အသက် ၃၀ အရွယ်ရောက်ပြီဆို ဒီလိုအပြောင်းအလဲလေးတွေစသင့်ပြီနော်…
၁။အိပ်ရာဝင်တဲ့အချိန်နဲ့အိပ်ရာထချိန်ကို ပုံမှန်အတိုင်းဖြစ်ပါစေ
၂။ဒိုင်ယာရီရေးပါ
၃။ငွေစုပါ
လူငယ်တွေကတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးအရေးတယူသိပ်မရှိကြပေမဲ့အသက် ၃၀အရွယ်ရောက်လာတဲ့အခါမှာတော့ ကျန်းမာရေးကိုဂရုစိုက်ဖို့လိုလာပါပြီ။
၈။ကျန်းမာလှပအောင်နေပါ
Unicode
အသက် ၃ဝဆိုတာ ဘဝရဲ ့အတွေ့အကြုံတွေလည်းရှိသင့်သလောက်ရှိပြီးဖြစ်သလို နောက်ထပ်အောင်မြင်မှုပန်းတိုင်တွေလည်းအသစ်အသစ်ထားရှိနိုင်သေးတဲ့အရွယ်ကောင်းပါ။ အတွေ့အကြုံတွေ၊အမှားအယွင်းတွေကနေ သင်ခန်းစာယူပြီး အောင်မြင်မှုရဲ ့အနှစ်သာရ ကိုရှာဖွေရမယ့်အချိန်လည်းဖြစ်ပါတယ်။ဒါ့အပြင် ငယ်တုန်းက ရှိခဲ့တဲ့အလေ့အကျင့်တွေထဲက မကောင်းတဲ့အကျင့်တွေကိုဖျောက်ပြီး အပြောင်းအလဲလေးတွေရှာဖွေသင့်ပါတယ်။ မီဒီယာတစ်ခုကနေ အသက် ၃ဝအရွယ်ရောက်သူတိုင်းမှာရှိထားသင့်တဲ့အလေ့အကျင့်လေးတွေ၊ အကျင့်ကောင်းလေးတွေကို စုဆောင်းထားပါတယ်။အဲ့ဒါတွေကိုပြန်ပြီးမျှဝေပေးလိုက်ပါတယ်နော်။
၁။အိပ်ရာဝင်တဲ့အချိန်နဲ့အိပ်ရာထချိန်ကို ပုံမှန်အတိုင်းဖြစ်စေပါ
အားလပ်ရက်မှာဘယ်လောက်ပဲအိပ်ချင်အိပ်ချင် မအိပ်ပါနဲ့။ပုံမှန်ထနေကျအချိန်အတိုင်း ထပါ။ပုံမှန်အိပ်ရာဝင်ချိန်အတိုင်းဝင်ပါ။ဒါက သင့်ခန္ဓာကိုယ်ကျန်းမာရေးကို အကောင်းဆုံးထိန်းသိမ်းနိုင်မယ့်နည်းလမ်းတစ်ခုပါပဲ။
၂။ဒိုင်ယာရီရေးပါ
အရင်တုန်းကရေးလေ့မရှိပေမဲ့ အသက် ၃ဝအရွယ်ရောက်လာပြီဆိုရင် ဒိုင်ယာရီရေးတတ်တဲ့ အကျင့်လေးမွေးထားပါ။နေ့တိုင်းကိုယ်တွေ့ကြုံခဲ့သမျှ၊တွေးမိသမျှလေးတွေ ကိုချရေးပါ။ဒိုင်ယာရီဆိုတာ ဘဝရဲ ့စာမျက်နှာတွေပါပဲ။သင် တစ်ချိန်ပြန်ဖတ်မိတဲ့အခါ ကြည်နူးမှုတွေ၊အားအင်တွေ အသစ်တစ်ဖန်ပြန်လည်ရရှိသွားစေမှာပါ။
၃။ငွေစုပါ
ငယ်တုန်းမှာ သုံးသင့်သလောက်၊ကုန်သင့်သလောက်လည်းကုန်ပြီးပြီဆိုတော့ ဘဝရဲ ့တစ်ဆစ်ချိုးအကွေ့မှာ ငွေကြေးစုဆောင်းဖို့လိုအပ်လာပါပြီ။နောင်ရေးအတွက် စိတ်အေးရအောင် ငွေစုထားဖို့လိုပါတယ်။အရေးကြုံတဲ့အခါစုထားတဲ့ငွေလေးရှိတော့ အခက်အခဲလည်းသိပ်မရှိတော့ဖူးပေါ့။ဘဝဆိုတာမမျှော်လင့်ထားတဲ့အရာတွေ ဖြစ်ပျက်တတ်တာမို့ ကြိုတင်ပြင်ဆင်စုဆောင်းထားတာက မမှားပါဘူး။
၄။တစ်နှစ်တစ်ခါ ကျန်းမာရေးစစ်ဆေးပါ
