2NE1 အဖြဲ႔၀င္မိန္းမေခ်ာေလး Dara ရဲ ႔အထူးဖိတ္ေခၚမႈခံခဲ႔ရတဲ႔ Jung Hae In

ဧျပီ ၂၅ရက္ေန႔က ဆိုးလ္ျမိဳ႔၊ JTBC အေဆာက္အဦးမွာက်င္းပခဲ႔တဲ႔ အခမ္းအနားကို JTBC4 beauty reality program အသစ္ရဲ ႔အစီအစဥ္တင္ဆက္သူေတြလည္းတက္ေရာက္ခဲ႔ပါ တယ္။အဲ႔ဒီပြဲမွာ သတင္းေထာက္ေတြ၊မီဒီယာေတြလည္းအမ်ားအျပားရွိေနၾကျပီး အစီအစဥ္ တင္ဆက္သူေတြကုိလည္းအင္တာဗ်ဴးေတြေမးခဲ႔ၾကတယ္လို႔သိရပါတယ္။2NE1 အဖြဲ႔၀င္ တစ္ေယာက္ျဖစ္တဲ႔ အဆိုေတာ္ေခ်ာေခ်ာေလး Dara ကလည္း အလွအပအစီအစဥ္မွာ
တင္ဆက္သူတစ္ေယာက္ျဖစ္ပါတယ္။

JTBC ကစီစဥ္ထုတ္လႊင့္တဲ႔ ‘Mimi Shop’ အလွအပအစီအစဥ္မွာ Dara က ဦးေဆာင္ျပီး စီစဥ္တင္ဆက္ရသူျဖစ္ပါတယ္။အဲ႔ဒီအစီအစဥ္ဟာအႏုပညာရွင္ေတြကုိဖိတ္ေခၚျပီး တင္ဆက္သူေတြက သူတို႔ရဲ႔ မိတ္ကပ္စြမ္းရည္ေတြနဲ႔ ဖိတ္ေခၚထားတဲ႔ အႏုပညာရွင္ေတြကုိလိမ္းျခယ္ေပးရမွာျဖစ္ပါတယ္။

Dara ကုိ သူတို႔ရဲ ႔အလွအပအစီအစဥ္ကို ဘယ္အႏုပညာရွင္ကုိဖိတ္ေခၚဖုိ႔ဆႏၵရွိလဲ လို႔ေမးျမန္းၾကည့္တဲ႔အခါမွာေတာ့ Dara က “ဒီအလွအပအစီအစဥ္ကုိ
မင္းသား Jung Hae In ကုိဖိတ္ေခၚခ်င္တဲ႔ဆႏၵရွိပါတယ္။ဒီမွာ မိတ္ကပ္ေကာင္းေကာင္း ျပင္ေပးတတ္တဲ႔ အစ္မေခ်ာေခ်ာေလးေတြအမ်ားၾကီးရွိပါတယ္။အဲ႔ဒါေၾကာင့္ ဒီကုိလာခဲ့ပါ”လို႔ ေျဖခဲ႔ေၾကာင္းသိရပါတယ္။

Jung Hae In ဟာ “Something in the Rain” (Pretty Noona who buys me food – ကြ်န္ေတာ့္ကုိမုန္႔၀ယ္ေကြ်းတဲ႔အစ္မေခ်ာေခ်ာေလး) ဆိုတဲ႔ဒရာမာဇာတ္လမ္းတြဲကုိ မင္းသမီး Son Ye Jinနဲ႔တြဲဖက္ရုိက္ကူးေနတာျဖစ္ျပီး အခုလတ္တေလာကာလမွာဆိုရင္ ကုိရီးယားႏုိင္ငံမွာေရာ၊ကမာၻတစ္၀န္းလံုးကကုိရီးယားဇာတ္လမ္းတြဲပရိသတ္ေတြ ၾကည့္ရႈမႈအမ်ားဆံုးဇာတ္လမ္းတြဲလည္းျဖစ္ေနပါတယ္။ဇာတ္လမ္းစကတည္းက သူတို႔ကုိ ရုိမန္တစ္ဆန္ဆန္ျမင္ေတြ႔ရတာျဖစ္ျပီး သူတုိ႔ရဲ ႔အခ်စ္ဇာတ္လမ္းက ၾကည့္ရႈသူေတြကို ေပ်ာ္ရႊင္ၾကည္ႏူးသြားေစတဲ႔ ခံစားခ်က္မ်ိဳးေပးစြမ္းႏုိင္တယ္လို႔ ပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ႔ဇာတ္ကားေလးပါ။

