ပ်က္စီးသြားတဲ႔သူငယ္ခ်င္းသံေယာဇဥ္ကုိ ဘယ္လိုျပန္ျပီးအဆင္ေျပေအာင္လုပ္မလဲ?

လူတုိင္းမွာ အနည္းဆံုးသူငယ္ခ်င္းတစ္ေယာက္ကေတာ့ ရွိၾကတာပါပဲ။သူငယ္ခ်င္းဆိုတဲ႔အထဲကမွ အရင္းႏွီးဆံုးသူငယ္ခ်င္း၊အခ်စ္ဆံုးသူငယ္ခ်င္း၊ေမးထူးေခၚေျပာ သူငယ္ခ်င္းဆိုျပီး ကြဲလြဲသြားၾကတာပါ။မိသားစုျပီးရင္ အရင္းႏွီးဆံုးေဆြမ်ိဳးဆိုတာ သူငယ္ခ်င္းပါပဲ။ ခ်စ္သူရည္းစား ဆိုတာ မေကာင္းရင္ျဖတ္ပစ္လိုက္လို႔ရေပမဲ႔ သူငယ္ခ်င္းဆိုတဲ႔သံေယာဇဥ္၊ သူငယ္ခ်င္းအခ်စ္ကေတာ့ တမူထူးျခားပါတယ္။ခ်စ္သူရည္းစားဆုိတာ ကုိယ့္အနားမွာ အျမဲတမ္းမရွိႏုိင္ေပမဲ႔သူငယ္ခ်င္းကေတာ့ ကုိယ့္အနားမွာအျမဲတမ္းရွိေနမွာဆိုတာ မေမ့ထားပါနဲ႔။လူတစ္ကုိယ္စိတ္တစ္မ်ိဳးဆိုတဲ႔အတုိင္း တစ္ခါတစ္ေလစိတ္အခန္႔မသင့္ရင္
သူငယ္ခ်င္းေတြရန္ျဖစ္ေလ့ရွိၾကေပမဲ႔ အခ်ိန္တန္ေတာ့လည္းျပန္ျပီး တပူးပူးတတြဲတြဲျဖစ္သြားတာ ပါပဲ။ဒါေပမဲ႔…

 သံေယာဇဥ္ဆိုတာ နက္ရိႈင္းေလ တစ္ေယာက္ကိုတစ္ေယာက္ အရမ္းခ်စ္ၾကေလ ျပႆနာတက္တဲ႔အခါ ပုိျပီးနာက်င္ရေလပါပဲ။နားလည္မႈလြဲမွားျပီးတစ္ေယာက္နဲ႔တစ္ေယာက္ သံသယေတြနဲ႔ မေခၚမေျပာတဲ႔အထိျဖစ္သြားရင္ စိတ္ထဲကဘယ္ေလာက္ပဲသံေယာဇဥ္ လက္က်န္ရွိရွိ ျပန္စေခၚဖုိ႔ခက္သြားပါျပီ။ဘယ္သူ႔ဘက္ကမွ စမေခၚတဲ႔အခါ ပိုျပီးေ၀းသြားတတ္ၾကပါတယ္။ဒါေပမဲ႔ စိတ္ထဲကေတာ့ဘယ္ေမ့ႏုိင္မလဲ။အတူသြား အတူလာ၊စိတ္ခ်င္းေပါင္းခဲ႔ၾကတဲ႔သူငယ္ခ်င္းေတြေလ။

တကယ္လို႔မ်ား သင္က သင့္ရဲ ႔အခ်စ္ဆံုးသူငယ္ခ်င္းနဲ႔နားလည္မႈလြဲမွားျပီးမေခၚမေျပာပဲေနေနတယ္ ဆိုပါေတာ့။တကယ္ေရာ သင့္စိတ္က သူ႔ကိုသူငယ္ခ်င္းအျဖစ္စြန္႔လႊတ္ႏုိင္ျပီလား? ျပႆနာတစ္ခုျဖစ္ျပီဆုိကတည္းက တစ္ေယာက္ေယာက္ကမွားေနလို႔ပါပဲ။ဒါမွမဟုတ္ ၾကားလူေတြေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္အထင္ျမင္လြဲမွားတာမ်ိဳးေပါ့။ ဘယ္သူ႔ဘက္ကမွစမေခၚရင္ တည္းတည္းေလးက်န္ေတာ့တဲ႔သူငယ္ခ်င္းသံေယာဇဥ္ေတြ ပ်က္စီးသြားေတာ့မွာပါ။အဲ႔ဒါေၾကာင့္ အရမ္းခ်စ္ၾကတဲ႔သူငယ္ခ်င္းေတြ ျပန္ျပီးအဆင္ေျပႏုိင္ဖုိ႔ နည္းလမ္းေလးေတြေျပာျပေပးခ်င္ပါတယ္။

