ဆံသားတွေကို အဓိကပျက်စီးစေတဲ့ ဆံပင်ထုတ်ကုန်ပစ္စည်းများ

ဆံသားဆိုတာလည်း ခန္ဓာကိုယ်မှာ မရှိမဖြစ်အရေးပါတဲ့ အစိတ်ပိုင်းတစ်ခုဖြစ်နေပါတယ်။ မျက်နှာလေး ဘယ်လောက်လှနေပါစေ … ဆံပင်မကောင်းရင် တစ်ခုခုလိုနေသလိုခံစားရပါတယ်။ ကိုယ်တွေပုံမှန်သုံးနေကြ ခေါင်းလျှော်ရည်တွေ၊ ပျော့ဆေးတွေမှာ ဘာတွေနဲ့ပေါင်းစပ်ဖန်တီးထားသလည်းဆိုတာ ဘာမှမသိနိုင်လို့ ဆံသားတွေကို ပျက်စီးစေနိုင်တဲ့ထုတ်ကုန်ပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Polyethylene Glycol


ဒီ ဓာတုပစ္စည်းကို အချို့ ပစ္စည်းတွေမှာ ရလဒ်ကောင်းထွက်ဖို့အတွက် အသုံးပြုကြပါတယ်။ ဥပမာ ချောဆီတွေကို သန့်စင်စေနိုင်ဖို့ပေါ့။ ဒါပေမယ့် သင့်ဆံသားနဲ့ဝေးဝေးမှာထားသင့်ပါတယ်။ ဆံသားဆိုတာ နုနယ်တာမို့လို့ ဒီဓာတုပစ္စည်းတွေဟာ မီးဖိုချောင်ထဲမှာပဲရှိနေသင့်ပါတယ်။

Silicone


Silicone က ဆံသားကို အရောင်တင် ၊ ကျန်းမာတဲ့ ဆံကေသာဖြစ်စေပေမယ့် ဆံသားအတွင်းပိုင်းတွေကိုတော့ ခြောက်သွေ့စေပါတယ်။ Silicone ဆံပင်နှစ်ခွတွေပိုဖြစ်စေပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်ဝယ်တဲ့အခါ Silicone မပါတာမျိုးကို ရွေးချယ်အသုံးပြုပါ။

Alcoholo


သူလည်း silcone လိုပါပဲ။ ဆံသားတွေကို အရမ်းခြောက်သွေ့စေပါတယ်။ အများစုကတော့alcoholo ပါတဲ့ ခေါင်းလျှော်ရည်ဆို ရှောင်ကြပါတယ်။ သူက ခေါင်းတစ်ခုတင်မဟုတ်ပဲ ခန္ဓာကိုယ်ကိုပါ ခြောက်သွေ့စေတာမို့ သတိထားသင့်ပါတယ်။

အပူချိန်

ဆံသားတွေကို ခြောက်သွေ့စေတဲ့ နောက်ထပ်တရားခံ အပူချိန်ပါပဲ။ အရမ်းပူပြင်းတဲ့
နေရောင်ခြည်အောက် လျှောက်သွားတာမျိုးရှောင်ကျဉ်ပါ။ မလွဲသာလို့ သွားရရင်လည်း
ထီး (သို့) ဦးထုပ်ဆောင်းပါ။ နောက်တစ်ခုက ဖြောင့်စက်များနဲ့ အပူပေးဆွဲခြင်းဟာလည်း
ဆံသားကို အလွန်မင်းထိခိုက်ပျက်စီးစေပါတယ်။ ပွဲလမ်းသဘင်မျိုးရှိမှသာ စက်ဆွဲပေးပါ။
ကျန်ချိန်တွေ မိမိဆံပင်ကို တတ်နိုင်သလောက် သနေတာအကောင်းဆုံးပါပဲ။

Sodium Lauryl Sulphate (SLS)


SLS မှာ ရေနဲ့ ဆီဓာတ်တွေပါဝင်ပြီးသားပါ။ ခေါင်းလျှော်ရည်မှာဆို ပိုပြီးသက်ရောက်မှု
ကောင်းအောင် ထည့်ထားတတ်ကြတယ်။ အချိန်ကြာကြာခံအောင်လည်း ထိန်းပေးထားနိုင်
တာမို့ ဆံပင်မှာ မကြာခဏဖြစ်နေကြပြဿနာတွေတက်လာတာပါ။ ဆံပင်ပျက်စီးခြင်းနဲ့
ဆံပင်ရှည်နှုန်းနှေးကွေးစေပါတယ်။

44 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.