အတၱၾကီးသူတစ္ေယာက္မွာ အခ်စ္စစ္ဆုိတာရွိႏုိင္ပါ့မလား?

ကုိယ္ခ်င္းစာစိတ္၊မ်ွေ၀ခံစားေပးခ်င္စိတ္ဆိုတာ ခ်စ္ျခင္းေမတၱာမွာ လိုအပ္တဲ႔အရာတစ္ခုပါ။ ကုိယ္ခ်စ္တဲ႔သူအတြက္ အနစ္နာခံလုိတဲ႔စိတ္၊ကုိယ္ခ်စ္တဲ႔သူရဲ ႔ခံစားခ်က္ေတြ ကုိ ၀မ္းနည္း၀မ္းသာခံစားေပးခ်င္တဲ႔စိတ္၊ အေကာင္းအဆိုးအတူရင္ဆုိင္သြားခ်င္တဲ႔စိတ္ဆိုတာ ႏွစ္ဦးႏွစ္ဖက္ခ်စ္ၾကတဲ႔ခ်စ္သူေတြမွာ ရွိေနဖို႔လိုပါတယ္။ဒါေပမဲ႔ စိတ္မေကာင္းစြာနဲ႔ပဲ အဲ႔ဒီလုိစိတ္ခံစားခ်က္မ်ိဳးဟာ အတၱၾကီးသူေတြဆီမွာမရွိပါဘူးတဲ႔။အ႔ဲဒီလို
စိတ္ခံစားခ်က္မရွိေပမဲ႔လည္း ရွိသေယာင္ေတာ့တုပတတ္ၾကပါတယ္။

အတၱၾကီးတဲ႔သူတစ္ေယာက္ဟာ တစ္ျခားတစ္ေယာက္ကုိနက္နက္ရိႈင္းရိႈင္းခ်စ္မိသြားတယ္ လုိ႔ေျပာရင္ အျပင္ပန္းကၾကည့္ရင္ေတာ့ အဲ႔လိုယံုခ်င္စရာရွိပါတယ္။ဒါေပမဲ႔ သူတုိ႔မွာ အခ်စ္ကုိခံစားဖုိ႔အတြက္ အခန္းကဏၰာမရွိပါဘူးတ႔ဲ။အတၱၾကီးတဲ႔သူဆိုတာ ကုိယ့္ကုိယ့္ကုိယ္အခ်စ္ဆံုးပါ။တစ္ျခားသူတစ္ေယာက္ကုိခ်စ္မိတယ္ဆိုရင္ေတာင္ ဒါကသူတုိ႔ရဲ ႔စိတ္ခ်မ္းသာဖုိ႔အတြက္ သူတို႔ကုိယ္တိုင္အတြက္ခ်စ္လိုက္တာပါပဲ။သူတုိ႔ခ်စ္တဲ႔သူကုိ လုိခ်င္တယ္။ဒါက တကယ္ခ်စ္လို႔ေတာ့မဟုတ္ဘူး။သူတို႔နာက်င္မွာစုိးလို႔။အတၱၾကီးတဲ႔သူေတြဟာ သူတို႔မနာက်င္ရဖုိ႔ပဲအေရးၾကီးျပီး တစ္ျခားသူတစ္ေယာက္အတြက္ေတာ့ နားလည္ေပးဖုိ႔
နည္းနည္းေလးေတာင္မေတြးၾကတဲ့သူေတြပါ။

