သင့္ကုိ ဒုကၡျပန္ေပးႏုိင္တဲ႔ ကုိယ္ဟန္အမူအရာမ်ား

တစ္ခါတစ္ေလ ႏႈတ္နဲ႔စကားေျပာတာ၊စာနဲ႔စကားေျပာတာေတြမွာ အမွားအယြင္းပါေကာင္း ပါႏုိင္သလုိ အမွတ္မထင္ျပဳမူလုိက္တဲ႔ကုိယ္ဟန္အမူအရာေတြကလည္း တစ္ျခားသူေတြအတြက္ အေနွာင့္အယွက္ျဖစ္သြားေစႏုိင္ပါတယ္။ႏႈတ္ကဘာမွမေျပာ၊စာနဲ႔လည္းဘာမွမေျပာေပမဲ႔
ကုိယ္ဟန္အမူအရာေတြက စကားေျပာေနပါတယ္။ဒါ့ေၾကာင့္ ဒီလိုအမူအရာေတြကုိ မလုပ္မိေအာင္ေသခ်ာသတိထားဖုိ႔လိုပါတယ္။

၁)စုိက္ၾကည့္ျခင္း
လူတစ္ေယာက္ကုိစုိက္ၾကည့္တာက တစ္ဖက္လူအတြက္စိတ္အေႏွာင့္အယွက္ ျဖစ္ေစႏုိင္တယ္ဆိုတာ ျငင္းစရာမရွိပါဘူး။တစ္ခါတစ္ေလက်ေတာ့ဘာရယ္မဟုတ္ဘူး စုိက္ၾကည့္ေနမိတယ္။ဒါေပမဲ႔ တစ္ဖက္လူရဲ ႔အျမင္မွာေတာ့ သင္စိုက္ၾကည့္မိတဲ႔အရာက မသင့္ေတာ္တာလည္းျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။တစ္ျခားလူတစ္ေယာက္ကုိ စိုက္ၾကည့္တာဟာ ရိုင္းတဲ႔အျပဳအမူတစ္ခုလို႔လဲ သတ္မွတ္ထားပါတယ္။အဲ႔ဒါေၾကာင့္ လူတစ္ဖက္သားကုိ ၾကာၾကာစုိက္ၾကည့္တာမ်ိဳးမလုပ္မိပါေစနဲ႔။ဘာၾကည့္တာလဲဆုိျပီး လာရန္မေတြ႔ရင္ ကံေကာင္းပါ။

၂)အသားခ်င္းထိျခင္း
အသားခ်င္းထိတယ္ဆိုတာ ရိုးရိုးသားသားထိမိတာရွိသလုိ တမင္တကာထိေအာင္ၾကိဳးစားတာ မ်ိဳးေတြရွိပါတယ္။ဒါေပမဲ့ သင္က မေတာ္တဆထိမိရင္ေတာင္ ဘာလဲဟ ဆိုျပီး အျမင္ကတ္ပုဒ္မေတြရသြားႏိုင္ပါတယ္။မိန္းကေလးခ်င္းျဖစ္ေစ၊ေယာက်္ားေလးခ်င္းျဖစ္ေစ၊မိန္းကေလးနဲ႔ေယာက်္ားေလးျဖစ္ေစ လူအရမ္းၾကပ္ညပ္ေနလို႔မလြဲမေရွာင္သာတဲ႔အေျခအေနကလြဲရင္ အသားခ်င္းထိစရာအေၾကာင္းမရွိတာျဖစ္လို႔ တတ္ႏုိင္သေလာက္ေရွာင္သင့္ပါတယ္။
သင္က ရုိးသားေပမဲ႔လည္း တစ္ခါတစ္ေလ နားလည္မႈေတြလြဲမွားတတ္ပါတယ္။

၃)သမ္းေ၀ျခင္း
သူငယ္ခ်င္းတစ္ေယာက္နဲ႔စကားေျပာေနတာျဖစ္ေစ၊မိတ္ေဆြအေပါင္းအသင္းေတြနဲ႔စကားစျမည္ေျပာေနတာျဖစ္ေစ အဲ႔ဒီအခ်ိန္မွာ သင္ကသမ္းေ၀လုိက္မယ္ဆိုရင္ ဒါကစကားေျပာေနတဲ႔သူ အတြက္အေႏွာင့္အယွက္ျဖစ္သြားႏုိင္ပါတယ္။သူေျပာေနတဲ႔အေၾကာင္းအရာက သင့္အတြက္ပ်င္းစရာျဖစ္ေနသလားဆိုျပီးေတာ့ေပါ့။အဲ႔ဒါေၾကာင့္ သမ္းေ၀ခ်င္တယ္ဆုိရင္ တစ္ျခားသူအတြက္အေနွာင့္အယွက္မျဖစ္ေအာင္ေရွာင္ျပီး သမ္းသင့္ပါတယ္။

