ချစ်ရည်လူးခြင်းကိုသာရပ်တန့်လိုက်မယ်ဆိုရင် ဘာတွေဖြစ်နိုင်မလဲ
မကြာခဏဖျားချင်လာမယ်…
(Unicode)
ဒါဟာ ကျန်းမာရေးရှုထောင့်အနေနဲ့ ကြည့်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်။ ဘဝမှာ ကျန်းမာရေးနဲ့ ပုံမှန် sex life တစ်ခုရှိနေဖို့ကလည်း အရေးကြီးပါတယ်။ အကြောင်းပြချက်ကောင်းတွေရှိနေတာကြောင့် ချစ်ရည်လူးခြင်းကိုရပ်တန့်မပစ်လိုက်ပါနဲ့လို့ပြောချင်ပါတယ်။ တကယ်လို့ ချစ်ရည်လူးခြင်းကိုသာ သင်ရပ်တန့်ပစ်လိုက်မယ်ဆို ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်သလဲ ?
မကြာခဏဖျားချင်လာမယ်…
အချိန်ကြာမြင့်စွာ ချစ်ရည်မလူးပဲနေတဲ့အခါ သင့်ရဲ့ကိုယ်ခံအားစနစ်တွေဟာ တဖြည်းဖြည်းနဲ့ ကိုယ်ခံအားနည်းလာပါတယ်။ အဲ့ဒီအခါ ခန္ဓာကိုယ်ထဲဝင်ဖို့ချောင်းနေတဲ့ ပိုးမွှားတွေအတွက်ပိုမိုလွယ်ကူသွားပြီး အအေးမိတာ ၊ ကိုယ်လက်ကိုက်ခဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။
စိတ်ဖိစီးမှု Level မြင့်တက်
စိတ်ဖိစီးမှုကို အကောင်းဆုံးလျော့ချပေးနိုင်တာဟာ sex ပါပဲ။ ပုံမှန်ချစ်ရည်လူးခြင်းဖြင့် ရလာတဲ့ စိတ်ဖိစီးမှု ပမာဏတွေကို လုံးဝပျောက်စင်စေပြီး နေ့တိုင်းကိုလန်းဆန်းတက်ကြွစေတယ်။ အရေးကြီးတဲ့အရာတွေ ဟန်ချက်မညီရင်တော့ သင်ဟာအချိန်မရွေးပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုုံးလိုပဲ။ပတ်ဝန်းကျင်မှ လူတွေလည်း သင့်ကိုထိတ်လန့်နေရပါလိမ့်မယ်။
အိပ်ရာမှ တော်တော်နဲ့မထချင်
ယုံဖို့တော့ ခက်လိမ့်မယ်။ ဒါပေမယ့် တကယ်ပါ။ ချက်ချင်းတော့မသိသာပေမယ့် တဖြည်းဖြည်းနဲ့ အိပ်ရာမှထဖို့ကို ပျင်းလာပါလိမ့်မယ်။ ယောကျ်ားလေးတွေဆို စိတ်လုံးဝမကြွတော့ပဲ မိန်းကလေးတွေလည်း ပြီးမြောက်ဖို့ကိုခက်ခဲလာပါလိမ့်မယ်။ ဒါကြောင့် အချိန်အကြာကြီး ဒီတိုင်းမနေပါနဲ့။ အမြဲတမ်းတက်ကြွလန်းဆန်းမှုရှိနေအောင် ဒီလိုကိစ္စတွေကလည်း တစ်စိတ်တစ်ပိုင်းအရေးပါနေတာမို့ပါ။
အိပ်မက်တွေပြောင်းလဲလာတယ်
sex life က သာယာမှုမရှိတဲ့အခါ တစ်ချို ့ဆို ထူးဆန်းတဲ့အိပ်မက်တွေတောင် မက်လာတတ်ကြပါတယ်။ ဘယ်လိုဆက်စပ်မှုရှိနေမလဲ သေချာမပြနိုင်ပေမယ့် အိပ်မက်တွေရဲ့သဘောက သင့်မှာလိုအပ်နေတဲ့အရာကို သတိပေးနေခြင်းတစ်မျိုးပါပဲ။ ဆိုတော့ ထူးဆန်းတဲ့အိပ်မက်တွေမက်နေရင် သိပ်မလန့်ပါနဲ့။ ကိုယ့်ဘာသာပြန်စဉ်းစားပါ။ ဘာလိုအပ်နေလဲဆိုတာပေါ့။
ချစ်သူနဲ့ ကိုယ့်ကြားပိုမိုဝေးကွာလာခြင်း
တစ်ကိုယ်တည်းသမားတွေကတော့ အချိန်အကြာကြီး ချစ်ရည်မလူးနိုင်တာဖြစ်သင့်ပေမယ့် ချစ်သူရှိသူတွေအနေနဲ့ အတူတူအိပ်တာတွေ ကြားထဲမှာတဖြည်းဖြည်းလျော့လာတဲ့အခါ လူချင်းကိုလည်း ပိုမိုဝေးကွာလာစေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် relationship တစ်ခုမှာ ဒီလိုအရေးကိစ္စတွေကလည်း တစ်စိတ်တစ်ပိုင်းအရေးပါတယ်ဆိုတာ သတိထားသင့်ပါတယ်။
ကင်ဆာဖြစ်နိုင်ချေပိုများ
ယောကျ်ားလေးတွေဆို အချိန်ကြာကြီး ချစ်ရည်မလူးပဲနေတဲ့အခါ ပရော့စတိတ်မှာပြဿနာဖြစ်လာပြီး ကင်ဆာဖြစ်လာနိုင်ပါတယ်။ ကိုယ့်ဘာသာစိတ်အာသာဖြေမယ်ဆိုရင်တော့ ကင်ဆာဖြစ်နိုင်ချေကို အနည်းငယ်တော့လျော့ချနိုင်ပါတယ်။ ကဲ.. ဘယ်လိုလဲ ?
777 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.