မ်က္ႏွာကုိေတြ႔ရင္သိေပမဲ႔ နာမည္ေတြေမ့ရတဲ႔အေၾကာင္းရင္း ၄ခ်က္

“ကိုယ္ သူ႔ကုိသိပါတယ္…ဒါေပမဲ့ နာမည္ကေမ့ေနတယ္”အဲ႔လိုမ်ိဳးေတြ အနည္းဆံုးတစ္ခါေတာ့ ျဖစ္ဖူးၾကမွာအမွန္ပါပဲ။တစ္ခ်ိဳ႔က်ေတာ့ မ်က္ႏွာလည္းေမ့၊နာမည္လည္းေမ့တာေတြ ျဖစ္တတ္သလုိ တစ္ခိ်ဳ႔က်ေတာ့လူျမင္လုိက္ရင္ေတာ့သိတယ္၊နာမည္ကေတာ့ေမ့ေနတယ္ဆိုတာေတြျဖစ္တတ္ပါတယ္။အဲ႔ဒါက ဘာေၾကာင့္လဲ?ေလ့လာခ်က္ေတြအရေတာ့ လူသားေတြဟာ အရင္ကျမင္ဖူးထားတဲ႔မ်က္ႏွာကုိ ျပန္ေတြ႔တဲ႔အခါ ေကာင္းေကာင္းမွတ္မိႏုိင္ပါတယ္။ဒါေပမဲ႔
နာမည္ကုိေတာ့ မမွတ္မိႏုိင္ပါဘူး။လူေတြတင္မက တိရစာၦန္ေလးေတြဟာလည္း သူတို႔ရဲ ႔အေပါင္းအေဖာ္ကုိ မ်က္ႏွာကိုုသာၾကည့္ျပီးခြဲျခားႏုိင္ၾကတာပါ။

မၾကာေသးခင္က စိတ္ပညာရွင္ေတြျဖစ္ၾကတဲ႔ Lise Abrams နဲ႔ Danielle Davis ဆုိသူတို႔ဟာ မ်က္ႏွာကုိျမင္ရင္မွတ္မိေပမဲ႔ နာမည္ေမ့ရတဲ႔အေၾကာင္းရင္းကုိစူးစမ္းေလ့လာခဲ႔ၾကပါတယ္။ သူတို႔ရဲ ႔ေတြ႔ရွိခ်က္ေဆာင္းပါးအရ နာမည္ေမ့ရတဲ႔အေၾကာင္းရင္ ၄ခ်က္ရွိတယ္လို႔ ယူဆထားေၾကာင္းသိခဲ႔ရပါတယ္။ဗဟုသုတအေနနဲ႔ ေျပာျပရမယ္ဆိုရင္…

၁)နာမည္ေတြက တသမတ္တည္းမဟုတ္လို႔…
နာမည္ဆိုတဲ႔အတိုင္း ကုိယ္သေဘာက်တဲ႔နာမည္၊ၾကိဳက္ရာနာမည္ကုိေရြးခ်ယ္ျပီး ေပးေနၾကတာပါ။တသမတ္တည္းမဟုတ္တဲ႔အတြက္ မွတ္မိဖို႔ဆိုတာမလြယ္ပါဘူး။ ပန္းသီးလုိ႔ေျပာလိုက္ရင္ ဘယ္အခ်ိန္ျဖစ္ျဖစ္ သူ႔ရဲ ႔ပံုစံကုိသိေနၾကေပမဲ႔ နာမည္တစ္ခုေျပာလိုက္ရင္ေတာ့ အဲ႔ဒီလူနဲ႔ပတ္သက္ျပီးမွတ္မိမွာမဟုတ္ပါဘူး။လူကိုျမင္မွပဲ မွတ္မိမွာပါ။

၂)နာမည္ေတြမွာ အဓိပၸာယ္တူတာမ်ိဳးမရွိလို႔…
တစ္ခ်ိဳ႔အဂၤလိပ္စာလံုးေတြ တစ္လံုးကုိမသိေပမဲ႔ အဘိဓာန္ထဲမွာ အဲ႔ဒီစာလံုးရဲ ႔အဓိပၸာယ္နဲ႔တူတဲ႔ တစ္ျခားစာလံုးတစ္ခုရွိတတ္ပါတယ္။နာမည္ေတြမွာေတာ့အဲ႔ဒီလိုမွတ္မိရလြယ္ေအာင္ ေနာက္ထပ္အဓိပၸာယ္မ်ိဳးမရွိပါဘူး။အဲ႔ဒါေၾကာင့္ပဲ မ်က္နွာကုိသိေပမဲ႔ နာမည္ကေတာ့ ပါးစပ္ဖ်ားေလးတင္ေမ့ေနတတ္တာပါ။