၁)ျပန္စဥ္းစားၾကည့္ပါ
သင္တုိ႔ႏွစ္ေယာက္ သူငယ္ခ်င္းစျဖစ္တဲ႔အခ်ိန္ေတြ၊အတူသြားခဲ႔ၾကတဲ႔ေနရာေတြ၊သင္ သူ႔အေပၚေကာင္းခဲ႔တာေတြ၊သူ သင့္အေပၚေကာင္းခဲ႔တာေတြ၊နွစ္ေယာက္သား အတူတူေပ်ာ္ရႊင္ခဲ႔ၾကတာေတြျပန္စဥ္းစားပါ။ျပီးေတာ့ ျပႆနာေတြမျဖစ္ခင္အခ်ိန္အထိ သင္က သူ႔အတြက္သူငယ္ခ်င္းေကာင္းျဖစ္ခဲ႔လား၊သူကေရာ သင့္အတြက္ သူငယ္ခ်င္းေကာင္းျဖစ္ခဲ႔လား ျပန္စဥ္းစားပါ။အစပထမေတာ့ ႏွစ္ေယာက္သား ေသြးပူေဒါသထြက္လို႔ သူငယ္ခ်င္းအျဖစ္ ရပ္စဲခဲ႔ၾကေပမဲ႔အခုလို ျပန္စဥ္းစားလုိက္တဲ႔အခါ စိတ္ေျပျပီး သံေယာဇဥ္ေတြကုိ ျပန္ျပီးေႏြးေထြးလာေစပါတယ္။အဲ႔ဒီအခါ ဘယ္သူကပဲ စေခၚေခၚ အေရးမၾကီးေတာ့ပါဘူး။

၂)အေျဖရွာပါ
သင္တို႔သူငယ္ခ်င္းႏွစ္ေယာက္ ျပႆနာတက္ရတဲ႔အေၾကာင္းရင္းကုိရွာပါ။ၾကားလူေတြေၾကာင့္လား ၊ႏွစ္ေယာက္လံုးရဲ ႔တစ္ေယာက္ကုိတစ္ေယာက္အရမ္းခ်စ္လို႔နားလည္မႈလြဲမွားၾကတာေၾကာင့္လား? မိသားစုေဆြမ်ိဳး၊ပတ္၀န္းက်င္ေၾကာင့္လား အေျဖရွာပါ။ျပႆနာတိုင္းမွာ အေျဖရွိပါတယ္။အေျဖရွာၾကည့္ပါ။

၃)အခ်ိန္ယူျပီးစကားေျပာပါ
တစ္ခ်ိဳ႔သူငယ္ခ်င္းေတြမေတြ႔ရတာၾကာေပမဲ႔ ျပန္ေတြ႔တဲ႔အခါ အရင္လိုပဲေႏြးေထြးသြားၾကပါတယ္။ ဒီလိုပါပဲ ျပႆနာတက္ေနလို႔ မေတြ႔ပဲေနရင္ ပုိဆိုးပါတယ္။ျပႆနာေတာ္ေတာ္မ်ားမ်ားကို မေျဖရွင္းႏုိင္တာက မပြင့္လင္းလို႔ပါပဲ။တစ္ေယာက္ကိုတစ္ေယာက္ ပြင့္ပြင့္လင္းလင္းသာ ဆက္ဆံရင္ ဒီျပႆနာကေျပလည္သြားပါလိမ့္မယ္။ဘယ္သူမွားလဲစဥ္းစား ၊ျပီးရင္ မွားတဲ႔သူက ေတာင္းပန္ဖို႔မေမ့ပါနဲ႔။ဘယ္သူမဆို အမွားကုိ၀န္ခံေတာင္းပန္ရင္ ခြင့္လႊတ္တတ္ၾကပါတယ္။
သူစိမ္းေတြေတာင္ ျပန္ေျပလည္ေသးတာ။သင္တို႔က အရင္းနွီးဆံုးေဆြမ်ိဳးေတြေလ။ေတာင္းပန္ေပမဲ႔ ခြင့္မလႊတ္မွာကုိ မေၾကာက္ပါနဲ႔။အရင္ဆံုး ကိုယ္လုပ္စရာရွိတဲ႔အလုပ္ကိုသာလုပ္ပါ။

၄)သင္ခန္းစာယူပါ
ဒါက အေတြ႔အၾကံဳတစ္ခုပါပဲ။ဘ၀တစ္ေကြ႔မွာ ဒီလိုျပႆနာေပါင္းေသာင္း ေျခာက္ေထာင္ ၾကံဳလာရႏုိင္ပါတယ္။ ဘယ္လိုပဲၾကံဳၾကံဳ ေခါင္းေအးေအးနဲ႔ေျဖရွင္းနုိင္ဖို႔ၾကိဳးစားပါ။ ရင့္က်က္တဲ႔စိတ္ေမြးပါ။သူငယ္ခ်င္းေတြၾကားပြင့္ပြင့္လင္းလင္းရွိပါ။ သူငယ္ခ်င္းအေပၚ သစၥာရွိပါ။

