သင့်ရဲ့အသစ်စက်စက်ချစ်သူလေးကို သေချာပေါက်မေးသင့်တဲ့မေးခွန်းတွေ

ချစ်သူတစ်ယောက်ကောက်ရလိုက်ပြီဆိုပါတော့၊ချစ်သူတွေဖြစ်ကြတာမကြာသေးဘူးရက်ပိုင်း၊လပိုင်းပဲရှိသေးတယ်.. ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ် ချစ်သူကလေးကို တုန်နေအောင်ချစ်တယ်ဘာညာဆိုပြီး ပျားရည်ဆမ်းကာလတွေမှာပျော်မြူးကြည်နူးနေရုံနဲ့မပြီးသေးပါဘူး။ သင်သာသူ့ကိုတကယ်ချစ်လို့တဘဝလုံးစာအတွက်လက်တွဲဖို့ရည်ရွယ်ထားတယ်ဆိုရင် ခုလိုပူပူနွေးနွေးအချိန်မှာ သူ့ကိုမေးသင့်တဲ့မေးခွန်းတွေရှိပါတယ်။ဘာလို့ ပူပူနွေးနွေးအချိန်မှာမေးသင့်တာလဲဆိုတော့ ဒီမေးခွန်းတွေဟာ သင်နဲ့သူနဲ့အနာဂတ်မှာအဆင်ပြေမပြေ ဆုံးဖြတ်ရေးအတွက်အဓိကကျတဲ့မေးခွန်းတွေဖြစ်ပြီး သွေးပူတုန်းမေးလို့မှ ကိုယ်နဲ့အဆင်မပြေနိုင်ဘူးလို့သိတဲ့အခါချက်ချင်းဖြတ်ရမှာမို့သွေးပူတုန်းလမ်းခွဲလိုက်ရင် ရက်အနည်းငယ်လောက်ပဲခံစားရတာကြောင့်ပါ။ အဆင်ပြေမှာမဟုတ်ဘူးလို့သိပြီးမှ ဖြတ်တာမဖြတ်တာကတော့သင့်ရဲ့ရွေးချယ်မှုပေါ့လေ။ ဒါပေမယ့် အဆင်မပြေလောက်ဘူးလို့ သိနေတဲ့အရာကိုအဆင်ပြေအောင်ကြိုးစားကြရာမှာ အောင်မြင်လာခဲ့တဲ့သူကတော့လက်ချိုးရေလို့ရတာပေါ့။

 

မနက်အိပ်ရာထနောက်ကျလို့အလုပ်နောက်ကျတော့မယ်ဆိုရင်ဘယ်လိုလုပ်မလဲ

ဒီိမေးခွန်းကမူမမှန်ဘူးလို့ထင်စရာရှိပါတယ်။အနည်းငယ်ထူးဆန်းရာကျပေမယ့် အမှန်တကယ်ကိုမေးသင့်တဲ့မေးခွန်းပါ။ သူ့ရဲ့အဖြေကိုကြည့်ပြီးတော့ သူ့ရဲ့စိတ်ဓာတ်နဲ့အရည်အချင်းကိုအကဲဖြတ်လို့လည်းရနိုင်ပါတယ်။ သူက အဲ့ဒါဆို အလုပ်ကိုအသည်းအသန်ပြေးမှာပေါ့လို့ဖြေခဲ့မယ်ဆိုရင် သူက တစ်ခုခုကိုအလွယ်တကူအလျှော့မပေးချင်တဲ့လူစားပါ။ နောက်ကျနေရင်တော့ အလုပ်ကိုမသွားပဲနေလိုက်တော့မှာပေါ့..ဆိုရင်တော့ သူကဘဝမှာသိပ်ပြီးစိတ်ရှုပ်မခံပဲအေးအေးသက်သာနေချင်တဲ့လူစားမျိုးပါ။ ဒါမှမဟုတ် အလုပ်ကိုနောက်ကျမယ်လို့ဖုန်းဆက်လိုက်မှာပေါ့.လို့ဖြေခဲ့မယ်ဆိုရင်တော့ သူက အရာရာကိုအဆင်ပြေသလိုကြိုးစားလုပ်ဆောင်သွားချင်တဲ့လူစားမျိုးပါ။

 