၃)နာမည္ေတြမွာ စကားလံုးေတြအမ်ားၾကီးပါလို႔…
တစ္ခါတစ္ေလ ယဥ္ေက်းမႈရိုးရာေတြအရ မိသားစုနာမည္၊မ်ိဳးရိုးနာမည္ေတြထည့္ၾကသလုိ ကုိယ္္ၾကိဳက္တဲ႔နာမည္လည္းထပ္ျပီးေပါင္းထည့္ေလ့ရွိၾကပါတယ္။အဲ႔ဒါေၾကာင့္မ်ားေသာအားျဖင့္ နာမည္တစ္လံုးေလာက္ကုိသာမွတ္မိေလ့ရွိၾကပါတယ္။နာမည္တူႏွစ္လံုးပါရင္လည္း အဲ႔ဒီႏွစ္လံုးကိုသာမွတ္မိေလ့ရွိျပီး အေနာက္ကနာမည္ေတြကုိေမ့ေနတတ္ပါတယ္။

၄)နာမည္ေတြက သံုးေလ့သံုးထရွိတဲ႔စကားလံုးေတြလိုမဟုတ္လို႔…
လ်ွာဖ်ားေလးတင္ေမ့ေနတယ္ဆိုကတည္းက အဲ႔ဒီနာမည္ဟာ ပံုမွန္သံုးေလ့ရွိတဲ႔စကားလံုး လိုမ်ိဳးမဟုတ္လို႔ပါ။ဥပမာ friend ဆုိသူငယ္ခ်င္းမွန္း အလြယ္တကူမွတ္မိသိၾကေပမဲ႔ kith လို႔ေျပာလုိက္ရင္ေတာ့ ဒါက မွတ္မိဖုိ႔ခက္ခဲ႔ပါတယ္။Kith ဟာလည္း မိတ္ေဆြသူငယ္ခ်င္း ကုိေျပာတာပါ။အဲ႔ဒါေၾကာင့္နာမည္ေတြဆိုလည္းပံုမွန္သံုးေနက်စကားလံုးထဲကမဟုတ္ပဲ ဆန္းဆန္းျပားျပားမွည့္ထားရင္ မွတ္မိဖို႔ခက္ခဲပါတယ္။Tom Hanks ဆို အေရွ႕ကနာမည္က အသံုးမ်ားလို႔ မွတ္မိေပမဲ႔Hanks ဆိုတာကေတာ့သံုးေလ့မရွိလုိ႔ ေတာ္ရံုဆို နာမည္ကိုမမွတ္မိၾကပါဘူး။

လူတစ္ေယာက္ရဲ ႔နာမည္ေမ့တယ္ဆိုတာကလည္း စာလံုးတစ္လံုးကုိေမ့သလိုပါပဲ။ အဲ႔ဒီနာမည္ကုိသိလည္းသိတယ္၊ဒါမွမဟုတ္ အ႔ဲဒီနာမည္ကုိမွတ္မိသင့္တယ္လို႔ခံစားရေပမဲ႔ တကယ္တမ္းက်ေတာ့ လံုး၀စဥ္းစားမရတတ္ပါဘူး။ဒါကလူေတာ္ေတာ္မ်ားမ်ား ၾကံဳဖူးၾကတ႔ဲကိစၥပါပဲ။တစ္ခါတစ္ေလဆိုရင္ သူငယ္ခ်င္းတစ္ေယာက္ကလက္ထပ္သြား တဲ႔သူငယ္ခ်င္းအေၾကာင္းရယ္၊အလုပ္ရသြားတ႔ဲသူငယ္ခ်င္းအေၾကာင္းရယ္ေျပာရင္ေတာင္ သင့္ရဲ ႔စိတ္ထဲမွာ အဲ႔ႏွစ္ေယာက္ကုိ လြဲမွားမွတ္မိေနတတ္ပါတယ္။
ဒါကလည္း ျဖစ္ေလ့ျဖစ္ထရွိတဲ႔ကိစၥတစ္ခုပါပဲ။

တစ္ခ်ိဳ႔ကလည္း ဒီလိုနာမည္ေတြေမ့ေနတတ္တာကုိ ျပန္သတိရေစဖုိ႔ အဲ႔ဒီလူရဲ ႔နာမည္ေက်ာ္ၾကားတဲ႔အခ်က္အလက္တစ္ခုခုနဲ႔တြဲဖက္ျပီးမွတ္ထားေလ့ရွိပါတယ္။
ဥပမာ ဟယ္ရီေပၚတာဇာတ္လမ္းတြဲဆိုရင္ အဲ႔ဒီမင္းသားက Daniel Radcilffe မွန္း အလြယ္တကူမွတ္မိေနတာမ်ိဳးေပါ့။အဲ႔ဒါေၾကာင့္ နာမည္ေတြကုိေမ့မသြားေအာင္
လူနဲ႔သူ႔ရဲ႔အခ်က္အလက္တစ္ခုခုနဲ႔တြဲဖက္ျပီးမွတ္ထားတတ္တဲ႔အက်င့္ေလးေမြးျမဴသင့္ပါတယ္။နာမည္ေတြေမ့ေနလို႔လည္း ကုိယ့္ကုိယ္ကုိယ္အျပစ္မတင္ပါနဲ႔။ ဒါက လူအမ်ားစုျဖစ္ေလ့ျဖစ္ထ ရွိတဲ႔ကိစၥတစ္ခုပါ။