ဒီအခ်က္ေတြကုိသာေသခ်ာမွတ္ထားျပီးလုပ္မယ္ဆုိရင္ သင္တို႔ရဲ ႔ပ်က္စီးသြားတဲ႔ သူငယ္ခ်င္းသံေယာဇဥ္ကုိျပန္ျပီးကုစားႏုိင္မွာပါ။ဘ၀မွာ မိသားစုက အစားထုိးမရႏုိင္သလို သူငယ္ခ်င္းဆိုတာ လည္း အစားထိုးမရႏုိင္ပါဘူး။

Unicode

လူတိုင်းမှာ အနည်းဆုံးသူငယ်ချင်းတစ်ယောက်ကတော့ ရှိကြတာပါပဲ။သူငယ်ချင်းဆိုတဲ့အထဲကမှ အရင်းနှီးဆုံးသူငယ်ချင်း၊အချစ်ဆုံးသူငယ်ချင်း၊မေးထူးခေါ်ပြော သူငယ်ချင်းဆိုပြီး ကွဲလွဲသွားကြတာပါ။မိသားစုပြီးရင် အရင်းနှီးဆုံးဆွေမျိုးဆိုတာ သူငယ်ချင်းပါပဲ။ ချစ်သူရည်းစားဆိုတာ မကောင်းရင်ဖြတ်ပစ်လိုက်လို့ရပေမဲ့ သူငယ်ချင်းဆိုတဲ့သံယောဇဉ်၊ သူငယ်ချင်းအချစ်ကတော့ တမူထူးခြားပါတယ်။ချစ်သူရည်းစားဆိုတာ ကိုယ့်အနားမှာ အမြဲတမ်းမရှိနိုင်ပေမဲ့သူငယ်ချင်းကတော့ ကိုယ့်အနားမှာအမြဲတမ်းရှိနေမှာဆိုတာ မမေ့ထားပါနဲ့။လူတစ်ကိုယ်စိတ်တစ်မျိုးဆိုတဲ့အတိုင်း တစ်ခါတစ်လေစိတ်အခန့်မသင့်ရင်
သူငယ်ချင်းတွေရန်ဖြစ်လေ့ရှိကြပေမဲ့ အချိန်တန်တော့လည်းပြန်ပြီး တပူးပူးတတွဲတွဲဖြစ်သွားတာ ပါပဲ။ဒါပေမဲ့…

သံယောဇဉ်ဆိုတာ နက်ရှိုင်းလေ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြလေ ပြဿနာတက်တဲ့အခါ ပိုပြီးနာကျင်ရလေပါပဲ။နားလည်မှုလွဲမှားပြီးတစ်ယောက်နဲ့တစ်ယောက် သံသယတွေနဲ့ မခေါ်မပြောတဲ့အထိဖြစ်သွားရင် စိတ်ထဲကဘယ်လောက်ပဲသံယောဇဉ် လက်ကျန်ရှိရှိ ပြန်စခေါ်ဖို့ခက်သွားပါပြီ။ဘယ်သူ့ဘက်ကမှ စမခေါ်တဲ့အခါ ပိုပြီးဝေးသွားတတ်ကြပါတယ်။ဒါပေမဲ့ စိတ်ထဲကတော့ဘယ်မေ့နိုင်မလဲ။အတူသွား အတူလာ၊စိတ်ချင်းပေါင်းခဲ့ကြတဲ့သူငယ်ချင်းတွေလေ။

တကယ်လို့များ သင်က သင့်ရဲ ့အချစ်ဆုံးသူငယ်ချင်းနဲ့နားလည်မှုလွဲမှားပြီးမခေါ်မပြောပဲနေနေတယ် ဆိုပါတော့။တကယ်ရော သင့်စိတ်က သူ့ကိုသူငယ်ချင်းအဖြစ်စွန့်လွှတ်နိုင်ပြီလား? ပြဿနာတစ်ခုဖြစ်ပြီဆိုကတည်းက တစ်ယောက်ယောက်ကမှားနေလို့ပါပဲ။ဒါမှမဟုတ် ကြားလူတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်အထင်မြင်လွဲမှားတာမျိုးပေါ့။ ဘယ်သူ့ဘက်ကမှစမခေါ်ရင် တည်းတည်းလေးကျန်တော့တဲ့သူငယ်ချင်းသံယောဇဉ်တွေ ပျက်စီးသွားတော့မှာပါ။အဲ့ဒါကြောင့် အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေ ပြန်ပြီးအဆင်ပြေနိုင်ဖို့ နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။

