ပြည်တွင်းလက်မှတ်ရုံတွေမှာတော့ Deadpool က လွှမ်းမိုးမှုရှိနေ
ချည်းကပ်မှုမြန်ဆန်တဲ့ Deadpool 2 ဟာ မြောက်အမေရိကရှိ ရုပ်ရှင်ရုံတွေမှာတော့ ဒေါ်လာသန်း ၁၅ဝထိ အဖွင့်ကောင်းခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ Tim Miller ရိုက်ကူးတာဖြစ်ပြီး ပထမ Deadpool ဇာတ်ကားတုန်းက ၂ဝ၁၆ ဖေဖော်ဝါရီလမှာ ပြည်တွင်းဝင်ငွေ ဒေါ်လာ၁၃၂ သန်း ၊ တစ်ကမ္ဘာလုံးဝင်ငွေကတော့ ဒေါ်လာ ၇၈၃ သန်း ရရှိခဲ့လို့ ဇာတ်ကားတွေထဲမှာဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။
ဧပြီ (၂၇)ရက်နေ့မှစတင်ပြီး ရုံတင်ခဲ့တဲ့အပတ်မှာတင် စံချိန်ချိုးဖောက်နိုင်ခဲ့တဲ့ Marvel’s Avengers: Infinity War ပြီးရင် Deadpool 2 က အချိန်တိုတွင်းအမှီလိုက်နိုင်တဲ့
ဇာတ်ကားဖြစ်ပါတယ်။ ပုံမှန်အရွယ်ထက်ကြီးမားတဲ့ စူပါဟီးရိုးဓာတ်ပုံတွေရဲ့ ပြည်တွင်းခန့်မှန်းခြေ
အမြတ်ငွေဟာ ဒေါ်လာ ၂၁၆သန်းနဲ့ ၂၃၅ သန်းကြားရှိနေပါတယ်။ Deadpool 2 ကတော့ မေလ ၁၈ရက်နေ့ဆို တစ်ကမ္ဘာလုံးအနှံ့ဖြန့်ချိတော့မှာဖြစ်ပါတယ်။ Trailer ဗီဒီယိုလေးဖော်ပြပေးလိုက်တယ်နော်…