လက္ထပ္ဖို႕ထိရည္ရြယ္ထားတဲ႔စံုတြဲေတြ ျကိုတင္ျပင္ဆင္ထားသင္႔တဲ႔အရာေလးေတြက

တစ္ေယာက္နဲ႕တစ္ေယာက္နွစ္သက္ျကတယ္ ေမတၱာရွိျကတယ္၊ ေနာက္ဆံုးလက္ထပ္ဖို႕ထိတစ္ေယာက္ကို တစ္ေယာက္ရည္ရြယ္ထားျကတ႔ဲစံုတြဲေတြဟာ ဘယ္လုိမ်ိဳးအရာေတြကို လုပ္ေဆာင္ထားသင္႔သလဲဆိုတာ…
(၁) နွစ္ဖက္မိဘရဲ႕အေျခေနအ၀၀ကို အခ်င္းခ်င္းပြင္႔ပြင္႔လင္းလင္းေျပာျပာထားသင္႔ပါတယ္
လက္ထပ္တယ္ဆိုတာ လူနွစ္ေယာက္ေပါင္းစည္းတာမွန္ေပမဲ႕ မိသားစုနွစ္ခုေပါင္းစည္းတယ္ဆိုရင္လည္းပိုမွန္နို္င္ပါတယ္။ ဒီေတာ႔ ကိုယ္တကယ္ခ်စ္တဲ႔သူနဲ႕လက္ထပ္မယ္လုိ႕ရည္ရြယ္ထားရင္ကိုယ္႔ခ်စ္သူရဲ႕သူ႕မိဘအသိုင္း၀ိုင္းျကားက အားသာခ်က္ေတြေကာ အားနည္းခ်က္ေတြေကာကိုပါ သိထားသင္႔ျပီးကိုယ္႔မိဘအသိုင္း၀ိုင္းေျကာင္းကိုလည္းကိုယ္႔ခ်စ္သူအမွန္သိထားေအာင္ပြင္႔လင္းစြာေျပာျပထားဖို႕လိုပါတယ္။
(၂) ဘယ္နွစ္ဘယ္အခ်ိန္မွာလက္ထပ္နိုင္ေအာင္ျကိုးစားမယ္ဆိုတဲ႔အျကမ္းဖ်င္းTargetထားရမယ္
တကယ္လက္ထပ္ဖို႕ရည္ရြယ္ထားျပီဆိုရင္ေတာ႔ ဘယ္နွစ္ဘယ္အခ်ိန္မွာလက္ထပ္မယ္ဆိုတဲ႔ Target ေလးထားသင္႔ပါတယ္။ ဒီလို အခ်ိန္တစ္ခုသတ္မွတ္ထားျပီးျကိုးစားမွလည္းနွစ္ဦးျကားတစ္ေယာက္ကိုတစ္ေယာက္ယံုျကည္မႈေတြ ေမ်ွာ္လင္႔ခ်က္ေတြပိုရွိလာနိုင္တာမို႕ အျကမ္းဖ်င္းအခ်ိန္တစ္ခုကိုစတင္သတ္မွတ္ျပီး အဲ႔အခ်ိန္ေလးျဖစ္လာဖို႕ အစြမ္းကုန္ျကိုးစားသင္႔ပါတယ္။
(၃) သူ႕ပတ္၀န္းက်င္ကိုယ္႔ပတ္၀န္းက်င္နွစ္ဖက္စလံုးနဲ႕သဟဇာတျဖစ္ေအာင္ေနထိုင္ရမယ္
ကိုယ္႔ခ်စ္သူတစ္ေယာက္တည္းမ်က္နွာတစ္ခုတည္းနဲ႕ပဲအဆင္ေျပေအာင္ေနလို႕ရတာမဟုတ္ပါဘူး။ သူ႕ဘက္ကိုယ္႔ဘက္ကသူငယ္ခ်င္းေတြ အေပါင္းသင္းေတြနဲ႕ ပါ လိုက္ေလ်ာညီေထြသဟဇာတျဖစ္ဖို႕လိုပါတယ္။
(၄) တစ္ေယာက္ျဖစ္ခ်င္တဲ႔ဆႏၵနဲ႕တစ္ေယာက္ညီဖို႕လိုပါတယ္
နွစ္ကိုယ္တူေပါင္းစည္းဖို႕ဆိုတာ ကိုယ္႔စိတ္တစ္ခုတည္းရဲ႕ ဆႏၵေတြနဲ႕တင္ျပီးသြားတာမ်ိဳးမဟုတ္ပါဘူး။ နွစ္ဦးနွစ္ဖက္ တည္ေဆာက္ျကမဲ႔ဘ၀မွာဘယ္လိုပံုစံေလးပံုေဖာ္ျကမယ္ဘယ္လိုပံုစံေလးဘ၀ကိုဖန္တီးျကမယ္ဆိုတာမ်ိဳးေလးနဲ႕ တစ္ေယာက္ျဖစ္ခ်င္တဲ႔ဆႏၵနဲ႕တစ္ေယာက္ထပ္တူက်ေအာင္ညိွႏႈိုင္း တုိင္ပင္ထားဖုိ႕လိုပါတယ္။
