ကမ္ဘာ့ဈေးအကြီးဆုံး နိုင်ငံ (၅)နိုင်ငံ

တိုးတက်ထွန်းကားနေတဲ့ နိုင်ငံတွေမှာဆို ကော်ဖီတစ်ခွက်ကို ဘယ်လောက်ကျနိုင်လဲဆိုတာ သင်တစ်ခါလောက်စဉ်းစားဖူးလား? တိုက်ခန်းတစ်ခန်းငှားနေရင်ရော ၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါ ? ဒါတွေအားလုံးဟာ သင်ထင်ထားတာထက် သူတို့နိုင်ငံတွေမှာ အစပေါင်းများစွာဈေးကြီးနေတာကို သင်တွေ့ရပါလိမ့်မယ်။

Copenhagen, Denmark


Copenhagen က Denmarkရဲ့ မြို့ တော်တစ်ခုဖြစ်ပြီး အဲ့ဒီမှာနေမယ်ဆိုရင်တော့ အရမ်းခိုင်တဲ့အလုပ်တစ်ခုရှိထားမှ အဆင်ပြေပါမယ်။ နေ့စဉ်အသုံးစရိတ်တွေက အရမ်းဈေးကြီးလို့ပါ။ သိရသလောက် ဈေးအမျိုးစားတွေကို လက်တို့ပေးလိုက်ပါတယ်။ သတင်းစာ – ၄ဒေါ်လာ ၊ အမြန်ရအစားစာတွေဖြစ်တဲ့ ဟမ်ဘာဂါ – ဒေါ်လာ ၁ဝ ၊ ကော်ဖီတစ်ခွက် – ၆ဒေါ်လာ ရှိပါတယ်။ တိုက်ခန်းတစ်ခန်းဆိုဒေါ်လာ ၇၅ဝမှ ၂ဝဝဝ ဝန်းကျင်ထိရှိပါတယ်။

Luanda, Angola


နောက်ထပ် ဈေးကြီးတဲ့နေရာတစ်ခုပါ။ မိသားစုနဲ့ဖြစ်ဖြစ် ၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ဘာဂါစားရင် ၁၈ဒေါ်လာ နီးပါးကျပါတယ်။ အိပ်ခန်းနှစ်ခန်းပါ ဇိမ်ခံတိုက်ခန်းငှားမယ်ဆိုရင် ဒေါ်လာ ၇ဝဝဝ​ကုန်ကျပြီး ကော်ဖီတစ်ခွက်ကို ၄ဒေါ်လာရှိပါတယ်။

Hong Kong


အမြန်ရအစားသောက်တွေလောက်ပဲ ဒီမြို့ မှာဈေးအသင့်တင့်နဲ့ရနိုင်ပါတယ်။ သူက၃ဒေါ်လာဝန်းကျင်နားရှိတော့မဆိုးဘူး။ ကော်ဖီတစ်ခွက်ကို ၅ဒေါ်လာ ၊ တိုက်ခန်းငှားခ၄၃ဝဝဒေါ်လာ ရှိပါတယ်။ သတင်းစာတစ်စောင်ကို ဘယ်လောက်ရှိတယ်ထင်လဲ ?၄ဒေါ်လာနီးပါးလောက်ရှိပါတယ်။

Geneva, Switzerland


ဆွစ်ဇာလန်မှာ ဈေးအကြီးဆုံးမြို့ တွေထဲက တစ်ခုဖြစ်ပြီး အထက်ပိုင်းမှာရှိတယ်လို့သိရပါတယ်။ နေထိုင်မှုစနစ်တွေကလည်း အထက်တန်းကျပါတယ်။ အိမ်ခန်းငှားခ ဒေါ်လာ ၄ဝဝဝကျော်ပြီး အမြန်ရအစားသောက် ၁​၀ဒေါ်လာ ၊ နိုင်ငံတကာ သတင်းစာတစ်စောင် ၄ဒေါ်လာကျော် ကျပါတယ်။

Tokyo, Japan


ဈေးကြီးဆုံးမြို့ ထဲမှာ တိုကျိုလည်းပါပါတယ်။ သတင်းစာတစ်စောင်ကို ၅ဒေါ်လာ ၊ ကော်ဖီတစ်ခွက် ၇ဒေါ်လာ ၊ ဟမ်ဘာဂါလည်းဒီလိုပါပဲ။ အိမ်ခန်းငှားခ ၄၅ဝဝဒေါ်လာရှိပါတယ်။

532 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.