ခ်စ္သူ႐ွိသည္ျဖစ္ေစ ၊ မ႐ွိသည္ျဖစ္ေစ ဒါေလးကိုအခ်ိန္ေပးဖတ္ၾကည့္လုိက္ပါ …

ကြာ႐ွင္းဖို႔ထိလုပ္ခဲ့တဲ့ ဇနီးေမာင္ႏွံ႔ႏွစ္ဦးရဲ႕ ေၾကကဲြစရာပံုျပင္ေလးတစ္ပုဒ္ပါ။

ဒါေၾကာင့္ သင္ဟာခ်စ္သူ႐ွိသည္ျဖစ္ေစ၊ မ႐ွိသည္ျဖစ္ေစ ဒါေလးကုိဖတ္ၾကည့္လုိက္ပါ။ ဒီပံုျပင္ေလးမွာ ကိုယ့္ပတ္ဝန္းက်င္က လူေတြရဲ႕အခ်စ္ေတြ၊ ေလးစားမႈေတြ၊ အသိမွတ္ျပဳမႈေတြဟာ အေရးၾကီးေၾကာင္း ၊ တန္ဖိုးထားသင့္ေၾကာင္းေျပာျပထားတာျဖစ္ပါတယ္။

×××
တစ္ညေနမွာ မိန္းမျဖစ္သူက ညေနစာျပင္ဆင္ေနခ်ိန္ ေယာက်္ားက လက္ကိုဆဲြျပီးအျပင္ေခၚသြားတယ္။ ” ကြာ႐ွင္းရေအာင္ ” တဲ့ ။ ဘာလို႔လဲ သူ႔ကိုေမးေတာ့ အဲ့ဒီေမးခြန္းအတြက္ တိတ္ဆိတ္ေနခဲ့တယ္။ မိန္းမကို သူမခ်စ္ေတာ့ဘူးတဲ့ ။ ေနာက္ထပ္မိန္းမတစ္ေယာက္နဲ႔ ခ်စ္ၾကိဳက္ေနျပီလို႔ ေျပာတယ္။ ဒါေၾကာင့္ ကြာ႐ွင္းဖို႔ဆံုးျဖတ္လိုက္သတဲ့။ ကြာ႐ွင္းရင္ အိမ္တစ္လံုးနဲ႔ သူ႔စီးပြားရဲ႕၃ဝရာခိုင္ႏႈန္းကို ပုိင္ဆုိင္ခြင့္႐ွိမယ္လို႔လည္းေျပာပါတယ္။ ကြာ႐ွင္းစာခ်ဳပ္ကို သူမေတြ႔ေတာ့ အေဝးကိုလႊင့္ပစ္လိုက္တယ္။ အိမ္ေထာင္သက္တမ္းက (၁ဝ)ႏွစ္ေလာက္႐ွိေနျပီဆိုေတာ့ ကြာ႐ွင္းဖို႔ကို သူမအေနနဲ႔ လက္မခံႏိုင္ခဲ့ဘူး။

သူ႔ဘက္က ကြာ႐ွင္းခ်င္ေနမွေတာ့ သူမလည္းစဥ္းစားတယ္။ ကြာ႐ွင္းခ်င္ရင္ေတာ့ တစ္ခု
ေတာ့လုပ္ေပးရမယ္။ သူေပးမယ့္ အိမ္ေတြ ၊ ဘာေတြလည္း မလုိခ်င္ဘူး ။ အခ်ိန္ (၁)လပဲေပးပါလို႔ ေတာင္းဆိုတယ္။ အဲ့ဒီ (၁)လအတြင္းမွာ ဘာမွမျဖစ္ခဲ့သလိုပဲ ေနေပးပါ။ သားေလး စာေမးပဲြ႐ွိေနတဲ့အတြက္ မိဘေတြေၾကာင့္ သူ႔ရဲ႕စာေမးပဲြမထိခုိက္ေစခ်င္ဘူးလို႔ဆိုပါတယ္။ ျပီးေတာ့ မဂၤလာေဆာင္ျပီးတဲ့ေန႔ကလို အခန္းထဲကို သူမကိုေပြ႔ခ်ီျပီး ေခၚသြားေပးဖို႔လည္း ေတာင္းဆိုထားတယ္။

