သစ်သီးလည်းစားရင်း ကျန်တဲ့အစေ့ကို အပင်စိုက်ကြမယ်…

လေ့လာချက်တွေအရ အရွယ်ရောက်သူလူငယ်အားလုံးဟာ နေ့တိုင်းအသီးအနှံ တစ်မျိုးမျိုးစားပေးသင့် တယ်လို့တွေ့ရှိခဲ့ရပါတယ်။ဒီနေ့ခေတ်မှာအလွယ်တကူ ၀ယ်ယူလို့ရပေမဲ့လည်းသန့်ရှင်းလတ်ဆတ်မှုရှိမရှိဆိုတာမသိနိုင်ပါဘူး။အဲ့ဒါကြောင့်ကိုယ်တိုင်စိုက်ပျိုးတာ အကောင်းဆုံးပါပဲ။ကိုယ်တိုင်စိုက်ပျိုးပါဆိုလို့ မြေနေရာအကျယ်ကြီးမှာစိုက်ရမယ်ထင်ပြီး မလန့်ပါနဲ့။ပန်းပင်စိုက်သလို ပန်းအိုးကြီးတစ်အိုးစာလောက်ဆိုရင်လတ်ဆတ်တဲ့ သစ်သီးနှံတွေစိုက်ပျိုးလို့ရပါပြီ။အသီးလည်းစားရ၊ကျန်တဲ့အစေ့ကိုလည်း အပင်စိုက်လို့ရဆိုတော့ အိုစကေပေါ့။ဘယ်အသီးရဲ့ အစေ့တွေက လွယ်ကူစွာစိုက်ပျိုးလို့ရသလဲဆိုတာ
ဗဟုသုတအနေနဲ့မျှဝေပေးပါမယ်။

၁)သံပုရာပင်
သံပုရာသီးထဲကအစေ့လေးတွေကို မြေကြီးထဲမှာ ထည့်ထားပြီးဒီစည်းကမ်းလေးတွေကိုလိုက်နာရုံနဲ့ သင့်မှာကိုယ်ပိုင်သံပုရာပင်ရှိလာတော့မှာပါ။ဘယ်လိုစည်းကမ်းတွေလဲဆိုရင်…

* အနည်းဆုံး ၁၀စေ့လောက်ထည့်ထားပါ။တစ်ချို့အစေ့တွေက အပင်မပေါက်တာတွေဖြစ်နိုင်လို့ ၁၀စေ့လောက်ထည့်ထားမှ အတော်ပါပဲ။
* တစ်ပတ်ကို ၃ကြိမ် ရေပုံမှန်လောင်းပေးပါ။မြေကြီးကို အမြဲစိုစွတ်အောင်ထားပါ။ သံပုရာပင်တွေက ရေကြိုက်ပါတယ်။
* သံပုရာပင်တွေကြီးထွားဖို့ ၈နာရီလိုအပ်ပြီး နေရောင်ခြည်ကို ၁၀နာရီကနေ ၁၄နာရီကြားရရှိဖို့လိုအပ်ပါတယ်။နေရောင်ခြည်များများရတဲ့နေရာမှာထားပေးပါ။
* အိုးထဲက အပင်အညှောင့်ထွက်လာတာတွေ့ရင်တော့ ပိုကြီးတဲ့အိုးလေးထဲပြောင်းထည့်ပေးပါ။
အသီးသီးဖို့ ၅နှစ်လောက်အချိန်ယူရပြီး တစ်ခါတစ်လေ ၁၅နှစ်ထိကြာအောင်စောင့်ရပါတယ်။

၂)ထောပတ်သီးပင်
ထောပတ်သီးပင်စိုက်ချင်တယ်ဆိုရင်တော့ ထောပတ်သီးအစေ့ကို မြေကြီးထဲမထည့်ခင် အပြင်မှာပဲ အပင်သေးသေးလေးပေါက်လာအောင်စောင့်ရပါမယ်။ပုံထဲမှာပြထားသလို အစေ့မှာ တုတ်ချောင်း ၃ချောင်း၊၄ချောင်းထိုးစိုက်ထားပါ။အစေ့ရဲ့ တစ်လက်မလောက်သာချန်ထားပြီး ဖန်ခွက်ထဲရေဖြည့်ပါ။ပြီးရင်ဖန်ခွက်ကို နေရောင်မထိတဲ့နေရာမှာ ၂ပတ်ကနေ ၆ပတ်အတွင်း အမြစ်ထွက်လာတဲ့အထိထားပါ။
* အမြစ်အညှောင့်ထွက်လာတဲ့အခါ အစေ့ကကွဲထွက်သွားလား၊မသွားလား သေချာအောင်ကြည့်ပါ။
*ထောပတ်သီးပင်စိုက်ဖို့အကောင်းဆုံးအချိန်ကတော့ မတ်လကနေ ဇွန်လအတွင်းပါ။
* ထောပတ်သီးပင်တွေကိုတစ်ပတ်ကို ၃ကြိမ်ရေပုံမှန်လောင်းပေးဖို့မမေ့ပါနဲ့။
ထောပတ်သီးပင်ကနေ အသီးသီးဖို့ ၅နှစ်ကနေ ၁၃နှစ်ထိကြာပါတယ်။အပင်အောက်မှာ ပန်းပွင့်တွေအများကြီးကြွေနေတာတွေ့ရင်လည်းမလန့်သွားပါနဲ့။
ဒါက သဘာဝဖြစ်စဉ်တစ်ခုပါ။

