လောကကြီးရဲ့အနှစ်သာရကို အပြည့်အ၀ခံစားနိုင်ကြသူများ
Vertical view of legs of passionate lovers
(၃) ကိုယ်အလေးချိန်ထိန်းသိမ်းဖို့ကို မကြောက်ရွံ့တတ်ကြဘူး
အချိန်ကုန်သင့်ပါတယ်။
Unicode
လူတိုင်းစိတ်ကျန်းမာပြီးကိုယ်ချမ်းသာချင်ကြသူကြီးပါပဲ။ ဘယ်လောက်ပဲပြည့်ဝကြွယ်ဝနေပါစေ ကျန်းမာစွာမနေထိုင်နိုင်ရင်ပျော်ရွှင်မှုအစစ်မှန်ကိုရရှိနိုင်မှာ မဟုတ်ပါဘူး။ ကျန်းမာစွာနေထိုင်နိုင်ပြီး ပျော်ရွှင်အေးချမ်းနေကြတဲ့သူတွေရဲ့လျို့ဝှက်ချက်တွေက ဘာတွေများဖြစ်မလဲဆိုတာ ကို သိရှိစေဖို့ ကျန်းမာပျေ်ာရွှင်နေကြသူတွေရဲ့အနီးစပ်ဆုံးလျို့ဝှက်ချက်အနည်းငယ်ကိုစုစည်းဖော်ပြပေးလိုက်ပါတယ်…
(၁) ပတ်ဝန်းကျင်ကကျန်းမာရေးလိုက်စားသူတွေနဲ့ရင်းရင်းနှီးနှီးနေလေ့ရှိတယ်
ကျန်းမာပျော်ရွှင်နေတဲ့သူတွေနဲ့ပတ်ဝန်းကျင်မှာ လည်း ကျန်းမာရေးလိုက်စားပြီး အမြဲတက်ကြွလန်းဆန်းနေတဲ့သူတွေကိုသာ အများဆုံးတွေ့မြင်နိုင်မှာပါ။ ဒီလို ကျန်းမာရေးလိုက်စားတဲ့ပတ်ဝန်းကျင်ကောင်းနဲ့နေထိုင်တာများတာကြောင့် တံငါနားနီးတံငါ ဆိုသလို ကျန်းမာရေးလိုက်စားဖို့ကတော့ အထူးပြောစရာမလိုလောက်အောင်ပါပဲ။
(၂) ချစ်သူနဲ့ရင်းနှီးကျွမ်းဝင်တဲ့ဆက်ဆံရေးရှိကြတယ်
အမြဲလိုလိုကျန်းမာလန်းဆန်းပြီးပျော်ရွှင်နေတတ်တဲ့သူတစ်ချို့ကိုကြည့်လိုက်ရင်သူတို့မှာ သိပ်ကိုရင်းနှီးကျွမ်းဝင်စွာဆက်ဆံနို်င်ပြီး တစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြည့်ရှိတဲ့ချစ်သူမျိုးကို ပို်င်ဆိုင်ထားတတ်ကြပါတယ်။ ဒီလိုချစ်သူမျိုးနဲ့ဒီလိုရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့သူတော်တော်များများ
ဟာ စိတ်ပိုင်းဆိုင်ရာအားဖြင့်ရော ရုပ်ပိုင်းဆိုင်ရာအားဖြင့်ပါ အမြဲလန်းဆန်းတတ်ကြွနေတတ်ကြပါတယ်။
(၃) ကိုယ်အလေးချိန်ထိန်းသိမ်းဖို့ကို မကြောက်ရွ့ံ့တတ်ကြဘူး
ကိုယ်အလေးချိန် တက်လာရင်လည်းသင့်တင့်တဲ့ပုံစံ အနေထားပြန်ရဖို့ ကြိုးစားရာမှာ ဝန်လေးကြောင့်ကြခြင်းမရှိတတ်ကြပါဘူး။ကျန်းမာပျော်ရွှင်တဲ့လူတစ်ယောက်ဟာ ကိုယ်လိုချင်တဲ့ အရာကို ရဖို့အမြဲလိုလို ပျော်ရွှင်စွာကြိုးစားနေတတ်ကြတာပါ။