အဲ႔ဒါေၾကာင့္ Dara က အဲ႔ဒီဇာတ္ကားေလးကုိအမွတ္ရျပီး “မိတ္ကပ္ေကာင္းေကာင္း ျပင္ေပးတတ္တဲ႔ အစ္မေခ်ာေခ်ာေလးေတြရွိတယ္”လို႔ရယ္ေမာစြာေျပာျပီး Jung Hae In ကုိဖိတ္ေခၚခဲ႔တာပဲျဖစ္ပါတယ္။သူမလည္း Jung Hae In ရဲ ႔ပရိသတ္ျဖစ္မယ္ ထင္ပါတယ္။ေနာက္ထပ္အစီအစဥ္တင္ဆက္သူေတြကေတာ့နာမည္ေက်ာ္ အဆိုေတာ္အဖြဲ႔ျဖစ္တဲ႔ TWICE ၊ မင္းသားေခ်ာGong Yoo ၊ Lee Dong Wook တို႔ကုိဖိတ္ေခၚခ်င္တယ္ လုိ႔ေျဖၾကားခဲ႔ပါတယ္။

‘Mimi Shop’အလွအပအစီအစဥ္ကုိေတာ့ ဧျပီ ၂၅ရက္ေန႔ကစျပီး ျပသေနျပီျဖစ္ပါတယ္။Jung Hae In ကေတာ့ မမနဲ႔ေမာင္ဇာတ္လမ္းတြဲေလးနဲ႔ မိန္းကေလးေတြရဲ ႔သေဘာက်မႈ ကုိ အရင္ကထက္ပိုျပီးရရွိခဲ႔တယ္ဆုိတာ အေသအခ်ာပါပဲ။

Unicode

ဧပြီ ၂၅ရက်နေ့က ဆိုးလ်မြို့၊ JTBC အဆောက်အဦးမှာကျင်းပခဲ့တဲ့ အခမ်းအနားကို JTBC4 beauty reality program အသစ်ရဲ ့အစီအစဉ်တင်ဆက်သူတွေလည်းတက်ရောက်ခဲ့ပါ တယ်။အဲ့ဒီပွဲမှာ သတင်းထောက်တွေ၊မီဒီယာတွေလည်းအများအပြားရှိနေကြပြီး အစီအစဉ် တင်ဆက်သူတွေကိုလည်းအင်တာဗျူးတွေမေးခဲ့ကြတယ်လို့သိရပါတယ်။2NE1 အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ အဆိုတော်ချောချောလေး Dara ကလည်း အလှအပအစီအစဉ်မှာ
တင်ဆက်သူတစ်ယောက်ဖြစ်ပါတယ်။

JTBC ကစီစဉ်ထုတ်လွှင့်တဲ့ ‘Mimi Shop’ အလှအပအစီအစဉ်မှာ Dara က ဦးဆောင်ပြီး စီစဉ်တင်ဆက်ရသူဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်ဟာအနုပညာရှင်တွေကိုဖိတ်ခေါ်ပြီး တင်ဆက်သူတွေက သူတို့ရဲ့ မိတ်ကပ်စွမ်းရည်တွေနဲ့ ဖိတ်ခေါ်ထားတဲ့ အနုပညာရှင်တွေကိုလိမ်းခြယ်ပေးရမှာဖြစ်ပါတယ်။