ေယာက်္ားျဖစ္သူကေတာ့ သူ႔မိန္းမ႐ူးေနျပီလို႔ ေတြးမိသြားတယ္။ ဒါေပမယ့္ ေတာင္းဆိုတာကိုလက္ခံလုိက္ပါတယ္။ ပထမတစ္ရက္ သူ႔မိန္းမကိုေပြ႔ခ်ီျပီး အခန္းထဲကိုေခၚသြားေပးတယ္။ သားေလးကေတာ့ မိဘႏွစ္ေယာက္အဆင္ေျပေနတယ္ပဲထင္ျပီး အေနာက္မွာတိတ္တိတ္ေလးခိုးရယ္ေနတယ္။ ျပီးေတာ့ ကေလးကို ကြာ႐ွင္းဖို႔ကိစၥမေျပာျပပါနဲ႔လို႔ သူ႔ကိုထပ္ေတာင္းဆိုလိုက္တယ္။

ေနာက္ထပ္ (၂)ရက္ေလာက္ၾကာေတာ့ မိန္းမမွာ အဆီေတြနဲ႔ အသက္လည္းမငယ္ေတာ့ဘူး။ အေရးေၾကာင္းေတြ၊ ဆံပင္ေတြျဖဴခ်င္လာတာကို သူသတိထားၾကည့္ေနမိတယ္။ ဒါေတြကပဲ သူတို႔ရဲ႕အိမ္ေထာင္ေရးကို ထိခိုက္ပ်က္စီးေစတာလား ?

(၁ဝ)ရက္ေလာက္ၾကာျပီးေနာက္မွာ သူတိုႏွစ္ေယာက္ၾကား ေအးစက္မႈေတြဟာ တျဖည္းျဖည္းအရည္ေပ်ာ္လာတယ္။ မိန္းမဝိတ္ေတြတက္လာတာ ၊ အရင္လုိ လွပႏုပ်ဳိမႈေတြအေရာင္ေမွးမွိန္လာတာ သူသတိထားမိတာေပါ့။ ဒီတစ္ခါေတာ့ အခန္းထဲ သူ႔မိန္းမကို ေပြ႔ခ်ီသြားတဲ့ခံစားခ်က္ဟာ မဂၤလာေဆာင္တဲ့ေန႔ကလိုပဲ။ စိတ္ေတြျပန္ေျပာင္းလဲသြားတယ္။ သူမအေပၚ သူ႕ရဲ႕အခ်စ္ေတြ႐ွိေနေသးျပီး အရာရာဟာအရင္တိုင္းျပန္ျဖစ္သြားတယ္။ ျဖစ္ခဲ့သမွ်ကိုလည္း ဘာမွမဟုတ္တဲ့ ကိစၥအေသးမႊားေလးေတြလိုသာ သေဘာထားလိုက္တယ္။

ေနာက္တစ္၂ရက္ၾကာေတာ့ မိန္းမအတြက္ ပန္းစည္းေလးဝယ္ေပးျပီး ကတ္ေလးေပးလိုက္တယ္။ ကတ္ထဲမွာ “I will carry you every morning until death parts us.” လို႔ေရးထားတယ္။

ခ်စ္တဲ့မိန္းမ႐ွိရာ အိမ္ကိုျပန္သြားေတာ့မယ္လို႔ ဆံုးျဖတ္ျပီး ေလွကားေပၚအတက္မွာ သူမကိုျမင္လိုက္ရတယ္။ သူမ မ႐ွိေတာ့ဘူး။ အသက္မဲ့ေနတဲ့ သူမခႏၶာကိုယ္ေလးသာက်န္႐ွိေနခဲ့တယ္။ သူမမွာ ကင္ဆာေရာဂါ႐ွိေနျပီး ေနမေကာင္းျဖစ္ေနတာေတာင္မသိရေလာက္ေအာင္ သူအရမ္းအလုပ္႐ႈပ္ေနခဲ့တယ္။ သူမလည္း ေသရမယ္ဆုိတာကိုသိႏွင့္ျပီးသားပါ။ တစ္လအခ်ိန္ေပးဖို႔ ေတာင္းဆိုခဲ့တယ္ဆိုတာလည္း သူတို႔သားေလးဆီမွာဒီကိစၥေတြနဲ႔ပတ္သတ္ျပီး အမွတ္တရဆိုးေတြမ႐ွိေစခ်င္လို႔ပါ။ သူ႔ရဲ႕အေဖကို အေမအေပၚသစၥာ႐ွိတဲ့ ခင္ပြန္းေကာင္းအျဖစ္သာ ျမင္ေစခ်င္တဲ့ ေစတနာတစ္ခုပဲ သူမမွာ႐ွိခဲ့ပါတယ္…
××××

