ပရိသတ္ေတြေတာင္ေ၀ခြဲမရျဖစ္သြားတဲ႔ Ji Chang Wook ရဲ ႔ပလတ္စတစ္ဆာဂ်ရီမလုပ္ခင္နဲ႔ လုပ္ျပီးပံု

ေတာင္ကုိရီးယားႏုိင္ငံရဲ ႔ထိပ္တန္းအႏုပညာရွင္မင္းသားေတြထဲမွာပါ၀င္လာတဲ႔ မင္းသား Ji Chang Wook ဟာ သူ႔ရဲ ႔ခ်စ္စရာေကာင္းတဲ႔အျပံဳး၊ေခ်ာေမာတဲ႔ရုပ္ရည္ ၊ၾကည့္ေကာင္းတဲ႔ ခႏၶာကုိယ္၊သရုပ္ေဆာင္ေကာင္းမြန္မႈတို႔ေၾကာင့္ တျဖည္းျဖည္းနဲ႔ လူငယ္ပရိသတ္ေတြ ၾကားေရပန္းစားလာခဲ႔သူျဖစ္ပါတယ္။အထူးသျဖင့္ မိန္းကေလးပရိသတ္ေတြၾကားမွာ ပိုျပီးေပၚျပဴလာျဖစ္တဲ႔မင္းသားတစ္လက္ပါ။

တစ္ခ်ိဳ႔ပရိသတ္ေတြလည္းသိျပီးသားျဖစ္ရင္ျဖစ္မယ္၊မသိေသးၾကတာလည္းျဖစ္ႏုိင္ပါတယ္။တကယ္ေတာ့ မင္းသား Ji Chang Wook ဟာ ပလတ္စတစ္ဆာဂ်ရီလုပ္ဖူးတယ္လို႔ သတင္းထြက္ ခဲ႔ဖူးသူတစ္ေယာက္ပါ။ ကုိရီးယားမွာ ပလတ္စတစ္ဆာဂ်ရီလုပ္တာက နာမည္ၾကီးျပီး မ်က္ႏွာမခြဲစိတ္မျပဳျပင္ထားတဲ႔မင္းသား၊မင္းသမီးဆိုတာလည္းရွားပါတယ္။တစ္ခ်ိဳ႔ကေတာ့ နဂိုက သိပ္ျပီးမေခ်ာေမာေပမဲ႔ ခြဲစိတ္ျပဳျပင္လိုက္တဲ႔အခါမွာ ျပစ္မ်ိဳးမွဲ႔မထင္ဆုိတဲ႔မ်က္ႏွာေလးေတြ ရလာၾကပါတယ္။အခုေနာက္ပုိင္းမွာကုိရီးယားမင္းသား၊မင္းသမီးေတြရဲ႔ Before and After ပံုေတြကလည္း တျဖည္းျဖည္းထြက္ေပၚလာပါတယ္။

မင္းသား Ji Chang Wook ဟာ ပလတ္စတစ္ဆာဂ်ရီလုပ္ထားတယ္ဆုိတဲ႔ သတင္းထြက္လာျပီး တဲ႔ေနာက္မွာ ပရိသတ္ေတြက သူ႔ရဲ ႔မျပဳျပင္ခင္ကမ်က္ႏွာကုိျမင္ဖူးခ်င္လာၾကပါတယ္။ တကယ္တမ္း သူ႔ရဲ ႔ပင္ကုိယ္မ်က္ႏွာကုိျမင္ေတြ႔ရတဲ႔အခါမွာေတာ့ အားလံုးက အံ႔ၾသသင့္သြားခဲ႔ၾကပါတယ္တဲ႔။
ဘာလုိ႔လဲဆိုေတာ့ Ji Chang Wook ရဲ ႔မ်က္နွာဟာ အရင္ကတည္းကၾကည့္ေကာင္း ေခ်ာေမာေနတာပါပဲ။၂၀၀၈ခုႏွစ္က အႏုပညာေလာကထဲကုိစတင္၀င္ေရာက္လာတာျဖစ္ျပီး အဲ႔ဒီကတည္းက ပရိသတ္ေတြကုိဆြဲေဆာင္ႏုိင္တဲ႔မင္းသားတစ္လက္ျဖစ္ခဲ႔ပါတယ္။

