ဥာဏ္ေကာင္းထက္ျမက္လာေလေလ Single ျဖစ္ဖို႔အခြင့္အလမ္းပိုမ်ားမ်ားေလေလပါပဲတဲ႔ ေလဒီတို႔…

နာမည္ေက်ာ္စကားပံုတစ္ခုေတာင္ရွိပါတယ္။ဘာမွမသိနားမလည္တာက ေပ်ာ္ရႊင္ခ်မ္းေျမ႔မႈ အစစ္ပဲတဲ႔။ ဥာဏ္ေကာင္းထက္ျမက္တဲ႔မိန္းကေလးေတြကေတာ့ ဘယ္ေတာ့မွေပ်ာ္ရႊင္ခ်မ္းေျမ႔မႈ အစစ္မရရွိႏုိင္ပါဘူး။ဘာလို႔လဲဆိုေတာ့ သူတို႔က အရာရာမွာတတ္သိနားလည္ေနလြန္းလို႔ပါ။ဒါကပဲ ဥာဏ္ေကာင္းထက္ျမက္တဲ႔မိန္းကေလးေတြ Single ျဖစ္ေနရတဲ႔အေၾကာင္းရင္းျဖစ္ပါတယ္။

ေလ့လာခ်က္ေတြအရ ဥာဏ္ေကာင္းထက္ျမက္တဲ႔မိန္းကေလးေတြဟာ ဘယ္လိုအခက္အခဲျဖစ္ျဖစ္ တစ္ေယာက္တည္းလည္းရင္ဆုိင္ေျဖရွင္းႏုိင္လို႔ေယာက်္ားတစ္ေယာက္ကုိ အားကုိးရွာဖုိ႔ သက္သက္နဲ႔ေတာ့ လက္မထပ္ၾကဘူးလုိ႔သိရပါတယ္။တစ္ေယာက္တည္းလည္း ဘယ္လိုအခက္အခဲလာလာ ေျဖရွင္းႏုိင္ေနတဲ႔မိန္းကေလးတစ္ေယာက္ဟာ သူမ လက္ထပ္မယ္ ဆိုရင္ေတာင္ သူမထက္ အရည္အခ်ငး္ပုိရွိတဲ႔သူ၊သူမခ်စ္တဲ႔သူ၊သူမကုိတကယ္ခ်စ္ျမတ္ႏုိးတဲ႔ သူကုိပဲေရြးခ်ယ္မွာပါ။

ျပီးေတာ့ ေအာင္ျမင္ေနတဲ႔အမ်ိဳးသားေတြဟာလည္း သူတုိ႔နဲ႔တန္းတူရပ္တည္ေျဖရွင္းနုိင္တဲ႔ အမ်ိဳးသမီးေတြနဲ႔ဒိတ္လုပ္ေလ့မရွိပဲ သူတို႔ရဲ ႔အရည္အခ်င္း၊သူတို႔ရဲ ႔အစြမ္းအစကုိ အထင္ၾကီးအားကုိးတဲ႔ အမ်ိဳးသမီးေတြနဲ႔သာ ဒိတ္ေလ့ရွိတာကုိ ေလ့လာေတြ႔ရွိရပါတယ္။ အမ်ိဳးသမီးနဲ႔အမ်ိဳးသားကုိ ပ်မ္းမ်ွေလ့လာၾကည့္မယ္ဆုိရင္ အမ်ိဳးသားေတြက အိမ္မွာ ေအးေအးေဆးေဆးေနျပီး သူတို႔ျပန္လာရင္ထမင္းစားဖုိ႔အသင့္ေစာင့္ေနတဲ႔ ၊သူတို႔ကုိေပ်ာ္ရႊင္ေစ မယ့္ တစ္စံုတစ္ေယာက္ကုိသာလိုခ်င္တာလို႔ေတြ႔ရွိရျပီးအမ်ိဳးသမီးေတြကေတာ့ သူတို႔နဲ႔တန္းတူအရည္အခ်င္းရွိထက္ျမက္ျပီး သူတုိ႔ကလည္း ခ်စ္ျမတ္ႏုိးတ့ဲတစ္စံုတစ္ေယာက္ကုိ လုိခ်င္တာျဖစ္ေၾကာင္းေတြ႔ရွိရပါတယ္။ဒါ့အျပင္ ဥာဏ္ေကာင္းထက္ျမက္တဲ႔စံုတြဲေတြ ကုိေလ့လာၾကည့္တဲ႔အခါမွာ ဥာဏ္ရည္ျမင့္မားတဲ႔အမ်ိဳးသမီးေတြကသာ Relationship တစ္ခုကုိ ျပႆနာျဖစ္ေစမွန္းေတြ႔ရွိခဲ႔ရပါတယ္။

