White Walls အကြောင်းအပါအ၀င် Macklemore, Ryan Lewis တို့နဲ့အစောပိုင်းကလတွေအကြောင်း ပြောပြခဲ့တဲ့ Hollis

hollis_interview.jpg

 

အဆိုတော်၊ သီချင်းရေးသူ၊ ဗီဒီယိုထုတ်လုပ်သူ နဲ့ spoken-word အနုပညာရှင်ဆိုတာတွေဟာ Macklemore, Ryan Lewis တို့နဲ့အတူထုတ်ခဲ့တဲ့ ပွဲဦးထွက် album “The Heist” မတိုင်ကင်ကတည်းက Seattle အဆိုတော်လေး Hollis တစ်ယောက်ပြီးခဲ့တဲ့ငါးနှစ်အတွင်းပိုင်ဆိုင်လာတဲ့ ဂုဏ်ပုဒ်တွေပါ။

အခုအခါ hip-hop duo နဲ့တွဲပြီး မကြာသေးမီကထုတ်ခဲ့တဲ့ single သီချင်း White Walls ကြောင့် သူမရဲ့အသံကို mainstream မှာကြားနေရပြီဖြစ်ပါတယ်။ အဲဒီ့ single ဟာလက်ရှိ Hot 100 ဇယားမှာ နံပါတ် ၂၂ နေရာချိတ်နေတာဖြစ်ပါတယ်။

Hollis (အမည်ရင်း Hollis Wong-Wear) ဟာ billboard နဲ့မကြာသေးမီကစကားပြောခဲ့တာဖြစ်ပြီး Macklemore, Ryan Lewis တို့ရဲ့အောင်မြင်မှုမှာ Seattle မြို့ရဲ့အခန်းကဏ္ဍနဲ့ သူမရဲ့ synth-pop အဖွဲ့ The Flavr Blue အပေါ်ထားရှိတဲ့စိတ်ဆန္ဒတွေကိုပြောပြပါတယ်။

Billboard: Macklemore နဲ့ Ryan Lewis တို့ရဲ့သီချင်း “White Wall” မှာ ခင်ဗျားကသီချင်းတွဲဖက်ရေးခဲ့တယ်နော်။ သူတို့နဲ့ပထမဆုံးဘယ်လိုအဆက်အသွယ်ရခဲ့တာလဲ။

ကျွန်မ Seattle မှာနေတယ်။ သူတို့ကလဲ Seattle မှာပဲ။ အထူးသဖြင့် hip-hop အသိုင်းအ၀ိုင်းမှာဆိုရင် Seattle ကတစ်ယောက်နဲ့တစ်ယောက်အလွန်ရင်းနှီးနွေးထွေးတဲ့ နေရာပေါ့။ ကျွန်မဒီကို ၂၀၀၅ ကပြောင်းလာတာပါ။ ပြီးတော့မိန်းကလေးနှစ်ယောက်ပါတဲ့ rap အဖွဲ့ Canary Sing မှာကျွန်မ rap ရွတ်တယ်။

၁၉နှစ်အရွယ်မှာဒီလောကထဲရောက်လာတဲ့အတွက် လူတိုင်းနဲ့အလျှင်အမြန်တွေ့ဆုံဖြစ်ခဲ့တယ်။ ပြီးတော့ကျွန်မဒီကိုပြောင်းလာတော့  ကျွန်မကို hip-hop ထဲရောက်အောင်ပို့ပေးထဲ့ album တွေတော်တော်များများရှိခဲ့ပါတယ်။ Macklemore ရဲ့ “The Language” ကတော့ အဲဒီ့ထဲကတစ်ခုဆိုတာအသေအခြာပါပဲ။ ကျွန်မပြောမိတာက “wow ဒီမြို့ကြီးမှာ စိတ်ဝင်စားစရာအသံတစ်သံရှိတယ်” လို့ပါ။ ၂၀၀၇ခုနှစ်မှာ Chop Suey လို့ခေါ်တဲ့ club ကလေးမှာ ကျွန်မတို့အဖွဲ့ Canary Sing က Macklemore အတွက်ဆိုပေးရပါတယ်။ ဒါပေမယ့် ကျွန်မတို့ဒီလောကမှာစပြီး တွဲလုပ်ဖြစ်တာက သူ့ရဲ့ဂီတဗီဒီယို “Wing$” ကိုထုတ်လုပ်ဖို့အတွက် ကျွန်မကိုတောင်းဆိုတဲ့အခါတုန်းကဖြစ်ပါတယ်။