သူ႔ရဲ ႔မ်က္နွာမွာထင္ရွားတဲ႔အစိတ္အပိုင္းကေတာ့ မ်က္ရစ္ထူထူႏွစ္ထပ္ျဖစ္ျပီး ေနာက္တစ္ခုေတာ့ သူ႔ရဲ ႔ႏွာတံျဖစ္ပါတယ္တဲ႔။၂၀၁၃ ခုႏွစ္မွာေတာ့Ji Chang Wook ဟာ Empress Ki ဇာတ္ကားရိုက္ကူးခဲ႔ျပီး အဲ႔ဒီဇာတ္ကားမွာေတာ့ပရိသတ္ေတြက သူ႔ရဲ ႔ႏွာတံေျပာင္းလဲသြားတာကုိ သတိထားမိခဲ႔ပါတယ္။Ji Chang Wook က သူ႔ရဲ ႔ႏွာေခါင္းကုိ ျပဳျပင္ခဲ႔တယ္လို႔ အဲ႔ဒီကစ သတင္းထြက္လာခဲ႔ေတာ့တာပါပဲ။အႏုပညာေလာကထဲ၀င္ခါစဆို အႏုပညာရွင္ေတြက သိပ္ျပီးၾကည့္မေကာင္းၾကပဲေနာက္ပုိင္းမွာမွ ပုိျပီးအထာက် ေခ်ာေမာလာၾကတာပါ။ Ji Chang Wook ဟာလည္း ေနာက္ပုိင္းမွာ Suspicious Partner ၊ Fabricated City စတဲ႔ဇာတ္ကားေတြနဲ႔မိန္းကေလးပရိသတ္ေတြရဲ ႔သည္းသည္းလႈပ္အခ်စ္ခံရတဲ႔
မင္းသားတစ္လက္ျဖစ္လာခဲ႔ပါတယ္။သူ႔ရဲ ႔သရုပ္ေဆာင္စြမ္းရည္ေၾကာင့္လည္း ပိုျပီးေက်ာ္ၾကားလာခဲ႔တာပါ။

Ji Chang Wook ဟာ ပလတ္စတစ္ဆာဂ်ရီလုပ္ခဲ႔ဖူးတယ္လို႔တရား၀င္မေၾကညာခဲ႔ေပမဲ႔ ပလတ္စတစ္ဆာဂ်ရီနဲ႔ပတ္သက္ျပီးအေတာ္မ်ားမ်ားေျပာခဲ႔ဖူးတယ္လို႔သိရပါတယ္။ ၂၀၁၂ တုန္းက အင္တာဗ်ဴးတစ္ခုမွာေတာ့ “သူ႔ရဲ ႔ႏွာေခါင္းကုိျပဳျပင္ခ်င္္လို႔ ပလတ္စတစ္ဆာဂ်ရီဆရာ၀န္နဲ႔ သြားေတြ႔ခဲ႔ပါတယ္။ဆရာ၀န္နဲ႔ညိွႏိႈင္းေျပာဆိုခဲ႔ျပီး ဆရာ၀န္က တကယ္လို႔ႏွာေခါင္း ျပဳျပင္ေျပာင္းလဲျပီးတဲ႔အခါ ေသခ်ာဂရုတစိုက္ေနရမွာျဖစ္ျပီးႏွာေခါင္းကအထိအကုိင္ေတာင္မခံဘူး
လုိ႔ေျပာျပခဲ႔ပါတယ္။အဲ႔ဒါနဲ႔သူလန္႔သြားျပီးျပန္ထြက္လာခဲ႔တယ္”လို႔ေျပာျပခဲ႔ပါတယ္။

၂၀၁၇ မွာေတာ့ မင္းသားဟာ သူ႔ရဲ ႔ထင္ရွားတဲ႔အစိတ္အပုိင္းေတြနဲ႔ပတ္သက္ျပီး ဂုဏ္ယူစြာေျပာျပခဲ႔ပါတယ္။ သူ႔ရဲ ႔မ်က္နွာမွာဆို မ်က္ရစ္က ထူးျခားျပီးခႏၶာကုိယ္မွာ ဆိုရင္ေတာ့သ႔ူရဲ ႔က်ယ္ျပန္တဲ႔ပုခံုးႏွစ္ဖက္က ထင္ရွားေနပါတယ္။”သူ႔ရဲ ႔က်ယ္ျပန္႔ၾကည့္ေကာင္းတ႔ဲပုခံုးအတြက္ သူ႔ရဲ ႔မိဘေတြကုိေက်းဇူးတင္တယ္လို႔ေျပာခဲ႔ျပီး သူ႔မွာရွိတဲ႔မ်က္ရစ္လိုရေအာင္ခြဲစိတ္ျပဳျပင္ႏုိင္ေပမဲ႔ သူ႔ရဲ ႔က်ယ္ျပန္႔တဲ႔ပုခံုးလိုရေအာင္ေတာ့ ဘယ္ဆရာ၀န္မွလုပ္ႏုိင္မယ္မထင္ဘူး”လို႔ေျပာခဲ႔ပါေသးတယ္။