၃)သစ်တော်သီးပင်
ပထမဆုံးသစ်တော်သီးစေ့တွေကို ပလတ်စတစ်အိတ်တစ်လုံးထဲကို ရေမှော်၊ရေညှိပင် အနည်းငယ်နဲ့အတူ ရောထည့်ပါ။ပြီးရင် အိတ်ကိုရေခဲသေတ္တာထဲထည့်ထားပြီး ရက်ပေါင်း ၆၀ကနေ ၉၀အတွင်းစောင့်ပါ။အဲ့ဒီနောက် အစေ့တွေကို ရေနွေးဖန်ခွက်ထဲမှာ ၂ရက်ထည့်ထားပါ။ပြီးရင်တော့ မြေကြီးထဲမှာထည့်ထားလို့ရပါပြီ။
* သစ်တော်သီးပင်တွေက ရေဓာတ်လိုအပ်သလို နေရောင်ခြည် ၆နာရီလောက်ရဖို့လည်းလိုအပ်ပါတယ်။အလင်းရောင်များများ၊ရေများများလိုအပ်ပါတယ်။
* တစ်ပတ်ကို တစ်ကြိမ်ရေလောင်းပေးပါ။မနက်ပိုင်းဖြစ်စေ ၊ညနေပိုင်းဖြစ်စေ လောင်းပေးရင်ပိုကောင်းပါတယ်။
သစ်တော်သီးသီးဖို့အတွက်တော့ ၃နှစ်အနည်းဆုံး၊၁၀နှစ်အများဆုံးစောင့်ရပါတယ်။ အသီးတွေအရောင်ပြောင်းလာရင်တော့ခူးလို့ရပါပြီ။သိပ်မကြာခင် မှည့်လာပါလိမ့်မယ်။

၎)ပန်းသီးပင်
ပန်းသီးပင်တစ်ပင်စိုက်ပျိုးချင်တယ်ဆိုရင်တော့ အပင်အမျိုးအစားရွေးချယ်တတ် ဖို့လည်းလိုပါသေးတယ်။အပင်ပုလေးတွေရွေးချယ်ရင်တော့အကောင်းဆုံးပေါ့။
* ပထမဆုံး ပန်းသီးစေ့ကို စိုစွတ်တဲ့တစ်ရှူးစပေါ်မှာထားပါ။ပြီးရင် အဲ့ဒါကို ပလတ်စတစ်အိတ်အကြည်ထဲထည့်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ ရက်ပေါင်း ၈၀
ကြာအောင်စောင့်ပါ။
* ဆောင်းတွင်းဝင်ခါနီးစိုက်ရင်တော့ပိုကောင်းပါတယ်။
* ပန်းသီးပင်တွေက နေရောင်ခြည်လိုအပ်လို့ ပြတင်းပေါက်ဘေးမှာထားပေးပါ။
* ပန်းသီးပင်အရွယ်သေးတုန်းမှာ ၁၀ရက်ကနေ ၁၂ရက်အတွင်း ရေလောင်းပေး သင့်ပါတယ်။ကြီးလာရင်တော့ တဖြည်းဖြည်းချင်းလျှော့ပြီးလောင်းနိုင်ပါတယ်။
ပန်းသီးသီးဖို့အတွက် ၈နှစ်ကနေ ၁၀နှစ်အထိကြာမြင့်တယ်လို့သိရပါတယ်။

၅)ချယ်ရီပင်
ချယ်ရီသီးလေး စားချင်တယ်၊အပင်စိုက်ချင်တယ်ဆိုရင်တော့ ပထမဆုံး ချယ်ရီစေ့တွေကို လေအလုံပိတ်ပလတ်စတစ်ဘူးလေးထဲထည့်ကာ အဲ့ဒီဘူးကိုရေခဲသေတ္တာထဲ ၁၀ပတ်ကြာအောင်ထည့်ထားပါ။အညှောင့်ပေါက်လာပြီဆိုမှမြေကြီးထဲကိုထည့်ပါ။
* ချယ်ရီပင်ကနေရောင်ခြည်နဲ့လတ်ဆတ်တဲ့လေများများ လိုအပ်ပါတယ်။ ဒါ့အပြင်မြေသြဇာ၊မြေဆီမြေနှစ်ကောင်းဖို့လည်းလိုအပ်ပါတယ်။
* မြေကြီးကိုအမြဲစိုစွတ်အောင်ထားပြီး ခြောက်သွေ့တာနဲ့ရေပြန်လောင်းပေးပါ။ ချယ်ရီသီးဖို့အတွက်တော့ ၇နှစ်ကနေ ၁၀အထိစောင့်ရပါမယ်။

Unicode

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.