(၅) Johnny Depp
ကြည့်ရတာ သူ့ရဲ့ သရုပ်ဆောင်ပုံတွေဟာ အော်စကာရွေးချယ်သူဒိုင်တွေရဲ့ အမြင်မှာ ဓလေ့ထုံးစံမကျတာကြောင့်လို့ ယူဆနိုင်စရာရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ Pirate of the Caribbean , Sweeney Todd , Charlie နဲ့ The Chocolate Factory တို့ကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ နာမည်ကျော်ကြားမှု အရှိန်အ၀ါ မသေးကြောင်းကိုတော့ လက်ခံရမှာပါ။ ပြီးတော့ သူ့ကားတွေက ဈေးကွက်အရလည်း အောင်မြင်မှုရှိပါတယ်။
(၄) Harrison Ford
ဟောလီးဝုဒ်အကျော်အမော်အဖြစ် အသက်(၆၀)ကျော်အထိ ရပ်တည်နိုင်ခဲ့တဲ့သူပါ။ The Indian Jones , Rick Deckard in Blade Runner တို့ရဲ့ icon ဖြစ်တဲ့သူ့ကို Acedamy ဟာ ဘယ်တော့မှာ အော်စကာမပေးတော့ဘူးလားလို့ မေးကြည့်ရမလိုပါပဲ။
(၃) Leonardo DiCaprio
Caprio ဟာလည်း အလားတူတစ်ဦးဖြစ်ပြီးတော့ ဟောလီးဝုဒ်သရုပ်ဆောင်တွေထဲ ကမ္ဘာတစ်လွှား အကျော်ကြားဆုံးလို့တောင် ဆိုနိုင်ပါတယ်။ သူဟာ Titanic မှာကတည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ရပေမယ့် စတင်လွဲချော်ခဲ့ပါတယ်။ နောက်ပိုင်း Catch Me If You can (2002), The Departed (2006), Django Unchained (2012) နဲ့ အခုနောက်ဆုံး The Great Gatsby (2013) စတဲ့ ဇာတ်ကားတွေမှာလည်း သူ့ရဲ့ အံ့သြမှင်တက်စရာ ကောင်းလောက်တဲ့ သရုပ်ဆောင်မှုတွေကို ပြသနိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ဘဲ ယနေ့အချိန်ထိတော့။
(၂) Will Smith
ဟောလီးဝုဒ် ဇာတ်ကားတွေကို သိပ်ကြည့်လေ့မရှိသူတွေတောင် Will Smith ဆိုရင် သိကြပါတယ်။ ခမ်းနားကြီးကျယ်တဲ့ သရုပ်ဆောင်ချက်တွေကို Pursuit Of Happyness, Hancock, I Am Legend, Hitch, Bad Boys စတဲ့ ဇာတ်ကားပေါင်းများစွာနဲ့ ပြသခဲ့ပေမယ့် သူသည်လည်း ဒီနေ့ထိတော့ ကံမကောင်းသေးပါဘူး။
(၁) Robert Downey Jr.
အားလုံး အမျှော်လင့်ခဲ့ဆုံး မင်းသားကတော့ Robert Downey Jr ပါပဲ။ Chaplin (1992), Tropic Thunder (2008) တို့နဲ့ တစ်ပြေးခဲ့ပါတယ်။ ဒါပေမယ့် သမရိုးကျ သရုပ်ဆောင်မှု မဟုတ်တဲ့ Sherlock Holmes နဲ့ Iron Man တို့ဟာတော့ ယနေ့အချိန်ထိ အော်စကာဆွတ်ခူးနိုင်ခြင်း မရှိခဲ့သေးပါဘူး။
Ref:mensxp