အတၱၾကီးတဲ႔သူတစ္ေယာက္နဲ႔ခ်စ္သူေတြျဖစ္တဲ႔အခါ သူတို႔က သူတို႔စိတ္ခ်မ္းသာဖို႔၊ေပ်ာ္ရႊင္ဖုိ႔ သူတို႔လိုခ်င္တာပဲေျပာပါလိမ့္မယ္။သင္အဆင္မေျပတာကုိမသိဘူး။သူတို႔အဆင္ေျပရင္ ရျပီဆိုတာမ်ိဳးပါ။ဒီလိုအတၱသမားေတြဟာ သူတို႔ကုိခ်စ္မွန္းသိေလ ပုိျပီးစိတ္ဒဏ္ရာေပးေလပါပဲ။ ကိစၥေသးေသးေလးကအစ သူတို႔စိတ္ၾကိဳက္ျခယ္လွယ္ခ်င္ၾကတာပါ။ တစ္ခါတစ္ေလ ကုိယ္ထိလက္ေရာက္ရိုက္ႏွက္တာမ်ိဳးေတြေတာင္ရွိတတ္ပါတယ္။အဲ႔ဒီလိုလူကုိ မခြဲႏုိင္မခြာရက္ခ်စ္ေနရင္ ေနာက္ဆံုးသင္ပဲ စိတ္ထိခိုက္ခံစားရမွာပါ။ပထမေတာ့ ခ်စ္တဲ႔စိတ္နဲ႔
သင္နားလည္ေပးႏုိင္ပါလိမ့္မယ္။ဒါေပမဲ႔ အခ်ိန္ၾကာလာရင္ေတာ့ သူတို႔ကုိခ်စ္တဲ႔ စိတ္ထက္ေၾကာက္တဲ႔စိတ္က ပိုမ်ားလာႏုိင္ပါတယ္။အဲ႔ဒီအခါက်ရင္
သူတို႔ဆီက ရုန္းထြက္ဖုိ႔ဆုိတာမလြယ္ေတာ့ပါဘူး။

တကယ္လို႔မ်ား သင္က အတၱၾကီးတဲ႔သူတစ္ေယာက္နဲ႔ခ်စ္သူေတြျဖစ္ေနျပီး သူ႔ကုိလည္းလက္လႊတ္မခံခ်င္ဘူးဆုိရင္ သင့္စိတ္ကုိမနာက်င္ရေစဖုိ႔
ဒါေလးေတြသိထားဖုိ႔လိုအပ္ပါတယ္။

*  သူ႔ဘက္က ဘာကုိမွမေမ်ွာ္လင့္ပါနဲ႔

ပုိခ်စ္ရတဲ႔သူက ပုိရွံဳးတယ္ဆိုတဲ႔စကားရွိတယ္မဟုတ္လား။ ကုိယ္က ခ်စ္ေနျပီး လက္မလႊတ္ႏုိင္တဲ႔ အခါ ပုိျပီးနာက်င္ရပါတယ္။ကုိယ္ကပဲေပးဆပ္ေနရျပီး သူ႔ဘက္က ဂရုစုိက္မႈမရွိတာကုိ သြားျပီးခံစားေနမယ္ဆုိရင္ သင္ပဲနာက်င္ရမွာပါ။ေမ်ွာ္လင့္ခ်က္နည္းေလ ခံစားရသက္သာေလပါပဲ။

*  ကုိယ့္ကုိယ္ကုိယ္အရင္ကထက္ဂရုစုိက္ပါ

တစ္ခါတစ္ေလကုိယ္ခ်စ္တဲ႔သူကုိသာ ဂရုစုိက္ေပးေနရလို႔ ကုိယ့္ကုိယ္ကုိယ္ဂရုစုိက္ဖုိ႔ ေမ့ေနတတ္ၾကပါတယ္။ကုိယ့္ကုိယ္ကုိယ္ခ်စ္ျမတ္ႏုိးပါ။ကုိယ့္ဘ၀ကုိ တန္ဖုိးထားပါ။ တစ္ျခားသူေၾကာင့္ ကုိယ့္ဘ၀မထိခိုက္ပါေစနဲ႔။

*  ဘယ္လိုမွသည္းမခံနုိင္ေတာ့ဘူးဆုိတဲ႔တစ္ေန႔က် လက္လႊတ္လိုက္ပါ

ဒီကမာၻေပၚမွာ သင့္ကုိခ်စ္တဲ႔သူ၊ သင့္ကုိဂရုစုိက္တဲ႔သူဆုိတာ ရွိေနဦးမွာပါ။ ေနာက္ထပ္ခ်စ္ရမယ့္သူဆုိတာမရွိေတာ့ဘူးဆုိတဲ႔စိတ္နဲ႔ နာက်င္ေနတဲ႔ဒဏ္ရာကုိ အတင္းဖက္တြယ္မေနထားပါနဲ႔။အတၱၾကီးတဲ႔သူဆိုတာ ေနာက္ဆံုးအခ်ိန္ထိ သူ႔အတၱကိုဖက္တြယ္ေနဦးမွာပါ။

