်ရော အချိန်သိပ်မရတာကြောင့်ပါ ဖြစ်နိုင်တယ်လို့ယုံကြည်နိုင်လောက်တဲ့အကြောင်းတရားအနည်းငယ်ကိုပဲပြောပြသွားပါမယ်။

 

ရူပဗေဒနည်းအရကြည့်မယ်ဆိုရင်

ရူပဗေဒနည်းအရကြည့်မယ်ဆိုရင် တစ်ကမ္ဘာလုံးက ရူပဗေဒပညာရှင်တွေကျယ်ပြန့်စွာလက်ခံထားတဲ့ The String Theory ကိုပဲလက်ကိုင်ထားပြီးပြောရမှာပါ။ The String Theory က စကြဝဠာမှာတည်ရှိနေသမျှအရာအားလုံးဟာ အလွန်သေးငယ်တဲ့ စွမ်းအင်ကြိုးလေးတွေရဲ့တုန်ခါမှုနဲ့ဖြစ်တည်နေတယ်လို့ ဆိုပါတယ်။နားလည်လွယ်အောင်ပြောရရင်တော့ အခုဖြစ်တည်နေသမျှမြင်ရတဲ့အရာအားလုံးဟာ အလွန်သေးငယ်တဲ့စွမ်းအင်လေးတွေရဲ့တုန်ခါမှုနှုန်းနဲ့ဖြစ်တည်နေတာဖြစ်ပြီး အဲ့ဒီိ့ကြိုးနဲ့အလားသဏ္ဍာန်တူတဲ့ စွမ်းအင်တွေရဲ့တုန်ခါမှုက ဂစ်တာတစ်လက်ကိုတီးခတ်လိုက်လို့ထွက်လာတဲ့အသံနဲ့တုန်ခါမှုလိုပါပဲ။ ဒါကြောင့် ဒီစကြဝဠာကြီိးဟာ အဆုံးမရှိတဲ့ ဂီတသံတွေနဲ့ဖွဲ့စည်းထားတဲ့အရာကြီိးဖြစ်ပြီး လူတွေရဲ့ဘေးမှာထိတွေ့လို့ရတဲ့အရာတွေကအစ ထိတွေ့လို့မရတဲ့ လေထုကပါ စွမ်းအင်ကြိုးလေးတွေရဲ့အဆက်မပြတ်တုန်ခါမှုနဲ့ဖြစ်တည်နေကြကြောင်းပါပဲ။ ဒီ String Theory နဲ့ Parellel Reality နဲ့ သက်ဆိုင်မှုကတော့ ရိုးရိုးရှင်းရှင်းလေးရယ်ပါ။ တုန်ခါနေတဲ့စွမ်းအင်ကြိုးလေးတွေရဲ့တုန်ခါမှုဆိုတာက အမှန်တော့တစ်ခုထဲရှိမှာမဟုတ်ပဲအများကြီးရှိနေမှာဖြစ်ပြီးသူ့ရဲ့ ဂီတသံအမျိုးအစားအလိုက် စကြဝဠာပေါင်းမြောက်များစွာတည်ရှိနေတာလည်းဖြစ်နိုင်လို့ပါပဲ။လူပြိန်းနားလည်အောင်ပြောရရင် (No offense ပါ၊ရေးနေတဲ့လူတောင် ကိုယ့်ဘာသာနားလည်ပစ်လိုက်တာတွေမပါရင် ဘယ်လိုမှနားမလည်လောက်) ဒီစကြဝဠာက အဆုံးမဲ့ပဲ့တင်ထပ်နေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး အခြားအပြိုင်တည်ရှိနေတဲ့စကြဝဠာကတော့ အဆုံးမဲ့ပဲ့တင်ထပ်နေတဲ့ နောက်ထပ်သီချင်းတစ်ပုဒ်လို့ယူဆလို့ရပါတယ်။နောက်ပြီးတော့အဲ့ဒီိ့လိုသီချင်းတွေက စွမ်းအင်ကြိုးလေးတွေရဲ့တုန်ခါမှုကြိမ်နှုန်းအရ မရေမတွက်နိုင်အောင်အများကြီးတည်ရှိနေတာမျိုးပေါ့။