၄)လက္ဆြဲႏႈတ္ဆက္ျခင္း
အလုပ္အင္တာဗ်ဴးေတြမွာ၊မိတ္ေဆြအသစ္ေတြနဲ႔ေတြ႔ဆံုတဲ႔အခါမွာ လက္ဆြဲႏႈတ္ဆက္တာကုိ ဂရုစုိက္ဖုိ႔လိုပါတယ္။လက္ဆြဲႏႈတ္ဆက္တာက အရမ္းၾကီးတင္းက်ပ္ဖုိ႔မလိုသလို စိတ္မပါသလို လက္ဆဲြႏႈတ္ဆက္တာလည္းမျဖစ္ေစရပါဘူး။သင့္တင့္တဲ႔လက္အားကုိသံုးသင့္ပါတယ္။ျပီးေတာ့လက္မွာေခြ်းထြက္ေနတာကုိသိရင္လည္း ျမန္ျမန္သုတ္လိုက္ပါ။မဟုတ္ရင္ အဲ႔ဒါက ပထမဆံုးေတြ႔ဆံုမႈမွာ ဆုိး၀ါးတဲ႔အျမင္ေတြရရွိသြားေစႏုိင္ပါတယ္။

၅)နီးကပ္စြာထုိင္ျခင္း
ထုိင္ခံုမွာ ေနရာေတြအမ်ားၾကီးလြတ္ပါရက္နဲ႔ တစ္ျခားသူတစ္ေယာက္ထုိင္ေနတဲ႔ေနရာ နားမွာအတင္းကပ္ထုိင္တာက ရုိင္းတယ္လို႔ေျပာလို႔ရသလိုတစ္ျခားသူရဲ ႔ လြတ္လပ္ခြင့္ေနရာ ကုိထိပါးလိုက္တာပါပဲ။လူတစ္ေယာက္စာအက်ယ္အ၀န္းကုိ လူတိုင္းရၾကပါတယ္။ဒါေပမဲ႔ လိုတာထက္ပုိျပီး နီးကပ္ေနမယ္၊ကပ္ထိုင္ေနမယ္ ဆိုရင္ေတာ့ အဲ႔ဒီလူမွာ စိတ္သက္ေတာင့္သက္သာမျဖစ္ႏုိင္ေတာ့ပါဘူး။ဒါ့အျပင္ စိတ္ဆိုးေဒါသထြက္စြာနဲ႔ သင့္ကုိေမာင္းထုတ္ပါလိမ့္မယ္။

၆)ျပံဳးျခင္း
ျပံဳးရယ္တယ္ဆိုတာ ေကာင္းပါတယ္။ဒါေပမဲ႔ အခ်ိန္အခါအလိုက္ၾကည့္တတ္ဖုိ႔ေတာ့လိုတာေပါ့။ တစ္ျခားသူတစ္ေယာက္စိတ္အေႏွာင့္အယွက္ျဖစ္သြားတာကုိျပံဳးလုိက္တယ္ဆိုရင္ ဒါက အဲ႔ဒီလူ ခံစားရတာကုိေလွာင္လိုက္တဲ႔သေဘာပါပဲ။ျပီးေတာ့ သူမ်ားဒုကၡေရာက္ေနတဲ႔အခ်ိန္မွာ သြားၾကည့္ျပီး ျပံဳးေနမယ္ဆိုရင္ေတာ့ ဒါကတစ္ဖက္လူကုိ စိတ္အေႏွာင့္အယွက္ေပးတာပါပဲ။ တစ္ဖက္လူက စိတ္အေႏွာင့္အယွက္ျဖစ္ျပီဆုိရင္ သင့္အတြက္လည္းမေကာင္းႏုိင္ပါ ဘူး။အဲ႔ဒါေၾကာင့္ ဒီလိုအျပဳအမူေတြမလုပ္သင့္ေအာင္သတိထားရပါမယ္။