ရုပ်ရှင်မကြည့်ခင် Movie reviews တွေအရင်ဖတ်တတ်သလား

ဒီမေးခွန်းကတော့ သင်နဲ့သင့်ချစ်သူတို့နှစ်ယောက်က တူညီတဲ့စိတ်ထားရှိသလားမရှိဘူးလားဆိုတာကိုအလွယ်တကူဖော်ပြနိုင်တဲ့မေးခွန်းမျိုးပါ။ reviews တွေဖတ်ပြီးမှကြည့်သင့်မကြည့်သင့်ရွေးတယ်ဆိုရင်တော့ သူကအခြားသူတွေရဲ့အကြံညဏ်တွေကိုဂရုစိုက်တတ်တဲ့လူမျိုးဖြစ်ပြီး သင့်ကိုလည်း သူ့သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီးမှချစ်ဖို့ရွေးခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မဖတ်ပဲကြည့်ချင်စိတ်ရှိမှကြည့်တာမျိုးဆိုရင်တော့ သူကသူ့စိတ်ခံစားချက်နဲ့ပဲတစ်ခုခုကိုရွေးချယ်တတ်သူမျိုးပါ။

 

ဘယ်အရာက သူ့ကိုစိတ်အနှောက်အယှက်အများဆုံးပေးနိုင်သလဲ

ဒါက ချစ်သူတွေဖြစ်နေပြီိဆိုမှတော့ သင့်အနေနဲ့အလိုအလျောက်ရိပ်မိသင့်တဲ့အရာပါ။သင်က အ လို့ ညံ့လို့မရိပ်မိဘူးဆိုရင်တော့ နောက်ကိုသူ့စကားတွေကိုနားစိုက်ထောင်ပြီိးအဲ့ဒီိ့စကားတွေထဲကမှ သူကဘာကိုအမုန်းဆုံးလဲဆိုတာကိုသတိထားကြည့်ပါ။ ပွင့်လင်းတဲ့သူဆိုရင်တော့ဖွင့်မေးလိုက်တာကလည်းအဆင်ပြေပါလိမ့်မယ်။ဒါကချစ်သူသက်တမ်းအစမှာအမှန်တကယ်ကိုသိထားသင့်တဲ့မေးခွန်းပါ။ ဥပမာ သင်က ဘားတွေ ပါတီတွေ ရှိုးပွဲတွေသွားရတာနှစ်သက်ပေမယ့် သင့်ချစ်သူကတော့ ချောင်တစ်ချောင်မှာစာအုပ်တစ်အုပ်နဲ့အေးအေးသက်သာနေရတာကိုသာနှစ်သက်တယ်ဆိုရင်သင်တို့ရဲ့ချစ်ခရီးလမ်းဟာကြာရှည်အဆင်ပြေဖို့အခွင့်အလမ်းနည်းပါတယ်။

 

သူ့အိမ်နဲ့ဆက်ဆံရေးအဆင်ပြေလား

အိမ်နဲ့ဆက်ဆံရေးအဆင်မပြေသူတွေက အခြားသူတွေနဲ့လည်းကောင်းကောင်းမွန်မွန်ဆက်ဆံနိုင်လေ့မရှိသလို ဆက်ဆံရေးအဆင်ပြေလွန်းပြီးမိဘကိုတအားမှီခိုလွန်းသူတွေကျပြန်တော့လည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိပဲဖြစ်တတ်ပါတယ်။တကယ်လို့သင့်ချစ်သူကဒီိလိုလူမျိုးဆိုရင်သူသင့်ကိုတွဲခဲ့တာဟာ သူ့အမေကြီးရဲ့ဆုံးဖြတ်ချက်တစ်ဝက်ပါနေမလားတောင်မသိပါဘူး။ ဒါကို “ယူ့ကိုအမေတွေအဖေတွေကအရမ်းချစ်တာပဲလား”ဆိုတဲ့မေးခွန်းမျိုးနဲ့မသိမသာစုံစမ်းကြည့်လို့ရပါတယ်။

 

အရင်ရည်းစားနဲ့ဘာလို့ပြတ်စဲခဲ့တာလဲ

ဒါကတော့ နောက်ဆုံးနဲ့အရေးအကြီိးဆုံးမေးခွန်းပါ။သူ့အနေနဲ့အရင်ရည်းစားအကြောင်းလုံးဝမပြောချင်ဘူး ပြောဖို့ငြင်းဆန်နေတယ်ဆိုရင်သူက အရင်ရည်းစားကိုမမေ့သေးတာဖြစ်နိုင်ပါတယ်။ မကောင်းကြောင်းတွေချည်းပဲနင်းကန်ပြောနေတယ်ဆိုရင်တော့ သင်နဲ့ပြတ်သွားခဲ့ရင် သင်တော့သူ့ပါးစပ်ထဲမှာရေရေလည်လည်သိက္ခာကျပြီသာမှတ်လိုက်ပါ။ အရင်ရည်းစားနဲ့ဘာကြောင့်ပြတ်ရတယ်ဆိုတာတည်တည်ငြိမ်ငြိမ်ပြောပြနိုင်တဲ့သူမျိုးဖြစ်တဲ့အထိ သင့်ချစ်သူဟာရင့်ကျက်ဖို့လိုပါတယ်။

 

Unicode Format








 





0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.