 

သချာင်္ဗေဒနည်းအရကြည့်မယ်ဆိုရင်

သချာင်္ဗေဒနည်းကတော့ အနည်းငယ်ပိုပြီးရိုးရှင်းတယ်လို့ဆိုရပါလိမ့်မယ်။ သင်္ချာက ဒီလိုဆိုပါတယ်။ စကြဝဠာကြီးက အဆုံးမဲ့ကျယ်ဝန်းပြီး သချာင်္ဂဏန်းတွေကလည်းအဆုံးမဲ့များပြားနေမယ်ဆိုရင် (နှစ်ခုလုံးကအမှန်တွေလို့လက်ခံထားတဲ့ Facts တွေပါနော်) ဒီဂဏန်းတွေရဲ့ပေါင်းနှုတ်မြှောက်စား ရလဒ်တွေဟာ တစ်ချိန်ချိန်မှာ တစ်ခုနဲ့တစ်ခုပြန်ထပ်လာတော့မှာပါ။ နှစ်ငါးလီတစ်ဆယ်၊ငါးနှစ်လီတစ်ဆယ်ဆိုတာမျိုးပေါ့။တစ်ဆယ်ဆိုတာသာ လူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် နှစ်ငါးလီက သူ့ရဲ့စကြဝဠာတစ်ခုက ဘဝတစ်ခုဖြစ်ပြီး ငါးနှစ်လီက အခြားသောအပြိုင်ဖြစ်တည်နေတဲ့ စကြဝဠာတစ်ခုက ဘဝတစ်ခုပဲဖြစ်ပါတယ်။ ဘဝနှစ်ခုစလုံးကအတူတူပေမယ့် ဘဝကိုနေထိုင်တဲ့နည်းလမ်းတွေကတော့ ကွဲပြားပါလိမ့်မယ်။ ဒါကြောင့်အပြိုင်ဖြစ်တည်မှုသီအိုရီဆိုတာကအမှန်တကယ်တည်ရှိနေတယ်လို့အခိုင်အမာပြောလို့ရပါတယ်။

 

ဒဿနိကဗေဒနည်းအရကြည့်မယ်ဆိုရင်

ဒဿနိကဗေဒနည်းအရဆိုရင်လည်း နားလည်လွယ်တဲ့သဘောမှာရှိပါတယ်။ ဒဿနိကမှာရှိတဲ့ ပုံသေနည်းသတ်မှတ်ချက်တစ်ခုက အရာဝတ္ထုတစ်ခုဟာ သူ့အပေါ်မှာတစ်ခုခုပြောင်းလဲသွားရုံနဲ့သူ့ရဲ့ဖြစ်တည်မှုကပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတာပဲဖြစ်ပါတယ်။ဥပမာအားဖြင့် လူတွေရဲ့ခန္ဓာကိုယ်မှာဆဲလ်အသစ်တွေနေ့စဉ်နဲ့အမျှဖြစ်ပေါ်ပြောင်းလဲနေတယ်၊ဒါပေမယ့် လူက အခြားတစ်ယောက်တော့ဖြစ်မသွားဘူး၊ဒါကြောင့် ပြောင်းလဲမှုဟာ Identity ကိုတော့ပြောင်းလဲမပစ်နိုင်ဘူးဆိုတာ မှန်ကန်တယ်လို့သက်သေပြပြီိးသားအချက်တစ်ခုပါ။ နောက်ထပ်ဥပမာပြရမယ်ဆိုရင်ကားတစ်စီးဟာမီးလောင်သွားပေမယ့် သူ့ရဲ့ကား ဆိုတဲ့ ဖြစ်တည်မှုမှာ “မီးလောင်ထားတဲ့” ဆိုတဲ့နာမဝိသေသနသာ ပေါင်းထည့်လို့ရမှာဖြစ်ပြီး ကားကမီးလောင်သွားလို့ သူ့အလိုလိုဆိုက်ကားဖြစ်မသွားပါဘူး။