ဒီကိစ္စကဘယ်လိုဖြစ်လာတာလဲ။

“Wing$” ကသီချင်းတစ်ပုဒ်မဟုတ်ခဲ့ပါဘူး။ Ben ရေးထားပြီးဖျော်ဖြေခဲ့တဲ့ လူနှစ်ယောက်ပါတဲ့ a cappella တစ်ခုပါ။ ဒီဗီဒီယိုရဲ့ဒါရိုက်တာ Zia က ဒါကိုသီချင်းဖြစ်အောင်လုပ်စေချင်တယ်။ ပြီးတော့ဒီသီချင်းရဲ့ဗီဒီယိုကိုရိုက်ချင်တယ်လို့ပြောပါတယ်။ သူကျွန်မကို ခေါ်ခဲ့ပြီးကျွန်မကို ထုတ်လုပ်ခိုင်းပါတယ်။ “ဘာကိုဆိုလိုလဲတော့မသိဘူး။ ဒါပေမယ့်ကျွန်မလုပ်ပါမယ်” လို့ပြောလိုက်တယ်။ သီချင်းအတွက် beat မရှိပါဘူး။ ဒါဟာသီချင်းမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ဒီအရာကို ဖန်တီးဖို့အတွက် ကြိုးစားခဲ့ကြတယ်။ ၈လကျော်လောက်စပြီးလုပ်ခဲ့ရတယ်။ ပြီးတော့ Ryan ကဒီသီချင်းအတွက်နာရီပေါင်းများစွာကုန်ဆုံးခဲ့ရတာ။ သီချင်းက chorus လိုနေတယ်။ ဒါကြောင့်ကျွန်မ chorus ရေးပြီး ဆိုဖို့အတွက် ကလေးတွေလိုက်ရှာခဲ့တယ်။ သူတို့ကျောင်းဆင်းတော့ဆို ခိုင်းပြီး ကျွန်မတို့အသံသွင်းခဲ့တယ်။ ဒါဟာ ပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်းတစ်ခုပါ။ ဒါဟာကျွန်မတို့အတူတကွ သူငယ်ချင်းတွေအဖြစ်ရော လုပ်ဖေါ်ကိုင်ဖက်တွေအဖြစ်ပါ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါ။ ကျွန်မတို့တက်ညီလက်ညီဆောင်ရွက်ခဲ့ကြတယ်။

White Walls ကရောဘယ်တုန်းကလုပ်ဖြစ်တာလဲ။

အဓိကအားဖြင့်တော့ ကျွန်မသူတို့နဲ့သူငယ်ချင်းကောင်းတွေဖြစ်ခဲ့တာပါ။ ပြီးတော့ Ben “The Heist” အတွက်အလုပ်လုပ်နေတုန်းမှာ ကျွန်မက သူ့အတွက် sound board တစ်ခုဖြစ်ခဲ့တာပေါ့။ ကျွန်မတို့ရေးခဲ့တဲ့ အစိတ်အပိုင်းတွေထဲကတစ်ခုက White Walls ဖြစ်လာတာပေါ့။ ပြီးတော့ ကျွန်မဒီသီချင်းကို ဖျော်ဖြေရတဲ့သူဖြစ်လိမ့်မယ်ဆိုတာ မသိခဲ့ပါဘူး။ ပြီးတော့လဲဖြစ်လာတာပဲ။

“Same Love” ထဲမှာပါလာတဲ့ Mary Lambert နဲ့လဲသူတို့ကို ခင်ဗျားမိတ်ဆက်ပေးခဲ့တာလို့ကြားတယ်။

ဟုတ်တယ်။ ကျွန်မမိတ်ဆက်ပေးခဲ့တာ။ သူ့အသက် ၁၈ နှစ်လောက်တုန်းက စကားပြောကဗျာဆရာမတစ်ယောက်အဖြစ် ကျွန်မတို့တွေ့ခဲ့တာ။ ကဗျာရွတ်ပြိုင်ပွဲတွေလုပ်တဲ့ community မှာကျွန်မ တော်တော်လေးဝင်ပါခဲ့တယ်။ ပြီးတော့သူက နောက်မျိုးဆက်သစ်တွေထဲမှာပါတယ်။ ဒါကြောင့်ကျွန်မကသူ့ရဲ့လမ်းညွှန်ပြသသူလိုဖြစ်နေတာပေါ့။ သူ့ကိုတွေ့တုန်းက သူမကတစ်ခုခုကြီးကျယ်တဲ့အရာဖြစ်မယ်လို့ ကျွန်မသိခဲ့တာ။ ဒါကြောင့် သူမကမ္ဘာကြီးကို ကြီးစိုးဖို့ကကျွန်မရဲ့ လျှို့ဝှက်စီမံကိန်းတစ်ခုပေါ့။ (ရယ်လျက်)