ပလတ္စတစ္ဆာဂ်ရီလုပ္ခဲ႔တယ္ျဖစ္ေစ၊မလုပ္ခဲ႔ဖူးျဖစ္ေစ ကမာၻအႏွံ႔ကပရိသတ္ေတြကေတာ့ သူ႔ကိုသေဘာက်ႏွစ္သက္ေနဆဲပါပဲ။Before and after ပံုေတြၾကည့္ျပီးေတာင္ ပရိသတ္ေတြက ဘယ္ဟာက ပုိၾကည့္ေကာင္းလဲဆိုတာ ေ၀ခြဲမရျဖစ္ေနၾကပါတယ္။သူ႔ရဲ ႔ပံုေလးေတြကုိ ပရိသတ္ေတြလည္း ျမင္ေတြ႔ရေအာင္ေဖာ္ျပေပးလိုက္ပါတယ္။

Unicode

တောင်ကိုရီးယားနိုင်ငံရဲ ့ထိပ်တန်းအနုပညာရှင်မင်းသားတွေထဲမှာပါဝင်လာတဲ့ မင်းသား Ji Chang Wook ဟာ သူ့ရဲ ့ချစ်စရာကောင်းတဲ့အပြုံး၊ချောမောတဲ့ရုပ်ရည် ၊ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်၊သရုပ်ဆောင်ကောင်းမွန်မှုတို့ကြောင့် တဖြည်းဖြည်းနဲ့ လူငယ်ပရိသတ်တွေ ကြားရေပန်းစားလာခဲ့သူဖြစ်ပါတယ်။အထူးသဖြင့် မိန်းကလေးပရိသတ်တွေကြားမှာ ပိုပြီးပေါ်ပြူလာဖြစ်တဲ့မင်းသားတစ်လက်ပါ။

တစ်ချို့ပရိသတ်တွေလည်းသိပြီးသားဖြစ်ရင်ဖြစ်မယ်၊မသိသေးကြတာလည်းဖြစ်နိုင်ပါတယ်။တကယ်တော့ မင်းသား Ji Chang Wook ဟာ ပလတ်စတစ်ဆာဂျရီလုပ်ဖူးတယ်လို့ သတင်းထွက် ခဲ့ဖူးသူတစ်ယောက်ပါ။ ကိုရီးယားမှာ ပလတ်စတစ်ဆာဂျရီလုပ်တာက နာမည်ကြီးပြီး မျက်နှာမခွဲစိတ်မပြုပြင်ထားတဲ့မင်းသား၊မင်းသမီးဆိုတာလည်းရှားပါတယ်။တစ်ချို့ကတော့ နဂိုက သိပ်ပြီးမချောမောပေမဲ့ ခွဲစိတ်ပြုပြင်လိုက်တဲ့အခါမှာ ပြစ်မျိုးမှဲ့မထင်ဆိုတဲ့မျက်နှာလေးတွေ ရလာကြပါတယ်။အခုနောက်ပိုင်းမှာကိုရီးယားမင်းသား၊မင်းသမီးတွေရဲ့ Before and After ပုံတွေကလည်း တဖြည်းဖြည်းထွက်ပေါ်လာပါတယ်။

မင်းသား Ji Chang Wook ဟာ ပလတ်စတစ်ဆာဂျရီလုပ်ထားတယ်ဆိုတဲ့ သတင်းထွက်လာပြီး တဲ့နောက်မှာ ပရိသတ်တွေက သူ့ရဲ ့မပြုပြင်ခင်ကမျက်နှာကိုမြင်ဖူးချင်လာကြပါတယ်။ တကယ်တမ်း သူ့ရဲ ့ပင်ကိုယ်မျက်နှာကိုမြင်တွေ့ရတဲ့အခါမှာတော့ အားလုံးက အံ့သြသင့်သွားခဲ့ကြပါတယ်တဲ့။
ဘာလို့လဲဆိုတော့ Ji Chang Wook ရဲ ့မျက်နှာဟာ အရင်ကတည်းကကြည့်ကောင်း ချောမောနေတာပါပဲ။၂၀၀၈ခုနှစ်က အနုပညာလောကထဲကိုစတင်ဝင်ရောက်လာတာဖြစ်ပြီး အဲ့ဒီကတည်းက ပရိသတ်တွေကိုဆွဲဆောင်နိုင်တဲ့မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။