Relationship တစ္ခုမွာ ေသးငယ္တဲ့ကိစၥေလးေတြဟာ သိပ္အေရးၾကီးပါတယ္။ ကားၾကီးေတြ၊ စည္းစိမ္ၾကြယ္ဝမႈေတြ၊ ပိုင္ဆုိင္မႈေတြက အဓိကမဟုတ္ပါဘူး။ ကိုယ့္ကိုခ်စ္တဲ့လူအေပၚ တန္ဖိုးထားပါ။ လစ္လ်ဳမ႐ႈပါနဲ႔ ။ မင္းသတိထားမိလိုက္တဲ့အခ်ိန္မွာ အရမ္းေနာက္က်သြားလို႔ ေနာင္တရေနရင္ ဘာမွမထူးပါဘူး။ ဒါေၾကာင့္ အခြင့္ေရး႐ွိတုန္းေလး ၾကိဳးစားျပီး အသိမွတ္ျပဳေပးပါ။

(Unicode)

ကွာရှင်းဖို့ထိလုပ်ခဲ့တဲ့ ဇနီးမောင်နှံ့နှစ်ဦးရဲ့ ကြေကွဲစရာပုံပြင်လေးတစ်ပုဒ်ပါ။

ဒါကြောင့် သင်ဟာချစ်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒါလေးကိုဖတ်ကြည့်လိုက်ပါ။ ဒီပုံပြင်လေးမှာ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့အချစ်တွေ၊ လေးစားမှုတွေ၊ အသိမှတ်ပြုမှုတွေဟာ အရေးကြီးကြောင်း ၊ တန်ဖိုးထားသင့်ကြောင်းပြောပြထားတာဖြစ်ပါတယ်။

×××
တစ်ညနေမှာ မိန်းမဖြစ်သူက ညနေစာပြင်ဆင်နေချိန် ယောကျ်ားက လက်ကိုဆွဲပြီးအပြင်ခေါ်သွားတယ်။ ” ကွာရှင်းရအောင် ” တဲ့ ။ ဘာလို့လဲ သူ့ကိုမေးတော့ အဲ့ဒီမေးခွန်းအတွက် တိတ်ဆိတ်နေခဲ့တယ်။ မိန်းမကို သူမချစ်တော့ဘူးတဲ့ ။ နောက်ထပ်မိန်းမတစ်ယောက်နဲ့ ချစ်ကြိုက်နေပြီလို့ ပြောတယ်။ ဒါကြောင့် ကွာရှင်းဖို့ဆုံးဖြတ်လိုက်သတဲ့။ ကွာရှင်းရင် အိမ်တစ်လုံးနဲ့ သူ့စီးပွားရဲ့၃ဝရာခိုင်နှုန်းကို ပိုင်ဆိုင်ခွင့်ရှိမယ်လို့လည်းပြောပါတယ်။ ကွာရှင်းစာချုပ်ကို သူမတွေ့တော့ အဝေးကိုလွှင့်ပစ်လိုက်တယ်။ အိမ်ထောင်သက်တမ်းက (၁ဝ)နှစ်လောက်ရှိနေပြီဆိုတော့ ကွာရှင်းဖို့ကို သူမအနေနဲ့ လက်မခံနိုင်ခဲ့ဘူး။

သူ့ဘက်က ကွာရှင်းချင်နေမှတော့ သူမလည်းစဉ်းစားတယ်။ ကွာရှင်းချင်ရင်တော့ တစ်ခု
တော့လုပ်ပေးရမယ်။ သူပေးမယ့် အိမ်တွေ ၊ ဘာတွေလည်း မလိုချင်ဘူး ။ အချိန် (၁)လပဲပေးပါလို့ တောင်းဆိုတယ်။ အဲ့ဒီ (၁)လအတွင်းမှာ ဘာမှမဖြစ်ခဲ့သလိုပဲ နေပေးပါ။ သားလေး စာမေးပွဲရှိနေတဲ့အတွက် မိဘတွေကြောင့် သူ့ရဲ့စာမေးပွဲမထိခိုက်စေချင်ဘူးလို့ဆိုပါတယ်။ ပြီးတော့ မင်္ဂလာဆောင်ပြီးတဲ့နေ့ကလို အခန်းထဲကို သူမကိုပွေ့ချီပြီး ခေါ်သွားပေးဖို့လည်း တောင်းဆိုထားတယ်။

ယောကျ်ားဖြစ်သူကတော့ သူ့မိန်းမရူးနေပြီလို့ တွေးမိသွားတယ်။ ဒါပေမယ့် တောင်းဆိုတာကိုလက်ခံလိုက်ပါတယ်။ ပထမတစ်ရက် သူ့မိန်းမကိုပွေ့ချီပြီး အခန်းထဲကိုခေါ်သွားပေးတယ်။ သားလေးကတော့ မိဘနှစ်ယောက်အဆင်ပြေနေတယ်ပဲထင်ပြီး အနောက်မှာတိတ်တိတ်လေးခိုးရယ်နေတယ်။ ပြီးတော့ ကလေးကို ကွာရှင်းဖို့ကိစ္စမပြောပြပါနဲ့လို့ သူ့ကိုထပ်တောင်းဆိုလိုက်တယ်။