(၅) ပိုက္ဆံစုရမယ္
သိပ္ကိုအေရးပါတဲ႔အခ်က္ပါ။ ကိုယ္႔မွာ တကယ္ဘ၀အတြက္ရည္ရြယ္ထားတဲ႔ခ်စ္သူရွိေနျပီဆိုရင္ေတာ႔အရင္ကမစုျဖစ္ခဲ႔ရင္ေတာင္ေသခ်ာတဲ႔ RS တစ္ခုရွိတဲ႔ခ်ိန္ကစျပီးနွစ္ေယာက္စလံုး ဒီနွစ္တစ္လကို ဘယ္ေလာက္စုျကမယ္ဆိုတာမ်ိဳး ေသခ်ာသတ္မွတ္ျပီးစုေဆာင္းသင္႔ပါတယ္။ရွာလြယ္ သံုးလြယ္ေပမဲ႔စုေဆာင္းတဲ႔အခါမွာေတာ႔ ခက္ခဲလွပါတယ္။ ဒါေျကာင္႔ စိတ္ကို ေသခ်ာပိုင္းျဖတ္ျပီး ေအးခ်မ္းတဲ႔ ဘ၀ကို စတင္ဖန္တီးနိင္ဖို႕အတြက္ ေငြေကာင္းေကာင္းစုတတ္ဖို႕လိုပါတယ္။
ဆိုေတာ႔ကိုယ္႔ခ်စ္သူနဲ႕ဘ၀တစ္ခုတည္ေဆာက္ဖို႕ေသခ်ာေနျပီဆိုရင္ေတာ႔ အခုတည္းကစျပီး နွစ္ေယာက္သား တက္ညီလက္ညီ အခုလိုေလးေတြျကိုတင္ျပင္ဆင္တတ္ဖို႕လုိပါျပီေနာ္…

Unicode

တစ်ယောက်နဲ့တစ်ယောက်နှစ်သက်ကြတယ် မေတ္တာရှိကြတယ်၊ နောက်ဆုံးလက်ထပ်ဖို့ထိတစ်ယောက်ကို တစ်ယောက်ရည်ရွယ်ထားကြတဲ့စုံတွဲတွေဟာ ဘယ်လိုမျိုးအရာတွေကို လုပ်ဆောင်ထားသင့်သလဲဆိုတာ…
(၁) နှစ်ဖက်မိဘရဲ့အခြေနေအဝဝကို အချင်းချင်းပွင့်ပွင့်လင်းလင်းပြောပြာထားသင့်ပါတယ်
လက်ထပ်တယ်ဆိုတာ လူနှစ်ယောက်ပေါင်းစည်းတာမှန်ပေမဲ့ မိသားစုနှစ်ခုပေါင်းစည်းတယ်ဆိုရင်လည်းပိုမှန်နို်င်ပါတယ်။ ဒီတော့ ကိုယ်တကယ်ချစ်တဲ့သူနဲ့လက်ထပ်မယ်လို့ရည်ရွယ်ထားရင်ကိုယ့်ချစ်သူရဲ့သူ့မိဘအသိုင်းဝိုင်းကြားက အားသာချက်တွေကော အားနည်းချက်တွေကောကိုပါ သိထားသင့်ပြီးကိုယ့်မိဘအသိုင်းဝိုင်းကြောင်းကိုလည်းကိုယ့်ချစ်သူအမှန်သိထားအောင်ပွင့်လင်းစွာပြောပြထားဖို့လိုပါတယ်။
(၂) ဘယ်နှစ်ဘယ်အချိန်မှာလက်ထပ်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့အကြမ်းဖျင်းTargetထားရမယ်