Dara ကို သူတို့ရဲ ့အလှအပအစီအစဉ်ကို ဘယ်အနုပညာရှင်ကိုဖိတ်ခေါ်ဖို့ဆန္ဒရှိလဲ လို့မေးမြန်းကြည့်တဲ့အခါမှာတော့ Dara က “ဒီအလှအပအစီအစဉ်ကို မင်းသား Jung Hae In ကိုဖိတ်ခေါ်ချင်တဲ့ဆန္ဒရှိပါတယ်။ ဒီမှာ မိတ်ကပ်ကောင်းကောင်း ပြင်ပေးတတ်တဲ့ အစ်မချောချောလေးတွေအများကြီးရှိပါတယ်။အဲ့ဒါကြောင့် ဒီကိုလာခဲ့ပါ”လို့ ဖြေခဲ့ကြောင်းသိရပါတယ်။

Jung Hae In ဟာ “Something in the Rain” (Pretty Noona who buys me food – ကျွန်တော့်ကိုမုန့်ဝယ်ကျွေးတဲ့အစ်မချောချောလေး) ဆိုတဲ့ဒရာမာဇာတ်လမ်းတွဲကို မင်းသမီး Son Ye Jinနဲ့တွဲဖက်ရိုက်ကူးနေတာဖြစ်ပြီး အခုလတ်တလောကာလမှာဆိုရင် ကိုရီးယားနိုင်ငံမှာရော၊ကမ္ဘာတစ်ဝန်းလုံးကကိုရီးယားဇာတ်လမ်းတွဲပရိသတ်တွေ ကြည့်ရှုမှုအများဆုံးဇာတ်လမ်းတွဲလည်းဖြစ်နေပါတယ်။ဇာတ်လမ်းစကတည်းက သူတို့ကို ရိုမန်တစ်ဆန်ဆန်မြင်တွေ့ရတာဖြစ်ပြီး သူတို့ရဲ ့အချစ်ဇာတ်လမ်းက ကြည့်ရှုသူတွေကို ပျော်ရွှင်ကြည်နူးသွားစေတဲ့ ခံစားချက်မျိုးပေးစွမ်းနိုင်တယ်လို့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ဇာတ်ကားလေးပါ။

အဲ့ဒါကြောင့် Dara က အဲ့ဒီဇာတ်ကားလေးကိုအမှတ်ရပြီး “မိတ်ကပ်ကောင်းကောင်း ပြင်ပေးတတ်တဲ့ အစ်မချောချောလေးတွေရှိတယ်”လို့ရယ်မောစွာပြောပြီး Jung Hae In ကိုဖိတ်ခေါ်ခဲ့တာပဲဖြစ်ပါတယ်။သူမလည်း Jung Hae In ရဲ ့ပရိသတ်ဖြစ်မယ် ထင်ပါတယ်။နောက်ထပ်အစီအစဉ်တင်ဆက်သူတွေကတော့နာမည်ကျော် အဆိုတော်အဖွဲ့ဖြစ်တဲ့ TWICE ၊ မင်းသားချောGong Yoo ၊ Lee Dong Wook တို့ကိုဖိတ်ခေါ်ချင်တယ် လို့ဖြေကြားခဲ့ပါတယ်။

‘Mimi Shop’အလှအပအစီအစဉ်ကိုတော့ ဧပြီ ၂၅ရက်နေ့ကစပြီး ပြသနေပြီဖြစ်ပါတယ်။Jung Hae In ကတော့ မမနဲ့မောင်ဇာတ်လမ်းတွဲလေးနဲ့ မိန်းကလေးတွေရဲ ့သဘောကျမှု ကို အရင်ကထက်ပိုပြီးရရှိခဲ့တယ်ဆိုတာ အသေအချာပါပဲ။

383 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.