အိပ္ယာထတိုင္းရႈပ္ေထြးေနတဲ႔ဆံပင္ေတြကိုမနည္းရွင္းထုတ္ရတာအလုပ္ျကီးတစ္ခုျဖစ္ေနပါသလား

တစ္ခ်ိဳ႕ေသာမိန္းကေလးေတြဟာ မနက္ပိုင္းအိပ္ယာထခ်ိန္မွာ ဆံပင္ေတြ ရႈပ္ပြျငိတြယ္ျခင္းကေနမနက္ခင္းကို အစျပဳခဲ႔ျကရပါတယ္။ တစ္ခါတစ္ခါ အိပ္ယာထလို႕ဆံပင္ကိုျဖီးတဲ႔အခါမွာေတာ္ရံုေလာက္နဲ႕တင္မျပီး ျငိတြယ္ ပူကပ္ျပီးရႈပ္ေထြးေနတဲ႔ဆံပင္ေတြကို ထိုင္ရွင္းရတလည္း အလုပ္တစ္ခုပါပဲ။ ဆိုေတာ႔ ဒီလို နံနက္ခင္းအတြက္အခ်ိန္ကုန္အလုပ္ရႈပ္စိတ္ရႈပ္ျပီးဆံပင္ေတြကို ရွင္းစရာမလုိပဲ ေတာ္ရံုျဖီးတာနဲ႕တင္သပ္ရပ္ရွင္းလင္းသြားေစဖို႕ဘာနည္းလမ္းေလးေတြကိုလုပ္သင္႔သလဲဆုိတာ…
(၁) အိပ္ယာမ၀င္ခင္ေခါင္းျဖီးျပီးမွအိပ္ပါ
အိပ္ယာ မ၀င္ခင္အခ်ိန္မွာဆံပင္ျဖီးျပီးမွာအိပ္သင္႔ပါတယ္။ ဆံပင္ေတြကို ေသခ်ာရွင္း၊ ျပီး အိပ္ယာ၀င္တာဟာ နံနက္ခင္းအိပ္ယာထခိ်န္မွာဆံပင္ျငိတာရႈပ္တာကို သက္သာေစတဲ႔အျပင္ ဦးေရျပားက်န္းမာေရးကို ပါအကိ်ဳးျပဳေစတယ္လို႕သိရပါတယ္။ ဒါေျကာင္႔ မနက္ဆံပင္ေတြရႈပ္မေနဖို႕ ညအိပ္ယာ၀င္ကတည္းကရွင္းျပီး
အိပ္ပါ။
(၂) ဆံပင္ေတြကို ေခါင္းေနာက္ကိုျဖန္႔ျပီးအိပ္ပါ
အိပ္စက္တဲ႔အခ်ိန္မွာ ဆံပင္ေတြကို အျငိသက္သာေစဖို႕ ေခါင္းေအာက္မွာ မထားပဲ အေနာက္ဘက္သို႔ျဖန္႔ထားျပီး အိပ္စက္သင္႔ပါတယ္။ ဆံပင္ေတြက ေခါင္းအေနာက္မွာရွိေနတာေျကာင္႔ေတာ္ရံုတစ္ပင္နဲ႕တစ္ပင္ျငိတာရႈပ္တာ မျဖစ္ေစနိုင္ပဲ သက္ေတာင္႔သက္သာ အိပ္စက္လို႕ရေစပါတယ္။
(၃) ဆံပင္ကိုနွစ္ျခမ္းခြဲျပီးဘယ္ဘက္တစ္ျခမ္းညာဘက္တစ္ျခမ္း ထားျပီးအိပ္ပါ
ေနာက္ကို ဆံပင္ေတြျဖန္႔ျပီးမအိပ္တတ္ဘူးဆိုတဲ႔သူေတြအတြက္ ကေတာ႔ ဆံပင္ေတြကို ဘယ္တစ္ျခမ္းညာတစ္ျခမ္းခြဲျပီး ေခါင္းစည္းျကိုးေပ်ာ႔ေပ်ာ႔ေလးနဲ႕ဖြဖြေလးပတ္ရံုေလးပတ္ျပီးအိပ္ပါ။တင္းတင္းျကီးမဟုတ္ပဲ ဖြဖြေလးတစ္ျခမ္းစီခြဲျပီးအိပ္စက္ျခင္းေျကာင္႔ ဦးေရျပားနာမွာလည္းအပူရတဲ႔အျပင္ ဆံပင္ေတြျကားေလ၀င္ေလထြက္ေကာင္းေစျပီး မနက္ေရာက္လုိ႕ ဆံပင္ေတြ ျငိရႈပ္ေနမွာ
ပူူစရာမလုိေတာ႔ပါဘူး။
(၄) မအိပ္ခင္အဖ်ားေတြကို သံလြင္ဆီ(သို႕) ဆီတစ္မ်ိဳးမ်ိဳးလိမ္းအိပ္ပါ
ဆံပင္ေတြအဓိကရႈပ္တယ္ျငိတယ္ဆိုတာ အဖ်ားေတြျဖစ္တာပိုမ်ားပါတယ္။ အထူးသျဖင္႔ ျကမ္းတမ္းရႈပ္ေထြးတဲ႔ ဆံသားေအာက္ဖ်ားေတြက ပိုျပီးရႈပ္တတ္ျကတာမို႕ ညမအိပ္ခင္မွာ ဆီတစ္မ်ိဳးမ်ိဳးကို