၇)အမူအရာလုပ္ျခင္း
တစ္ခ်ိဳ႔အမူအရာေတြက ႏႈတ္ကအသံမထြက္လည္းစကားလံုးလိုပါပဲ။ဥပမာ ပစၥည္းတစ္ခုထား တဲ႔ေနရာကုိ တစ္ျခားသူေမးလို႔ ႏႈတ္ကေျပာရမယ့္အစားလက္ညိဳးထုိးျပတာ မိ်ဳးေပါ့။အဲ႔ဒါဆို နႈတ္ကမေျပာလည္းအမူအရာနဲ႔တင္ နားလည္ပါတယ္။ဒါေပမဲ႔ သတိေတာ့ထားသင့္ ပါတယ္။လက္မေထာင္ျပတာ၊အိုေကလို႔လုပ္ျပတာေတြက တစ္ျခားသူေတြအျမင္မွာ အျမင္တစ္မ်ိဳးျဖစ္သြားေစနုိင္သလို တစ္ခ်ိဳ႔အမူအရာေတြဆုိရင္ရန္ျဖစ္ေစမယ့္ စကားလံုးေတြလို႔ေတာင္ထင္မွတ္သြားတာေတြရွိပါတယ္။

Related image

Unicode

တစ်ခါတစ်လေ နှုတ်နဲ့စကားပြောတာ၊စာနဲ့စကားပြောတာတွေမှာ အမှားအယွင်းပါကောင်း ပါနိုင်သလို အမှတ်မထင်ပြုမူလိုက်တဲ့ကိုယ်ဟန်အမူအရာတွေကလည်း တစ်ခြားသူတွေအတွက် အနှောင့်အယှက်ဖြစ်သွားစေနိုင်ပါတယ်။နှုတ်ကဘာမှမပြော၊စာနဲ့လည်းဘာမှမပြောပေမဲ့
ကိုယ်ဟန်အမူအရာတွေက စကားပြောနေပါတယ်။ဒါ့ကြောင့် ဒီလိုအမူအရာတွေကို မလုပ်မိအောင်သေချာသတိထားဖို့လိုပါတယ်။

၁)စိုက်ကြည့်ခြင်း
လူတစ်ယောက်ကိုစိုက်ကြည့်တာက တစ်ဖက်လူအတွက်စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။တစ်ခါတစ်လေကျတော့ဘာရယ်မဟုတ်ဘူး စိုက်ကြည့်နေမိတယ်။ဒါပေမဲ့ တစ်ဖက်လူရဲ ့အမြင်မှာတော့ သင်စိုက်ကြည့်မိတဲ့အရာက မသင့်တော်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။တစ်ခြားလူတစ်ယောက်ကို စိုက်ကြည့်တာဟာ ရိုင်းတဲ့အပြုအမူတစ်ခုလို့လဲ သတ်မှတ်ထားပါတယ်။အဲ့ဒါကြောင့် လူတစ်ဖက်သားကို ကြာကြာစိုက်ကြည့်တာမျိုးမလုပ်မိပါစေနဲ့။ဘာကြည့်တာလဲဆိုပြီး လာရန်မတွေ့ရင် ကံကောင်းပါ။

၂)အသားချင်းထိခြင်း
အသားချင်းထိတယ်ဆိုတာ ရိုးရိုးသားသားထိမိတာရှိသလို တမင်တကာထိအောင်ကြိုးစားတာ မျိုးတွေရှိပါတယ်။ဒါပေမဲ့ သင်က မတော်တဆထိမိရင်တောင် ဘာလဲဟ ဆိုပြီး အမြင်ကတ်ပုဒ်မတွေရသွားနိုင်ပါတယ်။မိန်းကလေးချင်းဖြစ်စေ၊ယောကျ်ားလေးချင်းဖြစ်စေ၊မိန်းကလေးနဲ့ယောကျ်ားလေးဖြစ်စေ လူအရမ်းကြပ်ညပ်နေလို့မလွဲမရှောင်သာတဲ့အခြေအနေကလွဲရင် အသားချင်းထိစရာအကြောင်းမရှိတာဖြစ်လို့ တတ်နိုင်သလောက်ရှောင်သင့်ပါတယ်။
သင်က ရိုးသားပေမဲ့လည်း တစ်ခါတစ်လေ နားလည်မှုတွေလွဲမှားတတ်ပါတယ်။

၃)သမ်းဝေခြင်း
သူငယ်ချင်းတစ်ယောက်နဲ့စကားပြောနေတာဖြစ်စေ၊မိတ်ဆွေအပေါင်းအသင်းတွေနဲ့စကားစမြည်ပြောနေတာဖြစ်စေ အဲ့ဒီအချိန်မှာ သင်ကသမ်းဝေလိုက်မယ်ဆိုရင် ဒါကစကားပြောနေတဲ့သူ အတွက်အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။သူပြောနေတဲ့အကြောင်းအရာက သင့်အတွက်ပျင်းစရာဖြစ်နေသလားဆိုပြီးတော့ပေါ့။အဲ့ဒါကြောင့် သမ်းဝေချင်တယ်ဆိုရင် တစ်ခြားသူအတွက်အနှောင့်အယှက်မဖြစ်အောင်ရှောင်ပြီး သမ်းသင့်ပါတယ်။

