ရေရှည်လက်တွဲသွားမယ့် အတွဲတွေမှာသာရှိတဲ့ လက္ခဏာရပ်များ
အတူတူပျော်ရွှင်
အနမ်းများစွာ
မဟုတ်ပါဘူး။
လေးစားမှု
အတူတူရှေ့ဆက်ဖို့အဆင်ပြေမှာပါ။
(Unicode) 
စုံတွဲတိုင်း တစ်သက်လုံးလက်တွဲသွားချင်ကြတာချည်းပါပဲ။ ဒါပေမယ့် အကျင့်စရိုက်တွေ၊
စိတ်ထားချင်းတွေ မတူတဲ့အခါ ဘယ်လိုမှရှေ့ဆက်ပြီး လက်တွဲလို့အဆင်မပြေပါဘူး။
ဒါတွေကလည်း relationship တစ်ခုရဲ့အချစ်တွေ ဘယ်လိုထိတောင့်ခံနိုင်လဲဆိုတာကို စမ်းသပ်နေတဲ့အရာတွေလို့ပဲပြောရမလား ။ သက်ဆုံးတိုင်ထိ မခွဲခွာပေါင်းဖက်သွားနိုင်ဖို့ဆိုတာ အရမ်း
ခက်ခဲပါတယ်။ တကယ်တမ်း သက်ဆုံးတိုင်ထိပေါင်းဖက်သွားတဲ့ စုံတွဲတွေကိုလေ့လာ
ကြည့်တဲ့အခါ သူတို့ဘယ်လိုအပြုမူ ၊ နွေးထွေး ကြင်နာမှုတွေ ၊ ယုံကြည် နားလည်မှုတွေ
နဲ့ rs တစ်ခုကို တည်ဆောက်ခဲ့လဲဆိုတာ လေ့လာခဲ့ကြည့်ပါတယ်.. ရေရှည်လက်တွဲသွား
မယ့် စုံတွဲတွေမှာ ဒီလိုလက္ခဏာ (၈)ရပ်မျိုးတွေ့ခဲ့ရပါတယ်။
အတူတူပျော်ရွှင်
ပျော်ရွှင်မှုဆိုတာ ကိုယ့်ချစ်သူနဲ့အတူရှိနေချိန် သက်တောင့်သက်သာဖြစ်နေမှသာ အဲ့ဒီခံစား
ချက်ဆိုတာ ဖြစ်ပေါ်လာတာပါ။ ကိုယ်ဘယ်လောက်ပဲချစ်တဲ့သူဖြစ်နေပါစေ အတူရှိနေချိန်
တင်းကြပ်မှုတွေ၊ မလွတ်လပ်သလို ခံစားနေရတာတွေများနေရင် စိတ်လည်းမွန်းကြပ်ရပါ
တယ်။ ပျော်ရွှင်မှုဆိုတာလည်း ဘယ်ရှိတော့မလဲ။ နှစ်ယောက်လုံး အတူရှိနေချိန်
စိတ်လွတ်လပ်စွာနဲ့ ပျော်ရွှင်နေမှသာ ပြီးပြည့်စုံတဲ့ rs ဘဝကို တည်ဆောက်နိုင်မှာပါ။
တစ်ယောက်ကိုယ်တစ်ယောက် Supporting လုပ်ပေး
စုံတွဲတိုင်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ အခက်တွေ့ရတဲ့အချိန်တွေအများ
ကြီးရှိပါတယ်။ တစ်ယောက်ကိုယ် တစ်ယောက် ဖေးမပေးမှသာ ရေရှည်တည်တံ့စွာ
လက်တွဲသွားနိုင်မှာပါ။ နေရာမရွေး ကိုယ့်ချစ်သူအတွက် ဖေးမပေးဖို့လိုပါတယ်။ အလုပ်၊
နေထိုင်မှုဘဝ အစရှိသဖြင့်ပေါ့။ သဘာထားချင်း မတူညီတာမျိုးတွေရှိတတ်ပါတယ်။
ဒါပေမယ့် ဒီလိုပဲ ချစ်ရင်တော့ ညှိပြီးရှေ့ဆက်ကြတာပါပဲ ။
ချစ်သူရဲ့သူငယ်ချင်းတွေက သင့်သူငယ်ချင်းပါပဲ
မကြာသေးခင်က လေ့လာမှုတစ်ခုမှာ ကိုယ့်ချစ်သူက ကိုယ့်ရဲ့သူငယ်ချင်းတွေနဲ့လည်း
ကောင်းကောင်းပေါင်းနိုင်တယ်ဆိုရင် ဒါဟာ ပိုမိုခိုင်မာတဲ့ rs တစ်ခုကို တည်ဆောက်သွား
နိုင်ပြီလို့ပြောလို့ရပါတယ်။ ဒါဟာ အားတက်စရာကိစ္စတစ်ခုပါ။
အနမ်းများစွာ
အနမ်းဆိုတာ ရိုမန်တစ်ဆန်တဲ့ အတွဲတွေတိုင်းမှာ မကြာခဏပြုလုပ်လေ့ရှိတဲ့အရာတစ်ခုပါ။
အချိန်တွေကြာလာတဲ့အခါ နမ်းခြင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်တဲ့
သင်္ကေတတစ်ခုလိုတောင်ဖြစ်လာပါတယ်။ အပိုအလုပ်တစ်ခုလို့တောင် မြင်ကြတော့တာ
မဟုတ်ပါဘူး။
တစ်ယောက်နဲ့တစ်ယောက်ပျော်ရွှင်အောင်လုပ်ပေးခြင်း
ချစ်တဲ့သူတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်အမြဲတမ်း ပျော်ရွှင်အောင်လုပ်ပေးဖို့
ဝန်မလေးပါဘူး။ သူရယ်မောနေတာမြင်ရရင် ကိုယ်စိတ်ချမ်းသာတာမို့ နှစ်ယောက်လုံးမှာ
ရှိတဲ့ တင်းအားတွေ လျော့ကျစေပါတယ်။ အခြားပြဿနာတွေရှိလာရင်လည်း ပုံမှန်ကိစ္စ
တစ်ခုလိုဖြေရှင်းလာနိုင်ပါတယ်။
လေးစားမှု
rs တစ်ခုမှာ တစ်ယောက်အသက်ငယ်ပြီး တစ်ယောက်က အရမ်းကြီးနေတာ ၊ ရွယ်တူပဲ
ဖြစ်နေပါစေ တစ်ယောက်အပေါ်တစ်ယောက်လေးစားမှုဆိုတာရှိနေရပါမယ်။ အိုင်ဒီယာ
တွေ၊ အလုပ်တွေ၊ အချိန်အရင်းနှီးတွေ အများကြီးပေးဆပ်ရပါတယ်။ လေးစားမှုရှိမှလည်း
အတူတူရှေ့ဆက်ဖိုု့အဆင်ပြေမှာပါ။
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.