ဒီကမာၻေပၚမွာ အမ်ိဳးသားေတြအတြက္ ေအာင္ျမင္ေနတဲ႔အလုပ္ကိုစြန္႔လႊတ္ခဲ႔တဲ႔၊သူတို႔ရဲ ႔အခြင့္အေရးေတြကုိ ကုိယ္တိုင္ျငင္းဆန္ခဲ႔ၾကတဲ႔ အမ်ိဳးသမီးေတြလည္းအမ်ားၾကီးရွိပါတယ္။ ဒါကသူတို႔ကုိဥာဏ္မေကာင္းဘူးလို႔ေျပာတာမဟုတ္ပါဘူး။တစ္ခုကုိလိုခ်င္ရင္ တစ္ခုကုိေတာ့စြန္႔လႊတ္ရမွာပါ။အခ်စ္ကုိလည္းပုိင္ရျပီး ကိုယ္၀ါသနာပါတဲ႔အလုပ္ ကုိလည္းလုပ္ရမယ္ဆုိရင္ေတာ့ ဒါက အတိုင္းထက္အလြန္ေပါ့။

ဥာဏ္ေကာင္းထက္ျမက္ျပီးအရည္အခ်င္းရွိတဲ႔အမ်ိဳးသမီးေတြ Single ျဖစ္ေနရတဲ႔အေၾကာင္းက… အမ်ိဳးသားေတြလိုခ်င္သလုိ ပံုသြင္းလို႔မရတာေၾကာင့္ျဖစ္သလို အဲ႔ဒီလိုမိန္းကေလးေတြဟာ ႏွလံုးသားထက္ သူတို႔ရဲ ႔ဦးေႏွာက္ကလာတဲ႔စိတ္အတိုင္း ဆံုးျဖတ္ခ်က္ခိုင္မာစြာခ်တတ္လို႔
အမ်ိဳးသားေတြက လန္႔ျပီး အနားမကပ္ရဲတာေၾကာင့္လည္းျဖစ္ႏုိင္ပါတယ္။ျပီးေတာ့ ဥာဏ္ရည္ထက္ျမက္တဲ႔ မိန္းကေလးေတြဟာ သူတုိ႔လက္ထပ္မယ့္သူက သူတိုနဲ႔အရည္အခ်င္း တန္းတူ၊ဒါမွမဟုတ္ သူတို႔ထက္အရည္အခ်င္းရွိျပီး သူတို႔ကုိလည္းခ်စ္ျမတ္ႏုိးရမယ္ဆုိတဲ႔ႏွစ္ခုလံုးကုိ ပုိင္ဆိုင္ခ်င္တဲ႔စိတ္ေၾကာင့္လည္းပါပါတယ္။ဒါ့အျပင္ ကိုယ့္ေျခေထာက္ေပၚ ကုိယ္ရပ္တည္ႏုိင္တဲ႔ အတြက္ ခ်ဳပ္ခ်ယ္မႈ၊ေႏွာင္ဖြဲ႔မႈေတြကုိမလုိခ်င္တဲ႔အတြက္ေၾကာင့္ေရာ သူတို႔ဘ၀မွာ အခ်စ္ထက္ အေရးၾကီးတဲ႔အရာေတြကုိ ေလ့လာသင္ယူလို႔မဆံုးျဖစ္ေနတာေၾကာင့္ေရာေပါ့။အဲ႔ဒါေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္ ဥာဏ္ေကာင္းထက္ျမက္လာေလေလ Single ျဖစ္ဖုိ႔အခြင့္အလမ္း ပုိမ်ားလာေလေလပါပဲ။

ဒါကေတာ့ အခုခ်ိန္ထိေလ့လာေတြ႔ရွိရသမ်ွ Single ျဖစ္ရတဲ႔အေၾကာင္းေတြပါ။တစ္ခ်ိဳ႔ကေတာ့ ဒါအခ်စ္စစ္နဲ႔မေတြ႔ေသးလို႔ပါ။အခ်စ္စစ္နဲ႔ေတြ႔ရင္ေျပာင္းလဲသြားမွာဆုိျပီးေျပာေလ့ရွိၾကသလိုပဲ တကယ္တမ္း ထက္ျမက္တဲ႔မိန္းကေလးေတြမွာ ခ်စ္သူမရွိေသးတာ အခ်စ္စစ္မေတြ႔ေသးလို႔လား၊ အခ်စ္ထက္ လြတ္လပ္မႈကိုပုိျပီးလိုခ်င္လို႔လား…ဆိုတာကေတာ့ အခုထိ တိတိက်က်အေျဖရွာ လို႔မရေသးတဲ႔ ပုစာၦတစ္ပုဒ္ပါပဲ။

