ကိုယ္႔ခႏၶာကိုယ္ျကီးကတစ္ျခားသူေတြထင္ပိုျပီးအအိုျမန္လာျပီဆိုတာဘာေတြကေျပာျပေနလဲ…

တစ္ျဖည္းျဖည္းနဲ႕ေတာ႔ လူေတြဆိုတာအိုလာျကစျမဲပါပဲ။ ဒါေပမဲ႔ ဒီလိုအုိမင္းရင္႔ေရာ္တဲ႔ေနရာမွာ သူမ်ားေတြထက္ပိုျပီးကိုယ္ဟာ အအိုျမန္ေနျပီဆိုတာကိုသိရွိေစနိုင္ဖို႕အတြက္ အအိုျမန္လာျပီလို႕သတ္မွတ္လို႕ရတဲ႔ လကၡဏာတစ္ခ်ိဳ႕ကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္…

 

(၁) အသားရည္ေျခာက္ေသြ႕မႈမ်ားလာမယ္
ခႏၶာကိုယ္ရဲ႕အသားရည္ေတြဟာ စိုစိုေျပေျပ လန္းလန္းဆန္းဆန္းမရွိပဲ အျမဲလိုလုိေျခာက္ေသြ႕ေနျပီဆိုရင္ေတာ႔ သင္ဟာ အအိုျမန္လာျပီဆိုတာသတိထားဖို႕လိုပါျပီ။ နႈတ္ခမ္းသားေတြအခ်ိန္ျပည္႔လိုလိုေျခာက္မယ္ ေဆာင္းတြင္းမဟုတ္ပဲ အသားေတြပတ္ေနျပီဆိုရင္ ဒါအအိုျမန္ျခင္းရဲ႕လကၡဏာတစ္ရပ္ပါ။

 

(၂) မ်က္လံုးပတ္ပတ္လည္အသားရည္ေတြညိဳညစ္ျပီးမ်က္လံုးဟာေတာက္ပလန္းဆန္းမႈမရွိနိုင္ေတာ႔ပါ
အိုမင္းရင္႔ေရာ္ျခင္းကို က်န္တာေတြကဖံုးကြယ္ထားလို႕ရေပမဲ႔ မ်က္လံုးကေတာ႔ဖံုးကြယ္ထားလို႕မရပါဘူး။ အအိုျမန္လာတဲ႔သူေတြဟာ မ်က္လံုးေတြအရင္ကေလာက္လန္းဆန္းျခင္းမရွိေတာ႔ပဲ မ်က္လံုးေဘးပတ္လည္ကအသားေတြညိဳညစ္လာတတ္ပါတယ္။ ဒါဟာ အုိမင္းလာတယ္ဆိုတဲ႔လကၡဏာတစ္ရပ္ပါပဲ။


(၃) အေမာမခံနိုင္ဘူး
အသက္အရြယ္မျကီးေသးပင္မဲ႔လူျကီးေတြေလာက္ေတာင္ အေမာမခံနိုင္တဲ႔ ကိုယ္ျဖစ္ေနျပီလား၊ ဒါမွမဟုတ္ ကိုယ္႔ရဲ႕တန္းတူသက္တူရြယ္တူေတြနဲ႕ေတာင္ယွဥ္ျပီး ေျပးလႊားသြားလာနိုင္ျခင္းမရွိဘူးဆိုရင္ေတာ႔ ေသခ်ာပါျပီ သင္ဟာတစ္ျခားသူေတြထက္အအိုျမန္ေနတဲ႔သူတစ္ေယာက္ပါပဲ။သူ႕အသက္ရြယ္နဲ႕သူရွိသင္႔တဲ႔သက္လံုအားမရွိဘူးျဖစ္ေနတာျဖစ္ပါတယ္။ ဒါေျကာင္႔သက္လံုအားေကာင္းမွ အရြယ္တင္တယ္လို႕လည္း ဆိုျကတာရွိေလတယ္မလား။