Wing$ နဲ့ Thrift Shop အတွက် ဗီဒီယိုတွေကိ တွဲဖက်ထုတ်လုပ်ခဲ့တယ်နော်။ ဘယ်လိုအတွေ့အကြုံမျိုးလဲ။

Thrift Shop ဗီဒီယိုဖန်တီးတာနဲ့ပါတ်သတ်ပြီးပြောရရင် Ben ဟာ thrifting နဲ့ သူ့ရဲ့ကိုယ်ပိုင် စတိုင်လ်တွေကို စတင်တွေ့ရှိသူတစ်ယောက်ထာဝရဖြစ်မှာပါ။ ဒါကြောင့်ဒီကိစ္စကို ဘ၀ထဲကိုခေါ်ဆောင်လာတာ အဓိပ္ပါယ်ရှိပါတယ်။ ဒါပေမယ့် အဲဒါနဲ့မတူတာက ဒါမျိုးဖြစ်လာမယ်လို့ဘယ်သူမှမသိခဲ့ဘူး။ ငါးရက် shooting လုပ်ရတာ။ တကယ်ကို ရူးသွပ်ပါတယ်။  G တို့ကိုသူတို့ရဲ့ဆိုင်ထဲမှာကျွန်မတို့ကို ကခုန်ခွင့်ပြုဖို့ Goodwill နဲ့ Value Village တို့ကိုမြှောက်ပင့်ပြောဆိုခဲ့ရတာ။ Macklemore, Ryan Lewis တို့နဲ့အလုပ်လုပ်ရတာ အမြဲတမ်းကပျက်ကချော်နိုင်ပါတယ်။ အခုသူတို့ mainstream မှာနေရာရနေပြီဆိုပေမယ့် ခက်ခဲတဲ့အလုပ်တွေကိုလုပ်ချင်တဲ့ စိတ်ဓါတ်မျိုးတွေရှိနေကြပါသေးတယ်။

ခင်ဗျားက The Flavr Blue လို့ခေါ်တဲ့ synth-pop အဖွဲ့ထဲမှာလဲပါသေးတယ်နော်။ ပြီးတော့ Bright Vices Ep တစ်ခွေလဲထွက်ထားသေးတယ်။ Macklemore, Ryan Lewis တို့နဲ့တွဲလုပ်လို့ရလာတဲ့ အောင်မြင်မှုက အဲဒီ့အပေါ်ဘယ်လိုသက်ရောက်မှုရှိခဲ့သလဲ။

မိုက်ပါတယ်။ ဘာလို့လဲဆိုတော့ Ben, Ryan တို့နဲ့အလုပ်လုပ်ရတာ စိတ်အားတက်ကြွဖွယ်ကောင်းပါတယ်။ သူတို့ကအမြဲတမ်း သူတို့ကိုယ်တစ်ယောက် အနုပညာရှင်တွေအဖြစ်သူတို့ရဲ့လုပ်ငန်းကို နောက်အဆင့်တစ်ခုတက်ဖို့ အမြဲတမ်းရုန်းကန်နေကြတာ။ ဒါကတကယ့်ကို ကူးစက်တတ်တဲ့ စွမ်းအင်တစ်ခုပါ။ Flavur Blue နဲ့ပါတ်သတ်ပြီးကျွန်မနှစ်သက်တာကတော့ ကျွန်မတို့အားလုံးက တကယ့်သူငယ်ချင်းကောင်းတွေဖြစ်ပြီး ကျွန်မတို့အားလုံ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ချည်းကပ်ပုံတွေ အာရုံခံစားမှုတွေကို စားပွဲဝိုင်းပေါ်သယ်ဆောင်လာကြတယ်။ ဒါကြောင့်အတူတွဲပြီးအလုပ်လုပ်ရတာက တကယ်ကိုပျော်စရာကောင်းပါတယ်။ Ben, Ryan တို့ကိုစောင့်ကြည့်ပြီး အတူတူတွဲပြီးအလုပ်လုပ်ရတာ တွန်းအားပေးမှုတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ လွတ်လပ်တဲ့ အနုပညာရှင်တွေအဖြစ်အရမ်းမိုက်တဲ့ ချည်းကပ်မှုတွေရှိကြတယ်။ “ငါတို့ဒါကိုအခုလုပ်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြီးပိုပြီးခမ်းနားလာမှာလဲ။ ဘယ်လိုပိုပြီးကောင်းလာမှာလဲ။ ဘယ်လိုပိုပြီးပါဝင်ပါတ်သတ်လာမှာလဲ” ဆိုတဲ့ချည်းကပ်မှုတွေပေါ့။ ဒါကကျွန်မဒီဝိုင်းကိုချည်းကပ်မိဖို့ ဆန္ဒတစ်ခုပေးစွမ်းတာပေါ့။

Ref:billboard

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.