ဘ၀မွာအခ်စ္ထက္အေရးၾကီးတာေတြရိွသလို ဒီလိုအတၱၾကီးတဲ႔ခ်စ္သူကုိစြန္႔လႊတ္လိုက္တာက ပိုျပီးေကာင္းတဲ႔အခ်စ္တစ္ခုကိုရရိွဖုိ႔လည္း ျဖစ္သြားႏုိင္ပါတယ္…

Unicode

ကိုယ်ချင်းစာစိတ်၊မျှဝေခံစားပေးချင်စိတ်ဆိုတာ ချစ်ခြင်းမေတ္တာမှာ လိုအပ်တဲ့အရာတစ်ခုပါ။ ကိုယ်ချစ်တဲ့သူအတွက် အနစ်နာခံလိုတဲ့စိတ်၊ကိုယ်ချစ်တဲ့သူရဲ ့ခံစားချက်တွေ ကို ဝမ်းနည်းဝမ်းသာခံစားပေးချင်တဲ့စိတ်၊ အကောင်းအဆိုးအတူရင်ဆိုင်သွားချင်တဲ့စိတ်ဆိုတာ နှစ်ဦးနှစ်ဖက်ချစ်ကြတဲ့ချစ်သူတွေမှာ ရှိနေဖို့လိုပါတယ်။ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ အဲ့ဒီလိုစိတ်ခံစားချက်မျိုးဟာ အတ္တကြီးသူတွေဆီမှာမရှိပါဘူးတဲ့။အဲ့ဒီလို
စိတ်ခံစားချက်မရှိပေမဲ့လည်း ရှိသယောင်တော့တုပတတ်ကြပါတယ်။

အတ္တကြီးတဲ့သူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုနက်နက်ရှိုင်းရှိုင်းချစ်မိသွားတယ် လို့ပြောရင် အပြင်ပန်းကကြည့်ရင်တော့ အဲ့လိုယုံချင်စရာရှိပါတယ်။ဒါပေမဲ့ သူတို့မှာ အချစ်ကိုခံစားဖို့အတွက် အခန်းကဏ္ဏာမရှိပါဘူးတဲ့။အတ္တကြီးတဲ့သူဆိုတာ ကိုယ့်ကိုယ့်ကိုယ်အချစ်ဆုံးပါ။တစ်ခြားသူတစ်ယောက်ကိုချစ်မိတယ်ဆိုရင်တောင် ဒါကသူတို့ရဲ ့စိတ်ချမ်းသာဖို့အတွက် သူတို့ကိုယ်တိုင်အတွက်ချစ်လိုက်တာပါပဲ။သူတို့ချစ်တဲ့သူကို လိုချင်တယ်။ဒါက တကယ်ချစ်လို့တော့မဟုတ်ဘူး။သူတို့နာကျင်မှာစိုးလို့။အတ္တကြီးတဲ့သူတွေဟာ သူတို့မနာကျင်ရဖို့ပဲအရေးကြီးပြီး တစ်ခြားသူတစ်ယောက်အတွက်တော့ နားလည်ပေးဖို့
နည်းနည်းလေးတောင်မတွေးကြတဲ့သူတွေပါ။

