အိပ်စက်ချိန်မှာ ကိုယ်အလေးချိန်ကျအောင်

မိန်းကလေးအများစုက အစားမက်၊အအိပ်မက်တဲ့အပြင် နေရင်းထိုင်ရင်းနဲ့အလိုလိုဝိတ်ကျသွားဖို့ကိုဘုရားမှာဆုတောင်းနေတတ်တဲ့ ချစ်စရာကောင်းသူလေးတွေပါ။ ကိုယ်အလေးချိန်ကျတော့ ကျချင်တယ်။မစားပဲကျမနေနိုင်။ ခိုးချင်လိုက်တာလည်းပျာလို့..လက်နှေးလိုက်တာလည်း ချာလို့…ဆိုတဲ့အတိုင်း ပိန်ချင်လိုက်တာလည်း ပျာလို့.. ဗိုက်ဆာလိုက်တာလည်း ဟာ.. လို့ ဆိုပြီးသာပြောရတော့မှာပါ။ ဆိုတော့ကာ… Gym ဆော့မလား လေ့ကျင့်ခန်းလုပ်မလားဆိုတော့လည်း တီကိုဆားနဲ့တို့သလိုတွန့်တွန့်သွားတတ်ကြတာလည်း ဒီိလိုချစ်စရာကောင်းသူလေးတွေက ရှေ့ဆုံးကပါပဲ။ ဒီိတော့ ကိုယ်တွေနှစ်သက်တဲ့အိပ်ချိန်မှာ အိပ်နေရင်းနဲ့ခန္ဓာကိုယ်အလေးချိန်ကျအောင်လုပ်လို့ရတဲ့နည်းလမ်းလေးတွေရှိတယ်ဆိုရင်ရော….။ ကိုယ်အလေးချိန် ဟပ်ချလောင်းဆိုကျမသွားတောင် ရှိရင်းစွဲအလေးချိန်ထက်ပိုတက်မလာတော့မှာတော့သေချာပါတယ်နော်။ကြာပါတယ်… ခုပဲပြောပြလိုက်တော့မယ်။

 

ညမအိပ်ခင် ပရိုတိန်းပုံမှန်သောက်ပေးပါ

Gym ဆော့တဲ့သူတွေသောက်ကြတဲ့ ဖြည့်စွက်စာ Protein တွေကြားဖူးတယ်ဟုတ်။ အဲ့ဒါတွေက Gym မဆော့လည်းသောက်လို့ရပါသတဲ့။ ညမအိပ်ခင် နို့တွေကော်ဖီတွေလို သောက်မယ့်အစား Protein shake တစ်ခွက်သောက်ပြီိးမှအိပ်ရာဝင်တာက သင်အိပ်ပျော်နေချိန်မှာ သင့်ခန္ဓာကိုယ်က Calories တွေကိုလောင်ကျွမ်းစေပါလိမ့်မယ်။ ဒါ့အပြင် Protein က ခန္ဓာကိုယ်ကြွက်သားတွေကိုပြုပြင်တည်ဆောက်ရာမှာကုညီပေးပြီး ကြွက်သားသန်မာစေပါတယ်။သင့်ခန္ဓာကိုယ်မှာသန်မာတဲ့ကြွက်သားတွေများလာလေလေ အဆီိတွေ၊calories တွေလောင်ကျွမ်းပြီးသားဖြစ်လေလေပါ။

 

ညစာကိုနည်းနည်းပဲစားပါ

ဝိတ်ချမယ်ဆိုပြီးညစာလုံးဝမစားပဲနေလိုက်ခြင်းက ကောင်းတဲ့အကြံမဟုတ်ပါဘူး။ ရောက်လာနေကျ အစားအစာတွေအချိန်မှန်ရောက်မလာတော့တဲ့အခါ သင့်အစာအိမ်က အစာအိမ်နံရံတွေအချင်းချင်းပွတ်ချေနေမှာဖြစ်တဲ့အတွက် အစာအိမ်ကိုထိခိုက်စေပါတယ်။ဒါကြောင့် အနည်းငယ်တော့စားပေးရပါမယ်။ ညစာနည်းနည်းပဲစားခြင်းက အစာမကြေတာတွေဘာတွေကိုမဖြစ်စေတာကြောင့် ထမင်းလုံးတစ္ဆေခြောက်သလိုအိပ်မက်ဆိုးများမက်ခြင်းကလည်းကင်းဝေးစေမှာဖြစ်ပြီး အိပ်စက်အနားယူနေတဲ့အချိန်မှာ အစာအိမ်က အလုပ်လုပ်မှုနှေးကွေးတာကြောင့် အဆီိတွေကိုမချေဖျက်နိုင်ပဲခန္ဓာကိုမှာ အလွယ်တကူသိုလှောင်လိုက်ခြင်းကနေလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။

 