Unicode

“ကိုယ် သူ့ကိုသိပါတယ်…ဒါပေမဲ့ နာမည်ကမေ့နေတယ်”အဲ့လိုမျိုးတွေ အနည်းဆုံးတစ်ခါတော့ ဖြစ်ဖူးကြမှာအမှန်ပါပဲ။တစ်ချို့ကျတော့ မျက်နှာလည်းမေ့၊နာမည်လည်းမေ့တာတွေ ဖြစ်တတ်သလို တစ်ချို့ကျတော့လူမြင်လိုက်ရင်တော့သိတယ်၊နာမည်ကတော့မေ့နေတယ်ဆိုတာတွေဖြစ်တတ်ပါတယ်။အဲ့ဒါက ဘာကြောင့်လဲ?လေ့လာချက်တွေအရတော့ လူသားတွေဟာ အရင်ကမြင်ဖူးထားတဲ့မျက်နှာကို ပြန်တွေ့တဲ့အခါ ကောင်းကောင်းမှတ်မိနိုင်ပါတယ်။ဒါပေမဲ့
နာမည်ကိုတော့ မမှတ်မိနိုင်ပါဘူး။လူတွေတင်မက တိရစ္ဆာန်လေးတွေဟာလည်း သူတို့ရဲ ့အပေါင်းအဖော်ကို မျက်နှာကိုုသာကြည့်ပြီးခွဲခြားနိုင်ကြတာပါ။

မကြာသေးခင်က စိတ်ပညာရှင်တွေဖြစ်ကြတဲ့ Lise Abrams နဲ့ Danielle Davis ဆိုသူတို့ဟာ မျက်နှာကိုမြင်ရင်မှတ်မိပေမဲ့ နာမည်မေ့ရတဲ့အကြောင်းရင်းကိုစူးစမ်းလေ့လာခဲ့ကြပါတယ်။ သူတို့ရဲ ့တွေ့ရှိချက်ဆောင်းပါးအရ နာမည်မေ့ရတဲ့အကြောင်းရင် ၄ချက်ရှိတယ်လို့ ယူဆထားကြောင်းသိခဲ့ရပါတယ်။ဗဟုသုတအနေနဲ့ ပြောပြရမယ်ဆိုရင်…

၁)နာမည်တွေက တသမတ်တည်းမဟုတ်လို့…
နာမည်ဆိုတဲ့အတိုင်း ကိုယ်သဘောကျတဲ့နာမည်၊ကြိုက်ရာနာမည်ကိုရွေးချယ်ပြီး ပေးနေကြတာပါ။တသမတ်တည်းမဟုတ်တဲ့အတွက် မှတ်မိဖို့ဆိုတာမလွယ်ပါဘူး။ ပန်းသီးလို့ပြောလိုက်ရင် ဘယ်အချိန်ဖြစ်ဖြစ် သူ့ရဲ ့ပုံစံကိုသိနေကြပေမဲ့ နာမည်တစ်ခုပြောလိုက်ရင်တော့ အဲ့ဒီလူနဲ့ပတ်သက်ပြီးမှတ်မိမှာမဟုတ်ပါဘူး။လူကိုမြင်မှပဲ မှတ်မိမှာပါ။

၂)နာမည်တွေမှာ အဓိပ္ပာယ်တူတာမျိုးမရှိလို့…
တစ်ချို့အင်္ဂလိပ်စာလုံးတွေ တစ်လုံးကိုမသိပေမဲ့ အဘိဓာန်ထဲမှာ အဲ့ဒီစာလုံးရဲ ့အဓိပ္ပာယ်နဲ့တူတဲ့ တစ်ခြားစာလုံးတစ်ခုရှိတတ်ပါတယ်။နာမည်တွေမှာတော့အဲ့ဒီလိုမှတ်မိရလွယ်အောင် နောက်ထပ်အဓိပ္ပာယ်မျိုးမရှိပါဘူး။အဲ့ဒါကြောင့်ပဲ မျက်နှာကိုသိပေမဲ့ နာမည်ကတော့ ပါးစပ်ဖျားလေးတင်မေ့နေတတ်တာပါ။