(၄) ဆံပင္ေတြဟာလိုတာထက္ပိုကၽြတ္လာတယ္
ဆံပင္ကၽြတ္တယ္ကၽြတ္တယ္ဆိုတာ ဆံသားမေကာင္းလို႕တစ္ခုတည္းရယ္ေျကာင္႔မဟုတ္ပါဘူး။ အိုမင္းရင္႔ေရာ္ခ်င္တဲ႔သေဘာကိုျပတဲ႔အခါ ဆံသားေတြက ေျခာက္ေသြ႕လာျပီးဦးေရျပားလည္း သိပ္မက်န္းမာေတာ႔တာေျကာင္႔ ကိုယ္နဲ႕သက္တူရြယ္တူေတြျကားပိုျပီးဆံပင္ကၽြတ္ေနရျခင္းျဖစ္နို္င္ပါတယ္။ ဒါေျကာင္႔ ကၽြတ္သင္႔တဲ႔ ပမာဏထက္ပိုျပီးကၽြတ္ေနျပီဆိုရင္ေတာ႔သတိထားဖို႕လိုပါျပီ။


(၅) လန္းဆန္းမႈမရွိပဲခဏခဏအိပ္ခ်င္တတ္တယ္
ပံုမွန္အိပ္ေရးပ်က္လို႕အိပ္ခ်င္တာမိ်ဳးမဟုတ္ပဲ အိပ္ေရး၀လည္းခဏခဏ အခ်ိန္ျပည္႔အိပ္ခ်င္ေနျပီ အိပ္ငိုက္ေနျပီဆိုရင္ေတာ႔ နည္းနည္းေတာ႔သတိထားပါ။ သင္႔အသက္ကငယ္ေသးပင္မဲ႔ ခႏၶာကိုယ္က အိုမင္းျခင္းဘက္ကိုဆြဲေခၚေနပါျပီ။
အသက္ငယ္ငယ္ေလးနဲ႕အေပၚကအခ်က္ေတြလိုျဖစ္ေနျပီဆိုရင္ေတာ႔ အအိုျမန္တဲ႔ သူတစ္ေယာက္ျဖစ္ေနနုိင္တာမို႕ ကိုယ္႔ရဲ႕အိုမင္းရင္႔ေရာ္မႈေတြေနွးေကြးေအာင္ပိုျပီး ျကိုးစားေနထိုင္နိုင္ျကပါေစလို႕ဆုေတာင္းရင္…