အတ္တကြီးတဲ့သူတစ်ယောက်နဲ့ချစ်သူတွေဖြစ်တဲ့အခါ သူတို့က သူတို့စိတ်ချမ်းသာဖို့၊ပျော်ရွှင်ဖို့ သူတို့လိုချင်တာပဲပြောပါလိမ့်မယ်။သင်အဆင်မပြေတာကိုမသိဘူး။သူတို့အဆင်ပြေရင် ရပြီဆိုတာမျိုးပါ။ဒီလိုအတ္တသမားတွေဟာ သူတို့ကိုချစ်မှန်းသိလေ ပိုပြီးစိတ်ဒဏ်ရာပေးလေပါပဲ။ ကိစ္စသေးသေးလေးကအစ သူတို့စိတ်ကြိုက်ခြယ်လှယ်ချင်ကြတာပါ။ တစ်ခါတစ်လေ ကိုယ်ထိလက်ရောက်ရိုက်နှက်တာမျိုးတွေတောင်ရှိတတ်ပါတယ်။အဲ့ဒီလိုလူကို မခွဲနိုင်မခွာရက်ချစ်နေရင် နောက်ဆုံးသင်ပဲ စိတ်ထိခိုက်ခံစားရမှာပါ။ပထမတော့ ချစ်တဲ့စိတ်နဲ့
သင်နားလည်ပေးနိုင်ပါလိမ့်မယ်။ဒါပေမဲ့ အချိန်ကြာလာရင်တော့ သူတို့ကိုချစ်တဲ့ စိတ်ထက်ကြောက်တဲ့စိတ်က ပိုများလာနိုင်ပါတယ်။အဲ့ဒီအခါကျရင်
သူတို့ဆီက ရုန်းထွက်ဖို့ဆိုတာမလွယ်တော့ပါဘူး။

တကယ်လို့များ သင်က အတ္တကြီးတဲ့သူတစ်ယောက်နဲ့ချစ်သူတွေဖြစ်နေပြီး သူ့ကိုလည်းလက်လွှတ်မခံချင်ဘူးဆိုရင် သင့်စိတ်ကိုမနာကျင်ရစေဖို့
ဒါလေးတွေသိထားဖို့လိုအပ်ပါတယ်။

* သူ့ဘက်က ဘာကိုမှမမျှော်လင့်ပါနဲ့

ပိုချစ်ရတဲ့သူက ပိုရှုံးတယ်ဆိုတဲ့စကားရှိတယ်မဟုတ်လား။ ကိုယ်က ချစ်နေပြီး လက်မလွှတ်နိုင်တဲ့ အခါ ပိုပြီးနာကျင်ရပါတယ်။ကိုယ်ကပဲပေးဆပ်နေရပြီး သူ့ဘက်က ဂရုစိုက်မှုမရှိတာကို သွားပြီးခံစားနေမယ်ဆိုရင် သင်ပဲနာကျင်ရမှာပါ။မျှော်လင့်ချက်နည်းလေ ခံစားရသက်သာလေပါပဲ။

* ကိုယ့်ကိုယ်ကိုယ်အရင်ကထက်ဂရုစိုက်ပါ

တစ်ခါတစ်လေကိုယ်ချစ်တဲ့သူကိုသာ ဂရုစိုက်ပေးနေရလို့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးပါ။ကိုယ့်ဘဝကို တန်ဖိုးထားပါ။ တစ်ခြားသူကြောင့် ကိုယ့်ဘဝမထိခိုက်ပါစေနဲ့။

* ဘယ်လိုမှသည်းမခံနိုင်တော့ဘူးဆိုတဲ့တစ်နေ့ကျ လက်လွှတ်လိုက်ပါ

ဒီကမ္ဘာပေါ်မှာ သင့်ကိုချစ်တဲ့သူ၊ သင့်ကိုဂရုစိုက်တဲ့သူဆိုတာ ရှိနေဦးမှာပါ။ နောက်ထပ်ချစ်ရမယ့်သူဆိုတာမရှိတော့ဘူးဆိုတဲ့စိတ်နဲ့ နာကျင်နေတဲ့ဒဏ်ရာကို အတင်းဖက်တွယ်မနေထားပါနဲ့။အတ္တကြီးတဲ့သူဆိုတာ နောက်ဆုံးအချိန်ထိ သူ့အတ္တကိုဖက်တွယ်နေဦးမှာပါ။

ဘဝမှာအချစ်ထက်အရေးကြီးတာတွေရှိသလို ဒီလိုအတ္တကြီးတဲ့ချစ်သူကိုစွန့်လွှတ်လိုက်တာက ပိုပြီးကောင်းတဲ့အချစ်တစ်ခုကိုရရှိဖို့လည်း ဖြစ်သွားနိုင်ပါတယ်…

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.