နောက်ထပ် (၂)ရက်လောက်ကြာတော့ မိန်းမမှာ အဆီတွေနဲ့ အသက်လည်းမငယ်တော့ဘူး။ အရေးကြောင်းတွေ၊ ဆံပင်တွေဖြူချင်လာတာကို သူသတိထားကြည့်နေမိတယ်။ ဒါတွေကပဲ သူတို့ရဲ့အိမ်ထောင်ရေးကို ထိခိုက်ပျက်စီးစေတာလား ?

(၁ဝ)ရက်လောက်ကြာပြီးနောက်မှာ သူတိုနှစ်ယောက်ကြား အေးစက်မှုတွေဟာ တဖြည်းဖြည်းအရည်ပျော်လာတယ်။ မိန်းမဝိတ်တွေတက်လာတာ ၊ အရင်လို လှပနုပျိုမှုတွေအရောင်မှေးမှိန်လာတာ သူသတိထားမိတာပေါ့။ ဒီတစ်ခါတော့ အခန်းထဲ သူ့မိန်းမကို ပွေ့ချီသွားတဲ့ခံစားချက်ဟာ မင်္ဂလာဆောင်တဲ့နေ့ကလိုပဲ။ စိတ်တွေပြန်ပြောင်းလဲသွားတယ်။ သူမအပေါ် သူ့ရဲ့အချစ်တွေရှိနေသေးပြီး အရာရာဟာအရင်တိုင်းပြန်ဖြစ်သွားတယ်။ ဖြစ်ခဲ့သမျှကိုလည်း ဘာမှမဟုတ်တဲ့ ကိစ္စအသေးမွှားလေးတွေလိုသာ သဘောထားလိုက်တယ်။

နောက်တစ်၂ရက်ကြာတော့ မိန်းမအတွက် ပန်းစည်းလေးဝယ်ပေးပြီး ကတ်လေးပေးလိုက်တယ်။ ကတ်ထဲမှာ “I will carry you every morning until death parts us.” လို့ရေးထားတယ်။

ချစ်တဲ့မိန်းမရှိရာ အိမ်ကိုပြန်သွားတော့မယ်လို့ ဆုံးဖြတ်ပြီး လှေကားပေါ်အတက်မှာ သူမကိုမြင်လိုက်ရတယ်။ သူမ မရှိတော့ဘူး။ အသက်မဲ့နေတဲ့ သူမခန္ဓာကိုယ်လေးသာကျန်ရှိနေခဲ့တယ်။ သူမမှာ ကင်ဆာရောဂါရှိနေပြီး နေမကောင်းဖြစ်နေတာတောင်မသိရလောက်အောင် သူအရမ်းအလုပ်ရှုပ်နေခဲ့တယ်။ သူမလည်း သေရမယ်ဆိုတာကိုသိနှင့်ပြီးသားပါ။ တစ်လအချိန်ပေးဖို့ တောင်းဆိုခဲ့တယ်ဆိုတာလည်း သူတို့သားလေးဆီမှာဒီကိစ္စတွေနဲ့ပတ်သတ်ပြီး အမှတ်တရဆိုးတွေမရှိစေချင်လို့ပါ။ သူ့ရဲ့အဖေကို အမေအပေါ်သစ္စာရှိတဲ့ ခင်ပွန်းကောင်းအဖြစ်သာ မြင်စေချင်တဲ့ စေတနာတစ်ခုပဲ သူမရှိခဲ့ပါတယ်…
××××

Relationship တစ်ခုမှာ သေးငယ်တဲ့ကိစ္စလေးတွေဟာ သိပ်အရေးကြီးပါတယ်။ ကားကြီးတွေ၊ စည်းစိမ်ကြွယ်ဝမှုတွေ၊ ပိုင်ဆိုင်မှုတွေက အဓိကမဟုတ်ပါဘူး။ ကိုယ့်ကိုချစ်တဲ့လူအပေါ် တန်ဖိုးထားပါ။ လစ်လျုမရှုပါနဲ့ ။ မင်းသတိထားမိလိုက်တဲ့အချိန်မှာ အရမ်းနောက်ကျသွားလို့ နောင်တရနေရင် ဘာမှမထူးပါဘူး။ ဒါကြောင့် အခွင့်ရေးရှိတုန်းလေး ကြိုးစားပြီး အသိမှတ်ပြုပေးပါ။

98 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.