၁)ပြန်စဉ်းစားကြည့်ပါ
သင်တို့နှစ်ယောက် သူငယ်ချင်းစဖြစ်တဲ့အချိန်တွေ၊အတူသွားခဲ့ကြတဲ့နေရာတွေ၊သင် သူ့အပေါ်ကောင်းခဲ့တာတွေ၊သူ သင့်အပေါ်ကောင်းခဲ့တာတွေ၊နှစ်ယောက်သား အတူတူပျော်ရွှင်ခဲ့ကြတာတွေပြန်စဉ်းစားပါ။ပြီးတော့ ပြဿနာတွေမဖြစ်ခင်အချိန်အထိ သင်က သူ့အတွက်သူငယ်ချင်းကောင်းဖြစ်ခဲ့လား၊သူကရော သင့်အတွက် သူငယ်ချင်းကောင်းဖြစ်ခဲ့လား ပြန်စဉ်းစားပါ။အစပထမတော့ နှစ်ယောက်သား သွေးပူဒေါသထွက်လို့ သူငယ်ချင်းအဖြစ် ရပ်စဲခဲ့ကြပေမဲ့အခုလို ပြန်စဉ်းစားလိုက်တဲ့အခါ စိတ်ပြေပြီး သံယောဇဉ်တွေကို ပြန်ပြီးနွေးထွေးလာစေပါတယ်။အဲ့ဒီအခါ ဘယ်သူကပဲ စခေါ်ခေါ် အရေးမကြီးတော့ပါဘူး။

၂)အဖြေရှာပါ
သင်တို့သူငယ်ချင်းနှစ်ယောက် ပြဿနာတက်ရတဲ့အကြောင်းရင်းကိုရှာပါ။ကြားလူတွေကြောင့်လား ၊နှစ်ယောက်လုံးရဲ ့တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်လို့နားလည်မှုလွဲမှားကြတာကြောင့်လား? မိသားစုဆွေမျိုး၊ပတ်ဝန်းကျင်ကြောင့်လား အဖြေရှာပါ။ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။အဖြေရှာကြည့်ပါ။

၃)အချိန်ယူပြီးစကားပြောပါ
တစ်ချို့သူငယ်ချင်းတွေမတွေ့ရတာကြာပေမဲ့ ပြန်တွေ့တဲ့အခါ အရင်လိုပဲနွေးထွေးသွားကြပါတယ်။ ဒီလိုပါပဲ ပြဿနာတက်နေလို့ မတွေ့ပဲနေရင် ပိုဆိုးပါတယ်။ပြဿနာတော်တော်များများကို မဖြေရှင်းနိုင်တာက မပွင့်လင်းလို့ပါပဲ။တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်းသာ ဆက်ဆံရင် ဒီပြဿနာကပြေလည်သွားပါလိမ့်မယ်။ဘယ်သူမှားလဲစဉ်းစား ၊ပြီးရင် မှားတဲ့သူက တောင်းပန်ဖို့မမေ့ပါနဲ့။ဘယ်သူမဆို အမှားကိုဝန်ခံတောင်းပန်ရင် ခွင့်လွှတ်တတ်ကြပါတယ်။
သူစိမ်းတွေတောင် ပြန်ပြေလည်သေးတာ။သင်တို့က အရင်းနှီးဆုံးဆွေမျိုးတွေလေ။တောင်းပန်ပေမဲ့ ခွင့်မလွှတ်မှာကို မကြောက်ပါနဲ့။အရင်ဆုံး ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုသာလုပ်ပါ။

၄)သင်ခန်းစာယူပါ
ဒါက အတွေ့အကြုံတစ်ခုပါပဲ။ဘဝတစ်ကွေ့မှာ ဒီလိုပြဿနာပေါင်းသောင်း ခြောက်ထောင် ကြုံလာရနိုင်ပါတယ်။ ဘယ်လိုပဲကြုံကြုံ ခေါင်းအေးအေးနဲ့ဖြေရှင်းနိုင်ဖို့ကြိုးစားပါ။ ရင့်ကျက်တဲ့စိတ်မွေးပါ။သူငယ်ချင်းတွေကြားပွင့်ပွင့်လင်းလင်းရှိပါ။ သူငယ်ချင်းအပေါ် သစ္စာရှိပါ။

ဒီအချက်တွေကိုသာသေချာမှတ်ထားပြီးလုပ်မယ်ဆိုရင် သင်တို့ရဲ ့ပျက်စီးသွားတဲ့ သူငယ်ချင်းသံယောဇဉ်ကိုပြန်ပြီးကုစားနိုင်မှာပါ။

ဘဝမှာ မိသားစုက အစားထိုးမရနိုင်သလို သူငယ်ချင်းဆိုတာ လည်း အစားထိုးမရနိုင်ပါဘူး။

434 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.