လူငယ်တွေကတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးအရေးတယူသိပ်မရှိကြပေမဲ့အသက် ၃ဝအရွယ်ရောက်လာတဲ့အခါမှာတော့ ကျန်းမာရေးကိုဂရုစိုက်ဖို့လိိုလာပါပြီ။
နေ့စဉ်လှုပ်ရှားမှုတွေ၊စိတ်ဖိစီးမှုတွေ၊မကောင်းတဲ့အလေ့အကျင့်တွေက ကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။သင့်ကျန်းမာရေးကိုမထိခိုက်ဘူးဆိုရင်တောင်
တစ်နှစ်ကိုတစ်ခါတော့ ကျန်းမာရေးစစ်ဆေးသင့်ပါတယ်။
၅။သင်လုပ်နိုင်တဲ့အလုပ်ပေါ်အာရုံစိုက်ပါ
ဒီအရွယ်က ကိုယ်ဘာလုပ်ချင်တယ်၊ဘာလုပ်နိုင်တယ်ဆိုတာကို သူများထောက်ပြမှ သိတဲ့အရွယ်မဟုတ်တော့ပါဘူး။ကိုယ်ဘာတွေလုပ်နိုင်တယ်၊ဘာကို
အကောင်းဆုံး လုပ်နိုင်တယ်ဆိုတာသိရင် အဲ့ဒီအလုပ်အပေါ်မှာ အာရုံစိုက်ပြီးကြိုးစားဖို့လိုအပ်ပါတယ်။အဲ့ဒါမှအောင်မြင်မှုအကျိုးခံစားရမှာပါ။
၆။မိသားစုအတွက်အချိန်ပေးပါ
ဘဝမှာအရေးကြီးဆုံး၊ကိုယ်နဲ့အတူရှိနေပေးတာက မိသားစုပါပဲ။ချစ်သူရည်းစားတောင် ကိုယ့်အပေါ်စိတ်မရှည်သည်းမခံတဲ့အချိန် ကိုယ့်အနားမှာရှိနေတဲ့မိသားစုအတွက် အကောင်းဆုံးလုပ်ပေးနိုင်ဖို့လိုအပ်ပါတယ်။ဘယ်လောက်ပဲအလုပ်များများ မိသားစုတွေ၊ဆွေမျိုးတွေနဲ့ မကြာခဏတွေ့ဆုံပါ။ပြီးတော့သင်က ရင့်ကျက်နေပြီဆိုတဲ့ အကြောင်းပြပါ။မိဘတွေရဲ ့မျက်လုံးထဲမှာတော့သားသမီးတွေက အမြဲတမ်း ကလေးလေးပါပဲ။
၇။ကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်အောင်ထားပါ
ဒါကအရေးကြီးဆုံးပါပဲ။အသက် ၃ဝအရွယ်ဆိုတာ ငယ်တုန်းကလို ဝမ်းနည်းစရာကိစ္စတွေကို တသသပြန်တွေးဆွေးနေရမယ့်အရွယ်မဟုတ်ပါဘူး။ကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်အောင် ထားပါ။ရယ်မောပါ။ပျော်ရွှင်စရာ၊ရယ်မောစရာတွေအမြဲတမ်းရှာဖွေပါ။ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။၀ါသနာပါတာကို အားလပ်ချိန်မှာလုပ်ပါ။
၈။ကျန်းမာလှပအောင်နေပါ
နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင် အသက် ၃ဝဆိုတာ ငယ်ရွယ်မှုတွေရှိသေးသလို ရင့်ကျက်မှုတွေလည်းစတင်လာတဲ့အရွယ်ပါ။ဘဝဆိုတာတိုတိုလေးဖြစ်လို့ ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကိုယ်လှလှပပလေးဖြစ်အောင်နေတတ်ဖို့ အရေးကြီးပါတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားပြီး အားကစားလည်းပုံမှန်လုပ်ပါလို့အကြံပေးချင်ပါတယ်။
690 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.