ညမအိပ်ခင်အရက်သောက်ခြင်းကိုရှောင်ရှားပါ

အရင်တုန်းကတော့ အရက်သောက်တာဟာ ယောက်ျားလေးတွေနဲ့ပဲပက်သက်စပ်ဆိုင်တဲ့ အလုပ်တစ်ခုဖြစ်ခဲ့ပေမယ်လို့ အခုနောက်ပိုင်းမှာမိန်းကလေးတွေကပါ သောကြာနေ့ညပိုင်းတွေဆိုသောက်ပြီး နောက်တစ်နေ့မနက်ဆိုရင် Hangover နေကြပါပြီ။ ဒီတော့ တစ်ခါတစ်လေသောက်တာဘာမှမဖြစ်ပါဘူးဆိုတဲ့ ခပ်ဖော့ဖော့စကားတွေကအမှန်မဟုတ်မှန်း အားလုံးသိကြတဲ့အတိုင်းပါပဲ။တစ်ခါတစ်လေပဲသောက်သောက် ခဏခဏပဲသောက်သောက် မီးကိုတစ်ခါတစ်လေပဲကိုင်ကိုင်ခဏခဏပဲကိုင်ကိုင် မီးရဲ့အပူချိန်ကတော့ မကိုင်တာကြာလို့ဆိုပြီးလျော့သွားမှာမဟုတ်သလိုပဲပေါ့။ မအိပ်ခင်အရက်သောက်ခြင်းဟာ သင်အိပ်ပျော်နေချိန်မှာ သင့်ခန္ဓာကိုယ်က Calories တွေအများဆုံလောင်ကျွမ်းတဲ့အဆင့်ဖြစ်တဲ့ REM အဆင့်ကိုရောက်ဖို့ရာ နှေးကွေးဟန့်တားစေပါတယ်။ ဒါကြောင့် မအိပ်ခင်အရက်သောက်ရင် အဆီတွေများလာပြီး သင်ပိုဝလာမှာအမှန်ပါပဲ။

 

ညမအပ်ခင်လေ့ကျင့်ခန်းလုပ်တာကိုရှောင်ပါ

Gym ဖြစ်စေ၊အပြေးလေ့ကျင့်ခြင်းဖြစ်စေ ကိုယ်လက်လှုပ်ရှားမှုတွေမှန်သမျှဟာ မနက်စောစောအချိန်မှာသာလုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မနက်စောစောအိပ်ရာနိုးစအချိန်မှာ ရီဝေထုံထိုင်းနေတဲ့သင့်ခန္ဓာကိုယ်ကို ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းနဲ့ လှုပ်နှိုးလိုက်သလို ဂီယာထိုးပေးလိုက်သလိုဖြစ်စေလို့ပါပဲ။ ညမအိပ်ခင် လေ့ကျင့်ခန်းတွေလုပ်ခဲ့ရင်တော့ လေ့ကျင့်ခန်းကြောင့် တက်ကြွလန်းဆန်းနေတဲ့သင့်ခန္ဓာကိုယ်ဟာ အိပ်ပျော်ဖို့ငြင်းဆန်နေမှာဖြစ်ပြီး အိပ်မပျော်ခဲ့ရင် ဘာဖြစ်မလဲသင်သိပါတယ်။

 

အဝတ်အစားတွေချွတ်ပြီးအိပ်ပါ

ဒါကြီိးကတစ်မျိုးတော့တစ်မျိုးကြီးဖြစ်နေပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေရဲ့စမ်းသပ်တွေ့ရှိချက်တွေအရ အဝတ်အစားတွေချွတ်ပြီးကိုယ်လုံးတီးအိပ်စက်ခြင်းမှာ အံ့သြလောက်စရာများပြားတဲ့ အကျိုးကျေးဇူးတွေရှိနေပါတယ်။ခန္ဓာကိုယ်အလေးချိန်နဲ့ပက်သက်တဲ့အကျိုးကျေးဇူးကိုထုတ်နှုတ်တင်ပြရမယ်ဆိုရင်တော့ အဝတ်အစားတွေချွတ်အိပ်တဲ့အချိန်မှာခန္ဓာကိုယ်ဟာ အေးနေပြီး ခန္ဓာကိုယ်အပူချိန်လျော့ကျနေချိန်မှာ သာမန်အပူချိန်ကိုထိန်းညှိဖို့ရာ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေက မြန်ဆန်လာပါတယ်။ဒီိနည်းနဲ့ ခန္ဓာကိုယ်ထဲက Calories တွေကိုပိုပြီးမြန်မြန်လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်အလေးချိန်လျော့ကျစေတာပဲဖြစ်ပါတယ်။

 

ခုပြောပြသွားတာတွေကတော့ အိပ်စက်နေချိန်မှာခန္ဓာကိုယ်အလေးချိန်လျော့ကျအောင်ပြုလုပ်လို့ရတဲ့အရာတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုနဲ့လေ့ကျင့်ခန်းတွေဟာ ခန္ဓာကိုယ်အလေးချိန်အတွက်သာမဟုတ်ပဲ ခန္ဓာကိုယ်ကြံခိုင်သန်မာမှုနဲ့စိတ်ပိုင်းဆိုင်ရာအတွက်ပါ အရေးပါအရာရောက်တာမို့ လေ့ကျင့်ခန်းတော့ပုံမှန်လုပ်ကြစေချင်ပါတယ်။

Unicode Format













0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.