တကယ္လိို႔မ်ား သင့့္သူငယ္ခ်င္းေတြထဲမွာ  Single ျဖစ္ေနတဲ႔သူေတြရွိရင္ ေမးၾကည့္ၾကည့္ပါ။ ခ်စ္ရမယ့္သူမေတြ႔ေသးလို႔လား?အခ်စ္ေၾကာင့္ရလာမယ့္ေပ်ာ္ရႊင္မႈ၊၀မ္းနည္းမႈစတဲ႔ခံစားခ်က္ေတြထက္ တစ္ေယာက္တည္းေနရတဲ႔လြတ္လပ္မႈကုိပုိျပီးလိုခ်င္လို႔လားဆိုတာ…။

Unicode

နာမည်ကျော်စကားပုံတစ်ခုတောင်ရှိပါတယ်။ဘာမှမသိနားမလည်တာက ပျော်ရွှင်ချမ်းမြေ့မှု အစစ်ပဲတဲ့။ ဉာဏ်ကောင်းထက်မြက်တဲ့မိန်းကလေးတွေကတော့ ဘယ်တော့မှပျော်ရွှင်ချမ်းမြေ့မှု အစစ်မရရှိနိုင်ပါဘူး။ဘာလို့လဲဆိုတော့ သူတို့က အရာရာမှာတတ်သိနားလည်နေလွန်းလို့ပါ။ဒါကပဲ ဉာဏ်ကောင်းထက်မြက်တဲ့မိန်းကလေးတွေ Single ဖြစ်နေရတဲ့အကြောင်းရင်းဖြစ်ပါတယ်။

လေ့လာချက်တွေအရ ဉာဏ်ကောင်းထက်မြက်တဲ့မိန်းကလေးတွေဟာ ဘယ်လိုအခက်အခဲဖြစ်ဖြစ် တစ်ယောက်တည်းလည်းရင်ဆိုင်ဖြေရှင်းနိုင်လို့ယောကျ်ားတစ်ယောက်ကို အားကိုးရှာဖို့ သက်သက်နဲ့တော့ လက်မထပ်ကြဘူးလို့သိရပါတယ်။တစ်ယောက်တည်းလည်း ဘယ်လိုအခက်အခဲလာလာ ဖြေရှင်းနိုင်နေတဲ့မိန်းကလေးတစ်ယောက်ဟာ သူမ လက်ထပ်မယ် ဆိုရင်တောင် သူမထက် အရည်အချငး်ပိုရှိတဲ့သူ၊သူမချစ်တဲ့သူ၊သူမကိုတကယ်ချစ်မြတ်နိုးတဲ့ သူကိုပဲရွေးချယ်မှာပါ။

ပြီးတော့ အောင်မြင်နေတဲ့အမျိုးသားတွေဟာလည်း သူတို့နဲ့တန်းတူရပ်တည်ဖြေရှင်းနိုင်တဲ့ အမျိုးသမီးတွေနဲ့ဒိတ်လုပ်လေ့မရှိပဲ သူတို့ရဲ ့အရည်အချင်း၊သူတို့ရဲ ့အစွမ်းအစကို အထင်ကြီးအားကိုးတဲ့ အမျိုးသမီးတွေနဲ့သာ ဒိတ်လေ့ရှိတာကို လေ့လာတွေ့ရှိရပါတယ်။ အမျိုးသမီးနဲ့အမျိုးသားကို ပျမ်းမျှလေ့လာကြည့်မယ်ဆိုရင် အမျိုးသားတွေက အိမ်မှာ အေးအေးဆေးဆေးနေပြီး သူတို့ပြန်လာရင်ထမင်းစားဖို့အသင့်စောင့်နေတဲ့ ၊သူတို့ကိုပျော်ရွှင်စေ မယ့် တစ်စုံတစ်ယောက်ကိုသာလိုချင်တာလို့တွေ့ရှိရပြီးအမျိုးသမီးတွေကတော့ သူတို့နဲ့တန်းတူအရည်အချင်းရှိထက်မြက်ပြီး သူတို့ကလည်း ချစ်မြတ်နိုးတဲ့တစ်စုံတစ်ယောက်ကို လိုချင်တာဖြစ်ကြောင်းတွေ့ရှိရပါတယ်။ဒါ့အပြင် ဉာဏ်ကောင်းထက်မြက်တဲ့စုံတွဲတွေ ကိုလေ့လာကြည့်တဲ့အခါမှာ ဉာဏ်ရည်မြင့်မားတဲ့အမျိုးသမီးတွေကသာ Relationship တစ်ခုကို ပြဿနာဖြစ်စေမှန်းတွေ့ရှိခဲ့ရပါတယ်။

