ပရိတ္သတ္ေတြၾကား ထပ္ျပီးဂယက္႐ုိက္ေအာင္ လႈံေဆာ္သြားခဲ့တဲ့ Avicii ရဲ႕ေသဆံုးမႈ

” သူဒီထက္ပုိျပီး ေ႐ွ႔မဆက္ႏုိင္ေတာ့ဘူး ”

” Tim က အထိခိုက္လြယ္တဲ့ အႏုပညာဖန္တီးသူပါ.. လူ႔ဘဝနဲ႔ဆိုင္တဲ့ ေမးခြန္းေတြအတြက္အေျဖကို သူအျမဲ႐ွာေဖြေနခဲ့တယ္။ သူ႔ရဲ႕ဖန္တီးမႈလက္ရာေတြကို ႏုိင္ငံလွည့္ျပီး ေဖ်ာ္ေျဖတယ္။ စိတ္ဖိစီးမႈေတြအလြန္ၾကဴးရတဲ့ထိလည္း အလုပ္ေတြအရမ္းၾကိဳးစားခဲ့ပါတယ္”

” သူ ခရီးသြားတာေတြရပ္လုိက္ျပီး ဘဝမွာ ဘယ္လိုေပ်ာ္ရႊင္ေအာင္ေနထုိင္ရမလဲဆိုတဲ့အေျဖမွန္ကို သူသိခ်င္လာတယ္။ ျပီးေတာ့ သူအရမ္းခ်စ္ရတဲ့ သီခ်င္းေတြကိုဖန္တီးရင္းေပါ့ ။ ဒႆနေတြ ၊ ေပ်ာ္ရႊင္မႈေတြ ၊ ဘဝနဲ႔ပတ္သတ္ျပီး သူ႔ရဲ႕အျမင္ေတြက ဘယ္သူနဲ႔မွမတူဘူး။ ဒီထက္ပုိျပီး သူမေနႏုိင္ေတာ့လို႔ျဖစ္ပါလိမ့္မယ္ …

ျငိမ္းခ်မ္းမႈ႐ွိတဲ့ေနရာကို သူတကယ္သြားခ်င္ခဲ့တာပါ။ Tim က သူ႔ကိုယ္သူ စီးပြားေရး စက္ၾကီးလို႔ ဘယ္တုန္းကမွ မခံယူခဲ့ဘူး။ သူ႔ကိုခ်စ္တဲ့ ပရိတ္သတ္ေတြနဲ႔ပတ္သတ္လာရင္သူက အရမ္းအထိခုိက္လြယ္တယ္။ ဒါေပမယ့္ သူဒီလိုျဖစ္ေနတယ္ဆိုတာကို ပရိတ္သတ္ေတြသတိမထားမိေအာင္ ေနတယ္။

Tim မင္းကို တသက္လံုး ဝမ္းနည္းစြာနဲ႔အမွတ္ရေနမွာပါ။ မင္းဖန္တီးခဲ့တဲ့ မင္းဂီတေတြက မင္းရဲ႕အမွတ္တရေတြကို အျမဲတမ္း႐ွင္သန္ေစဦးမွာပါ။ ငါတုိ႔မင္းကို ခ်စ္တယ္ Tim ”မိသားစုဝင္ေတြက ၀မ္းနည္းေၾကကဲြစြာနဲ႔ ေျပာျပသြားပါတယ္။

Avicii ရဲ႕အမည္ရင္းက Tim Bergling ျဖစ္ပါတယ္။ Muscat, Oman ကိုသူငယ္ခ်င္းေတြနဲ႔ အားလပ္ရက္အနားယူဖို႔ေရာက္႐ွိေနတာျဖစ္ျပီး ဧျပီလ(၂ဝ)ရက္ေန႔မွာ ေသဆံုးေနတဲ့႐ုပ္အေလာင္းကိုေတြ႔႐ွိခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ေသဆံုးမႈနဲ႔ပတ္သတ္ျပီး သံသယျဖစ္စရာ ျပစ္မႈက်ဳးလြန္မႈေတြ မ႐ွိဘူးလို႔ ရဲေတြကလည္း အတည္ျပဳလိုက္ပါျပီ။

