ထမင်းစားနေတုန်း ရေသောက်တတ်တဲ့အကျင့်ဟာ ကောင်းလား?

ထမင်းစားနေတုန်းရေမသောက်နဲ့၊အစာခြေစနစ်ကိုထိခိုက်လိမ့်မယ်ဆိုပြီး မကြာခဏ ဆိုသလိုပြောတာကြားဖူးကြမှာပါ။တစ်ချို့ကလည်းဒီအယူအဆကမှန်တယ်၊ မသောက်သင့်ဘူးဆိုပြီးပြောကြသလို တစ်ချို့ကျတော့လည်း ဘာမှမဖြစ်ဘူး ဆိုပြီးပြောကြပါတယ်။ဒါဖြင့် ထမင်းစားနေတုန်းရေသောက်တဲ့အကျင့်က ကောင်းလား၊မကောင်းဘူးလားဆိုတာ အဖြေရှာကြည့်လိုက်ရအောင်။

ရေရဲ့ အကျိုးကျေးဇူးတွေကို လူတိုင်းသိကြပါတယ်။အဆိပ်အတောက်တွေရှင်းလင်းပေးတာ ၊ရေဓာတ်ဖြည့်ပေးတာ၊အစာခြေစနစ်ကိုကောင်းမွန်စေတာစသဖြင့်ပေါ့။ အဲ့ဒါကြောင့် ကျွမ်းကျင်ပညာရှင်တွေက တစ်နေ့ကို ၂လီတာနဲ့ ၂လီတာခွဲရေသောက်ပေးဖို့ကိုပြောနေကြတာပါ။ ဒီလိုရေသောက်ပေးရမယ်ပြောနေချိန်မှာ ထမင်းစားနေတုန်းရေသောက် တာကောင်းလား၊ မကောင်းဘူးလား ဆိုတဲ့အယူအဆကွဲတွေဖြစ်လာကြတာပါ။

တစ်ချို့လူတွေယုံကြည်ထားကြသလို အစားစားနေတုန်းရေသောက်ရင် အဲ့ဒီရေက အပြင်ကိုမစွန့်ထုတ်ပဲ ခန္ဓာကိုယ်ထဲမှာပဲသိုလှောင်နေမယ်ဆိုတဲ့အဆိုကိုပညာရှင်တွေ ကတော့ ငြင်းဆိုထားပါတယ်။တကယ်တော့ ဆန့်ကျင်ဘက်ဖြစ်တာပါတဲ့။ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ဘာတွေပဲလုပ်လုပ် ရေသောက်လိုက်ပြီဆိုတာနဲ့ ကျောက်ကပ်လုပ်ဆောင်မှုကိုတက်ကြွစေပြီး ခန္ဓာကိုယ်ထဲမှာရေဓာတ်ညီမျှအောင်ကူညီပေးတယ်လို့ပြောထားပါတယ်။ဒါပေမဲ့
ကိုယ်အလေးချိန်လျှော့ချမယ်လို့စဉ်းစားထားရင်တော့ ကာဗိုဟိုက်ဒရိတ်များတဲ့အစားအစာတွေ၊ အာလူး၊ပေါင်မုန့်စတဲ့အစားအစာတွေစားနေချိန်မှာတော့ရေမသောက်ဖို့အကြံပြုထားပါတယ်။ အဲ့ဒီအချိန်မှာရေသောက်ရင်တော့ သင့်ရဲ့ အစာအိမ်ကိုပိုပြီးလှုံဆော်ကာ သင့်ကိုပိုပြီးဝလာစေပါ တယ်တဲ့။ရေချည်းပဲဒီတိုင်းသောက်လိုက်မယ်ဆိုရင် ကယ်လိုရီမတက်ပါဘူး။ အစာ မစားခင်ရေသောက်မယ်ဆိုရင်တော့ အစာအိမ်ကပြည့်သွားပြီး အစားစားတဲ့အခါ နည်းနည်းပဲစားဖြစ်စေပါတယ်။ဒါပေမဲ့အဲ့ဒီလိုရေသောက်ပေးရုံနဲ့တော့ ကိုယ်အလေးချိန်ကျစေမှာမဟုတ်ပါဘူး။

အစာစားနေတုန်း ရေသောက်မယ်ဆိုရင် အစာအိမ်အတွက်ဘာမှမထိခိုက်ဘူးဆိုတာမှန်ပေမဲ့ နည်းနည်းပဲသောက်ဖို့တော့အကြံပေးထားပါတယ်။အရမ်းများရင်တော့ အစာခြေစနစ်ကို ခက်ခဲသွားစေပါတယ်။ထမင်းစားနေတုန်း ရေအနည်းငယ်သောက်ပေးတာက အစားကိုလည်းနည်းနည်းပဲစားဖြစ်စေပါတယ်။အဲ့ဒါကြောင့် ထမင်းစားနေတုန်း ရေတစ်ဖန်ခွက်လောက်သောက်တာက အစာအိမ်အတွက် ကောင်းမွန်စေတယ် ဆိုတဲ့အယူအဆက မှန်ကန်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ထမင်းစားနေတုန်း ရေသောက်လို့ရသလို အစားမစားခင်နဲ့အစာစားပြီး ဘယ်အချိန်သောက်ရင် ပိုကောင်းသလဲဆိုရင်တော့ ပညာရှင်တွေကအစားစားပြီးမှရေသောက်ဖို့ ကိုပိုပြီး တိုက်တွန်းထားပါတယ်။အစားစားပြီး ရေသောက်လိုက်မယ် ဆိုရင် အဲ့ဒီအရည်တွေက အစာအိမ်နံရံတွေကိုကာကွယ်ပေးပါတယ်တဲ့။ဒါပေမဲ့ ရိုးရိုးရေပဲသောက်ပေးပါ လို့ပြောထားပါတယ်။ရေခဲရေက ခန္ဓာကိုယ်ရဲ့ PH လယ်ဗယ်ကိုမြင့်တက်စေပြီး အစာအိမ်ရဲ့ လုပ်ဆောင်ချက်ကိုပိုပြီးခက်ခဲစေပါတယ်။

အဲ့ဒါကြောင့်ထမင်းမစားခင်ဖြစ်စေ၊ထမင်းစားပြီးဖြစ်စေ ၂နာရီလောက်ခြားပြီး ရေသောက်ပေးမယ်ဆိုရင် စားလိုက်တဲ့အစားအစာရဲ့ ပြည့်ဝတဲ့အာဟာရ ကိုကောင်းမွန်စွာရရှိစေပါတယ်လို့ ပညာရှင်တွေကစမ်းသပ်တွေ့ရှိခဲ့ပါတယ်။

753 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.