အသားရည်မပျက်စီးအောင် သိထားသင့်တဲ့ဆောင်ရန်ရှောင်ရန်လေးများ

ဆပ်ပြာတုံးနဲ့ မျက်နှာသစ်ခြင်း

ဆပ်ပြာတုံးက သင့်အသားရည်ကိုခြောက်သွေ့စေတဲ့အပြင် ဝက်ခြံလည်းထွက်စေပါတယ်။
မျက်နှာသစ်တဲ့အခါ အသားရည်ကို နူးညံ့ပျော့ပျောင်းစေမယ့် ဆပ်ပြာမြှုပ်အမျိုးစားကို အသုံးပြုပေးသင့်သလို (သို့) မျက်နှာသန့်စင်ပေးနိုင်တဲ့ Lotion မျိုးကိုလည်း သုံးလို့ရပါတယ်။

Scrub အသုံးပြုခြင်း


Scrub က လိုအပ်မှာသုံးတာအကောင်းဆုံးပါပဲ။ ပွဲလမ်းသဘင်နဲ့ ခရီးကပြန်လာတဲ့အခါမျိုးတွေမှာ ပျက်စီးနေတဲ့အသားရေပေါ်က ဆဲလ်သေတွေဖယ်ရှားချင်တဲ့အခါမှ သူ့ကိုအသုံးပြုတာကောင်းပါတယ်။ ပုံမှန်ချိန်တွေ သူ့ကိုအသုံးပြုမယ်ဆို အသားရည်ကိုကြမ်းတမ်း ၊ပျက်ဆီးစေပါတယ်။ ဒါကြောင့် လိုအပ်မှ အသုံးပြုတာအကောင်းဆုံးပါ။

တစ်ခါတစ်လေ Mask ထုပ်သုံးခြင်းက


သဘာဝနည်းလမ်းနဲ့ ပေါင်းတာဟာကောင်းပေမယ့် တစ်ခါတစ်လေ သိပ်မထိရောက်တာမျိုးတွေရှိပါတယ်။ တစ်ချို့ ကလည်း အချိန်မပေးနိုင်ကြဘူး။ ဒါကြောင့် ကိုယ်အသားရည်နဲ့ကိုက်ညီမယ့် maskမျိုးကို ဖောက်ပြီး မျက်နှာမှာကပ်လိုက်တာက ပိုပြီး အချိန်ကုန်သက်သာကာ ထိရောက်စေပါတယ်။ ဈေးအသင့်တင့်နဲ့ ထိရောက်တဲ့ mask တွေအများကြီးပါနော်။

မျက်နှာသန့်စင်နည်း အဆင့်(၃)မျိုး


မျက်နှာသစ်
မျက်နှာသစ်တဲ့အခါ ဆပ်ပြာနဲ့ပြည့်ပြည့်ဝဝ မျက်နှာတစ်ခုလုံးပွတ်ဆေးပြီး ရေများများနဲ့အားရပါးရဆေးချပါ။ မျက်နှာတစ်ခုလုံး ရှင်းသွားပြီလို့ခံစားရမှ မျက်နှာကို တဘတ်နဲ့ခြောက်အောင်သုတ်။

ပြီးရင် တိုနာနဲ့ မျက်နှာကိုသန့်စင်ပါ။ အမည်းစက်တွေ၊ နေလောင်ဒဏ်တွေကို ဒုတိယအဆင့်အနေနဲ့ ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်တဲ့ တိုနာဖြစ်ပါတယ်။ အဆီပြန်တတ်တဲ့မျက်နှာအတွက်ဆို ပိုထိရောက်ပါတယ်။

နောက်တစ်ဆင့်ကတော့ အစိုဓာတ်ပြန်ဖြည့်ပေးတာဖြစ်ပါတယ်။ ကိုယ့်အသားရည်နဲ့ ကိုက်ညီတာကိုရွေးချယ်ပြီး မျက်နှာထဲစိမ့်ဝင်အောင် လိမ်းပါ။ သူက မျက်နှာအသားရည်လှပြီး ဖြူဝင်းသွားသည်အထိတော့ မဆွဲဆောင်နိုင်ပါဘူး။ မျက်နှာကို အစိုဓာတ်နဲ့ အာဟာရပဲဖြည့်စွမ်းပေးနိုင်ပါတယ်။

အက်စပရင်


အက်စပရင်ဟာ ဖူးယောင်နေတဲ့ ဘီကီနီလိုင်းကို သက်သာစေပါတယ်။ အမွှေးတွေရိတ်ပြီးလို့ ယားယံတာတွေ ၊ ဖူးယောင်တာတွေကို အက်စပရင်က အရေပြားအတွင်းပိုင်းထိထိရောက်စွာ ကုသပေးနိုင်ပါတယ်။ ၀က်ခြံရှိရင်လည်း အက်စပရင်ဆေးကို အမှုန့်ချေလိုက်ပြီး ဝက်ခြံပေါ်ပုံထားပေးပါ။ တစ်ညလောက်ထားလိုက်ပြီး နောက်တစ်နေ့မနက် သက်သာနေတာကိုတွေ့ရပါလိမ့်မယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.