(၄) အိမ်ထဲမှာပဲ အချိန်မကုန်တတ်ဘူး
အိိမ်ထဲမှာပဲ အချိန်ကုန်တာများတဲ့သူတွေဟာ စိတ်ကျန်းမာရေးအတွက်ရော ကိုယ်ကျန်းမာရေးအတွက်ပါ သိပ်အဆင်မပြေတတ်ကြပါဘူး။ဒါကြောင့်လန်းဆန်းတတ်ကြွတဲ့စိတ်နဲ့ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ကြရင်တော့ အိမ်ထဲမှာပဲအချိန်မကုန်ပဲ အပြင်ဗဟုသုတတွေနဲ့ထိတွေ့လိုက်စားပြီး
အချိန်ကုန်သင့်ပါတယ်။
(၅) လိုင်းပေါ်မှာထက် အပြင်လောကမှာပိုပြီးအချိန်ကုန်တတ်ကြတယ်
အောင်မြင်ပျော်ရွှင်နေကြတဲ့သူတော်တော်များများဟာ သူတို့ရဲ့အချိန်တွေကို Social Media ပေါ်မှာပဲ အချိန်များများသုံးတတ်ကြတာမဟုတ်ပဲ အပြင်လောကမှာ လေ့လာစရာတွေ သိမှတ်စရာတွေကို လေ့လာမှတ်သားရင်း Social Media ပေါ်မှာပြန်လည်မျှဝေတာမျိုး၊အကြောင်းကိစ္စတစ်စုံ
တစ်ရာကြောင့်လိုအပ်မှသာ လိုင်းပေါ်တက်လေ့ရှိကြပါတယ်။
(၆) အိပ်ချိန်မှာ တစ်ခြား အနှောက်ယှက်တွေဝင်မလာစေပဲနည်းလမ်းမှန်မှန်အိပ်တတ်ကြတယ်
အိပ်စက်ချိန်မှာ အလင်းရောင်နည်းနည်းလေးနဲ့ခပ်မှောင်မှောင်တိတ်တဆိတ်လေးအိပ်စက်ခြင်းဟာ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေတဲ့နည်းတစ်ခုဆိုလည်းမမှားပါဘူး။
(၇) လေ့လာလိုက်စားမှုအသစ်အသစ်တွေတိုးတိုးပြီးလုပ်လာတယ်
အောင်မြင်ပျော်ရွှင်နေကြတဲ့သူတိုင်းဟာ အပင်ပန်းခံရတာကို အရသာတွေ့တတ်ကြတာပါ။ဘယ်တော့မှ အကြာကြီးအချိန်ဖြုန်းနေတယ်ဆိုတာ မျိုးမရှိပဲ ကိုယ့်စွမ်းစကို အမြဲသွေးနေတတ်ကြတဲ့
သူတွေမို့ တစ်လနဲ့တစ်လတစ်နှစ်ထက်တစ်နစ်လေ့လာမှုအသစ်အသစ်တွေကို အမြဲကြိုးစားလုပ်ကိုင်နေကြရင်းစိတ်ရောကိုယ်ပါ ကျန်းမာနေကြတာဖြစ်ပါတယ်။
ဒါကြောင့် လောကမှာ လူဖြစ်ရကျိုးနပ်အောင်ကျန်းမာပျော်ရွှင်စွာနေထိုင်ဖြတ်သန်းချင်ရင်တော့ကိုယ့်ရဲ့နေထိုင်မှုLife Style ကို ကိုယ်တိုင်ပဲပြုပြင်ပြောင်းလဲပေးဖို့လိုပါတယ်။
231 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.