၄)လက်ဆွဲနှုတ်ဆက်ခြင်း
အလုပ်အင်တာဗျူးတွေမှာ၊မိတ်ဆွေအသစ်တွေနဲ့တွေ့ဆုံတဲ့အခါမှာ လက်ဆွဲနှုတ်ဆက်တာကို ဂရုစိုက်ဖို့လိုပါတယ်။လက်ဆွဲနှုတ်ဆက်တာက အရမ်းကြီးတင်းကျပ်ဖို့မလိုသလို စိတ်မပါသလို လက်ဆွဲနှုတ်ဆက်တာလည်းမဖြစ်စေရပါဘူး။သင့်တင့်တဲ့လက်အားကိုသုံးသင့်ပါတယ်။ပြီးတော့လက်မှာချွေးထွက်နေတာကိုသိရင်လည်း မြန်မြန်သုတ်လိုက်ပါ။မဟုတ်ရင် အဲ့ဒါက ပထမဆုံးတွေ့ဆုံမှုမှာ ဆိုးဝါးတဲ့အမြင်တွေရရှိသွားစေနိုင်ပါတယ်။

၅)နီးကပ်စွာထိုင်ခြင်း
ထိုင်ခုံမှာ နေရာတွေအများကြီးလွတ်ပါရက်နဲ့ တစ်ခြားသူတစ်ယောက်ထိုင်နေတဲ့နေရာ နားမှာအတင်းကပ်ထိုင်တာက ရိုင်းတယ်လို့ပြောလို့ရသလိုတစ်ခြားသူရဲ ့ လွတ်လပ်ခွင့်နေရာ ကိုထိပါးလိုက်တာပါပဲ။လူတစ်ယောက်စာအကျယ်အဝန်းကို လူတိုင်းရကြပါတယ်။ဒါပေမဲ့ လိုတာထက်ပိုပြီး နီးကပ်နေမယ်၊ကပ်ထိုင်နေမယ် ဆိုရင်တော့ အဲ့ဒီလူမှာ စိတ်သက်တောင့်သက်သာမဖြစ်နိုင်တော့ပါဘူး။ဒါ့အပြင် စိတ်ဆိုးဒေါသထွက်စွာနဲ့ သင့်ကိုမောင်းထုတ်ပါလိမ့်မယ်။

၆)ပြုံးခြင်း
ပြုံးရယ်တယ်ဆိုတာ ကောင်းပါတယ်။ဒါပေမဲ့ အချိန်အခါအလိုက်ကြည့်တတ်ဖို့တော့လိုတာပေါ့။ တစ်ခြားသူတစ်ယောက်စိတ်အနှောင့်အယှက်ဖြစ်သွားတာကိုပြုံးလိုက်တယ်ဆိုရင် ဒါက အဲ့ဒီလူ ခံစားရတာကိုလှောင်လိုက်တဲ့သဘောပါပဲ။ပြီးတော့ သူများဒုက္ခရောက်နေတဲ့အချိန်မှာ သွားကြည့်ပြီး ပြုံးနေမယ်ဆိုရင်တော့ ဒါကတစ်ဖက်လူကို စိတ်အနှောင့်အယှက်ပေးတာပါပဲ။ တစ်ဖက်လူက စိတ်အနှောင့်အယှက်ဖြစ်ပြီဆိုရင် သင့်အတွက်လည်းမကောင်းနိုင်ပါ ဘူး။အဲ့ဒါကြောင့် ဒီလိုအပြုအမူတွေမလုပ်သင့်အောင်သတိထားရပါမယ်။

၇)အမူအရာလုပ်ခြင်း
တစ်ချို့အမူအရာတွေက နှုတ်ကအသံမထွက်လည်းစကားလုံးလိုပါပဲ။ဥပမာ ပစ္စည်းတစ်ခုထား တဲ့နေရာကို တစ်ခြားသူမေးလို့ နှုတ်ကပြောရမယ့်အစားလက်ညိုးထိုးပြတာ မျိုးပေါ့။အဲ့ဒါဆို နှုတ်ကမပြောလည်းအမူအရာနဲ့တင် နားလည်ပါတယ်။ဒါပေမဲ့ သတိတော့ထားသင့် ပါတယ်။လက်မထောင်ပြတာ၊အိုကေလို့လုပ်ပြတာတွေက တစ်ခြားသူတွေအမြင်မှာ အမြင်တစ်မျိုးဖြစ်သွားစေနိုင်သလို တစ်ချို့အမူအရာတွေဆိုရင်ရန်ဖြစ်စေမယ့် စကားလုံးတွေလို့တောင်ထင်မှတ်သွားတာတွေရှိပါတယ်။

388 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.