မနက်ဖြန်ည(၇း၁၅)မှာ အီတီဟတ်ဒ်ကွင်းဆီကိုသွားပြီး အိမ်ရှင်မန်စီးတီးကို သွားရောက်ရင်ဆိုင်ရမယ့်ပွဲမတိုင် ခင်မှာ နားရက်အလုံအလောက်မရခဲ့တာကြောင့် စိတ်ခုနေတဲ့ အာဆင်နယ်အသင်းရဲ့စပိန်ကွင်းလယ်ကစားသ မားမိုက်ကယ်အာတီတာက ပွဲစဉ်ဇယားရေးဆွဲမှုများကို ဘယ်လိုမှ နားမလည်နိုင်အောင်ဖြစ်နေရကြောင်း ပြော ပြလာခဲ့ပါတယ်။ အာဆင်နယ်ဟာပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၅) အဲဗာတန်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲကို တနင်္ဂနွေည (၁၀း၃၀)မှာ ကစားခဲ့ရပြီးတဲ့နောက် နာပိုလီကို(၂)ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက် ဆုံးပွဲကို ပြီးခဲ့တဲ့ကြာသပတေးနံနက်(၂း၁၅)မှာ ကစားခဲ့ရတာဖြစ်ပါတယ်။ မနက်ဖြန်ရဲ့ အစောဆုံးပရီးမီးယား လိဂ်ပွဲစဉ်အဖြစ် ည(၇း၁၅)မှာ မန်စီးတီးကွင်းဆီးသွားကစားရမှာဖြစ်ပါတယ်။
“ ကျွန်တော်တို့က အဲဗာတန်နဲ့ပွဲကို တနင်္ဂနွေနေ့လည်မှာ ကစားခဲ့ပြီး နာပိုလီနဲ့ပွဲကို ဗုဒဟူးညနေမှာ ကစားခဲ့ရ ပါတယ်။ နောက်ပြီးတော့ စနေအစောဆုံးပွဲကိုလည်း ကစားရဦးမယ်လေ။ မန်စိးတီးနဲ့ပွဲအတွက် ကျွန်တော်တို့ အသင်းရဲ့ ပြင်ဆင်မှုဆိုတာက အပန်းဖြေတာလောက်ပဲရှိတော့တယ်။ မန်စီးတီးကတော့ ဘိုင်ယန်နဲ့ပွဲမှာ (၇) ယောက်လောက် အနားပေးထားခဲ့တယ်.။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အသင့်ရှိနေဖို့လိုအပ်တယ်။ဘာဆင်ခြေ မှ မပေးဘဲနဲ့ပေါ့။ အဲဒီမှာ အနိုင်လိုချင်လို့ ရနိုင်သလောက်ပြင်ဆင်သွားရမှာပဲ”လို့ အာတီတာကပြောခဲ့လေရဲ့။