အဖ်ားေတြကို လိမ္းေပးသင္႔ပါတယ္။ ဒီနည္းလမ္းေလးကဆံပင္အျငိသက္သာေစရံုသာမကပဲ အဖ်ားနွစ္ခြျဖစ္တာေတြ ဆံသားအဖ်ားေျခာက္တာေတြကို သာသက္သာေစမွာ အမွန္ပါပဲ။
(၅) ေခါင္းေလ်ွာ္တိုင္းေပါင္းေဆးသံုးေပးဖို႕မေမ႔ပါနဲ႕
ေခါင္းေလွ်ာ္တဲ႔အခ်ိန္တိုင္းမွာ ေပါင္းေဆးသံုးေပးဖုိ႔လိုပါတယ္။ သူမ်ားထက္ပိုျပီးကိုယ္႔ဆံပင္ေတြကျငိတတ္တယ္ ရႈပ္တတ္တယ္ဆိုတာ ဆံသားေတြက ေျခာက္ေသြ႔ျပီး ေပ်ာ႔ေပ်ာင္းျခင္းမရွိနိုင္တာေတြေျကာင္႔ပါ။ ဒါေျကာင္႔ ေပ်ာ႔ေပ်ာင္းတံုဆင္းတဲ႔ ဆံေကသာရဖို႕ ေခါင္းေလ်ွာ္တိုင္းေပါင္းေဆးသံုးေပးျခင္း၊ နွစ္ပတ္တစ္ခါေလာက္ ဆံသားကို Treatment တစ္ခုခုလုပ္ေပးျခင္းျဖင္႔ ဆံပင္ရႈပ္လုိ႔ရွင္းရတဲ႔
ဒုကၡျကီးကို ဖယ္ရွားလုိက္ရေအာင္။
မနက္ေစာေစာ ဆံပင္ထိုင္ရွင္းရတာနဲ႕ပဲအခ်ိန္ကုန္စိတ္ရႈပ္ရတဲ႔မမတို႕ အတြက္အေပၚကနည္းလမ္းေလးတစ္ခ်ိဳ႕နဲ႕ဒီဆံပင္ရႈပ္ေထြးတဲ႔ျပႆနာေလးကို ေက်ာ္လႊားနုိင္ျကပါေစလို႕ဆုေတာင္းေပးလုိက္ပါတယ္…

Unicode

တစ်ချို့သောမိန်းကလေးတွေဟာ မနက်ပိုင်းအိပ်ယာထချိန်မှာ ဆံပင်တွေ ရှုပ်ပွငြိတွယ်ခြင်းကနေမနက်ခင်းကို အစပြုခဲ့ကြရပါတယ်။ တစ်ခါတစ်ခါ အိပ်ယာထလို့ဆံပင်ကိုဖြီးတဲ့အခါမှာတော်ရုံလောက်နဲ့တင်မပြီး ငြိတွယ် ပူကပ်ပြီးရှုပ်ထွေးနေတဲ့ဆံပင်တွေကို ထိုင်ရှင်းရတလည်း အလုပ်တစ်ခုပါပဲ။ ဆိုတော့ ဒီလို နံနက်ခင်းအတွက်အချိန်ကုန်အလုပ်ရှုပ်စိတ်ရှုပ်ပြီးဆံပင်တွေကို ရှင်းစရာမလိုပဲ တော်ရုံဖြီးတာနဲ့တင်သပ်ရပ်ရှင်းလင်းသွားစေဖို့ဘာနည်းလမ်းလေးတွေကိုလုပ်သင့်သလဲဆိုတာ…
(၁) အိပ်ယာမဝင်ခင်ခေါင်းဖြီးပြီးမှအိပ်ပါ
အိပ်ယာ မဝင်ခင်အချိန်မှာဆံပင်ဖြီးပြီးမှာအိပ်သင့်ပါတယ်။ ဆံပင်တွေကို သေချာရှင်း၊ ငြိနေ ရှုပ်နေတာတွေကိုသေချာရှင်းထုတ်ပြီး အိပ်ယာဝင်တာဟာ နံနက်ခင်းအိပ်ယာထချိန်မှာဆံပင်ငြိတာရှုပ်တာကို သက်သာစေတဲ့အပြင် ဦးရေပြားကျန်းမာရေးကို ပါအကျိုးပြုစေတယ်လို့သိရပါတယ်။ ဒါကြောင့် မနက်ဆံပင်တွေရှုပ်မနေဖို့ ညအိပ်ယာဝင်ကတည်းကရှင်းပြီး
အိပ်ပါ။
(၂) ဆံပင်တွေကို ခေါင်းနောက်ကိုဖြန့်ပြီးအိပ်ပါ