သူ့ရဲ ့မျက်နှာမှာထင်ရှားတဲ့အစိတ်အပိုင်းကတော့ မျက်ရစ်ထူထူနှစ်ထပ်ဖြစ်ပြီး နောက်တစ်ခုတော့ သူ့ရဲ ့နှာတံဖြစ်ပါတယ်တဲ့။၂၀၁၃ ခုနှစ်မှာတော့Ji Chang Wook ဟာ Empress Ki ဇာတ်ကားရိုက်ကူးခဲ့ပြီး အဲ့ဒီဇာတ်ကားမှာတော့ပရိသတ်တွေက သူ့ရဲ ့နှာတံပြောင်းလဲသွားတာကို သတိထားမိခဲ့ပါတယ်။Ji Chang Wook က သူ့ရဲ ့နှာခေါင်းကို ပြုပြင်ခဲ့တယ်လို့ အဲ့ဒီကစ သတင်းထွက်လာခဲ့တော့တာပါပဲ။အနုပညာလောကထဲဝင်ခါစဆို အနုပညာရှင်တွေက သိပ်ပြီးကြည့်မကောင်းကြပဲနောက်ပိုင်းမှာမှ ပိုပြီးအထာကျ ချောမောလာကြတာပါ။ Ji Chang Wook ဟာလည်း နောက်ပိုင်းမှာ Suspicious Partner ၊ Fabricated City စတဲ့ဇာတ်ကားတွေနဲ့မိန်းကလေးပရိသတ်တွေရဲ ့သည်းသည်းလှုပ်အချစ်ခံရတဲ့
မင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။သူ့ရဲ ့သရုပ်ဆောင်စွမ်းရည်ကြောင့်လည်း ပိုပြီးကျော်ကြားလာခဲ့တာပါ။

Ji Chang Wook ဟာ ပလတ်စတစ်ဆာဂျရီလုပ်ခဲ့ဖူးတယ်လို့တရားဝင်မကြေညာခဲ့ပေမဲ့ ပလတ်စတစ်ဆာဂျရီနဲ့ပတ်သက်ပြီးအတော်များများပြောခဲ့ဖူးတယ်လို့သိရပါတယ်။ ၂၀၁၂ တုန်းက အင်တာဗျူးတစ်ခုမှာတော့ “သူ့ရဲ ့နှာခေါင်းကိုပြုပြင်ချင််လို့ ပလတ်စတစ်ဆာဂျရီဆရာဝန်နဲ့ သွားတွေ့ခဲ့ပါတယ်။ဆရာဝန်နဲ့ညှိနှိုင်းပြောဆိုခဲ့ပြီး ဆရာဝန်က တကယ်လို့နှာခေါင်း ပြုပြင်ပြောင်းလဲပြီးတဲ့အခါ သေချာဂရုတစိုက်နေရမှာဖြစ်ပြီးနှာခေါင်းကအထိအကိုင်တောင်မခံဘူး
လို့ပြောပြခဲ့ပါတယ်။အဲ့ဒါနဲ့သူလန့်သွားပြီးပြန်ထွက်လာခဲ့တယ်”လို့ပြောပြခဲ့ပါတယ်။

၂၀၁၇ မှာတော့ မင်းသားဟာ သူ့ရဲ ့ထင်ရှားတဲ့အစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး ဂုဏ်ယူစွာပြောပြခဲ့ပါတယ်။ သူ့ရဲ ့မျက်နှာမှာဆို မျက်ရစ်က ထူးခြားပြီးခန္ဓာကိုယ်မှာ ဆိုရင်တော့သူ့ရဲ ့ကျယ်ပြန်တဲ့ပုခုံးနှစ်ဖက်က ထင်ရှားနေပါတယ်။”သူ့ရဲ ့ကျယ်ပြန့်ကြည့်ကောင်းတဲ့ပုခုံးအတွက် သူ့ရဲ ့မိဘတွေကိုကျေးဇူးတင်တယ်လို့ပြောခဲ့ပြီး သူ့မှာရှိတဲ့မျက်ရစ်လိုရအောင်ခွဲစိတ်ပြုပြင်နိုင်ပေမဲ့ သူ့ရဲ ့ကျယ်ပြန့်တဲ့ပုခုံးလိုရအောင်တော့ ဘယ်ဆရာဝန်မှလုပ်နိုင်မယ်မထင်ဘူး”လို့ပြောခဲ့ပါသေးတယ်။

ပလတ်စတစ်ဆာဂျရီလုပ်ခဲ့တယ်ဖြစ်စေ၊မလုပ်ခဲ့ဖူးဖြစ်စေ ကမ္ဘာအနှံ့ကပရိသတ်တွေကတော့ သူ့ကိုသဘောကျနှစ်သက်နေဆဲပါပဲ။Before and after ပုံတွေကြည့်ပြီးတောင် ပရိသတ်တွေက ဘယ်ဟာက ပိုကြည့်ကောင်းလဲဆိုတာ ဝေခွဲမရဖြစ်နေကြပါတယ်။သူ့ရဲ ့ပုံလေးတွေကို ပရိသတ်တွေလည်း မြင်တွေ့ရအောင်ဖော်ပြပေးလိုက်ပါတယ်။

4K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.