Avicii ဟာ သက္တမ္းတစ္ေလွ်ာက္လံုး က်န္းမာေရးျပႆနာေတြ ခံစားခဲ့ရျပီး သူ႔ရဲ႕ပန္ကရိကလည္း အရက္အလြန္အကၽြံေသာက္ထားလို႔ စိုးရိမ္ဖြယ္ အေျခအေနေရာက္ေနျပီလို႔သိရပါတယ္။ ပရိတ္သတ္ေတြကေတာ့ ဒီသတင္းေၾကာင့္ ပိုျပီးေၾကကဲြ၀မ္းနည္းေနရပါတယ္။

(Unicode) 

” သူဒီထက်ပိုပြီး ရှေ့မဆက်နိုင်တော့ဘူး ”

” Tim က အထိခိုက်လွယ်တဲ့ အနုပညာဖန်တီးသူပါ.. လူ့ဘဝနဲ့ဆိုင်တဲ့ မေးခွန်းတွေအတွက်အဖြေကို သူအမြဲရှာဖွေနေခဲ့တယ်။ သူ့ရဲ့ဖန်တီးမှုလက်ရာတွေကို နိုင်ငံလှည့်ပြီး ဖျော်ဖြေတယ်။ စိတ်ဖိစီးမှုတွေအလွန်ကြူးရတဲ့ထိလည်း အလုပ်တွေအရမ်းကြိုးစားခဲ့ပါတယ်”

” သူ ခရီးသွားတာတွေရပ်လိုက်ပြီး ဘဝမှာ ဘယ်လိုပျော်ရွှင်အောင်နေထိုင်ရမလဲဆိုတဲ့အဖြေမှန်ကို သူသိချင်လာတယ်။ ပြီးတော့ သူအရမ်းချစ်ရတဲ့ သီချင်းတွေကိုဖန်တီးရင်းပေါ့ ။ ဒဿနတွေ ၊ ပျော်ရွှင်မှုတွေ ၊ ဘဝနဲ့ပတ်သတ်ပြီး သူ့ရဲ့အမြင်တွေက ဘယ်သူနဲ့မှမတူဘူး။ ဒီထက်ပိုပြီး သူမနေနိုင်တော့လို့ဖြစ်ပါလိမ့်မယ် …

ငြိမ်းချမ်းမှုရှိတဲ့နေရာကို သူတကယ်သွားချင်ခဲ့တာပါ။ Tim က သူ့ကိုယ်သူ စီးပွားရေး စက်ကြီးလို့ ဘယ်တုန်းကမှ မခံယူခဲ့ဘူး။ သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေနဲ့ပတ်သတ်လာရင်သူက အရမ်းအထိခိုက်လွယ်တယ်။ ဒါပေမယ့် သူဒီလိုဖြစ်နေတယ်ဆိုတာကို ပရိတ်သတ်တွေသတိမထားမိအောင် နေတယ်။

Tim မင်းကို တသက်လုံး ဝမ်းနည်းစွာနဲ့အမှတ်ရနေမှာပါ။ မင်းဖန်တီးခဲ့တဲ့ မင်းဂီတတွေက မင်းရဲ့အမှတ်တရတွေကို အမြဲတမ်းရှင်သန်စေဦးမှာပါ။ ငါတို့မင်းကို ချစ်တယ် Tim ”မိသားစုဝင်တွေက ဝမ်းနည်းကြေကွဲစွာနဲ့ ပြောပြသွားပါတယ်။

Avicii ရဲ့အမည်ရင်းက Tim Bergling ဖြစ်ပါတယ်။ Muscat, Oman ကိုသူငယ်ချင်းတွေနဲ့ အားလပ်ရက်အနားယူဖို့ရောက်ရှိနေတာဖြစ်ပြီး ဧပြီလ(၂ဝ)ရက်နေ့မှာ သေဆုံးနေတဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့သေဆုံးမှုနဲ့ပတ်သတ်ပြီး သံသယဖြစ်စရာ ပြစ်မှုကျုးလွန်မှုတွေ မရှိဘူးလို့ ရဲတွေကလည်း အတည်ပြုလိုက်ပါပြီ။

Avicii ဟာ သက်တမ်းတစ်လျှောက်လုံး ကျန်းမာရေးပြဿနာတွေ ခံစားခဲ့ရပြီး သူ့ရဲ့ပန်ကရိကလည်း အရက်အလွန်အကျွံသောက်ထားလို့ စိုးရိမ်ဖွယ် အခြေအနေရောက်နေပြီလို့သိရပါတယ်။ ပရိတ်သတ်တွေကတော့ ဒီသတင်းကြောင့် ပိုပြီးကြေကွဲဝမ်းနည်းနေရပါတယ်။

371 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.