၃)နာမည်တွေမှာ စကားလုံးတွေအများကြီးပါလို့…
တစ်ခါတစ်လေ ယဉ်ကျေးမှုရိုးရာတွေအရ မိသားစုနာမည်၊မျိုးရိုးနာမည်တွေထည့်ကြသလို ကိုယ််ကြိုက်တဲ့နာမည်လည်းထပ်ပြီးပေါင်းထည့်လေ့ရှိကြပါတယ်။အဲ့ဒါကြောင့်များသောအားဖြင့် နာမည်တစ်လုံးလောက်ကိုသာမှတ်မိလေ့ရှိကြပါတယ်။နာမည်တူနှစ်လုံးပါရင်လည်း အဲ့ဒီနှစ်လုံးကိုသာမှတ်မိလေ့ရှိပြီး အနောက်ကနာမည်တွေကိုမေ့နေတတ်ပါတယ်။

၄)နာမည်တွေက သုံးလေ့သုံးထရှိတဲ့စကားလုံးတွေလိုမဟုတ်လို့…
လျှာဖျားလေးတင်မေ့နေတယ်ဆိုကတည်းက အဲ့ဒီနာမည်ဟာ ပုံမှန်သုံးလေ့ရှိတဲ့စကားလုံး လိုမျိုးမဟုတ်လို့ပါ။ဥပမာ friend ဆိုသူငယ်ချင်းမှန်း အလွယ်တကူမှတ်မိသိကြပေမဲ့ kith လို့ပြောလိုက်ရင်တော့ ဒါက မှတ်မိဖို့ခက်ခဲ့ပါတယ်။Kith ဟာလည်း မိတ်ဆွေသူငယ်ချင်း ကိုပြောတာပါ။အဲ့ဒါကြောင့်နာမည်တွေဆိုလည်းပုံမှန်သုံးနေကျစကားလုံးထဲကမဟုတ်ပဲ ဆန်းဆန်းပြားပြားမှည့်ထားရင် မှတ်မိဖို့ခက်ခဲပါတယ်။Tom Hanks ဆို အရှေ့ကနာမည်က အသုံးများလို့ မှတ်မိပေမဲ့Hanks ဆိုတာကတော့သုံးလေ့မရှိလို့ တော်ရုံဆို နာမည်ကိုမမှတ်မိကြပါဘူး။

လူတစ်ယောက်ရဲ ့နာမည်မေ့တယ်ဆိုတာကလည်း စာလုံးတစ်လုံးကိုမေ့သလိုပါပဲ။ အဲ့ဒီနာမည်ကိုသိလည်းသိတယ်၊ဒါမှမဟုတ် အဲ့ဒီနာမည်ကိုမှတ်မိသင့်တယ်လို့ခံစားရပေမဲ့ တကယ်တမ်းကျတော့ လုံးဝစဉ်းစားမရတတ်ပါဘူး။ဒါကလူတော်တော်များများ ကြုံဖူးကြတဲ့ကိစ္စပါပဲ။တစ်ခါတစ်လေဆိုရင် သူငယ်ချင်းတစ်ယောက်ကလက်ထပ်သွား တဲ့သူငယ်ချင်းအကြောင်းရယ်၊အလုပ်ရသွားတဲ့သူငယ်ချင်းအကြောင်းရယ်ပြောရင်တောင် သင့်ရဲ ့စိတ်ထဲမှာ အဲ့နှစ်ယောက်ကို လွဲမှားမှတ်မိနေတတ်ပါတယ်။
ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုပါပဲ။

တစ်ချို့ကလည်း ဒီလိုနာမည်တွေမေ့နေတတ်တာကို ပြန်သတိရစေဖို့ အဲ့ဒီလူရဲ ့နာမည်ကျော်ကြားတဲ့အချက်အလက်တစ်ခုခုနဲ့တွဲဖက်ပြီးမှတ်ထားလေ့ရှိပါတယ်။
ဥပမာ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲဆိုရင် အဲ့ဒီမင်းသားက Daniel Radcilffe မှန်း အလွယ်တကူမှတ်မိနေတာမျိုးပေါ့။အဲ့ဒါကြောင့် နာမည်တွေကိုမေ့မသွားအောင်
လူနဲ့သူ့ရဲ့အချက်အလက်တစ်ခုခုနဲ့တွဲဖက်ပြီးမှတ်ထားတတ်တဲ့အကျင့်လေးမွေးမြူသင့်ပါတယ်။နာမည်တွေမေ့နေလို့လည်း ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့။ ဒါက လူအများစုဖြစ်လေ့ဖြစ်ထ ရှိတဲ့ကိစ္စတစ်ခုပါ။

181 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.