Park Hyung Sik အတွက် လက်ဆောင်ပို့ပေးခဲ့တဲ့ Park Bo Young
Unicode
၂၀၁ရခုနှစ်၊နိုဝင်ဘာလက တောင်ကိုရီးယားမင်းသားချော Park Hyung Sik ဟာ သူ့ရဲ့ တွဲဖက်မင်းသမီးဖြစ်တဲ့ Park Bo Young ဆီကိုကော်ဖီနဲ့မုန့်တွေပို့ပေးခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက နှစ်ယောက်သား “Strong Woman Do Bong Soon” ဇာတ်ကားရိုက်ကူးနေတာပါ။ကိုရီးယားအနုပညာရှင်တွေက သူတို့ရဲ့တွဲဖက်သရုပ်ဆောင်တွေ ဆီကိုဖြစ်စေ၊ရင်းနှီးနေတဲ့သူငယ်ချင်းကိုအားပေးတဲ့အနေနဲ့ဖြစ်စေ သူတို့ရဲ့ရုပ်ရှင်ရိုက်ကွင်းအဖွဲ့
ဝင်တွေအတွက် ကော်ဖီတွေ၊မုန့်တွေကို အားပေးစာလေးနဲ့အတူ ပို့ပေးလေ့ရှိကြတာ ချစ်စရာအလေ့အကျင့်တစ်ခုပါပဲ။
အခုလည်း Park Hyung Sik ရဲ ့ရုပ်ရှင်ကားသစ် Suits ဇာတ်ကားအတွက် အားပေးတဲ့အနေနဲ့ Park Bo Young က မုန့်နဲ့ကော်ဖီကားပြန်ပို့ပေးခဲ့ပါတယ်။ Park Hyung Sik ပို့ပေးခဲ့တဲ့ မုန့်နဲ့ကော်ဖီအတိုင်း ထပ်တူပြန်ပို့ပေးခဲ့တာပါတဲ့။Park Hyung Sik ဟာ Suits ဇာတ်ကားကို
၀ါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့မင်းသားချော Jang Dong-gun ၊ မင်းသမီးချော Ko Sung Hee နဲ့တွဲဖက်ပြီးသရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
အခုတော့ ပရိသတ်တွေက မင်မင်နဲ့ဘုံဘုံရယ်ဆိုပြီး သဘောတူထားကြတဲ့ သူတို့စုံတွဲလေးရဲ ့ကြည်နူးစရာအခိုက်အတန့်လေးပေါ့။ကော်ဖီကားပေါ်မှာဘုံဘုံက စာလေးရေးထားပါသေးတယ်။ “အလုပ်သစ်လုပ်နေရပြီဖြစ်လို့ ဂုဏ်ယူပါတယ် စီအီးအို Ahn Min Hyuk ! အရင်က မင်းရဲ ့အတွင်းရေးမှူးဟောင်းBong Soon ” ဆိုပြီးချစ်စဖွယ်ရေးသားထားတာပါ။ “Strong Woman Do Bong Soon” ဇာတ်ကားထဲက နာမည်လေးတွေကိုသုံးထားတာပါ။
နောက်ထပ်လည်း “Suits ဇာတ်ကားအတွက်အားပေးနေတယ်၊ကြိုးစားထားနော် ဘော့စ်!” ဆိုပြီးရေးထားပါသေးတယ်။
“Strong Woman Do Bong Soon”ဇာတ်ကားလေးက ချစ်စရာကောင်းသလို သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုလေးတွေကလည်းအသက်ဝင်တာကြောင့် ပရိသတ်တွေက သူတို့ကို တကယ့်စုံတွဲလေးဖြစ်စေချင်ကြတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ရုပ်ရှင်ဒရာမာရိုက်ကူးရင်း တကယ်ချစ်သွားကြတဲ့စုံတွဲလေးတွေလည်းရှိကြတော့ သူတို့ကိုချစ်သူအစစ်ဖြစ်စေချင်ကြတဲ့ပရိသတ်ကြီးအတွက် ဒီသတင်းလေးက ဝမ်းသာစရာသတင်းကောင်းလေးဖြစ်မှာပါပဲ။“Strong Woman Do Bong Soon”ဇာတ်ကားလေး မကြည့်ရသေးရင်လည်း ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းလိုက််ပါတယ်နော်။
157 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.