တကယ်လက်ထပ်ဖို့ရည်ရွယ်ထားပြီဆိုရင်တော့ ဘယ်နှစ်ဘယ်အချိန်မှာလက်ထပ်မယ်ဆိုတဲ့ Target လေးထားသင့်ပါတယ်။ ဒီလို အချိန်တစ်ခုသတ်မှတ်ထားပြီးကြိုးစားမှလည်းနှစ်ဦးကြားတစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုတွေ မျှော်လင့်ချက်တွေပိုရှိလာနိုင်တာမို့ အကြမ်းဖျင်းအချိန်တစ်ခုကိုစတင်သတ်မှတ်ပြီး အဲ့အချိန်လေးဖြစ်လာဖို့ အစွမ်းကုန်ကြိုးစားသင့်ပါတယ်။
(၃) သူ့ပတ်ဝန်းကျင်ကိုယ့်ပတ်ဝန်းကျင်နှစ်ဖက်စလုံးနဲ့သဟဇာတဖြစ်အောင်နေထိုင်ရမယ်
ကိုယ့်ချစ်သူတစ်ယောက်တည်းမျက်နှာတစ်ခုတည်းနဲ့ပဲအဆင်ပြေအောင်နေလို့ရတာမဟုတ်ပါဘူး။ သူ့ဘက်ကိုယ့်ဘက်ကသူငယ်ချင်းတွေ အပေါင်းသင်းတွေနဲ့ ပါ လိုက်လျောညီထွေသဟဇာတဖြစ်ဖို့လိုပါတယ်။
(၄) တစ်ယောက်ဖြစ်ချင်တဲ့ဆန္ဒနဲ့တစ်ယောက်ညီဖို့လိုပါတယ်
နှစ်ကိုယ်တူပေါင်းစည်းဖို့ဆိုတာ ကိုယ့်စိတ်တစ်ခုတည်းရဲ့ ဆန္ဒတွေနဲ့တင်ပြီးသွားတာမျိုးမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် တည်ဆောက်ကြမဲ့ဘဝမှာဘယ်လိုပုံစံလေးပုံဖော်ကြမယ်ဘယ်လိုပုံစံလေးဘဝကိုဖန်တီးကြမယ်ဆိုတာမျိုးလေးနဲ့ တစ်ယောက်ဖြစ်ချင်တဲ့ဆန္ဒနဲ့တစ်ယောက်ထပ်တူကျအောင်ညှိနှိုုင်း တိုင်ပင်ထားဖို့လိုပါတယ်။
(၅) ပိုက်ဆံစုရမယ်
သိပ်ကိုအရေးပါတဲ့အချက်ပါ။ ကိုယ့်မှာ တကယ်ဘဝအတွက်ရည်ရွယ်ထားတဲ့ချစ်သူရှိနေပြီဆိုရင်တော့အရင်ကမစုဖြစ်ခဲ့ရင်တောင်သေချာတဲ့ RS တစ်ခုရှိတဲ့ချိန်ကစပြီးနှစ်ယောက်စလုံး ဒီနှစ်တစ်လကို ဘယ်လောက်စုကြမယ်ဆိုတာမျိုး သေချာသတ်မှတ်ပြီးစုဆောင်းသင့်ပါတယ်။ရှာလွယ် သုံးလွယ်ပေမဲ့စုဆောင်းတဲ့အခါမှာတော့ ခက်ခဲလှပါတယ်။ ဒါကြောင့် စိတ်ကို သေချာပိုင်းဖြတ်ပြီး အေးချမ်းတဲ့ ဘဝကို စတင်ဖန်တီးနိင်ဖို့အတွက် ငွေကောင်းကောင်းစုတတ်ဖို့လိုပါတယ်။
ဆိုတော့ကိုယ့်ချစ်သူနဲ့ဘဝတစ်ခုတည်ဆောက်ဖို့သေချာနေပြီဆိုရင်တော့ အခုတည်းကစပြီး နှစ်ယောက်သား တက်ညီလက်ညီ အခုလိုလေးတွေကြိုတင်ပြင်ဆင်တတ်ဖို့လိုပါပြီနော်…

238 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.