အိပ်စက်တဲ့အချိန်မှာ ဆံပင်တွေကို အငြိသက်သာစေဖို့ ခေါင်းအောက်မှာ မထားပဲ အနောက်ဘက်သို့ဖြန့်ထားပြီး အိပ်စက်သင့်ပါတယ်။ ဆံပင်တွေက ခေါင်းအနောက်မှာရှိနေတာကြောင့်တော်ရုံတစ်ပင်နဲ့တစ်ပင်ငြိတာရှုပ်တာ မဖြစ်စေနိုင်ပဲ သက်တောင့်သက်သာ အိပ်စက်လို့ရစေပါတယ်။
(၃) ဆံပင်ကိုနှစ်ခြမ်းခွဲပြီးဘယ်ဘက်တစ်ခြမ်းညာဘက်တစ်ခြမ်း ထားပြီးအိပ်ပါ
နောက်ကို ဆံပင်တွေဖြန့်ပြီးမအိပ်တတ်ဘူးဆိုတဲ့သူတွေအတွက် ကတော့ ဆံပင်တွေကို ဘယ်တစ်ခြမ်းညာတစ်ခြမ်းခွဲပြီး ခေါင်းစည်းကြိုးပျော့ပျော့လေးနဲ့ဖွဖွလေးပတ်ရုံလေးပတ်ပြီးအိပ်ပါ။တင်းတင်းကြီးမဟုတ်ပဲ ဖွဖွလေးစည်းတစ်ခြမ်းစီခွဲပြီးအိပ်စက်ခြင်းကြောင့် ဦးရေပြားနာမှာလည်းအပူရတဲ့အပြင် ဆံပင်တွေကြားလေဝင်လေထွက်ကောင်းစေပြီး မနက်ရောက်လို့ ဆံပင်တွေ ငြိရှုပ်နေမှာ
ပူူစရာမလိုတော့ပါဘူး။
(၄) မအိပ်ခင်အဖျားတွေကို သံလွင်ဆီ(သို့) ဆီတစ်မျိုးမျိုးလိမ်းအိပ်ပါ
ဆံပင်တွေအဓိကရှုပ်တယ်ငြိတယ်ဆိုတာ အဖျားတွေဖြစ်တာပိုများပါတယ်။ အထူးသဖြင့် ကြမ်းတမ်းရှုပ်ထွေးတဲ့ ဆံသားအောက်ဖျားတွေက ပိုပြီးရှုပ်တတ်ကြတာမို့ ညမအိပ်ခင်မှာ ဆီတစ်မျိုးမျိုးကို
အဖျားတွေကို လိမ်းပေးသင့်ပါတယ်။ ဆံပင်အငြိသက်သာစေရုံသာမကပဲ အဖျားနှစ်ခွဖြစ်တာတွေ ဆံသားအဖျားခြောက်တာတွေကို သာသက်သာစေမှာ အမှန်ပါပဲ။
(၅) ခေါင်းလျှော်တိုင်းပေါင်းဆေးသုံးပေးဖို့မမေ့ပါနဲ့
ခေါင်းလျှော်တဲ့အချိန်တိုင်းမှာ ပေါင်းဆေးသုံးပေးဖို့လိုပါတယ်။ သူများထက်ပိုပြီးကိုယ့်ဆံပင်တွေကငြိတတ်တယ် ရှုပ်တတ်တယ်ဆိုတာ ဆံသားတွေက ခြောက်သွေ့ပြီး ပျော့ပျောင်းခြင်းမရှိနိုင်တာတွေကြောင့်ပါ။ ဒါကြောင့် ပျော့ပျောင်းတုံဆင်းတဲ့ ဆံကေသာရဖို့ ခေါင်းလျှော်တိုင်းပေါင်းဆေးသုံးပေးခြင်း၊ နှစ်ပတ်တစ်ခါလောက် ဆံသားကို Treatment တစ်ခုခုလုပ်ပေးခြင်းဖြင့် ဆံပင်ရှုပ်လို့ရှင်းရတဲ့
ဒုက္ခကြီးကို ဖယ်ရှားလိုက်ရအောင်။
မနက်စောစော ဆံပင်ထိုင်ရှင်းရတာနဲ့ပဲအချိန်ကုန်စိတ်ရှုပ်ရတဲ့မမတို့ အပေါ်ကနည်းလမ်းလေးတစ်ချို့နဲ့ဒီဆံပင်ရှုပ်ထွေးတဲ့ပြဿနာလေးကို ကျော်လွှားနိုင်ကြပါစေလို့ဆုတောင်းရင်း….

5 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.