Unicode

တစ်ဖြည်းဖြည်းနဲ့တော့ လူတွေဆိုတာအိုလာကြစမြဲပါပဲ။ ဒါပေမဲ့ ဒီလိုအိုမင်းရင့်ရော်တဲ့နေရာမှာ သူများတွေထက်ပိုပြီးကိုယ်ဟာ အအိုမြန်နေပြီဆိုတာကိုသိရှိစေနိုင်ဖို့အတွက် အအိုမြန်လာပြီလို့သတ်မှတ်လို့ရတဲ့ လက္ခဏာတစ်ချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်…
(၁) အသားရည်ခြောက်သွေ့မှုများလာမယ်
ခန္ဓာကိုယ်ရဲ့အသားရည်တွေဟာ စိုစိုပြေပြေ လန်းလန်းဆန်းဆန်းမရှိပဲ အမြဲလိုလိုခြောက်သွေ့နေပြီဆိုရင်တော့ သင်ဟာ အအိုမြန်လာပြီဆိုတာသတိထားဖို့လိုပါပြီ။ နှုတ်ခမ်းသားတွေအချိန်ပြည့်လိုလိုခြောက်မယ် ဆောင်းတွင်းမဟုတ်ပဲ အသားတွေပတ်နေပြီဆိုရင် ဒါအအိုမြန်ခြင်းရဲ့လက္ခဏာတစ်ရပ်ပါ။
(၂) မျက်လုံးပတ်ပတ်လည်အသားရည်တွေညိုညစ်ပြီးမျက်လုံးဟာတောက်ပလန်းဆန်းမှုမရှိနိုင်တော့ပါ
အိုမင်းရင့်ရော်ခြင်းကို ကျန်တာတွေကဖုံးကွယ်ထားလို့ရပေမဲ့ မျက်လုံးကတော့ဖုံးကွယ်ထားလို့မရပါဘူး။ အအိုမြန်လာတဲ့သူတွေဟာ မျက်လုံးတွေအရင်ကလောက်လန်းဆန်းခြင်းမရှိတော့ပဲ မျက်လုံးဘေးပတ်လည်ကအသားတွေညိုညစ်လာတတ်ပါတယ်။ ဒါဟာ အိုမင်းလာတယ်ဆိုတဲ့လက္ခဏာတစ်ရပ်ပါပဲ။
(၃) အမောမခံနိုင်ဘူး
အသက်အရွယ်မကြီးသေးပင်မဲ့လူကြီးတွေလောက်တောင် အမောမခံနိုင်တဲ့ ကိုယ်ဖြစ်နေပြီလား၊ ဒါမှမဟုတ် ကိုယ့်ရဲ့တန်းတူသက်တူရွယ်တူတွေနဲ့တောင်ယှဉ်ပြီး ပြေးလွှားသွားလာနိုင်ခြင်းမရှိဘူးဆိုရင်တော့ သေချာပါပြီ သင်ဟာတစ်ခြားသူတွေထက်အအိုမြန်နေတဲ့သူတစ်ယောက်ပါပဲ။သူ့အသက်ရွယ်နဲ့သူရှိသင့်တဲ့သက်လုံအားမရှိဘူးဖြစ်နေတာဖြစ်ပါတယ်။ ဒါကြောင့်သက်လုံအားကောင်းမှ အရွယ်တင်တယ်လို့လည်း ဆိုကြတာရှိလေတယ်မလား။
(၄) ဆံပင်တွေဟာလိုတာထက်ပိုကျွတ်လာတယ်
ဆံပင်ကျွတ်တယ်ကျွတ်တယ်ဆိုတာ ဆံသားမကောင်းလို့တစ်ခုတည်းရယ်ကြောင့်မဟုတ်ပါဘူး။ အိုမင်းရင့်ရော်ချင်တဲ့သဘောကိုပြတဲ့အခါ ဆံသားတွေက ခြောက်သွေ့လာပြီးဦးရေပြားလည်း သိပ်မကျန်းမာတော့တာကြောင့် ကိုယ်နဲ့သက်တူရွယ်တူတွေကြားပိုပြီးဆံပင်ကျွတ်နေရခြင်းဖြစ်နို်င်ပါတယ်။ ဒါကြောင့် ကျွတ်သင့်တဲ့ ပမာဏထက်ပိုပြီးကျွတ်နေပြီဆိုရင်တော့သတိထားဖို့လိုပါပြီ။
(၅) လန်းဆန်းမှုမရှိပဲခဏခဏအိပ်ချင်တတ်တယ်
ပုံမှန်အိပ်ရေးပျက်လို့အိပ်ချင်တာမျိုးမဟုတ်ပဲ အိပ်ရေးဝလည်းခဏခဏ အချိန်ပြည့်အိပ်ချင်နေပြီ အိပ်ငိုက်နေပြီဆိုရင်တော့ နည်းနည်းတော့သတိထားပါ။ သင့်အသက်ကငယ်သေးပင်မဲ့ ခန္ဓာကိုယ်က အိုမင်းခြင်းဘက်ကိုဆွဲခေါ်နေပါပြီ။
အသက်ငယ်ငယ်လေးနဲ့အပေါ်ကအချက်တွေလိုဖြစ်နေပြီဆိုရင်တော့ အအိုမြန်တဲ့ သူတစ်ယောက်ဖြစ်နေနိုင်တာမို့ ကိုယ့်ရဲ့အိုမင်းရင့်ရော်မှုတွေနှေးကွေးအောင်ပိုပြီး ကြိုးစားနေထိုင်နိုင်ကြပါစေလို့ဆုတောင်းရင်…

1 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.