ဒဿနိကဟာ အရာအားလုံးရဲ့ဖြစ်တန်စွမ်းတွေကိုတလေးတစားဖွဲ့တည်ထားတဲ့ဘာသာရပ်တစ်ခုပါ။ဒါကြောင့် Parallel Reality ဟာ အမှန်တကယ်တည်ရှိနိုင်တယ်ဆိုတာကိုသူကိုယ်၌က လက်ခံပြီိးသားဖြစ်နေပါတယ်။ ဒါဟာလည်းဖြစ်တန်စွမ်းတစ်ခုပါပဲ။ ကားဟာမီးလောင်နိုင်သလိုမလောင်တာလည်းဖြစ်နိုင်ပါတယ်။ဒါပေမယ့် ကားမှာမီးလောင်နိုင်တယ်ဆိုတဲ့ ဖြစ်တန်စွမ်းသာရှိနေခဲ့မယ်ဆိုရင် အပြိုင်ဖြစ်တည်မှုတွေအမှန်တကယ်တည်ရှိနေတယ်ဆိုတဲ့ဖြစ်တန်စွမ်းလည်းရှိမှာဖြစ်ပြီး ကားဟာမီးလောင်သွားတာကြောင့်တော့ ကားတစ်စီးဖြစ်တယ်ဆိုတဲ့ Identity က ပျောက်ဆုံးမသွားဘူးဆိုရင် Parallel Reality က ကိုယ်ဟာ ကိုယ်ပဲဖြစ်တယ်ဆိုတဲ့ Identity ဟာ လည်းပျောက်ဆုံးသွားမှာမဟုတ်ပါဘူး။ဒါပေမယ့် မီိးလောင်နေတဲ့ကား ဆိုပြီိး နာမဝိသေသနတစ်ခုပေါင်းထည့်လို့ရသလိုပဲ ဆိုးသွမ်းတဲ့ လူ၊လိမ္မာတဲ့လူ၊ပျက်စီးနေတဲ့လူဆိုတဲ့ ဖော်ပြချက်တွေပေါင်းထည့်လို့ရမှာဖြစ်ပြီိး အဲ့ဒီ့လိုဖြစ်တဲ့ ကိစ္စဟာ အဲ့ဒီ့အခြားကမ္ဘာက ကိုယ့်ရဲ့ ရွေးချယ်လုပ်ဆောင်မှုတစ်ခုချင်းစီနဲ့သာဆိုင်တာဖြစ်သလို ဒီဘက်ကမ္ဘာက ကိုယ်နဲ့လားလားမျှမဆိုင်ပါဘူး။

 

အခုတင်ပြသွားတာတွေကတော့ Parallel Reality အပြိုင်ဖြစ်တည်မှုသီအိုရီတွေဟာ အမှန်တကယ်ဖြစ်နိုင်တယ်ဆိုတဲ့အချက်အလက်တွေပဲဖြစ်ပါတယ်။ သိထားသင့်တာကတော့ အပြိုင်ဖြစ်တည်မှုကမ္ဘာတွေအမှန်တကယ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ အဲ့ဒီ့ဘက်ကမ္ဘာထဲကကိုယ့်ဘဝကိုစိတ်ပူနေစရာမလိုပါဘူး၊အဲ့ဒါက သူ့ရွေးချယ်မှုတွေနဲ့သူ့ဘဝပဲဖြစ်ပြီး ကိုယ်တာဝန်ရှိတာကတော့ လက်ရှိဘဝမှာတန်ဖိုးရှိစွာ ပျော်ရွှင်စွာဖြတ်သန်းဖို့ပဲဖြစ်ပါတယ်။

 

Unicode Format


 



 



 




 


309 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.