ဒီကမ္ဘာပေါ်မှာ အမျိုးသားတွေအတွက် အောင်မြင်နေတဲ့အလုပ်ကိုစွန့်လွှတ်ခဲ့တဲ့၊သူတို့ရဲ ့အခွင့်အရေးတွေကို ကိုယ်တိုင်ငြင်းဆန်ခဲ့ကြတဲ့ အမျိုးသမီးတွေလည်းအများကြီးရှိပါတယ်။ ဒါကသူတို့ကိုဉာဏ်မကောင်းဘူးလို့ပြောတာမဟုတ်ပါဘူး။တစ်ခုကိုလိုချင်ရင် တစ်ခုကိုတော့စွန့်လွှတ်ရမှာပါ။အချစ်ကိုလည်းပိုင်ရပြီး ကိုယ်ဝါသနာပါတဲ့အလုပ် ကိုလည်းလုပ်ရမယ်ဆိုရင်တော့ ဒါက အတိုင်းထက်အလွန်ပေါ့။

ဉာဏ်ကောင်းထက်မြက်ပြီးအရည်အချင်းရှိတဲ့အမျိုးသမီးတွေ Single ဖြစ်နေရတဲ့အကြောင်းက… အမျိုးသားတွေလိုချင်သလို ပုံသွင်းလို့မရတာကြောင့်ဖြစ်သလို အဲ့ဒီလိုမိန်းကလေးတွေဟာ နှလုံးသားထက် သူတို့ရဲ ့ဦးနှောက်ကလာတဲ့စိတ်အတိုင်း ဆုံးဖြတ်ချက်ခိုင်မာစွာချတတ်လို့
အမျိုးသားတွေက လန့်ပြီး အနားမကပ်ရဲတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ပြီးတော့ ဉာဏ်ရည်ထက်မြက်တဲ့ မိန်းကလေးတွေဟာ သူတို့လက်ထပ်မယ့်သူက သူတိုနဲ့အရည်အချင်း တန်းတူ၊ဒါမှမဟုတ် သူတို့ထက်အရည်အချင်းရှိပြီး သူတို့ကိုလည်းချစ်မြတ်နိုးရမယ်ဆိုတဲ့နှစ်ခုလုံးကို ပိုင်ဆိုင်ချင်တဲ့စိတ်ကြောင့်လည်းပါပါတယ်။ဒါ့အပြင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အတွက် ချုပ်ချယ်မှု၊နှောင်ဖွဲ့မှုတွေကိုမလိုချင်တဲ့အတွက်ကြောင့်ရော သူတို့ဘဝမှာ အချစ်ထက် အရေးကြီးတဲ့အရာတွေကို လေ့လာသင်ယူလို့မဆုံးဖြစ်နေတာကြောင့်ရောပေါ့။အဲ့ဒါကြောင့် အမျိုးသမီးတစ်ယောက် ဉာဏ်ကောင်းထက်မြက်လာလေလေ Single ဖြစ်ဖို့အခွင့်အလမ်း ပိုများလာလေလေပါပဲ။

ဒါကတော့ အခုချိန်ထိလေ့လာတွေ့ရှိရသမျှ Single ဖြစ်ရတဲ့အကြောင်းတွေပါ။တစ်ချို့ကတော့ ဒါအချစ်စစ်နဲ့မတွေ့သေးလို့ပါ။အချစ်စစ်နဲ့တွေ့ရင်ပြောင်းလဲသွားမှာဆိုပြီးပြောလေ့ရှိကြသလိုပဲ တကယ်တမ်း ထက်မြက်တဲ့မိန်းကလေးတွေမှာ ချစ်သူမရှိသေးတာ အချစ်စစ်မတွေ့သေးလို့လား၊ အချစ်ထက် လွတ်လပ်မှုကိုပိုပြီးလိုချင်လို့လား…ဆိုတာကတော့ အခုထိ တိတိကျကျအဖြေရှာ လို့မရသေးတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။

တကယ်လိို့များ သင့့်သူငယ်ချင်းတွေထဲမှာ Single ဖြစ်နေတဲ့သူတွေရှိရင် မေးကြည့်ကြည့်ပါ။ ချစ်ရမယ့်သူမတွေ့သေးလို့လား?အချစ်ကြောင့်ရလာမယ့်ပျော်ရွှင်မှု၊ဝမ်းနည်းမှုစတဲ့ခံစားချက်တွေထက် တစ်ယောက်တည်းနေရတဲ့လွတ်လပ်မှုကိုပိုပြီးလိုချင်လို့လားဆိုတာ…။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.